မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၂ ရှမွေလ ၃:၁-၃၉

မာတိကာ

  • ဒါဝိဒ်ရဲ့​အမျိုး အင်အား​ကြီး​လာ ()

  • ဒါဝိဒ်ရဲ့​သား​တွေ (၂-၅)

  • ဒါဝိဒ်​ကို အာဗနာ ပြန်​သစ္စာ​ခံ (၆-၂၁)

  • အာဗနာ​ကို ယွာဘ​သတ်​ပစ် (၂၂-၃၀)

  • အာဗနာ​အတွက် ဒါဝိဒ်​ငို​ကြွေး (၃၁-၃၉)

 ရှောလု​ရဲ့​အမျိုး​နဲ့ ဒါဝိဒ်​ရဲ့​အမျိုး​ဟာ အကြာ​ကြီး စစ်​ဖြစ်​တယ်။ ဒါဝိဒ်​က အင်အား​ကြီး​လာ​ပြီး+ ရှောလု​အမျိုး​က​တော့ တ​ဖြည်း​ဖြည်း အင်အား​ဆုတ်​ယုတ်​လာ​တယ်။+ ၂  ဟေ​ဗြုန်​မြို့​မှာ နန်း​စံ​ချိန်​အတွင်း ဒါဝိဒ်​ရ​တဲ့​သား​တွေ​က​တော့+ သား​ဦး​အာ​မနုန်၊+ သူ့​မိ​ခင်​က ယေဇရေလ​မြို့​သူ အဟိ​နောင်။+ ၃  ဒုတိ​ယ​သား​က ခိ​လပ်၊ သူ့​မိ​ခင်​က က​ရ​မေလ​မြို့​သား နာဗလ​ရဲ့​ဇနီး​ဖြစ်​ဖူး​တဲ့ အဘိ​ဂဲလ။+ တ​တိ​ယ​သား​က အဗ​ရှလုံ၊+ သူ့​မိ​ခင်​က ဂေရှုရိ​ဘုရင် တာ​လ​မဲ​ရဲ့+ သမီး မာ​ခါ။ ၄  စ​တုတ္ထ​သား​က အဒေါ​နိ​ယ၊+ သူ့​မိ​ခင်​က ဟ​ဂိတ်။ ပဉ္စမ​သား​က ရှေ​ဖတိ၊ သူ့​မိ​ခင်​က အဘိ​တ​လ။ ၅  ဆ​ဋ္ဌ​မသား​က အိ​သရံ၊ သူ့​မိ​ခင်​က ဧ​ဂလာ။ သူတို့​ဟာ ဟေ​ဗြုန်​မြို့​မှာ ဒါဝိဒ်​ရ​တဲ့​သား​တွေ ဖြစ်​တယ်။ ၆  ရှောလု​ရဲ့​အမျိုး​နဲ့ ဒါဝိဒ်​ရဲ့​အမျိုး စစ်​ဖြစ်​နေ​ချိန်​မှာ အာဗနာ​က+ ရှောလု​အမျိုး​မှာ  သူ့​သြဇာ​အာ​ဏာ   ပို​ကြီး​မား​လာ​အောင်  ကြိုး​စား​နေ​တယ်။ ၇  ရှောလု​မှာ အာ​ယ​ရဲ့​သမီး ရိ​ဇ​ပဆို​တဲ့ မောင်း​မတစ်​ယောက်​ရှိ​ခဲ့​တယ်။+ နောက်​ပိုင်း​မှာ  အိ​ရှ​ဗော​ရှက်​က+ “ခမည်း​တော်​ရဲ့​မောင်း​မကို  ဘာ​လို့ သိမ်း​ပိုက်​ရ​တာ​လဲ”+ ဆို​ပြီး အာဗနာ​ကို အပြစ်​တင်​တယ်။ ၈  အိ​ရှ​ဗော​ရှက်​ရဲ့​စကား​ကြောင့် အာဗနာ ဒေါသ​ပေါက်​ကွဲ​ပြီး “ငါ့​ကို ယုဒ​ပြည်​က ခွေး​လေ​ခွေး​လွင့်​များ မှတ်​နေ​လား။ ငါ​ဟာ မင်း​ခမည်း​တော် ရှောလု​ရဲ့​အမျိုး​နဲ့ သူ့​ညီ​အစ်​ကို​တွေ၊ မိတ်ဆွေ​တွေ​ကို အခု​ချိန်​ထိ ခိုင်​မြဲတဲ့​မေတ္တာ​ပြခဲ့​သူ​ပါ။ မင်း​ကို​လည်း ဒါဝိဒ်​ရဲ့​လက်​ထဲ ငါ​မအပ်​ခဲ့​ဘူး။ ဒါ​တောင်​မှ မင်း​က မိန်း​မတစ်​ယောက်​အတွက်​နဲ့  ငါ့​ကို ဒီ​နေ့ အပြစ်​တင်​ရ​သလား။ ၉  ယေဟောဝါ​ဘုရား ကျိန်​ဆို​ထား​တဲ့​အတိုင်း  ဒါဝိဒ်​အတွက်  ငါ​မလုပ်​ပေး​ဘူး​ဆို​ရင် ဘုရား​သခင်​က အာဗနာ​ကို ပြစ်​ဒဏ်​တစ်​ခု​ပြီး​တစ်​ခု ပေး​ပါ​စေ။+ ၁၀  နိုင်​ငံ​ကို ရှောလု​ရဲ့​အမျိုး​ဆီ​က​နေ လွှဲ​ပြောင်း​ပြီး ဒါဝိဒ်​ရဲ့ရာ​ဇ​ပလ္လင်​ကို ဒန်​မြို့​က​နေ ဗေ​ရ​ရှေ​ဘ​မြို့​အထိ အစ္စရေး​အမျိုး​နဲ့ ယုဒ​အမျိုး​မှာ တည်​စေ​မယ်​လို့ ဘုရား​ကျိန်​ဆို​ထား​တယ်”+ လို့​ပြော​တယ်။ ၁၁  အိ​ရှ​ဗော​ရှက်​လည်း အာဗနာ​ကို ကြောက်​လို့ တစ်​ခွန်း​မှ ပြန်​မပြော​ရဲ​ဘူး။+ ၁၂  အာဗနာ​က ချက်​ချင်း​ပဲ ဒါဝိဒ်​ဆီ တ​မန်​တွေ​လွှတ်​ပြီး “ဒီ​နိုင်​ငံ​ကို ဘယ်​သူ​ပိုင်​သလဲ။ ကျွန်​တော်​နဲ့ ကတိ​သစ္စာ​ပြု​ပါ။ အစ္စရေး​တစ်​မျိုး​လုံး မင်း​ကြီးဘက်​ပါလာ​အောင်  ကျွန်​တော်​တတ်​နိုင်​သလောက် ကူညီ​ပေး​ပါ့​မယ်”+ လို့​ပြော​တော့၊ ၁၃  ဒါဝိဒ်​က “ကောင်း​ပြီ။ ကတိ​သစ္စာ​ပြု​ကြ​တာ​ပေါ့။ တစ်​ခု​တောင်း​ဆို​ချင်​တာ​က​တော့ မင်း​လာ​တဲ့​အခါ ရှောလု​ရဲ့​သမီး မိ​ခါ​လ​ကို+ ခေါ်​ခဲ့​ပါ။ သူ​ပါ​မလာ​ရင် ငါ့​မျက်​နှာ​ကို တွေ့​ရ​မှာ မဟုတ်​ဘူး” ဆို​ပြီး​ပြန်​ပြော​တယ်။ ၁၄  ဒါဝိဒ်​က ရှောလု​ရဲ့​သား အိ​ရှ​ဗော​ရှက်​ဆီ​ကို​လည်း+ တ​မန်​တွေ​လွှတ်​ပြီး “ဖိ​လိ​တိ​လူ​တွေ​ရဲ့​အရေ​ဖျား ၁၀၀ ပေး​ပြီး ထိမ်း​မြား​ခဲ့​တဲ့ ငါ့​ဇနီး​မိ​ခါ​လ​ကို ပြန်​အပ်​ပါ”+ လို့​မှာ​လိုက်​တယ်။ ၁၅  ဒါ​ကြောင့် အိ​ရှ​ဗော​ရှက်​က လူ​လွှတ်​ပြီး မိ​ခါ​လ​ကို သူ့​ယောက်ျား၊ လဲ​ရှ​ရဲ့​သား ပါ​လ​တေ​လ​ဆီ​က​နေ+  ခေါ်​လာ​တယ်။ ၁၆  ဒါ​ပေမဲ့ သူ့​ယောက်ျား​က မိ​ခါ​လ​နောက်​က​နေ ငို​ကြွေး​ရင်း ဗာ​ဟု​ရိမ်​ရွာ​အထိ+ တ​ကောက်​ကောက် လိုက်​လာ​တယ်။ အာဗနာ​က “ပြန်​တော့” လို့​ပြော​မှ​ပဲ သူ​ပြန်​သွား​တော့​တယ်။ ၁၇  အာဗနာ​က  အစ္စရေး​အကြီး​အကဲ​တွေ​ဆီ လူ​လွှတ်​ပြီး “ဒါဝိဒ်​ကို အရင်​က​တည်း​က ခင်​ဗျား​တို့ မင်း​မြှောက်​ချင်​တယ်  မဟုတ်​လား။ ၁၈  အခု မင်း​မြှောက်​လိုက်​ကြ​လေ။ ယေဟောဝါ​ဘုရား​က ‘ငါ့​ကျွန်​ဒါဝိဒ်​ကို​သုံး​ပြီး+ ငါ့​လူမျိုး​အစ္စရေး​ကို ဖိ​လိ​တိ​လူ​တွေ​နဲ့ ရန်​သူ​တွေ​လက်​ထဲ​က​နေ ငါ​ကယ်​တင်​မယ်’ ဆို​ပြီး ဒါဝိဒ်​ကို ပြော​ပြီး​သား​ပဲ” လို့ မှာ​လိုက်​တယ်။ ၁၉  အာဗနာ​က ဗင်​ယာ​မိန်​အမျိုး​သား​တွေ​နဲ့​လည်း ပြော​ဆို​ဆွေး​နွေး​တယ်။+ ပြီး​တော့ ဒီ​ကိစ္စ​ကို အစ္စရေး​တွေ​နဲ့ ဗင်​ယာ​မိန်​တစ်​မျိုး​သား​လုံး သဘော​တူ​တဲ့​အကြောင်း ဒါဝိဒ်​ကို  ကိုယ်​တိုင်​ပြော​ပြဖို့ ဟေ​ဗြုန်​မြို့​ကို သွား​တယ်။ ၂၀  အာဗနာ​က သူ့​လူ ၂၀ နဲ့​အတူ ဒါဝိဒ်​ရှိ​ရာ ဟေ​ဗြုန်​မြို့​ကို ရောက်​လာ​တဲ့​အခါ ဒါဝိဒ်​က စား​သောက်​ပွဲ လုပ်​ပေး​တယ်။ ၂၁  အဲဒီ​နောက် အာဗနာ​က “အစ္စရေး​အားလုံး မင်း​ကြီး​ဆီ​မှာ သစ္စာ​ခံ​လာ​အောင် သူတို့​ဆီ သွား​ပြီး စည်း​ရုံး​ခွင့်​ပြု​ပါ။ ဒါ​မှ မင်း​ကြီး​အလို​ရှိ​တဲ့​အတိုင်း အစ္စရေး​တစ်​မျိုး​လုံး​ကို အုပ်​ချုပ်​နိုင်​ပါ​လိမ့်​မယ်” လို့​ဒါဝိဒ်​ကို လျှောက်​တင်​တယ်။ ဒါဝိဒ် ပြန်​လွှတ်​လိုက်​တဲ့​အတွက် အာဗနာ​လည်း အေး​အေး​ဆေး​ဆေး ပြန်​သွား​တယ်။ ၂၂  အဲဒီ​အချိန်​မှာ​ပဲ ယွာဘ​နဲ့ ဒါဝိဒ်​ရဲ့​မင်း​မှု​ထမ်း​တွေ​က စစ်​တိုက်​ရာ​က​နေ ပြန်​လာ​တယ်။ တိုက်​ရာ​ပါ​ဥစ္စာတွေ​လည်း အများ​ကြီး​ယူ​လာ​တယ်။ အာဗနာ​က​တော့ ဟေ​ဗြုန်​မြို့​မှာ မရှိ​တော့​ဘူး။ ဒါဝိဒ်​ပြန်​လွှတ်​လိုက်​တဲ့​အတွက် အေး​အေး​ဆေး​ဆေး ပြန်​သွား​ပြီ။ ၂၃  ယွာ​ဘ​နဲ့+ သူ့​တပ်​ဖွဲ့ ရောက်​လာ​တဲ့​အခါ “နေ​ရ​ရဲ့​သား+ အာဗနာ​က+ မင်း​ကြီး​ဆီ ရောက်​လာ​သေး​တယ်။ မင်း​ကြီး​ပြန်​လွှတ်​လိုက်​တဲ့​အတွက် အေး​အေး​ဆေး​ဆေး ပြန်​သွား​ပြီ” ဆို​တဲ့​သတင်း​ကို ယွာဘ​ကြား​တော့၊ ၂၄  ဒါဝိဒ်​ဆီ ဝင်​ပြီး “မင်း​ကြီး ဘယ်​လို​လုပ်​လိုက်​တာ​လဲ။ မင်း​ကြီး​ဆီ​ကို အာဗနာ လာ​သွား​သေး​တယ်​ဆို။ သူ့​ကို ဘာ​ဖြစ်​လို့ ဒီ​အတိုင်း ပြန်​လွှတ်​လိုက်​တာ​လဲ။ ၂၅  နေ​ရ​ရဲ့​သား အာဗနာ​အကြောင်း မင်း​ကြီး​သိ​ရဲ့​သား​နဲ့​ဗျာ။ မင်း​ကြီး​ကို လှည့်​စား​ဖို့၊ မင်း​ကြီး​ရဲ့​ခြေ​လှမ်း​တွေ​ကို သိ​ရ​ဖို့၊ မင်း​ကြီး​ဘာ​တွေ​လုပ်​နေ​တယ်​ဆို​တာ စုံ​စမ်း​ဖို့ သူ​လာ​တာ” လို့​ပြော​တယ်။ ၂၆  အဲဒီ​နောက် ယွာဘ​က ဒါဝိဒ်​ဆီ​က​နေ  ထွက်​သွား​တယ်။  တ​မန်​တွေ​လွှတ်​ပြီး  အာဗနာ​ကို  သိ​ရ​ရေ​လှောင်​ကန်​က​နေ  ပြန်​ခေါ်​လာ​ခိုင်း​တယ်။ ဒီ​အကြောင်း​ကို ဒါဝိဒ် မသိ​လိုက်​ဘူး။ ၂၇  ဟေ​ဗြုန်​မြို့​ကို+ အာဗနာ ပြန်​ရောက်​လာ​တဲ့​အခါ  ယွာဘ​က  နှစ်​ကိုယ်​ကြား စကား​ပြော​ချင်​တယ်​ဆို​ပြီး မြို့​တံခါး​အတွင်း​ဘက်​ကို  ခေါ်​သွား​တယ်။ အဲဒီ​မှာ အာဗနာ​ရဲ့​ဗိုက်​ကို ဓား​နဲ့ ထိုး​သတ်​လိုက်​တယ်။+ ညီ​အာ​သဟေ​လကို  သတ်​ခဲ့လို့  ပြန်​လက်​စား​ချေ​လိုက်တာ​ပဲ။+ ၂၈  အဲဒီ​သတင်း​ကို နောက်​ပိုင်း ဒါဝိဒ်​ကြား​တဲ့​အခါ “ငါ​နဲ့ ငါ့​နိုင်​ငံ​ဟာ နေ​ရ​ရဲ့​သား အာဗနာ​ကို​သတ်​တဲ့ အပြစ်​က​နေ လုံးဝ​ကင်း​လွတ်​တယ်​ဆို​တာ ယေဟောဝါ​ဘုရား သိ​တယ်။+ ၂၉  ယွာဘ​ရဲ့​လုပ်​ရပ်​ကြောင့် ကိုယ်​တိုင်​ရော+ သူ့​အဖေရဲ့​အိမ်​သား​အားလုံး​ပါ ပြစ်​ဒဏ်​ခံ​ရ​ပါ​စေ။ ယွာဘ​ရဲ့​အမျိုး​မှာ  အရိ​အရွဲ​ထွက်​တဲ့ ​ယောက်ျား၊+ အနာကြီး​ရော​ဂါသ​ည်၊+  ချည်​ငင်​တဲ့​ယောက်ျား၊* ဓား​ဘေး​နဲ့​ကျ​ဆုံး​သူ၊ ငတ်​ပြတ်​သူ အမြဲရှိ​ပါ​စေ”+ လို့​ပြော​တယ်။ ၃၀  ယွာဘ​နဲ့ အစ်​ကို​အဘိ​ရှဲ​က​တော့+ ဂိဗောင်​တိုက်​ပွဲ​မှာ ညီ​အာ​သဟေ​လ​ကို အာဗနာ​သတ်​ခဲ့​တဲ့​အတွက်+ အာဗနာ​ကို+ ပြန်​သတ်​လိုက်​တယ်။ ၃၁  ဒါဝိဒ်​က “အဝတ်​တွေ​ကို ဆွဲ​ဆုတ်​ကြ၊  အထည်​ကြမ်း*  ပတ်​ပြီး အာဗနာ​အတွက်  ငို​ကြွေး​မြည်​တမ်း​ကြ” ဆို​ပြီး ယွာဘ​နဲ့ လူ​အားလုံး​ကို အမိန့်​ပေး​တယ်။ သူ​ကိုယ်​တိုင်​လည်း အလောင်း​စင်​နောက်​က​နေ လိုက်​သွား​တယ်။ ၃၂  အာဗနာ​ကို ဟေ​ဗြုန်​မြို့​မှာ သင်္ဂြိုဟ်​လိုက်​တယ်။ ဒါဝိဒ်​မင်း​က အာဗနာ​ရဲ့​သင်္ချိုင်း​ဂူ​မှာ အကျယ်​ကြီး ငို​တော့​တယ်။ လူ​တွေ​လည်း လိုက်​ငို​ကြ​တယ်။ ၃၃  ဒါဝိဒ်​မင်း​က အာဗနာ​အတွက် ငို​ချင်း​တစ်​ပုဒ် စပ်​တယ်– “အာဗနာ​ဟာ အသိ​တရား​မရှိ​သူ​လို သေဆုံး​ရ​ပါ​လား။ ၃၄  လက်​ကို မချည်၊ ခြေ​ကျဉ်း မခတ်​ဘဲတရား​မဲ့​သူ​တွေ​ရှေ့​မှာ ကျ​ဆုံး​ရပြီကော။”+ ဒါနဲ့ လူ​တွေ​လည်း  လိုက်​ငို​ကြ ပြန်​တယ်။ ၃၅  အဲဒီ​နောက် လူ​တွေ​က မိုး​မချုပ်​ခင်​စား​ဖို့ ဒါဝိဒ်​ဆီ အစား​အစာ ယူ​လာ​ပေး​ပေမဲ့ ဒါဝိဒ်​က “နေ​မဝင်​ခင် ငါ တစ်​ခု​ခု​စား​ခဲ့​ရင် ငါ့​ကို ဘုရား​သခင် ပြစ်​ဒဏ်​တစ်​ခု​ပြီး​တစ်​ခု ပေး​ပါ​စေ”+ လို့​ကျိန်​ဆို​တယ်။ ၃၆  ဒါ​ကို လူ​တွေ​သိ​တဲ့​အခါ သဘော​ကျ​ကြ​တယ်။ ဒါဝိဒ် ဘာ​ပဲ​လုပ်​လုပ်  လူ​တွေ  နှစ်​သက်​ကြ​တယ်။ ၃၇  နေ​ရ​ရဲ့​သား အာဗနာ အသတ်​ခံ​ရ​တဲ့​အမှု​အတွက် ဒါဝိဒ်​မှာ တာဝန်​မရှိ​မှန်း အဲဒီ​နေ့​မှာ မင်း​မှု​ထမ်း​တွေ​ရော အစ္စရေး​တွေ​ပါ သိ​သွား​ကြ​တယ်။+ ၃၈  အဲဒီ​နောက် ဘုရင်​ဒါဝိဒ်​က မင်း​မှု​ထမ်း​တွေ​ကို “ဒီ​နေ့​ဟာ အစ္စရေး​ပြည်​မှာ ခေါင်း​ဆောင်​ကြီး​တစ်​ယောက် ကျ​ဆုံး​တဲ့​နေ့​ပဲ။+ ၃၉  ငါ​ဟာ ဘိ​သိက်​ခံ​မင်း​ဖြစ်​ပေမဲ့ အခု အား​နည်း​နေ​တယ်။+ ဇေ​ရု​ယာ​ရဲ့​သား​တွေ+ ရက်​စက်​လိုက်​ကြ​တာ။+ ယေဟောဝါ​ဘုရား​က မကောင်း​မှု​လုပ်​သူ​ကို သူ​လုပ်​ခဲ့​တဲ့​အတိုင်း ပြန်​ဆပ်​ပေး​ပါ​စေ”+ လို့​ပြော​တယ်။

အောက်ခြေမှတ်ချက်များ

မသန်​စွမ်း​လို့ ယောက်ျား​တန်​မဲ့ မိန်း​မအလုပ်​လုပ်​ရ​သူ​ကို ရည်​ညွှန်း​တာ​ဖြစ်​နိုင်။
ခက်​ဆစ်​ကို​ကြည့်။