တရားဟောရာ ၁၈:၁-၂၂

  • ပုရောဟိတ်နဲ့ လေဝိသားတွေရဲ့ ဝေစု (၁-၈)

  • ပုရောဟိတ်နဲ့ လေဝိသားတွေရဲ့ ဝေစု (၉-၁၄)

  • မောရှေနဲ့တူတဲ့ ပရောဖက် (၁၅-၁၉)

  • ပရောဖက်အတုအယောင် ခွဲခြားသိနိုင်ပုံ (၂၀-၂၂)

၁၈  “ပုရောဟိတ်တွေ၊ လေဝိအမျိုးသားတွေအပါအဝင် လေဝိတစ်နွယ်လုံး အစ္စရေးတွေနဲ့အတူ ဘာဝေစု၊ ဘာအမွေမှ ရမှာမဟုတ်ဘူး။ ယေဟောဝါဆီ ဆက်သတဲ့ မီးရှို့ရာအလှူတွေ တစ်နည်းအားဖြင့် ဘုရားရဲ့ဝေစုကို သူတို့ စားရမယ်။+ ၂  ဒါကြောင့် သူတို့က ညီအစ်ကိုတွေနဲ့အတူ ဘာအမွေမှ ရမှာမဟုတ်ဘူး။ ကတိတော်အတိုင်း ယေဟောဝါဟာ သူတို့ရဲ့အမွေပဲ။ ၃  “လူတွေဆီကနေ ပုရောဟိတ်တွေ ရပိုင်ခွင့်ရှိတဲ့အရာတွေ ရှိတယ်။ နွားထီးတွေ၊ သိုးတွေ ပူဇော်တဲ့အခါ လက်ပြင်သား၊ မေးရိုးနဲ့ အစာအိမ်ကို ပုရောဟိတ်ကို ပေးရမယ်။ ၄  ဦးဆုံးစုသိမ်းတဲ့ ကောက်နှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ သိုးအုပ်ထဲက ဦးဆုံးညှပ်တဲ့သိုးမွေးကိုလည်း ပေးရမယ်။+ ၅  ယေဟောဝါဘုရားက အစ္စရေးအနွယ်အားလုံးထဲကနေ လေဝိနဲ့ သူ့သားတွေကို ယေဟောဝါရဲ့နာမည် ခံယူပြီး အမြဲအမှုဆောင်ဖို့ ရွေးချယ်ထားပြီ။+ ၆  “လေဝိအမျိုးသား တစ်ယောက်ဟာ အစ္စရေးပြည်ထဲက သူနေထိုင်တဲ့မြို့ကနေ ထွက်လာပြီး+ ယေဟောဝါ ရွေးချယ်တဲ့နေရာကို သွားချင်တယ်ဆိုရင်၊+ ၇  အဲဒီနေရာမှာ ယေဟောဝါရှေ့ အမှုဆောင်နေတဲ့ လေဝိအမျိုးသားချင်းတွေလိုပဲ ယေဟောဝါဘုရားရဲ့ နာမည်ကို ခံယူပြီး အမှုဆောင်နိုင်တယ်။+ ၈  သူက ဘိုးဘွားပိုင်ပစ္စည်းတွေကို ရောင်းလို့ ရတဲ့ငွေအပြင် အစားအစာဝေစုတွေကိုလည်း လေဝိအမျိုးသားချင်းတွေလိုပဲ ညီတူညီမျှ ရလိမ့်မယ်။+ ၉  “ယေဟောဝါဘုရား ပေးတဲ့ပြည်ထဲ ဝင်တဲ့အခါ အဲဒီပြည်သားတွေရဲ့ ရွံမုန်းစရာ အကျင့်ဓလေ့တွေကို အတုမယူရဘူး။+ ၁၀  ခင်ဗျားတို့ဆီမှာ ကိုယ့်သားသမီးကို မီးရှို့ပူဇော်သူ၊+ နတ်ဆရာ၊+ မှော်ဆရာ၊+ နိမိတ်ဖတ်သူ၊+ ပယောဂဆရာ၊+ ၁၁  စုန်းအတတ်နဲ့ပြုစားသူ၊ နတ်ကတော်ကို၊+ ဗေဒင်ဆရာကို မေးမြန်းတဲ့သူ၊+ လူသေကိုမေးမြန်းတဲ့သူ+ တစ်ယောက်မှ မရှိရဘူး။ ၁၂  အဲဒီလိုလူတွေကို ယေဟောဝါ ရွံမုန်းတယ်။ ဒီရွံမုန်းစရာ အကျင့်ဓလေ့တွေကြောင့်ပဲ ယေဟောဝါဘုရားက ဒီပြည်သားတွေကို ခင်ဗျားတို့ရှေ့ကနေ နှင်ထုတ်လိုက်တာ။ ၁၃  ယေဟောဝါဘုရားရှေ့မှာ ခင်ဗျားတို့ အပြစ်ပြောစရာ မရှိအောင် နေရမယ်။+ ၁၄  “ခင်ဗျားတို့ မောင်းထုတ်မယ့် ဒီလူမျိုးတွေဟာ မှော်ဆရာတွေ၊+ နတ်ဆရာတွေ+ ပြောတာကို နားထောင်တတ်ကြတယ်။ ခင်ဗျားတို့ကိုတော့ ယေဟောဝါဘုရားက ဒါမျိုးတွေ လုပ်ခွင့်မပေးဘူး။ ၁၅  ကျွန်တော်နဲ့တူတဲ့ ပရောဖက်တစ်ယောက်ကို ခင်ဗျားတို့ထဲကနေ ယေဟောဝါဘုရား ပေါ်ထွန်းစေမယ်။ သူ့စကားကို နားထောင်ပါ။+ ၁၆  ဒီလိုပေါ်ထွန်းစေတာဟာ ခင်ဗျားတို့ရဲ့ တောင်းဆိုချက်ကို ယေဟောဝါဘုရား အဖြေပေးလိုက်တာပဲ။ ဟောရပ်အရပ်မှာ စုဝေးတဲ့နေ့တုန်းက+ ‘ယေဟောဝါဘုရားရဲ့ အသံကို ထပ်မကြားပါရစေနဲ့။ ဒီမီးတောက်မီးလျှံကြီးကိုလည်း ထပ်မမြင်ပါရစေနဲ့။ သေမှာ ကြောက်လို့ပါ’+ ဆိုပြီး ခင်ဗျားတို့ ပြောခဲ့ကြတယ်လေ။ ၁၇  အဲဒီအခါ ယေဟောဝါက ‘သူတို့ပြောတာ မှန်တယ်။ ၁၈  မင်းနဲ့တူတဲ့ ပရောဖက်တစ်ယောက်ကို သူတို့ထဲကနေ ငါပေါ်ထွန်းစေမယ်။+ ငါပြောမယ့်စကားကို သူ့ကို မှာထားမယ်။+ ငါမှာထားသမျှကို သူပြန်ပြောပြလိမ့်မယ်။+ ၁၉  ငါ့နာမည်ကို သုံးပြီး သူပြောတဲ့အခါ နားမထောင်တဲ့သူကို ငါဖြေရှင်းချက် တောင်းမယ်။+ ၂၀  “‘ပရောဖက်တစ်ယောက်က အတင့်ရဲပြီး ငါမမှာထားတဲ့ စကားတွေကို ငါ့နာမည်သုံးပြီး ဟောရင် ဒါမှမဟုတ် တခြားဘုရားတွေရဲ့ နာမည်ကိုသုံးပြီး ဟောရင် သေဒဏ်ခံရမယ်။+ ၂၁  “ဒီစကားကို ယေဟောဝါ ပြောမပြော ဘယ်လိုသိနိုင်မလဲ” လို့ မင်းတို့ တွေးမိမှာပဲ။ ၂၂  ပရောဖက်က ယေဟောဝါရဲ့ နာမည်ကို သုံးပြီး ဟောတဲ့အခါ အဲဒီစကားမပြည့်စုံဘူး၊ တကယ်မဖြစ်လာဘူးဆိုရင် ယေဟောဝါပြောတာ မဟုတ်ဘူး။ အဲဒီပရောဖက်က အတင့်ရဲပြီး ဟောနေတာပဲ။ သူ့ကို မကြောက်ကြနဲ့’ လို့ပြောခဲ့တယ်။

အောက်ခြေမှတ်ချက်များ