မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၂ ဘုရင်များ ၆:၁-၃၃

မာတိကာ

  • ပု​ဆိန် ပေါ​လော​ပေါ်​အောင် ဧလိရှဲ​လုပ်​ပေး (၁-၇)

  • ဧလိရှဲ​နဲ့ ဆီး​ရီး​ယား (၈-၂၃)

    • ဧလိရှဲ​နောက်​လိုက်​ရဲ့ မျက်​စိ​ကို ဖွင့်​ပေး (၁၆၊ ၁၇)

    • ဆီး​ရီး​ယား​တွေ ဉာဏ်​မျက်​စိ​ကွယ် (၁၈၊ ၁၉)

  • ဝိုင်း​ထား​ခံ​ရ​တဲ့​ရှ​မာ​ရိ​မြို့ အငတ်​ဘေး​ဆိုက် (၂၄-၃၃)

 ပရော​ဖက်​တစ်​စု​က+ ဧလိရှဲ​ကို “ခင်​ဗျား​နဲ့ ကျွန်​တော်​တို့ အခု​နေ​တဲ့​နေ​ရာ​ဟာ ကျဉ်း​လွန်း​တယ်။ ၂  ဂျော်​ဒန်​မြစ်​နား သွား​ရ​အောင်။ အဲဒီ​မှာ သစ်​တွေ​ကို​ခုတ်​ပြီး နေ​စ​ရာ​လေး ဆောက်​ရ​အောင်” လို့​ခွင့်​တောင်း​တော့ ဧလိရှဲ​က  “ကောင်း​ပြီ”  လို့​ခွင့်​ပေး​လိုက်​တယ်။ ၃  ပရော​ဖက်​တစ်​ယောက်​က “ကျွန်​တော်​တို့​နဲ့​အတူ လိုက်​ခဲ့​ပါ​လား” ဆို​တော့  ဧလိရှဲ​က  “အေး၊ လိုက်​မယ်” ဆို​ပြီး၊ ၄  သူတို့​နဲ့​အတူ လိုက်​သွား​တယ်။  ဂျော်​ဒန်​မြစ်​နား ရောက်​တဲ့​အခါ သစ်​တွေ​ခုတ်​ကြ​တယ်။ ၅  ပရော​ဖက်​တစ်​ယောက်  သစ်​ခုတ်​နေ​တုန်း ပုဆိန်​က ကျွတ်​ထွက်​ပြီး ရေ​ထဲ​ကျ​သွား​တော့ “သွား​ပါ​ပြီ၊ ဆ​ရာ​ရယ်။ ဒီ​ပု​ဆိန်​က  ငှား​လာ​တဲ့​ပု​ဆိန်”  လို့​ပြော​တယ်။ ၆  စစ်​မှန်​တဲ့​ဘုရား​သခင်​ရဲ့​လူ​က “ဘယ်​နား​မှာ ကျ​တာ​လဲ” လို့​ မေး​တယ်။ အဲဒီ​နောက် တုတ်​တစ်​ချောင်း​ခုတ်​ပြီး အဲဒီ​လူ ညွှန်​ပြတဲ့​နေ​ရာ​မှာ ပစ်​ချ​လိုက်​တော့ ပု​ဆိန် ပေါ​လော​ပေါ်​လာ​တယ်။ ၇  ဧလိရှဲ​က “ဆယ်​လိုက်​ပါ” လို့​ပြော​တော့ ပရော​ဖက်​လည်း ပု​ဆိန်​ကို ဆယ်​လိုက်​တယ်။ ၈  ဆီး​ရီး​ယား​ဘုရင်​က အစ္စရေး​တွေ​ကို​တိုက်​ဖို့ စစ်​ချီ​တယ်။+ မင်း​မှု​ထမ်း​တွေ​နဲ့​တိုင်​ပင်​ပြီး တပ်​ချ​မယ့်​နေ​ရာ​ကို အသိ​ပေး​ထား​တယ်။ ၉  ဘုရား​သခင်​ရဲ့​လူ​က+ အစ္စရေး​ဘုရင်​ကို “အဲဒီ​နေ​ရာ မသွား​ပါ​နဲ့။ အဲဒီ​က​နေ ဆီး​ရီး​ယား​တပ်​တွေ ဆင်း​လာ​လိမ့်​မယ်” ဆို​ပြီး သတင်း​ပို့​တယ်။ ၁၀  အဲဒီ​အခါ အစ္စရေး​ဘုရင်​က ဘုရား​သခင်​ရဲ့​လူ သတိ​ပေး​တဲ့​အတိုင်း အဲဒီ​နေ​ရာ​မှာ ရောက်​နေ​တဲ့ စစ်​သည်​တွေ​ကို ပြန်​သတင်း​ပို့​တယ်။ သူ အမြဲသတိ​ပေး​လို့ ရန်​သူ​ကို ရှောင်​နိုင်​ခဲ့​တာ အကြိမ်​ကြိမ်​ပဲ။+ ၁၁  ဒါ​ကြောင့် ဆီး​ရီး​ယား​ဘုရင်​က ဒေါသ​တ​ကြီး​နဲ့ မင်း​မှု​ထမ်း​တွေ​ကို ဆင့်​ခေါ်​ပြီး “ဒီ​ထဲ​မှာ အစ္စရေး​ဘုရင်​ရဲ့ ဘက်​တော်​သား ရှိ​နေ​တယ်။ ဘယ်​သူ​လဲ ပြော​စမ်း” လို့​မေး​တော့၊ ၁၂  မင်း​မှု​ထမ်း​တစ်​ယောက်​က “အရှင်​မင်း​ကြီး၊ ကျွန်​တော်​တို့ မဟုတ်​ရ​ပါ​ဘူး။ အစ္စရေး​ပြည်​မှာ​ရှိ​တဲ့ ပရော​ဖက်​ဧလိရှဲ​ပါ​ပဲ။ အိပ်​ခန်း​ထဲ​မှာ  မင်း​ကြီး​ပြော​တဲ့  စကား​ကို​တောင် အစ္စရေး​ဘုရင်​ဆီ သူ​ပြန်​ပြော​ပြနိုင်​တယ်”+ လို့​ လျှောက်​တင်​တယ်။ ၁၃  ဘုရင်​က “သူ​ဘယ်​မှာ​လဲ စုံ​စမ်း​ကြ။ လူ​လွှတ်​ပြီး ဖမ်း​ခိုင်း​မယ်” လို့​အမိန့်​ပေး​တော့ “ဒေါသ​န်​မြို့​မှာ ရှိ​ပါ​တယ်”+ ဆို​တဲ့​သတင်း  ရောက်​လာ​တယ်။ ၁၄  ဒါ​နဲ့ မြင်း​တွေ၊ စစ်​မြင်း​ရထား​တွေ​ပါ​တဲ့ စစ်​တပ်​ကြီး​ကို ချက်​ချင်း​လွှတ်​လိုက်​တဲ့​အတွက် ည​အချိန်​မှာ ဒေါသ​န်​မြို့​ကို ရောက်​လာ​ပြီး ဝိုင်း​ထား​ကြ​တယ်။ ၁၅  ဘုရား​သခင့်​လူ​ရဲ့ နောက်​လိုက်​က မနက်​စော​စော​ထ​ပြီး အိမ်​ပြင်​ထွက်​ကြည့်​တဲ့​အခါ မြင်း​တွေ၊ စစ်​မြင်း​ရထား​တွေ​ပါ​တဲ့ စစ်​တပ်​ကြီး မြို့​ကို​ဝိုင်း​ထား​တာ​ကို​တွေ့​တော့ “အမယ်​လေး၊ သခင်​ရေ။ ကျွန်​တော်​တို့ ဘယ်​လို​လုပ်​ကြ​မလဲ” လို့​ပြော​တယ်။ ၁၆  ဧလိရှဲ​က “မကြောက်​ပါ​နဲ့။+ ငါ​တို့​ဘက်​က​လူ​တွေ​ဟာ သူတို့​ဘက်​က​လူ​တွေ​ထက် ပို​များ​တယ်”+ လို့​အား​ပေး​ပြီး၊ ၁၇  “ယေဟောဝါ​ဘုရား၊ သူ့​မျက်​စိ​ကို ဖွင့်​ပေး​ပါ”+ လို့​ဆုတောင်း​တယ်။ အဲဒီ​အခါ နောက်​လိုက်​ရဲ့ မျက်​စိ​ကို ယေဟောဝါ ဖွင့်​ပေး​လိုက်​တဲ့​အတွက် ဧလိရှဲ​ပတ်​လည်​က+ တောင်​တန်း​ဒေ​သတစ်​ခု​လုံး​မှာ မီး​လို​တောက်​ပတဲ့ မြင်း​တွေ၊ စစ်​မြင်း​ရထား​တွေ+ ပြည့်​နေ​တာ​ကို သူ​မြင်​တယ်။ ၁၈  ဆီး​ရီး​ယား​တပ်​တွေ ဆင်း​လာ​တဲ့​အခါ ဧလိရှဲ​က “ဒီ​လူ​တွေ မျက်​စိ​ကွယ်​သွား​အောင် လုပ်​ပေး​ပါ”+ ဆို​ပြီး ယေဟောဝါ​ဆီ ဆုတောင်း​တယ်။ ဧလိရှဲ​တောင်း​ဆို​တဲ့​အတိုင်း ဘုရား​သခင်​က သူတို့​မျက်​စိ​ကွယ်​သွား​အောင်  လုပ်​လိုက်​တယ်။ ၁၉  အဲဒီ​အခါ ဧလိရှဲ​က “ခင်​ဗျား​တို့ လမ်း​မှား​နေ​ပြီ။ ဒီ​မြို့​ဟာ ခင်​ဗျား​တို့​ရှာ​နေ​တဲ့ မြို့​မဟုတ်​ဘူး။ ကျွန်​တော့်​နောက် လိုက်​ခဲ့​ကြ။ ခင်​ဗျား​တို့​ရှာ​နေ​တဲ့​လူ​ဆီ ပို့​ပေး​မယ်” လို့​ ပြော​ပြီး ရှမာရိ​မြို့​ဆီ ခေါ်​သွား​တယ်။+ ၂၀  ရှမာရိ​မြို့​ထဲ​ရောက်​တဲ့​အခါ ဧလိရှဲ​က “ယေဟောဝါ​ဘုရား၊ သူတို့မျက်​စိ​ကို  ပြန်​ဖွင့်​ပေး​ပါ”  လို့​ဆု​တောင်း​တော့ ယေဟောဝါ​လည်း မျက်​စိ​ဖွင့်​ပေး​လိုက်​တဲ့​အတွက် ရှမာရိ​မြို့​ထဲ​ရောက်​နေ​မှန်း သူတို့​သိ​လိုက်​ရ​တယ်။ ၂၁  အစ္စရေး​ဘုရင်​က ဆီး​ရီး​ယား​တပ်​ကို တွေ့​တော့ “အဘ၊ သူတို့​ကို သတ်​ပစ်​ရ​မလား” လို့ ဧလိရှဲ​ကို မေး​တယ်။ ၂၂  ဒါ​ပေမဲ့ ဧလိရှဲ​က “မသတ်​ပါ​နဲ့။ တိုက်​ပွဲ​က​နေ ဖမ်း​ခေါ်​လာ​တဲ့ သုံ့​ပန်း​တွေ​ကို မင်း​ကြီး သတ်​ပစ်​လို့​လား။ သူတို့​ကို အစာ​ရေ​စာ ကျွေး​မွေး​ပါ။+ ပြီး​ရင် သူတို့​ဘုရင်​ဆီ  ပြန်​လွှတ်​လိုက်​ပါ”  လို့​ဖြေတယ်။ ၂၃  ဒါ​နဲ့ အစ္စရေး​ဘုရင်​က သူတို့​အတွက် စား​သောက်​ပွဲ​ကြီး လုပ်​ပေး​တော့ စား​သောက်​ကြ​တယ်။ အဲဒီ​နောက် သူတို့​ရဲ့​ဘုရင်​ဆီ ပြန်​လွှတ်​လိုက်​တယ်။ ဆီး​ရီး​ယား​တွေ​ရဲ့ တိုက်​ခိုက်​လု​ယက်​တဲ့​အဖွဲ့​တွေ+ အစ္စရေး​ပြည်​ကို ထပ်​မလာ​ကြ​တော့​ဘူး။ ၂၄  နောက်​ပိုင်း​မှာ  ဆီး​ရီး​ယား​ဘုရင် ဗင်​ဟာ​ဒ​ဒ်​က တပ်​မတစ်​ခု​လုံး​ကို စု​ရုံး​ပြီး ရှမာရိ​မြို့​ကို လာ​ဝိုင်း​တယ်။+ ၂၅  ဒါ​ကြောင့် ရှမာရိ​မြို့​ထဲ​မှာ အငတ်​ဘေး​ကြီး​ဆိုက်​ပြီး+ မြည်း​ခေါင်း​တစ်​လုံး​ကို+ ငွေ​စ ၈၀၊ ချိုး​ငှက်​ချေး လက်​နှစ်​ဆုပ်​စာ​ကို* ငွေ ၅ စ ပေး​ရ​တဲ့​အထိ အစာ​ရှား​ပါး​လာ​တယ်။ ၂၆  မြို့​ရိုး​ပေါ် အစ္စရေး​ဘုရင် လမ်း​လျှောက်​လာ​နေ​ချိန်​မှာ အမျိုး​သမီး​တစ်​ယောက်​က “အရှင်​မင်း​ကြီး၊ ကယ်​ပါ​ဦး” လို့အော်​ပြော​တယ်။ ၂၇  ဘုရင်​က “ယေဟောဝါ​ဘုရား မကယ်​ရင် ငါ​ဘယ်​လို​ကယ်​နိုင်​မှာ​တုံး။ ကောက်​နှံ​တွေ၊ ဝိုင်တွေ၊ ဆီ​တွေ​ကို ငါ​ပေး​နိုင်​မယ်​လို့ မင်း​ထင်​နေ​တာ​လား။ ၂၈  အခု ဘာ​တွေ​ဖြစ်​နေ​လို့​လဲ။ ပြော​ပါ​ဦး” လို့​မေး​တော့ အမျိုး​သမီး​က “ဒီ​မိန်း​မပေါ့၊ ‘ဒီ​နေ့ နင့်​ရဲ့​သား​ကို ငါ​တို့​စား​ဖို့ ပေး။ မနက်​ဖြန်  ငါ့​သား​ကို  စား​ကြ​မယ်’  တဲ့။+ ၂၉  ဒါ​နဲ့ ကျွန်​မရဲ့​သား​ကို ချက်​ပြုတ် စား​ကြ​တယ်။+ နောက်​တစ်​နေ့​မှာ ‘ငါ​တို့​စား​ဖို့ နင့်​သား​ကို​ပေး’ လို့​တောင်း​တဲ့​အခါ သူ့​သား​ကို ဝှက်​ထား​ပါ​တယ်” လို့​တိုင်​တယ်။ ၃၀  မြို့​ရိုး​ပေါ် လမ်း​လျှောက်​လာ​တဲ့ အစ္စရေး​ဘုရင်​က အဲဒီ​အမျိုး​သမီး​ပြော​တာ​ကို ကြား​တာ​နဲ့ ကိုယ့်​အဝတ်​ကို ဆွဲ​ဆုတ်​လိုက်​တယ်။+ အဲဒီ​အခါ ဝတ်​ရုံ​အောက်​မှာ အထည်​ကြမ်း* ဝတ်​ထား​တာ​ကို  လူ​တွေ  တွေ့​ကြ​တယ်။ ၃၁  ဘုရင်​က “ဒီ​နေ့ ရှာ​ဖတ်​သား ဧလိရှဲ​ရဲ့​ခေါင်း မပြတ်​လို့​က​တော့ ဘုရား​သခင်​က ငါ့​ကို ပြစ်​ဒဏ် တစ်​ခု​ပြီး​တစ်​ခု ပေး​ပါ​စေ” လို့ ကြိမ်း​တယ်။+ ၃၂  ဧလိရှဲ​က  အကြီး​အကဲ​တွေ​နဲ့​အတူ အိမ်​ထဲ​မှာ ထိုင်​နေ​တုန်း အစ္စရေး​ဘုရင်​က တ​မန်​တစ်​ယောက် ကြို​လွှတ်​လိုက်​တယ်။ တ​မန်​မရောက်​လာ​ခင် ဧလိရှဲ​က အကြီး​အကဲ​တွေ​ကို “လူ​သတ်​ကောင်​ရဲ့​သား​က+ ငါ့​ခေါင်း​ကို​ဖြတ်​ဖို့ လူ​လွှတ်​လိုက်​ပြီ။ အဲဒီ​လူ​ရောက်​လာ​ရင် တံခါး​မဖွင့်​ပေး​နဲ့။ သူ​မဝင်​လာ​နိုင်​အောင် တံခါး​ပိတ်​ပြီး တွန်း​ထား​ကြ။ သူ့​သခင်​လည်း ပါ​လာ​တယ်” လို့​ပြော​တယ်။ ၃၃  အဲဒီ​လို​ပြော​နေ​တုန်း တ​မန်​ရောက်​လာ​တယ်။ ဘုရင်​က “ဒီ​ဘေး​ဆိုး​ဟာ ယေဟောဝါ​ဘုရား​ဆီ​က လာ​တာ​ပဲ။ ဒီ​တော့ ယေဟောဝါ​ဘုရား​ကို ဘာ​လို့ စောင့်​နေ​ရ​ဦး​မှာ​လဲ” လို့​ပြော​တယ်။

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “တစ်​ခပ်​ရဲ့ လေး​ပုံ​တစ်​ပုံ​ကို။” တစ်​ခပ်​က ၁.၂၂ လီ​တာ​ဆံ့​တဲ့ ပုံး​တစ်​ပုံး​စာ​ရှိ။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။