တမန်တော် ၁၃:၁-၅၂

  • ဗာ​န​ဗ​နဲ့ ရှောလု​ကို သာ​သနာ​ပြု​တွေ​အဖြစ် စေလွှတ် (၁-၃)

  • ဆိုက်​ပရပ်​ကျွန်း​မှာ အမှု​ဆောင်​ခြင်း (၄-၁၂)

  • ပိ​သိ​ဒိ​ပြည်၊ အန္တိ​အုတ်​မြို့​မှာ ပေါလု ဟော​ပြော​ချက်​ပေး (၁၃-၄၁)

  • လူမျိုး​ခြား​တွေ​ကို သွား​ဟော​ဖို့ မိန့်မှာ​ခံ​ရ (၄၂-၅၂)

၁၃  အန္တိ​အုတ်​မြို့​က အသင်း​တော်​မှာ ပရော​ဖက်​တွေ၊ ဆရာ​တွေ​ရှိ​တယ်။+ သူတို့​က​တော့ ဗာ​န​ဗ၊ နိဂါ​လို့​ခေါ်​တဲ့ ရှု​မောင်၊ ကု​ရေ​နေ​ပြည်​သား လုကိ၊​ နယ်​စား​မင်း ဟေ​ရုဒ်ရဲ့ ပညာ​သင်​ဖက်  မာ​နင်​နဲ့ ရှောလု​တို့​ပဲ။ ၂  သူ​တို့​က  ယေဟောဝါ​ရဲ့*  အမှု​တော်​ကို ဆောင်​ရွက်​ပြီး  အစာ​ရှောင်​နေ​တုန်း သန့်​ရှင်း​သော  စွမ်းအား​တော်​က “ဗာ​န​ဗ​နဲ့ ရှောလု​ကို ငါ့​အတွက် ရွေး​ချယ်​လိုက်​ပါ။+ သူတို့​ကို တာဝန်​ပေး​စ​ရာ​ရှိ​တယ်”+ လို့​ပြော​တယ်။ ၃  ဒါ​နဲ့  သူတို့  အစာ​ရှောင်​ဆုတောင်း​ပြီး​တဲ့​နောက် ဗာ​န​ဗ​နဲ့ ရှောလု​အပေါ် လက်​တင်​ပြီး လွှတ်​လိုက်​ကြ​တယ်။ ၄  ဗာ​န​ဗ​နဲ့ ရှောလု​က သန့်​ရှင်း​သော စွမ်းအား​တော် စေ​လွှတ်​တဲ့​အတိုင်း သေလု​ကိ​မြို့​ကို  သွား​ပြီး​နောက်  အဲဒီ​က​တစ်ဆင့်  ဆိုက်​ပရပ်​ကျွန်း​ဆီ ရွက်​လွှင့်​သွား​ကြ​တယ်။ ၅  ရှာ​လ​မိ​မြို့​ကို သူတို့​ရောက်​တဲ့​အခါ  ဂျူး​တ​ရား​ဇ​ရပ်တွေ​မှာ  ဘု​ရား​သခင်​ရဲ့ တ​ရား​စကား​အ​ကြောင်း ဟော​ပြော​ကြ​တယ်။ ယောဟန်​လည်း လက်​ထောက်​အဖြစ် လိုက်​ပါ​သွား​တယ်။+ ၆  တစ်​ကျွန်း​လုံး​အနှံ့ သွား​ပြီး​နောက် ပါ​ဖု​မြို့​ကို  သူတို့​ရောက်​လာ​တဲ့​အခါ ဗာယေရှု​လို့​ခေါ်​တဲ့  မှော်​ဆ​ရာ​နဲ့  ဆုံ​တယ်။ သူ​ဟာ ဂျူး​လူမျိုး ပရော​ဖက်​အတု​အယောင်​ပဲ။ ၇  ဗာ​ယေရှု​က နယ်​စား​မင်း သေရ​ဂိ​ပေါလု​ဆီ​မှာ အမြဲနေ​ရ​တယ်။ ထက်​မြက်​တဲ့ အဲဒီ​နယ်​စား​မင်း​က ဘု​ရား​သခင်​ရဲ့ တ​ရား​စကား​ကို ကြား​နာ​ချင်​လွန်း​လို့ ဗာ​န​ဗ​နဲ့ ရှောလု​ကို ခေါ်​ဖိတ်​လိုက်​တယ်။ ၈  အဲဒီ​မှော်​ဆ​ရာ ဧ​လု​မက နယ်​စား​မင်း​ကို သခင်​ကို​ယုံ​ကြည်​တဲ့​သူ မဖြစ်​စေ​ချင်​တဲ့​အတွက် သူတို့​ကို အတိုက်​အခံ​လုပ်​တော့​တယ်။ (ဧ​လု​မရဲ့ အဓိပ္ပာယ်​က မှော်​ဆ​ရာ။) ၉  ပေါလု​လို့​လည်း​ခေါ်​တဲ့ ရှောလု​က သန့်​ရှင်း​သော စွမ်းအား​တော်​နဲ့ ပြည့်​ပြီး ဧ​လု​မကို စိုက်​ကြည့်​လိုက်​တယ်။ ၁၀  အဲဒီ​နောက် “ခင်​ဗျား​ဟာ လှည့်​ဖြား​မှု၊ မ​ကောင်း​မှု​အမျိုး​မျိုး​နဲ့ ပြည့်​နေ​တဲ့​သူ၊ မာရ်​နတ်​ရဲ့​သား၊+ ဖြောင့်​မတ်​မှု​အပေါင်း​ရဲ့ ရန်​သူ​ပဲ။ ယေဟောဝါ* ဘု​ရားရဲ့ ဖြောင့်​မှန်​တဲ့​လမ်း​တွေ​ကို ကွေ့​ကောက်​အောင် လုပ်​နေ​တာ​တွေ ရပ်​တန်း​က ရပ်​ပါ။ ၁၁  ယေဟောဝါ* ဘု​ရား ဒဏ်​ခတ်​မှာ​ဖြစ်​လို့ ခင်​ဗျား​ဟာ နေ​ရောင်​မမြင်​ရ​ဘဲ ရက်​အတော်​ကြာ မျက်​စိ​ကွယ်​သွား​မယ်” လို့ ပြော​တယ်။ ချက်​ချင်း​ပဲ သူ မျက်​စိ​မှုန်​လာ​ပြီး အလင်း​ကွယ်​သွား​တဲ့​အတွက် တွဲ​ခေါ်​ပေး​မယ့်​သူ​ကို တ​ဝဲ​လည်​လည် ရှာ​နေ​တော့​တယ်။ ၁၂  အဲဒီ​အဖြစ်​ကို မြင်​တဲ့​အခါ နယ်​စား​မင်း​က ယေဟောဝါ* နဲ့​ပတ်​သက်​ပြီး သူ​သိ​လာ​တဲ့​အရာတွေ​ကြောင့် အံ့သြ​ပြီး ယုံ​ကြည်​သူ​ဖြစ်​လာ​တယ်။ ၁၃  ပေါလု​နဲ့ အပေါင်း​ပါ​တွေ​က ပါ​ဖု​မြို့​က​နေ  ရွက်​လွှင့်​ပြီး  ပံ​ဖု​လိ​ပြည်၊ ပေရေ​ဂ​မြို့​ကို ရောက်​လာ​တယ်။ ယောဟန်​က+ သူတို့​ကို​ထား​ခဲ့​ပြီး ဂျေရု​ဆ​လင်​မြို့​ကို ပြန်​သွား​တယ်။+ ၁၄  သူတို့​က​တော့ ပေရေ​ဂမြို့​က​နေ ထွက်​ခွာ​ပြီး ပိ​သိ​ဒိ​ပြည်၊ အန္တိ​အုတ်​မြို့​ကို ရောက်​လာ​တယ်။ ဥ​ပုသ်​နေ့​မှာ တ​ရား​ဇ​ရပ်​ထဲ​ဝင်​ပြီး+ ထိုင်​ကြ​တယ်။ ၁၅  ပညတ်​ကျမ်း​နဲ့ ပရော​ဖက်​ကျမ်း​တွေ​ကို လူ​ထု​ရှေ့​ဖတ်​ပြချိန် ပြီး​သွား​တဲ့​အခါ+ တ​ရား​ဇ​ရပ်​မှူး​တွေ​က “ညီ​အစ်​ကို​တို့၊ ဒီ​လူ​တွေ​ကို အား​ပေး​စကား ပြော​စ​ရာ​ရှိ​ရင် ပြော​ကြ​ပါ” လို့ အကြောင်း​ကြား​လိုက်​တယ်။ ၁၆  ဒါ​နဲ့ ပေါလု​လည်း ထ​ရပ်​ပြီး လက်​ရိပ်​ပြတယ်။ ပြီး​တော့ “အစ္စရေး​တို့၊  ဘု​ရား​သခင်​ကို ကြောက်​ရွံ့​ရို​သေတဲ့ လူမျိုး​ခြား​တို့၊ နား​ထောင်​ကြ​ပါ။ ၁၇  အစ္စရေး​တို့​ရဲ့ ဘုရား​သခင်​က ကျွန်​တော်​တို့​ရဲ့ ဘိုး​ဘေး​တွေ​ကို ရွေး​ချယ်​ခဲ့​တယ်။ အီဂျစ်​ပြည်​မှာ တိုင်း​တစ်ပါး​သား​တွေ​အဖြစ် သူတို့​နေ​ထိုင်​ချိန်​မှာ သူတို့​ကို ကူညီ​ပြီး အဲဒီ​ပြည်​က​နေ  မဟာ​တန်ခိုး​တော်​နဲ့ ကယ်​ထုတ်​ခဲ့​တယ်။+ ၁၈  ဘု​ရား​သခင်​က သူတို့​ကို တော​ကန္တာရ​ထဲ​မှာ နှစ်​ပေါင်း ၄၀ လုံး သည်း​ခံ​ခဲ့​တယ်။+ ၁၉  ခါ​နန်​ပြည်​မှာ​ရှိ​တဲ့  လူမျိုး​ခု​နစ်​မျိုး​ကို ဖျက်​ဆီး​ပြီး​နောက် အဲဒီ​ပြည်​ကို အစ္စရေး​လူမျိုး​အတွက် အမွေ​အဖြစ် ခွဲ​ဝေ​ပေး​ခဲ့​တယ်။+ ၂၀  ဒါ​တွေ​အားလုံး​ဟာ နှစ်​ပေါင်း ၄၅၀ အတွင်း​မှာ ဖြစ်​ပျက်​ခဲ့​တယ်။ “အဲဒီ​နောက် ဘု​ရား​သခင်​က ပရော​ဖက်​ရှ​မွေ​လ မပေါ်​ထွန်း​ခင်​အချိန်​အထိ အစ္စရေးတွေ​အတွက် တ​ရား​သူ​ကြီး​တွေ ပေး​အပ်​ခဲ့​တယ်။+ ၂၁  နောက်​တော့ ရှင်​ဘု​ရင်​ပေး​ပါ​လို့ တောင်း​ဆို​ကြ​တဲ့​အတွက်+ ဘု​ရား​သခင်​က ဗင်​ယာ​မိန်​အမျိုး ကိ​ရှ​ရဲ့​သား ရှောလု​ကို+ နှစ်​ပေါင်း ၄၀ အုပ်​စိုး​စေ​ခဲ့​တယ်။ ၂၂  အဲဒီ​နောက် ရှောလု​ကို ဖယ်​ရှား​ပြီး ဒါဝိဒ်​ကို  ဘု​ရင်​အဖြစ်  ရွေး​ချယ်​လိုက်​တယ်။+ သူ​နဲ့​ပတ်​သက်​ပြီး သက်သေခံ​တဲ့​အခါ ဘု​ရား​က ‘ယေ​ရှဲ​ရဲ့​သား+ ဒါဝိဒ်​ကို ငါ​တွေ့​ပြီ။ သူ​ဟာ ငါ​နဲ့ စိတ်​သဘော​ထား​ချင်း ကိုက်​ညီ​သူ​ပဲ။+ ငါ​အလို​ရှိ​သမျှ​ကို သူ ဆောင်​ရွက်​လိမ့်​မယ်’ လို့​ပြော​ခဲ့​တယ်။ ၂၃  ဘု​ရား​သခင်​က ကတိ​ပေး​ထား​တဲ့​အတိုင်း အစ္စရေးတွေ​အတွက် ကယ်​တင်​ရှင်​ယေရှု​ကို ဒါဝိဒ်ရဲ့​မျိုး​နွယ်​က​နေ ပေါ်​ထွန်း​စေ​ပြီ။+ ၂၄  အဲဒီ​ကယ်​တင်​ရှင် မပေါ်​ထွန်း​ခင်​က​တည်း​က ယောဟန်​က အစ္စရေး​တစ်​မျိုး​လုံး​ကို နောင်​တ​ရ​တဲ့ အထိမ်း​အမှတ်​အဖြစ် နှစ်ခြင်း​ခံ​ကြ​ပါ​လို့ လူ​သိ​ရှင်​ကြား ဟော​ပြော​ခဲ့​တယ်။+ ၂၅  ယောဟန်​က သူ့​တာဝန်​ပြီး​ဆုံး​ခါ​နီး​မှာ ‘ကျွန်​တော်​ဟာ ခင်​ဗျား​တို့​ထင်​နေ​တဲ့​သူ မဟုတ်​ဘူး။ ကျွန်​တော့်​နောက်​မှာ တစ်​ယောက်​လာ​နေ​တယ်။ သူ့​ဖိ​နပ်​ကြိုး​ကို ဖြေပေး​ဖို့​တောင် ကျွန်​တော် မထိုက်​တန်​ဘူး’ လို့ ပြော​ခဲ့​တယ်။+ ၂၆  “အာဗြဟံ​ရဲ့ သား​မြေး​တွေ​ဖြစ်​တဲ့  ညီ​အစ်​ကို​တို့၊  ဘု​ရား​သခင်​ကို ကြောက်​ရွံ့​ရို​သေတဲ့ လူမျိုး​ခြား​တို့၊ ဘု​ရား​သခင်​က ကျွန်​တော်​တို့​ကို ကယ်​တင်​ခြင်း​နဲ့​ဆိုင်​တဲ့ ဒီ​သတင်း​တ​ရား​အကြောင်း ကြား​သိ​စေ​ပြီ။+ ၂၇  ဂျေရု​ဆ​လင်​မြို့​သား​တွေ​နဲ့  ခေါင်း​ဆောင်​တွေ​က​တော့ သူ့​ကို အသိ​အမှတ် မပြု​ကြ​ဘူး။ သူ့​ကို ပြစ်​ဒဏ်​စီ​ရင်​ခြင်း​အား​ဖြင့် ဥ​ပုသ်​နေ့​တိုင်း ဖတ်​ရွတ်​နေ​ကျ ပရော​ဖက်​ကျမ်း​မှာ​ပါ​တဲ့ စကား​တွေ​ကို ပြည့်​စုံ​စေ​ကြ​ပြီ။+ ၂၈  သေဒဏ်​ခံ​ထိုက်​တဲ့ အကြောင်း​ရင်း​ကို  ရှာ​မတွေ့​တာ​တောင်+  သူ့​ကို​သတ်​ဖို့  ပိလတ်​မင်း​ဆီ  တောင်း​ဆို​ကြ​တယ်။+ ၂၉  သူ့​အကြောင်း​ရေး​ထား​တဲ့ ကျမ်း​စကား​အားလုံး​ကို ပြည့်​စုံ​စေ​ပြီး​တဲ့​နောက် သူ့​အလောင်း​ကို သစ်​တိုင်​ပေါ်​က​ချ​ပြီး သင်္ချိုင်း​ဂူ​ထဲ သူတို့ ထည့်​ထား​ကြ​တယ်။+ ၃၀  ဒါ​ပေမဲ့ ဘု​ရား​သခင်​က သူ့​ကို ရှင်​ပြန်​ထ​မြောက်​စေ​ပြီ။+ ၃၁  သူ​က ဂါ​လိ​လဲ​ပြည်​က​နေ ဂျေရု​ဆ​လင်​မြို့​ဆီ အတူ​လိုက်​ပါ​လာ​တဲ့ တ​ပည့်တွေ​ကို ရက်​ပေါင်း​များ​စွာ ကိုယ်​ထင်​ပြခဲ့​တယ်။ အခု အဲဒီ​လူ​တွေ​က သူ့​အကြောင်း သက်သေခံ​နေ​တယ်။+ ၃၂  “ဒါ​ကြောင့် ကျွန်​တော်​တို့​က ဘိုး​ဘေး​တွေ​ကို​ပေး​ခဲ့​တဲ့  ကတိ​တော်​အ​ကြောင်း သတင်း​ကောင်း​ကို ခင်​ဗျား​တို့​ကို ဟော​နေ​တာ။ ၃၃  ဆာလံ​ကျမ်း ဒုတိယ​အခန်း​မှာ ‘မင်း​ဟာ ငါ့​သား​ပဲ။ ဒီ​နေ့ ငါ​ဟာ မင်း​ရဲ့​ဖခင် ဖြစ်​လာ​ပြီ’+ လို့ ရေး​ထား​တဲ့​အတိုင်း  ဘု​ရား​သခင်​က ယေရှု​ကို ရှင်​ပြန်​ထ​မြောက်​စေ​ခြင်း​အား​ဖြင့်+ ဘိုး​ဘေး​တွေရဲ့ သား​သမီး​တွေ​ဖြစ်​တဲ့ ကျွန်​တော်​တို့​ဆီ​မှာ အဲဒီ​ကတိ​တော်​ကို လုံးလုံး​ပြည့်​စုံ​စေ​ခဲ့​ပြီ။ ၃၄  ဘု​ရား​သခင်​က သူ့​ကို ရှင်​ပြန်​ထ​မြောက်​စေ​ခဲ့​တယ်။ ပုပ်​ပျက်​တဲ့​အဖြစ်​ကို ဘယ်​တော့​မှ ပြန်​ရောက်​စေ​မှာ မဟုတ်​ဘူး။ ဒီ​နည်း​နဲ့ ‘ဒါဝိဒ်​ကို ကတိ​ပေး​ခဲ့​တဲ့ ခိုင်​မြဲတဲ့​မေတ္တာ​မျိုး မင်း​တို့​ကို ပြမယ်။ အဲဒီ​မေတ္တာ​ဟာ ယုံ​ကြည်​စိတ်​ချ​ထိုက်​တယ်’ ဆို​တဲ့ မိမိ​ရဲ့​မိန့်မှာ​ချက် မှန်​ကန်​ကြောင်း ဖော်​ပြခဲ့​တယ်။+ ၃၅  ဆာလံ​နောက်​တစ်​ခန်း​မှာ​လည်း ‘ကိုယ်​တော်​က သစ္စာ​စောင့်​သိ​သူ​ကို ပုပ်​ပျက်​သွား​တဲ့​အဖြစ်​မျိုး တွေ့​ကြုံ​ခွင့်​ပြု​မှာ မဟုတ်​ဘူး’ လို့ရေး​ထား​တယ်။+ ၃၆  တစ်​သက်​တာ​လုံး ဘု​ရား​သခင်​အတွက် အမှု​ဆောင်​ခဲ့​တဲ့ ဒါဝိဒ်​ဟာ သေခြင်း​မှာ အိပ်​ပျော်​သွား​ပြီး​နောက် ဘိုး​ဘေး​တွေ​နဲ့​အတူ သင်္ဂြိုဟ်​ခံ​ခဲ့ရ​တယ်၊ ပုပ်​ပျက်​တဲ့​အဖြစ်​ကို တွေ့​ကြုံ​ခဲ့ရ​တယ်။+ ၃၇  ဘု​ရား​သခင် ရှင်​ပြန်​ထ​မြောက်​စေ​ခဲ့​သူ​က​တော့ ပုပ်​ပျက်​တဲ့​အဖြစ်​မျိုး မတွေ့​ကြုံ​ခဲ့ရ​ဘူး။+ ၃၈  “ညီ​အစ်​ကို​တို့၊ ကျွန်​တော် အသိ​ပေး​ချင်​တာ​က  ခင်​ဗျား​တို့​ရဲ့  အပြစ်​တွေ​ကို သူ့​အား​ဖြင့် ဘု​ရား​သခင် ခွင့်​လွှတ်​ပေး​လိမ့်​မယ်၊+ ၃၉  မော​ရှေ​ပညတ်​က ခင်​ဗျား​တို့​ကို ဖြောင့်​မတ်​သူ​တွေ​ဖြစ်​အောင် မလုပ်​နိုင်​ပေမဲ့+ သူ့​ရဲ့​သေခြင်း​ကြောင့် ယုံ​ကြည်​သူ​အားလုံး​ကို ဖြောင့်​မတ်​သူ​တွေလို့ သတ်​မှတ်​ခံ​ရ​လိမ့်​မယ်။+ ၄၀  ဒါ​ကြောင့် ပရော​ဖက်​ကျမ်း​မှာ​ပါ​တဲ့ ဒီ​စကား​တွေ​အတိုင်း ခင်​ဗျား​တို့ မကြုံ​ရ​အောင် သတိ​ထား​ကြ​ပါ– ၄၁  ‘မထီ​မဲ့​မြင်​ပြု​သူတို့၊ ငါ​လုပ်​ဆောင်​နေ​တဲ့​အရာတွေ​ကို မြင်​ပြီး မင်း​တို့ အံ့သြ​ရ​လိမ့်​မယ်။ အဲဒီ​နောက် ပျက်​စီး​သွား​လိမ့်​မယ်။ အသေး​စိတ်​ပြော​ပြရင်​တောင် ယုံ​နိုင်​မှာ​မဟုတ်​တဲ့​အရာတွေ​ကို မင်း​တို့​လက်​ထက်​မှာ ငါ​လုပ်​ဆောင်​မယ်’”+ လို့​ပြော​တယ်။ ၄၂  အဲဒီ​နောက် တ​ရား​ဇ​ရပ်​က​နေ ပေါလု​နဲ့ ဗာ​န​ဗ ထွက်​ခွာ​လာ​တဲ့​အခါ လူ​တွေ​က လာ​မယ့်​ဥ​ပုသ်​နေ့​မှာ​လည်း ဒီ​အကြောင်း​တွေ  လာ​ဟော​ပါ​ဦးလို့ မေတ္တာရပ်​ခံ​ကြ​တယ်။ ၄၃  တ​ရား​ဇ​ရပ်​က​နေ  လူ​တွေ  ထွက်​သွား​ပြီး​တဲ့​နောက် ဘု​ရား​သခင်​ကို​ကိုးကွယ်​တဲ့ ဂျူး​တွေ​နဲ့ ဂျူး​ဘာ​သာ​ပြောင်း​ဝင်​လာ​သူ​တွေ အတော်​များ​များ လိုက်​လာ​တဲ့​အခါ ပေါလု​နဲ့ ဗာ​န​ဗ​က ဘု​ရား​သခင်​ရဲ့ မဟာ​ကရု​ဏာ​တော် အမြဲခံစား​ရ​အောင် ကြိုး​စား​ပါ​ဆို​ပြီး  သူတို့​ကို  အား​ပေး​တယ်။+ ၄၄  နောက်​ဥ​ပုသ်​နေ့​မှာ ယေဟောဝါ​ရဲ့* တ​ရား​စကား​ကို နား​ထောင်​ဖို့ တစ်​မြို့​လုံး​နီး​ပါး စု​ဝေး​လာ​ကြ​တယ်။ ၄၅  ဂျူး​တ​ချို့​က အဲဒီ​လူ​အုပ်​ကို မြင်​တဲ့​အခါ မနာ​လို​ဖြစ်​ပြီး ပေါလု​ပြော​တာ​တွေ​ကို အတိုက်​အခံ​လုပ်​တယ်၊ စော်​ကား​ပြော​ဆို​ကြ​တယ်။+ ၄၆  ပေါလု​နဲ့ ဗာ​န​ဗ​က “ဘု​ရား​သခင်​ရဲ့ တ​ရား​စကား​ကို ခင်​ဗျား​တို့​ဆီ အရင်​ဆုံး ဟော​ရ​မှာ​ဖြစ်​လို့ ဟော​ခဲ့​တယ်။+ ဒါ​ပေမဲ့ ခင်​ဗျား​တို့ လက်မခံ​​ခဲ့​ဘူး။ ထာ​ဝ​ရ​အသက်​နဲ့ မထိုက်​တန်​မှန်း ဒီ​နည်း​နဲ့ ခင်​ဗျား​တို့​ကိုယ်​တိုင် ဖော်​ပြလိုက်​တဲ့​အတွက် ကျွန်​တော်​တို့​လည်း  လူမျိုး​ခြား​တွေ​ဆီ သွား​ဟော​တော့​မယ်။+ ၄၇  ယေဟောဝါ* ဘုရား​က  ‘လူမျိုး​ခြား​တွေ​အတွက် အလင်း​အဖြစ် မင်း​ကို ငါ​ခန့်​အပ်​လိုက်​ပြီ။ မင်း​က ကမ္ဘာ​မြေအစွန်​အဖျား​အ​ထိ​ ကယ်​တင်​ခြင်း​ကို ဆောင်​ကြဉ်း​ပေး​ရ​မယ်’ လို့ ကျွန်​တော်​တို့​ကို မိန့်မှာ​ထား​တယ်” ဆို​ပြီး ရဲရဲရင့်ရင့် ပြန်​ပြော​တယ်။+ ၄၈  ဒါ​ကို လူမျိုး​ခြား​တွေ​ကြား​တဲ့​အခါ ဝမ်း​သာ​အား​ရ​နဲ့ ယေဟောဝါ​ရဲ့* တ​ရား​စကား​ကို ချီး​မွမ်း​ကြ​တယ်။ ထာ​ဝ​ရ​အသက်​ရ​ဖို့ စိတ်​ရင်း​မှန်​နဲ့ ကြိုး​စား​တဲ့​သူ​တွေ​ဟာ ယုံ​ကြည်​သူ​တွေ ဖြစ်​လာ​ကြ​တယ်။ ၄၉  ဒါ့​အပြင် ယေဟောဝါ​ရဲ့* တ​ရား​စကား​ဟာ တစ်​ပြည်​လုံး ပျံ့​နှံ့​သွား​တယ်။ ၅၀  ဂျူး​တ​ချို့​က​တော့ ဘု​ရား​တ​ရား​ကိုင်း​ရှိုင်း​တဲ့ ဂုဏ်​အသရေ​ရှိ အမျိုး​သမီး​တွေ၊ မြို့​မျက်​နှာ​ဖုံး အမျိုး​သား​တွေ​ကို သွေး​ထိုး​လှုံ့​ဆော်​ပြီး ပေါလု​နဲ့ ဗာ​န​ဗ​ကို ညှဉ်း​ဆဲ​တယ်။+ ပြီး​တော့ အဲဒီ​နယ်​က​နေ နှင်​ထုတ်​လိုက်​တယ်။ ၅၁  ပေါလု​နဲ့ ဗာ​န​ဗ​လည်း ခြေ​ထောက်​က​ဖုန်​တွေ​ကို ခါ​ပြီး အိ​ကော​နိ​မြို့​ကို ထွက်​သွား​တယ်။+ ၅၂  တ​ပည့်တွေ​ဟာ သန့်​ရှင်း​သော​စွမ်းအား​တော် ပြည့်​ပြီး ဝမ်း​မြောက်​ဝမ်း​သာ ဖြစ်​နေ​ကြ​တယ်။+

အောက်ခြေမှတ်ချက်များ