ကမ္ဘာဦး ၆:၁-၂၂

  • ဘုရားရဲ့သားတွေ ကမ္ဘာပေါ် မိန်းမယူကြ (၁-၃)

  • နက်ဖလင်တွေ မွေးဖွားလာ ()

  • လူ့ဆိုးသွမ်းမှုကြောင့် ယေဟောဝါ စိတ်မကောင်း (၅-၈)

  • ရေလွှမ်းမိုးမယ့်အကြောင်း ဘုရား အသိပေး (၁၇-၂၂)

 ကမ္ဘာပေါ်မှာ လူဦးရေတိုးများလာပြီး သမီးတွေ ရလာတဲ့အခါ၊ ၂  စစ်မှန်တဲ့ ဘုရားသခင်ရဲ့သားတွေက*+ လူ့သမီးတွေ ချောမောလှပတာကို သတိပြုမိလာတယ်။ ဒါနဲ့ သူတို့နှစ်သက်သူတွေကို ဇနီးအဖြစ် ယူကြတယ်။ ၃  ယေဟောဝါက “လူတွေဟာ အသွေးအသားပဲ* ဆိုပြီး ငါအမြဲသည်းခံနေမှာ မဟုတ်ဘူး။+ ဒါကြောင့် သူတို့ အနှစ် ၁၂၀ ပဲ အသက်ရှင်ရမယ်” လို့ပြောတယ်။+ ၄  အဲဒီတုန်းက ကမ္ဘာပေါ်မှာ နက်ဖလင်တွေ* ရှိတယ်။ နောက်ပိုင်းမှာလည်း ရှိတယ်။ ဘုရားသခင်ရဲ့သားတွေက လူ့သမီးတွေနဲ့ဆက်ဆံပြီး သားတွေ မွေးဖွားလာတယ်။ အဲဒီသားတွေဟာ နက်ဖလင်တွေဖြစ်ပြီး ရှေးခေတ်က လူထွားကြီးတွေ၊ နာမည်ကျော်ကြားသူတွေ ဖြစ်တယ်။ ၅  ကမ္ဘာပေါ်မှာ လူတွေ သိပ်ဆိုးသွမ်းနေတာ၊ လူတွေရဲ့စိတ်အကြံအစည်ရှိသမျှဟာ အမြဲဆိုးညစ်နေတာကို ယေဟောဝါမြင်တယ်။+ ၆  ယေဟောဝါက ကမ္ဘာပေါ်မှာ သူဖန်ဆင်းခဲ့တဲ့ လူတွေကြောင့် စိတ်မကောင်းဖြစ်တယ်၊ စိတ်ထိခိုက်မိတယ်။+ ၇  ဒါနဲ့ ယေဟောဝါက “ငါဖန်ဆင်းခဲ့တဲ့လူတွေကို သားယဉ်တွေ၊ တွားသွားသတ္တဝါတွေ၊ ပျံတတ်တဲ့သတ္တဝါတွေနဲ့အတူ မြေပေါ်ကနေ ဖယ်ရှားတော့မယ်။ ငါဖန်ဆင်းခဲ့တဲ့ လူတွေကြောင့် စိတ်မကောင်းဖြစ်ရတယ်” လို့ပြောတယ်။ ၈  နောဧကတော့ ယေဟောဝါရှေ့မှာ မျက်နှာသာရသူဖြစ်တယ်။ ၉  နောဧရဲ့သမိုင်းမှတ်တမ်း– နောဧဟာ ဖြောင့်မတ်သူ၊+ တစ်ခေတ်တည်းသားတွေထဲမှာ အမှားကင်းသူ၊ ဘုရားသခင့်လမ်းစဉ်အတိုင်း လျှောက်လှမ်းသူဖြစ်တယ်။+ ၁၀  ရှေမ၊ ဟာမ၊ ယာဖက်ဆိုတဲ့ သားသုံးယောက် သူရလာတယ်။+ ၁၁  ကမ္ဘာမြေဟာ ဘုရားသခင့်အမြင်မှာ ပျက်စီးယိုယွင်းနေပြီး အကြမ်းဖက်မှုတွေ ပြည့်နေတယ်။ ၁၂  ဘုရားသခင် ကြည့်လိုက်တဲ့အခါ ကမ္ဘာမြေဟာ ပျက်စီးယိုယွင်းနေတယ်။+ လူတွေ အကျင့်ပျက်နေကြတယ်။+ ၁၃  ဘုရားသခင်က နောဧကို မိန့်မှာတယ်– “ကမ္ဘာပေါ်မှာ လူတွေရဲ့ အကြမ်းဖက်မှုနဲ့ ပြည့်နေပြီ။ ဒါကြောင့် လူအားလုံးကို အဆုံးစီရင်ဖို့ ငါဆုံးဖြတ်လိုက်ပြီ။ ကမ္ဘာမြေကိုလည်း ဖျက်ဆီးမယ်။+ ၁၄  ဒီတော့ ထင်းရှူးသားနဲ့ သင်္ဘောဆောက်ပါ။+ အခန်းတွေဖွဲ့ပြီး အတွင်းအပြင်ကို ကတ္တရာစေးသုတ်ပါ။+ ၁၅  သင်္ဘောဟာ အလျားအတောင် ၃၀၀၊ အနံအတောင် ၅၀၊ အမြင့်အတောင် ၃၀ ရှိရမယ်။ ၁၆  အလင်းရောင်ရဖို့ အမိုးအောက် တစ်တောင်အကွာမှာ ပြတင်းပေါက်* ဖောက်ပါ။ သင်္ဘောထဲဝင်ဖို့ တံခါးပေါက်ကိုလည်း ဖောက်ပါ။+ ပထမထပ်၊ ဒုတိယထပ်၊ တတိယထပ်ဆိုပြီး သုံးထပ်ရှိရမယ်။ ၁၇  “ကမ္ဘာမြေပေါ်မှာ ငါရေလွှမ်းမိုးစေမယ်။+ ကောင်းကင်အောက်က အသက်စွမ်းအားရှိတဲ့ သတ္တဝါအားလုံးကို ဖျက်ဆီးမယ်။ မြေပေါ်မှာရှိသမျှ ပျက်စီးရလိမ့်မယ်။+ ၁၈  မင်းနဲ့ငါ ကတိသစ္စာပြုမယ်။ မင်းက သားမယား၊ ချွေးမတွေနဲ့အတူ သင်္ဘောထဲ ဝင်ပါ။+ ၁၉  မင်းနဲ့အတူ အသက်ရှင်ကျန်ရစ်ဖို့ သတ္တဝါအမျိုးမျိုးထဲက+ အထီးအမတစ်စုံစီကို+ သင်္ဘောထဲ သွင်းပါ။ ၂၀  ပျံတတ်တဲ့သတ္တဝါတွေ၊ သားယဉ်တွေ၊ တွားသွားသတ္တဝါတွေအားလုံး အသက်ရှင်ကျန်ရစ်ဖို့ အမျိုးအလိုက် တစ်စုံစီကို သင်္ဘောထဲ သွင်းပါ။+ ၂၁  ကိုယ့်အတွက်ရော တိရစ္ဆာန်တွေအတွက်ပါ စားစရာအမျိုးမျိုး စုဆောင်းသိုလှောင်ထားပါ။”+ ၂၂  နောဧလည်း ဘုရားသခင်မိန့်မှာသမျှအတိုင်း လုပ်တယ်။ မှာထားတဲ့အတိုင်း သူလုပ်တယ်။+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “ကောင်းကင်တမန်တွေ။”
“သွေးသားဆန္ဒအတိုင်း ကျင့်ကြံနေလို့ပဲ” လည်းဖြစ်နိုင်။
အဓိပ္ပာယ်၊ “အလဲထိုးသူတွေ” ဖြစ်နိုင်။ ခက်ဆစ်ကိုကြည့်။
ဟီဘရူး၊ ‘စိုဟာ။’ ပြတင်းပေါက် မဟုတ်ဘဲ ၁ တောင်မြင့်တဲ့ အမိုးစောင်းလို့ တချို့ယူဆ။