၂၀၁၈၊ ဖေဖော်ဝါရီ ၁၀-၁၁ ရက်အတွင်း ပြင်းအားအဆင့် ၂ ကနေ ၄ အထိ ရှိတဲ့ ဆိုင်ကလုန်း ဂီတကြောင့် ဆာမိုအာနဲ့ အမေရိကန် ဆာမိုအာတို့မှာ အထိနာခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက် မုန်တိုင်းကြောင့် တွန်ဂါမှာ ရေကြီးပြီး ပျက်စီးဆုံးၡုံးမှု များပြားခဲ့တယ်။

မုန်တိုင်းကြောင့် ညီအစ်ကို/မတစ်ယောက်မှ အကြီးအကျယ် ဒဏ်ရာရတာ၊ သေဆုံးတာ မရှိပါဘူး။ နေအိမ်အများစုကတော့ ဖွတ်ဖွတ်ကြေကုန်တယ်။ ကယ်ဆယ်ရေးကော်မတီဝင်တွေက မုန်တိုင်းသင့်သူတွေကို အစာရေစာ၊ မိုးကာဖျင် စတဲ့ အရေးပေါ် ကယ်ဆ​ယ်ရေး ပစ္စည်းတွေ ပေးကြတယ်။

ဆာမိုအာမှာ နေအိမ်ဆယ်လုံး ရစရာမရှိအောင် ပျက်စီးသွားတယ်။

အမေရိကန်ဆာမိုအာမှာ နေအိမ်သုံးလုံး ရေမြုပ်သွားတယ်။ နေအိမ် စွန့်ခွာရသူတွေကို ဒေသခံညီအစ်ကို/မတွေက ယာယီနေထိုင်ဖို့ စီစဉ်ပေးကြတယ်။

တွန်ဂါမှာ အိမ်ခြောက်လုံးထက်မနည်း ရစရာမရှိအောင် ပျက်စီးသွားတယ်။ နေအိမ် စွန့်ခွာရတဲ့ ညီအစ်ကို/မတွေက ဝတ်ပြုစည်းဝေးရာခန်းမမှာ ညအိပ်ခိုလှုံခဲ့ရတယ်။

မုန်တိုင်းကြောင့် ညီအစ်ကို/မတစ်ယောက်မှ အကြီးအကျယ် ထိခိုက်ဒဏ်ရာရတာ မရှိတဲ့အတွက်၊ မုန်တိုင်းသင့်သူတွေအနေနဲ့ ဒေသခံညီအစ်ကို/မတွေဆီက အကူအညီရရှိတဲ့အတွက် ဝမ်းသာစရာပါ။ ဒီလိုကူညီပေးခြင်းက ယေရှု ပြောခဲ့တဲ့အတိုင်း ယေရှုရဲ့ နောက်လိုက်တွေ အချင်းချင်း ချစ်ကြောင်း ပေါ်လွင်စေပါတယ်။—ယောဟန် ၁၃:၃၄၊ ၃၅

Media Contacts:

International: David A. Semonian, Office of Public Information, +1-845-524-3000

American Samoa: Ben Hur Monotaga, +1-684-699-1764

Samoa: Sio Taua, +685-20629

Tonga: Palu Kanongata’a, +676-25736