မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၂ သက်သာလောနိတ် ၂:၁-၁၇

မာတိကာ

  • ဘု​ရား​တ​ရား​မဲ့​သူ (၁-၁၂)

  • ခိုင်​ခံ့​မြဲမြံ​ဖို့ တိုက်​တွန်း​ချက် (၁၃-၁၇)

 ညီအစ်​ကို​တို့၊ သခင်​ယေရှု​ခ​ရစ် ရောက်​ရှိ​နေ​ခြင်း​အကြောင်း၊+ သခင်​နဲ့​အတူ​နေ​ရ​မယ့်​အကြောင်း​နဲ့ ပတ်​သက်​ပြီး+ ခင်​ဗျား​တို့​ကို မှာ​ချင်​တာ​က​တော့၊ ၂  ယေဟောဝါ* ရဲ့​နေ့+  ရောက်​ပြီဆို​တဲ့  သတင်း​ကြောင့်+ စိတ်​လှုပ်​ရှား​ပြီး ခင်​ဗျား​တို့​ရဲ့ စဉ်း​စား​ဆင်​ခြင်​နိုင်​စွမ်း အလွယ်​တ​ကူ ပျောက်​ဆုံး​သွား​တာ​မျိုး မဖြစ်​စေ​နဲ့။ အဲ​ဒီ​သတင်း​ဟာ ဗျာဒိတ်​ရ​ပြီး​ပြော​တာ ဖြစ်​နိုင်​သလို နှုတ်​သတင်း​လည်း ဖြစ်​နိုင်​တယ်။ ကျွန်​တော်​တို့​ဆီ​က လာ​ပုံ​ပေါက်​တဲ့​စာ​လည်း ဖြစ်​နိုင်​တယ်။ ၃  ခင်​ဗျား​တို့​ကို ဘယ်​သူ​မှ မလှည့်​ဖြား​ပါ​စေ​နဲ့။ ဘာ​လို့​လဲ​ဆို​တော့ အဲ​ဒီ​နေ့​မရောက်​ခင်  အယူ​ဖောက်​ပြန်​ခြင်း+ အရင်​ဖြစ်​လိမ့်​မယ်။ အဲ​ဒီ​နောက် တ​ရား​မဲ့​သူ+ တစ်​နည်း​အား​ဖြင့် ပျက်​စီးခြင်း​ရဲ့​သား+  ပေါ်​လာ​လိမ့်​မယ်။ ၄  သူ​ဟာ  ဆန့်​ကျင်​သူ​ဖြစ်​ပြီး ဘု​ရားလို့ အခေါ်​ခံ​တဲ့​ပု​ဂ္ဂိုလ်တွေ၊ လူ​တွေ ကိုး​ကွယ်​တဲ့​အရာတွေရဲ့ အထက်​မှာ သူ့​ကိုယ်​သူ ချီး​မြှောက်​တယ်။ ပြီး​တော့ ဘု​ရား​သခင်​ရဲ့ ဗိ​မာန်​တော်​မှာ ထိုင်​ပြီး၊ သူ့​ကိုယ်​သူ ဘု​ရား​ပဲ​ဆို​ပြီး လူ​သိ​ရှင်​ကြား ဖော်​ပြတယ်။ ၅  ခင်​ဗျား​တို့​နဲ့​အတူ ရှိ​တုန်း​က အဲ​ဒီ​အကြောင်း​တွေ​ကို ကျွန်​တော် မကြာ​မကြာ ပြော​ပြခဲ့​တာ​ကို သတိ​မ​ရ​ကြ​ဘူး​လား။ ၆  တ​ရား​မဲ့​သူ​ကို  အချိန်​တန်​မှ​ပဲ ပေါ်​လာ​အောင် ဘယ်​သူ တား​ဆီး​ထား​တယ်​ဆို​တာ ခင်​ဗျား​တို့ အခု​သိ​နေ​တာ​ပဲ။ ၇  အဲ​ဒီ​တ​ရား​မဲ့​သူ​ရဲ့ ဆိုး​ညစ်​မှု​ဟာ အခု​ရှိ​နေ​တာ မှန်​တယ်၊+ ဒါ​ပေမဲ့ မပေါ်​လွင်​သေး​ဘူး။ တား​ဆီး​သူ မရှိ​တော့​တဲ့​အချိန်​အထိ မထင်​မရှား ရှိ​နေ​လိမ့်​မယ်။ ၈  အဲ​ဒီ​နောက် တ​ရား​မဲ့​သူ ပေါ်​ကို​ပေါ်​လာ​လိမ့်​မယ်။ သခင်​ယေရှု​က မိမိ​ရောက်​ရှိ​နေ​ကြောင်း ထင်​ရှား​ပြတဲ့​အချိန်​မှာ+ အဲ​ဒီ​တ​ရား​မဲ့​သူ​ကို နှုတ်​တော်​ထွက်​စွမ်း​အား​နဲ့+ ဖျက်​ဆီး​ပစ်​လိမ့်​မယ်။ ၉  တ​ရား​မဲ့​သူ ပေါ်​လာ​တာ​ဟာ စာ​တန်​ရဲ့ တန်​ခိုး​ကြောင့်​ပဲ။+ တ​ရား​မဲ့​သူ​က တန်​ခိုး​ကြီး​လုပ်​ရပ်တွေ၊ မု​သာ​နဲ့​ဆိုင်​တဲ့ အံ့​ဖွယ်​အမှု​တွေ၊ ထူး​ဆန်း​တဲ့​အရာတွေ လုပ်​ပြလိမ့်​မယ်။+ ၁၀  ဖျက်​ဆီး​ခံ​ရ​မယ့်​လူ​တွေ​ကို မကောင်း​မှု​အမျိုး​မျိုး​နဲ့ လှည့်​ဖြား​လိမ့်​မယ်။+ သူ​တို့​ဖျက်​ဆီး​ခံ​ရ​တာ​ဟာ ကယ်​တင်​ခြင်း​ရ​စေ​နိုင်​တဲ့ အမှန်​တ​ရား​ကို နှစ်​သက်​လက်​ခံ​ခြင်း မရှိ​တဲ့​အတွက်​ပဲ။ ၁၁  ဘု​ရား​သခင်​က သူ​တို့​ကို မှား​ယွင်း​တဲ့ သွန်​သင်​ချက်​တွေရဲ့ လှည့်​ဖြား​မှု​ခံ​ရ​အောင် ခွင့်​ပြု​လိုက်​တဲ့​အတွက် မု​သာ​စ​ကား​တွေ​ကို သူ​တို့ ယုံ​ကြည်​သွား​ကြ​တယ်။+ ၁၂  သူ​တို့​တွေ တ​ရား​စီ​ရင်​ခြင်း ခံ​ရ​တာ​ဟာ အမှန်​တ​ရား​ကို မယုံ​ကြည်​ဘဲ မတ​ရား​မှု​မှာ ပျော်​မွေ့​နေ​ကြ​လို့​ပဲ။ ၁၃  ယေဟောဝါ* ချစ်မြတ်​နိုး​တဲ့ ညီ​အစ်​ကို​တို့၊  ခင်​ဗျား​တို့​အတွက် ဘုရား​သခင်​ကို ကျေး​ဇူး​တင်​လို့ မဆုံး​ပါ​ဘူး။ ဘုရား​သခင်​က အမှန်​တ​ရား​ကို ယုံ​ကြည်​တဲ့ ခင်​ဗျား​တို့​ကို စွမ်း​အား​တော်​နဲ့ စင်​ကြယ်​စေ​တဲ့​အပြင်+ ခင်ဗျား​တို့​ကို ကယ်​တင်​ဖို့ အစ​က​တည်း​က ရွေး​ချယ်​တဲ့​အတွက်​ကြောင့်​ပါ​ပဲ။+ ၁၄  ဘု​ရား​သခင်​က ကျွန်​တော်​တို့​ကြေ​ညာ​တဲ့ သတင်း​ကောင်း​အား​ဖြင့် ခင်ဗျား​တို့​ကို ရွေး​ချယ်​ခဲ့​တယ်။ သခင်​ယေရှု​ခ​ရစ်ရဲ့ ဘုန်း​တော်​ကို ခင်​ဗျား​တို့ ခံ​စား​နိုင်​ဖို့​ပါ။+ ၁၅  ဒါ​ကြောင့် ညီ​အစ်​ကို​တို့၊  ကြံ့​ကြံ့​ခံ  ရပ်​တည်​ကြ​ပါ။+ ကျွန်​တော်​တို့​ပြော​တဲ့ စ​ကား​က​တစ်​ဆင့်​ဖြစ်​စေ၊ ရေး​လိုက်​တဲ့ စာ​က​တစ်​ဆင့်​ဖြစ်​စေ ခင်​ဗျား​တို့​ရ​တဲ့ ညွှန်​ကြား​ချက်​တွေ​အတိုင်း ဆက်​လိုက်​နာ​ကြ​ပါ။+ ၁၆  ဒါ့​အပြင်  သခင်​ယေရှု​ခ​ရစ်ရော ကျွန်​တော်​တို့​ကို ချစ်မြတ်​နိုး​ပြီး+ မဟာ​က​ရု​ဏာ​က​တစ်​ဆင့် ထာ​ဝ​ရ​နှစ်​သိမ့်​မှု​နဲ့ တောက်​ပတဲ့​မျှော်​လင့်​ချက် ပေး​သနား​တဲ့+ အဖဘု​ရား​သ​ခင်​က​ပါ၊ ၁၇  ခင်​ဗျား​တို့​ကို နှစ်​သိမ့်​ပေး​ပြီး ခိုင်​ခံ့​မြဲမြံ​အောင် လုပ်​ပေး​ပါ​စေ။ ဒါ​ဆို​ရင် ခင်​ဗျား​တို့​က ကောင်း​မွန်​ရာ​ကို အမြဲပြော​ဆို​ပြီး လုပ်​ဆောင်​နိုင်​ကြ​လိမ့်​မယ်။

အောက်ခြေမှတ်ချက်များ