မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၂ ရာဇဝင်ချုပ် ၂၁:၁-၂၀

မာတိကာ

  • ယုဒ​ဘု​ရင် ယ​ဟော​ရံ (၁-၁၁)

  • ဧလိယ​ဆီ​က စာ​တစ်​စောင် (၁၂-၁၅)

  • ယ​ဟော​ရံ ဇာတ်​သိမ်း​မလှ (၁၆-၂၀)

၂၁  အဲဒီ​နောက်  ယောရှဖတ် ကွယ်​လွန်​သွား​တဲ့​အတွက် သူ့​ကို  ဒါဝိဒ်​မြို့​မှာ ဘိုး​ဘေး​တွေ​နဲ့​အ​တူ  သင်္ဂြိုဟ်​ကြ​တယ်။  သား​တော် ယဟော​ရံ​က ထီး​နန်း​ဆက်​ခံ​တယ်။+ ၂  အစ္စရေး​ဘုရင် ယောရှဖတ်​ရဲ့​သား​တော် ယ​ဟော​ရံ​မှာ အာ​ဇ​ရိ၊ ယေဟေ​လ၊ ဇာခရိ၊ အာ​ဇ​ရိ၊ မိက္ခေလ​၊ ရှေ​ဖတိ​လို့​ခေါ်​တဲ့ ညီ​တော်တွေ​ရှိ​တယ်။ ၃  ယောရှဖတ်​က သား​တော်တွေ​ကို ရွှေ​ငွေ​တွေ၊ အဖိုး​တန်​ပစ္စည်းတွေ၊ ယုဒ​ခံ​တပ်​မြို့​တွေ ပေး​သနား​တယ်။+ သား​ဦး ယ​ဟော​ရံ​ကို​တော့  ထီး​နန်း​လွှဲ​အပ်​တယ်။+ ၄  ယ​ဟော​ရံ​က ခမည်း​တော်​ရဲ့​နိုင်​ငံ​မှာ အာ​ဏာ​ရ​လာ​တဲ့​အခါ ညီ​တော်​အားလုံး​နဲ့ အစ္စရေး​မှူး​မတ်​တ​ချို့​ကို ကွပ်​မျက်​ပြီး အာ​ဏာ​တည်​မြဲအောင် လုပ်​တယ်။+ ၅  သူ​နန်း​ထိုင်​ချိန်​မှာ အ​သက် ၃၂ နှစ်​ရှိ​ပြီ။ ဂျေရု​ဆ​လင်​မြို့​မှာ ၈ နှစ် စိုး​စံ​တယ်။+ ၆  ယ​ဟော​ရံ​က အာဟပ်​ရဲ့​သမီး​တော်​ကို မိ​ဖု​ရား​မြှောက်​ထား​တဲ့​အတွက်+ အာဟပ်​အမျိုး​တွေ​လိုပဲ အစ္စရေး​ဘုရင်​တွေ​ရဲ့ လမ်း​စဉ်​အတိုင်း လိုက်​တယ်။+ ယေဟောဝါ​ရှေ့မှာ  မကောင်း​တာ​ကို   ဆက်​လုပ်​တယ်။ ၇  ဒါ​ပေမဲ့ ယေဟောဝါ​က ဒါဝိဒ်​နဲ့​သား​မြေး​တွေ​ရဲ့ မီး​ခွက်​ကို အမြဲထွန်း​လင်း​စေ​မယ်​လို့ ကတိ​ပေး​ထား​တဲ့​အတွက်+​ ဒါဝိဒ်​နဲ့​ဖွဲ့​ထား​တဲ့ ပဋိ​ညာဉ်​ကို​ထောက်​ပြီး+ ဒါဝိဒ်​အမျိုး​ကို  မပျက်​စီး​စေ​ချင်​ဘူး။ ၈  ယ​ဟော​ရံ​လက်​ထက်​မှာ ဧ​ဒုံ​ပြည်​က ယုဒ​နိုင်​ငံ​ကို ပုန်​ကန်​ပြီး+ ဘုရင်​တစ်ပါး တင်​မြှောက်​ကြ​တယ်။+ ၉  ဒါ​ကြောင့် ယ​ဟော​ရံ​က ဗိုလ်​ချုပ်​တွေ​ကို​ခေါ်​ပြီး မြင်း​ရထား​တွေ​နဲ့ စစ်​ချီ​သွား​တယ်။ သူ​နဲ့ မြင်း​ရထား​တပ်​မှူး​တွေ​ကို လာ​ဝိုင်း​တဲ့ ဧ​ဒုံ​လူ​တွေ​ကို ည​အချိန်​မှာ တိုက်​ခိုက်​အနိုင်​ယူ​လိုက်​တယ်။ ၁၀  ဒါ​ပေမဲ့ ဧ​ဒုံ​ပြည်​က ယုဒ​နိုင်​ငံ​ကို ဒီ​နေ့​အထိ ပုန်​ကန်​နေ​တုန်း​ပဲ။ အဲဒီ​အချိန်​မှာ လိ​ဗ​န​မြို့​က​လည်း+ ပုန်​ကန်​တယ်။ အကြောင်း​က​တော့ ယ​ဟော​ရံ​က ဘိုး​ဘေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ကို စွန့်​ခွာ​သွား​လို့​ပဲ။+ ၁၁  ယ​ဟော​ရံ​က ယုဒ​တောင်​တန်း​တွေ​မှာ အထွတ်​အမြတ်​နေ​ရာတွေ+ တည်​တဲ့​အတွက် ဂျေရု​ဆ​လင်​မြို့​သား​တွေ​က ဘုရား​သခင်​အပေါ် သစ္စာ​ဖောက်​ကုန်​တယ်။* ယုဒ​လူ​တွေ​လည်း လမ်း​လွဲ​ကုန်​တယ်။ ၁၂  နောက်​ပိုင်း​မှာ ပရော​ဖက်​ဧလိ​ယ​က+ ယ​ဟော​ရံ​ဆီ စာ​တစ်​စောင် ရေး​ပို့​တယ်။ စာ​ထဲ​မှာ “ဘိုး​ဘေး​ဒါဝိဒ်​ရဲ့​ဘုရား ယေဟောဝါ​ပြော​တာ​က ‘မင်း​က ယုဒ​ဘုရင်​အာ​သနဲ့+ ခမည်း​တော်​ယောရှဖတ်​ရဲ့+ လမ်း​စဉ်​အတိုင်း မလိုက်​ဘူး။ ၁၃  အစ္စရေး​ဘုရင်​တွေ​ရဲ့ လမ်း​စဉ်​အတိုင်း လိုက်​ပြီး+ အာဟပ်​အမျိုး​လုပ်​သလို​ပဲ+ ယုဒ​ပြည်​သား​နဲ့ ဂျေရု​ဆလင်​မြို့​သား​တွေ ငါ့​အပေါ် သစ္စာ​ဖောက်​အောင်  လုပ်​တယ်။*+ မင်းဖခင်​ရဲ့  အိမ်​သား​တွေ၊  မင်း​ထက်​ကောင်း​တဲ့ ညီ​အရင်း​တွေ​ကို​တောင် သတ်​ပစ်​ခဲ့​တယ်။+ ၁၄  ဒါ​ကြောင့် ငါယေ​ဟော​ဝါ​က  မင်း​ရဲ့​သား​မယား​တွေ၊ ပြည်​သူ​ပြည်​သား​တွေ​နဲ့  မင်း​ပိုင်​ဆိုင်​သမျှ​ကို အကြီး​အကျယ် ဒဏ်​ခတ်​မယ်။ ၁၅  မင်း​က ရော​ဂါ​အမျိုး​မျိုး ခံစား​ရ​လိမ့်​မယ်။ တစ်​နေ့​တ​ခြား ရော​ဂါ​ပို​ဆိုး​လာ​ပြီး အူ​တွေ ထွက်​ကျ​တဲ့​အထိ ဖြစ်​လိမ့်​မယ်’” လို့​ရေး​ထား​တယ်။ ၁၆  အဲဒီ​နောက် အီသီယိုး​ပီးယား​ပြည်​နား​က အာ​ရပ်​လူ​တွေ၊+ ဖိ​လိ​တိ​လူ​တွေ​ဆီ​မှာ+ ယ​ဟော​ရံ​ကို တိုက်​ခိုက်​ချင်​စိတ် ပေါ်​လာ​အောင် ယေဟောဝါ လှုံ့​ဆော်​လိုက်​တယ်။+ ၁၇  ဒါ​ကြောင့် သူတို့​က ယုဒ​ပြည်​ကို ကျူး​ကျော်​လာ​ပြီး နန်း​တော်​မှာ တွေ့​သမျှ ပစ္စည်း​ဥစ္စာတွေ​ကို သိမ်း​ယူ​သွား​တယ်။+ ယ​ဟော​ရံ​ရဲ့ သား​မယား​တွေ​ကို​လည်း ဖမ်း​ခေါ်​သွား​တယ်။ သား​ထွေး ယော​ခတ်​တစ်​ယောက်​ပဲ ကျန်​ရစ်​ခဲ့​တယ်။+ ၁၈  အဲ​ဒီ​နောက် ယေဟောဝါ ဒဏ်​ခတ်​တဲ့​အတွက် ယ​ဟော​ရံ​ရဲ့​အူ​မှာ ကု​လို့​မရ​တဲ့​ရော​ဂါ စွဲ​သွား​တယ်။+ ၁၉  နှစ်​နှစ်​စေ့​တဲ့​အခါ ရော​ဂါ​ပို​ဆိုး​လာ​ပြီး အူ​တွေ ထွက်​ကျ​လာ​တယ်။ ဝေ​ဒ​နာ​အ​လူး​အလဲ​ခံစား​ရင်း သူ​သေဆုံး​သွား​တယ်။ လူ​တွေ​က ဘိုး​ဘေး​တွေ​ရဲ့​စျာ​ပန​မှာ မီး​ရှို့​အခမ်း​အနား* လုပ်​ပေး​ပေမဲ့ သူ့​အတွက်​တော့ မလုပ်​ပေး​ကြ​ဘူး။+ ၂၀  ယဟော​ရံ​က အသက် ၃၂ နှစ်​မှာ နန်း​ထိုင်​ပြီး ဂျေရုဆ​လင်​မြို့​မှာ ၈ နှစ် စိုး​စံ​တယ်။ သူ​သေတော့ ဘယ်​သူ​မှ ဝမ်း​မနည်း​ကြ​ဘူး။ သူ့​ကို ဒါဝိဒ်​မြို့​မှာ သင်္ဂြိုဟ်​ပေ​မဲ့+ ဘုရင့်​သင်္ချိုင်း​မှာ​တော့ မသင်္ဂြိုဟ်​ကြ​ဘူး။+

အောက်ခြေမှတ်ချက်များ

မူ​ရင်း​မှာ ပြည့်​တန်​ဆာ​လုပ်​တာ​နဲ့ တင်​စား​ထား​တယ်။
မူ​ရင်း​မှာ ပြည့်​တန်​ဆာ​လုပ်​တာ​နဲ့ တင်​စား​ထား​တယ်။
အမွှေး​နံ့​သာ​တွေ မီး​ရှို့​တာ​ဖြစ်။