တမန်တော် ၂:၁-၄၇

  • ပင်​တေ​ကု​တ္တေ​ပွဲ​နေ့​မှာ သန့်​ရှင်း​သော​စွမ်းအား​တော် သွန်း​လောင်း (၁-၁၃)

  • ပေတရုရဲ့ ဟော​ပြော​ချက် (၁၄-၃၆)

  • ပေတရု​ဟော​တာ​ကို လူ​တွေ လက်ခံ (၃၇-၄၁)

    • လူ ၃,၀၀၀ နှစ်ခြင်း​ခံ (၄၁)

  • ခ​ရစ်​ယာန်တွေ စု​ဝေး​ပေါင်း​သင်း​ကြ (၄၂-၄၇)

 ပင်​တေ​ကု​တ္တေ​ပွဲ​နေ့*+ ရောက်​တဲ့​အခါ  တ​ပည့်တွေ တစ်​နေ​ရာ​တည်း​မှာ စု​ဝေး​နေ​ကြ​တယ်။ ၂  အဲဒီ​အချိန်​မှာ လေ​ပြင်း​တိုက်​သလို အသံ​တစ်​သံ ကောင်း​ကင်​က​နေ ရုတ်​တ​ရက်​ပေါ်​လာ​ပြီး သူတို့​ထိုင်​နေ​တဲ့ အိမ်​တစ်​အိမ်​လုံး ပျံ့​သွား​တယ်။+ ၃  လျှာ​သဏ္ဌာန် မီး​လျှံတွေ​လည်း ပေါ်​လာ​တယ်။ မီး​လျှံတွေ အဖြာ​ဖြာ​ကွဲ​ပြီး တစ်​ယောက်​စီ​ရဲ့​ခေါင်း​ပေါ်  ရောက်​သွား​တယ်။ ၄  သူတို့​အားလုံး သန့်​ရှင်း​သော စွမ်းအား​တော်​နဲ့​ပြည့်​ပြီး+ စွမ်းအား​တော်​က ပြော​ဆို​နိုင်​စွမ်း​ပေး​တဲ့​အတိုင်း ဘာ​သာ​စကား​မျိုး​စုံ​နဲ့ ပြော​ဆို​ကြ​တော့​တယ်။+ ၅  အဲဒီ​အချိန်​မှာ  ကမ္ဘာ့​တိုင်း​နိုင်​ငံ​အသီး​သီး​က ဘု​ရား​တ​ရား​ကြည်​ညို​တဲ့ ဂျူး​တွေ​ဟာ ဂျေရု​ဆ​လင်​မြို့​မှာ ရောက်​နေ​ကြ​တယ်။+ ၆  အဲဒီ​အသံ​ကို ကြား​တဲ့​အခါ လူ​တွေ​စု​ရုံး​လာ​ကြ​တယ်။ ကိုယ့်​ဘာ​သာ​စကား​နဲ့  ပြော​ဆို​နေ​တာ​ကို ကြား​ရလို့  လူ​အားလုံး အံ့သြ​ကုန်​တယ်။ ၇  သူတို့  တ​အံ့​တ​သြဖြစ်​ပြီး  “အခု​ဟော​နေ​ကြ​တာ ဂါ​လိ​လဲ​နယ်​သား​တွေ​ပဲ။+ ၈  ဒါ​ဆို ကျွန်​တော်​တို့​က ဘယ်​လို​လုပ်​ပြီး ကိုယ့်​မိ​ခင်​ဘာ​သာ​စကား​နဲ့ ကြား​နေ​ရ​တာ​လဲ။ ၉  ပါ​သိ​လူမျိုး၊ မီး​ဒီး​ယား​လူမျိုး၊+ ဧ​လံ​လူမျိုး၊+ မက်​ဆို​ပို​တေး​မီး​ယား​ပြည်၊ ယုဒ​ပြည်၊ ကပ္ပ​ဒေါ​ကိ​ပြည်၊  ပုန္တု​ပြည်​နဲ့  အာ​ရှ​ခ​ရိုင်​တွေ​မှာ နေထိုင်​သူ​တွေ၊+ ၁၀  ဖြု​ဂိ​ပြည်၊  ပံဖု​လိ​ပြည်၊ အီဂျစ်​ပြည်​နဲ့ ကုရေ​နေ​မြို့​နား​က လစ်​ဗျား​နယ်​တွေ​မှာ နေ​ထိုင်​သူ​တွေ၊  ရော​မမြို့​က​နေ​လာ​တဲ့ ဂျူး​တွေ​နဲ့ ဂျူး​ဘာ​သာ​ပြောင်း​ဝင်​လာ​သူ​တွေ၊+ ၁၁  ခရိ​ပြည်​သား​တွေ၊  အာ​ရပ်​ပြည်​သား​တွေ​ဖြစ်​တဲ့ ကျွန်​တော်​တို့​က ဘုရား​သခင်​ရဲ့  အံ့​ဖွယ်​အမှု​တွေ​အကြောင်း​ကို ကိုယ့်​ဘာ​သာ​စကား​နဲ့  ကြား​နေ​ရ​ပါ​လား” လို့​ပြော​ကြ​တယ်။ ၁၂  “ဘယ်​လို​ဖြစ်​တာ​လဲ” လို့ တ​အံ့​တ​သြနဲ့ အချင်း​ချင်း​မေး​ကြ​တယ်။ ၁၃  တ​ချို့​က​တော့ “ဒီ​လူ​တွေ ဝိုင်​မူး​နေ​တာ​ပါ​ကွာ” ဆို​ပြီး ကဲ့​ရဲ့​ကြ​တယ်။ ၁၄  အဲဒီ​အခါ ပေတရု​က တမန်​တော် ၁၁ ယောက်​နဲ့​အတူ ရပ်​ပြီး+ အသံ​ကျယ်​ကျယ်​နဲ့ စ​ဟော​တော့​တယ်– “ယုဒ​ပြည်​သား​နဲ့ ဂျေရု​ဆ​လင်​မြို့​သား​တို့၊ ကျွန်​တော်​ပြော​တာ​ကို အာ​ရုံ​စိုက်​နား​ထောင်​ကြ​ပါ။ ၁၅  ဒီ​လူ​တွေ​ဟာ ခင်​ဗျား​တို့​ထင်​သလို မူး​နေ​တာ မဟုတ်​ပါ​ဘူး။ အခု​မှ မနက် ၉ နာ​ရီ​ပဲ* ရှိ​ပါ​သေး​တယ်။ ၁၆  တ​ကယ်​တော့ ပရော​ဖက်​ယောလ ဟော​ခဲ့​တဲ့​အတိုင်း ဖြစ်​နေ​တာ​ပါ။ ၁၇  ဘု​ရား​သခင်​က ‘“နောက်ဆုံး​ကာလ​မှာ စွမ်းအား​တော်​ကို လူ​အမျိုး​မျိုး​အပေါ် ငါ​သွန်း​လောင်း​မယ်။ မင်း​တို့​ရဲ့​သား​သမီး​တွေ ပရော​ဖက်​ပြု​ကြ​လိမ့်​မယ်။ လူငယ်​တွေ စိတ်​အာ​ရုံ မြင်​ကြ​လိမ့်​မယ်။ အသက်​ကြီး​သူ​တွေ အိပ်​မက် မြင်​မက်​ကြ​လိမ့်​မယ်။+ ၁၈  အဲဒီ​အချိန်​မှာ ငါ့​ကျွန်​တွေ၊ ကျွန်​မတွေ​ကို​ပါ စွမ်းအား​တော် သွန်း​လောင်း​မှာ​ဖြစ်​လို့ သူတို့ ပရော​ဖက်​ပြု​ကြ​လိမ့်​မယ်။+ ၁၉  ငါ​က ကောင်း​ကင်​မှာ ထူး​ဆန်း​တဲ့​အရာတွေ ပြမယ်။ ကမ္ဘာ​မြေပေါ်​မှာ သွေး​တွေ၊ မီး​တွေ၊ မီး​ခိုး​လုံး​တွေ​ဖြစ်​တဲ့ အံ့​ဖွယ်​အမှု​တွေ ပြမယ်။ ၂၀  ယေဟောဝါ​ရဲ့* နေ့​ထူး​နေ့မြတ်​ကြီး မရောက်​ခင် နေ​ဟာ မှောင်​မိုက်​သွား​မယ်။ လ​ဟာ သွေး​ဖြစ်​သွား​မယ်။ ၂၁  ယေဟောဝါ​ရဲ့* နာ​မည်​ကို​ခေါ်​ပြီး ဆုတောင်း​သူ​တိုင်း ကယ်​တင်​ခံ​ရ​မယ်”’+ လို့​ပြော​ခဲ့​တယ်။ ၂၂  “အစ္စရေး​လူ​တို့၊ နား​ထောင်​ကြ​ပါ။ ဘု​ရား​သခင်​က နာ​ဇ​ရက်​မြို့​သား​ယေရှု​ကို ခင်​ဗျား​တို့​အားလုံး သိ​အောင် ဖော်​ပြခဲ့​ပြီ။ ယေရှု​ကို​သုံး​ပြီး တန်ခိုး​တွေ၊ ထူး​ဆန်း​တဲ့​အရာတွေ၊ အံ့​ဖွယ်​အမှု​တွေ ပြခဲ့​တာ​လည်း+ ခင်​ဗျား​တို့​အသိ​ပဲ။ ၂၃  ဘု​ရား​သခင် ရည်​ရွယ်​ထား​တဲ့​အတိုင်း၊  ကြို​တင်​သိ​မြင်​ထား​တဲ့​အတိုင်း+ ခင်​ဗျား​တို့​ဖမ်း​ဆီး​လိုက်​တဲ့ ယေရှု​ဟာ တ​ရား​မဲ့​သူ​တွေရဲ့ လက်​ချက်​နဲ့ သစ်​တိုင်​ပေါ်​မှာ  ကွပ်​မျက်​ခံ​ခဲ့ရ​ပြီ။+ ၂၄  ဒါ​ပေမဲ့ ဘု​ရား​သခင်​က သူ့​ကို သေခြင်း​ရဲ့​အချုပ်​အနှောင်​က​နေ လွှတ်​ပေး​ပြီး ရှင်​ပြန်​ထ​မြောက်​စေ​ပြီ။+ သေခြင်း​က သူ့​ကို ဆက်​ပြီး မချုပ်​နှောင်​ထား​နိုင်​ဘူး။+ ၂၅  သူ​နဲ့​ပတ်​သက်​ပြီး ဒါဝိဒ်​ပြော​ဖူး​တာ​က ‘ယေဟောဝါ​ဟာ* ကျွန်​တော့်​ရှေ့​မှာ အမြဲရှိ​နေ​တယ်။ ကျွန်​တော့်​ညာ​ဘက်​မှာ ဘု​ရား​ရှိ​နေ​လို့ ဘယ်​တော့​မှ တုန်​လှုပ်​ရ​မှာ မဟုတ်​ဘူး။ ၂၆  ဒါ​ကြောင့် ရင်​ထဲ​မှာ ကြည်​နူး​ပြီး ဝမ်း​သာ​အား​ရ  ပြော​မယ်။   မျှော်​လင့်​ချက်​နဲ့ အသက်​ရှင်​မယ်။ ၂၇  ကိုယ်​တော်​က ကျွန်​တော့်​ကို သင်္ချိုင်း​မှာ ပစ်​ထား​မှာ မဟုတ်​ဘူး။ သစ္စာ​စောင့်​သိ​သူ​ကို ပုပ်​ပျက်​သွား​တဲ့​အဖြစ်​မျိုး တွေ့​ကြုံ​ခွင့်​ပြု​မှာ မဟုတ်​ဘူး။+ ၂၈  ကိုယ်​တော့်​ကြောင့် အသက်​လမ်း​ကို ကျွန်​တော် သိ​ရှိ​ရ​တယ်။ ကျွန်​တော့်​ကို ရှေ့​တော်​မှာ​ နေ​ခွင့်​ပြု​ပြီး ဝမ်း​မြောက်​စေ​တယ်။’+ ၂၉  “ညီ​အစ်​ကို​တို့၊ ကျွန်​တော်​တို့​ရဲ့​ဘိုး​ဘေး ဒါဝိဒ်​အကြောင်း ပွင့်​ပွင့်​လင်း​လင်း ပြော​ပါ​ရ​စေ။ ဒါဝိဒ်​ဟာ သေဆုံး​ပြီး သင်္ဂြိုဟ်​ခံ​ရ​တယ်။+ သူ့​သင်္ချိုင်း​ဂူ​က အခု​ထိ ဒီ​မြို့​မှာ ရှိ​နေ​သေး​တယ်။ ၃၀  သူ​ဟာ ပရော​ဖက်​ဖြစ်​တယ်။ သူ့​ရဲ့ ရင်​သွေး​တစ်​ယောက်​ကို သူ့​ရဲ့ရာ​ဇ​ပလ္လင်​ပေါ် နန်း​ထိုင်​စေ​မယ်​လို့ ဘု​ရား​သခင် ကျိန်​ဆို​ခဲ့​တာ​ကို​လည်း သိ​တယ်။+ ၃၁  ခရစ်​တော် ထ​မြောက်​မယ့်​အကြောင်း​ကို သူ​ကြို​သိ​နေ​လို့ ခ​ရစ်​တော်​ဟာ သင်္ချိုင်း​မှာ* စွန့်​ပစ်​ခံ​ရ​မှာ မဟုတ်​ဘူး၊ ခန္ဓာ​ကိုယ်​လည်း ပုပ်​ပျက်​မှာ​မဟုတ်​ဘူး ဆို​ပြီး သူ​ပြော​ခဲ့​တယ်။+ ၃၂  အဲဒီ​ယေရှု​ကို ဘု​ရား​သခင် ရှင်​ပြန်​ထ​မြောက်​စေ​ပြီ။ ကျွန်​တော်​တို့​အားလုံး မျက်​မြင်​သက်​သေတွေ​ပဲ။+ ၃၃  ယေရှု​က ဘုရား​သခင်​ရဲ့ လက်​ယာ​ဘက်​မှာ ချီး​မြှောက်​ခံ​ရ​ပြီး+ ကောင်း​ကင်​အဖ ကတိ​ပေး​ထား​တဲ့ သန့်​ရှင်း​သော စွမ်းအား​တော်​ကို ရ​ပြီ။+ ဒါ​ကြောင့် အခု ခင်ဗျား​တို့​ကြား​ရ​မြင်​ရ​တဲ့​အတိုင်း အဲဒီ​စွမ်းအား​တော်​ကို ကျွန်​တော်​တို့​အပေါ် သွန်း​လောင်း​လိုက်​တာ​ပါ။ ၃၄  တ​ကယ်​တော့  ဒါဝိဒ်​ဟာ ကောင်း​ကင် မတက်​ခဲ့​ပါ​ဘူး။ ဒါ​ပေမဲ့ သူ​ပြော​ခဲ့​တယ်–  ‘ယေဟောဝါ​က၊* ၃၅  “ရန်​သူ​တွေ​ကို မင်း​ရဲ့​ခြေ​အောက်​မှာ မချ​ခင်​အထိ ငါ့​ညာ​ဘက်​မှာ ထိုင်​နေ​ပါ” လို့ ငါ့​သခင်​ကို ပြော​တယ်။’+ ၃၆  ဒါ​ကြောင့် ခင်​ဗျား​တို့ သစ်​တိုင်​ပေါ်​တင်​ခဲ့​တဲ့ ယေရှု​ကို ဘု​ရား​သခင်​က သခင်​အဖြစ်၊+ ခ​ရစ်​တော်​အဖြစ် ခန့်​ထား​လိုက်​ပြီဆို​တာ အစ္စရေး​တစ်​မျိုး​လုံး သိ​ကြ​ပါ​စေ။”+ ၃၇  ဒါ​ကို​ကြား​တဲ့​အခါ လူ​တွေ​စိတ်​ပူ​ပန်​ပြီး  “ညီ​အစ်​ကို​တို့၊ ဒါ​ဆို ကျွန်​တော်​တို့ ဘာ​လုပ်​ရ​မလဲ”  လို့ ပေတရု​နဲ့ ကျန်​တဲ့​တမန်​တော်တွေ​ကို  မေး​ကြ​တယ်။ ၃၈  ပေတရု​က “နောင်​တ​ရ​ကြ​ပါ။+ ယေရှု​ခ​ရစ်ရဲ့ နာ​မည်​နဲ့ နှစ်ခြင်း​ခံ​ကြ​ပါ။+ ဒါ​ဆို​ရင် အပြစ်​တွေ ခွင့်​လွှတ်​ခံ​ရ​ပြီး+ သန့်​ရှင်း​သော​စွမ်းအား​တော်​ဆို​တဲ့ ဆု​လက်​ဆောင်​ကို ရ​ကြ​လိမ့်​မယ်။ ၃၉  ဒီ​ကတိ​ဟာ+ ခင်​ဗျား​တို့​နဲ့​ရော ခင်​ဗျား​တို့​ရဲ့ သား​သမီး​တွေ​နဲ့​ပါ သက်​ဆိုင်​တယ်။ ယေဟောဝါ* ဘု​ရား ရွေး​ချယ်​မယ့် ရပ်​ဝေး​က​လူ​တွေ​နဲ့​လည်း သက်​ဆိုင်​တယ်”+ လို့​ပြော​တယ်။ ၄၀  တ​ခြား​ဘာ​သာ​စကား​တွေ​နဲ့​လည်း စေ့​စေ့​စပ်​စပ် သက်သေခံ​ပြီး “ဖျက်​ဆီး​မခံ​ရ​ဖို့ ဆိုး​ညစ်​တဲ့ ဒီ​လူမျိုး​ထဲ​က​နေ ထွက်​ကြ​ပါ” လို့​တိုက်​တွန်း​နှိုးဆော်​တယ်။+ ၄၁  ပေတ​ရုရဲ့​စကား​ကို ဝမ်း​သာ​အား​ရ လက်ခံ​သူ​တွေ နှစ်ခြင်း​ခံ​ကြ​တဲ့​အတွက်+ အဲဒီ​နေ့​မှာ လူ ၃,၀၀၀ လောက် တိုး​များ​လာ​တယ်။+ ၄၂  သူတို့​က တမန်​တော်တွေ​ဆီ​က​နေ သင်​ယူ​တာ၊ ရှိ​တာ​တွေ​ကို  ဝေ​မျှ​သုံး​စွဲ​တာ၊  ဝေ​မျှ​စား​သောက်​တာ၊+  ဆုတောင်း​တာ​တွေ ဆက်​လုပ်​ဆောင်​နေ​ကြ​တယ်။+ ၄၃  လူ​တွေ​က တမန်​တော်တွေ​ပြတဲ့ ထူး​ဆန်း​တဲ့​အရာတွေ၊ အံ့​ဖွယ်​အမှု​တွေ​ကို  မြင်​တဲ့​အခါ+ ကြောက်​ရွံ့​လာ​ကြ​တယ်။ ၄၄  ယုံ​ကြည်​လာ​သူ​တွေ​က အတူ​စု​ဝေး​ပြီး ရှိ​တာ​တွေ​ကို ဝေ​မျှ​သုံး​စွဲ​ကြ​တယ်။ ၄၅  သူတို့​ရဲ့ ပစ္စည်း​ဥစ္စာတွေ၊ ပိုင်​ဆိုင်​ရာတွေ​ကို ရောင်း​ပြီး+ တစ်​ယောက်​စီ​ကို လို​အပ်​သလို ဝေ​မျှ​ပေး​ကြ​တယ်။+ ၄၆  နေ့​စဉ်ရက်​ဆက် ဗိမာန်​တော်​မှာ စည်း​စည်း​လုံး​လုံး စု​ဝေး​ပြီး သူတို့​ရဲ့​အိမ်​တွေ​မှာ​လည်း စိတ်​ရင်း​စေ​တ​နာ​နဲ့ ဝမ်း​သာ​အား​ရ ဝေ​မျှ​စား​သောက်​ကြ​တယ်။ ၄၇  ဘု​ရား​သခင်​ကို ချီး​မွမ်း​ကြ​တယ်။ လူ​တွေ​က​လည်း သူတို့​ကို သဘော​ကျ​နှစ်​သက်​ကြ​တယ်။ အဲဒီ​အပြင် ယေဟောဝါ​က* ကယ်​တင်​ခံ​ရ​မယ့်​သူ အရေ​အတွက်​ကို နေ့​တိုင်း တိုး​များ​စေ​တယ်။+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
မူ​ရင်း၊ “နေ​ထွက်​ပြီး​နောက် ၃ ချက်​တီး။”
ခက်​ဆစ်​ကို​ကြည့်။