မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၁ ရှမွေလ ၄:၁-၂၂

မာတိကာ

  • ဖိ​လိ​တိ​လူ​တွေ သေတ္တာ​တော် သိမ်း​သွား (၁-၁၁)

  • ဧ​လိ​နဲ့​သား​တွေ သေဆုံး (၁၂-၂၂)

 ရှမွေ​လ​က  အစ္စရေး​တွေ​ကို​ ဘုရား​ရဲ့​ စကား​တော်တွေ ပြန်​ပြော​ပြ​တယ်။ အစ္စရေး​တွေ​ဟာ ဖိ​လိ​တိ​လူ​တွေ​နဲ့ စစ်​တိုက်​ဖို့ ချီ​တက်​သွား​ပြီး ဧ​ဗ​နေ​ဇာ​အရပ်​နား​မှာ စ​ခန်း​ချ​တယ်။ ဖိ​လိ​တိ​လူ​တွေ​က​တော့ အာ​ဖက်​မြို့​မှာ စ​ခန်း​ချတယ်။ ၂  ဖိ​လိ​တိ​လူ​တွေ​က အစ္စရေး​တွေ​ကို စစ်​ခင်း​ပြီး တိုက်​ခိုက်​တယ်။ တိုက်​ပွဲ ပြင်း​ထန်​လွန်း​တော့ အစ္စရေး​တွေ အရေး​နိမ့်​ပြီး စစ်​မြေပြင်​မှာ ၄,၀၀၀ လောက် ကျ​ဆုံး​သွား​တယ်။ ၃  စစ်​သည်​တွေ စ​ခန်း​ထဲ​ပြန်​လာ​တဲ့​အခါ အစ္စ​ရေး​အကြီး​အကဲ​တွေ​က “ယေဟောဝါ​ဘုရား​က ဖိ​လိ​တိ​လူ​တွေ​ရှေ့​မှာ ငါ​တို့​ကို ဘာ​လို့ ၡုံး​နိမ့်​စေ​တာ​လဲ။+ ယေ​ဟောဝါ​ရဲ့ ပဋိ​ညာဉ်​သေတ္တာ​ကို ရှိ​လော​မြို့​က​နေ ဒီ​ကို သယ်​လာ​ရ​အောင်။+ သေတ္တာ​တော်​သာ ငါ​တို့​နဲ့​အတူ ရှိ​ရင် ရန်​သူ​တွေ​လက်​က​နေ ကယ်​တင်​ပေး​လိမ့်​မယ်” ဆို​ပြီး ပြော​ကြ​တယ်။ ၄  ဒါ​နဲ့ ရှိ​လော​မြို့​ကို လူ​လွှတ်​ပြီး ခေရုဗိမ်တွေ​ပေါ်*​ စံမြန်းတဲ့+ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟော​ဝါ​ရဲ့ ပဋိ​ညာဉ်​သေတ္တာ​ကို သယ်​လာ​ခိုင်း​တယ်။ ဧ​လိ​ရဲ့​သား​နှစ်​ယောက် ဟော​ဖနိ​နဲ့ ဖိ​န​ဟတ်​လည်း+ စစ်​မှန်​တဲ့​ဘုရား​သခင်​ရဲ့ ပဋိ​ညာဉ်​သေတ္တာ​နဲ့​အတူ လိုက်​ပါ​လာ​တယ်။ ၅  တပ်​စ​ခန်း​ထဲ ယေဟောဝါ​ရဲ့ ပဋိ​ညာဉ်​သေတ္တာ ရောက်​လာ​တာ​နဲ့ အစ္စ​ရေး​တွေ အော်​ဟစ်​ကြွေး​ကြော်​လိုက်​တာ မြေကြီး​တောင် တုန်​ခါ​သွား​တယ်။ ၆  ဒါ​ကို ဖိ​လိ​တိ​လူ​တွေ ကြား​တဲ့​အခါ “ဟီ​ဘ​ရူး​တွေ​ရဲ့ တပ်​စ​ခန်း​မှာ ဘာဖြစ်​လို့ ဒီ​လောက်​တောင် ကြွေး​ကြော်​နေ​တာ​လဲ” ဆို​ပြီး ပြော​ကြ​တယ်။ နောက်​ဆုံး​တော့ အစ္စရေး​တွေ​ရဲ့ တပ်​စ​ခန်း​ထဲ ယေဟောဝါ​ရဲ့ သေတ္တာ​တော် ရောက်​နေ​မှန်း သိ​သွား​တယ်။ ၇  ဒါ​နဲ့ ဖိ​လိ​တိ​လူ​တွေ ကြောက်​စိတ်​ဝင်​လာ​တယ်။​ “သူတို့​တပ်​စ​ခန်း​ထဲ ဘုရား​သခင် ရောက်​နေ​ပြီ။+ ဒုက္ခ​ပဲ။ တစ်​ခါ​မှ ဒီ​လို​မျိုး မဖြစ်​ဖူး​ဘူး။ ၈  ငါ​တို့​တော့ ဒုက္ခ​ရောက်​ပါ​ပြီ။ မြင့်မြတ်လှ​တဲ့ အဲဒီ​ဘုရား​ရဲ့​လက်​က​နေ ငါ​တို့​ကို ဘယ်​သူ​ကယ်​တင်​မလဲ။ တော​ကန္တာ​ရ​မှာ အီဂျစ်တွေ​ကို နည်း​အမျိုး​မျိုးနဲ့ ဒဏ်​ခတ်​ခဲ့​တာ အဲဒီ​ဘုရား​ပဲ။+ ၉  ဒါ​ကြောင့် ဖိ​လိ​တိ​လူ​တို့၊ ယောက်ျား​ပီ​ပီ သတ္တိ​ရှိ​ကြ။ ငါ​တို့​ဆီ​မှာ ဟီ​ဘ​ရူး​တွေ ကျွန်​ခံ​ခဲ့​သလို သူတို့​ဆီ​မှာ ပြန်​ပြီး​ကျွန်​မခံ​ရ​အောင်+ ယောက်ျား​ပီ​ပီ သတ္တိ​ရှိ​ရှိ တိုက်​ခိုက်​ကြ” လို့ အချင်း​ချင်း အား​ပေး​တယ်။ ၁၀  တိုက်​ပွဲ​မှာ အစ္စရေး​တွေ ၡုံး​နိမ့်​ပြီး+ ကိုယ့်​တဲ​ဆီ ထွက်​ပြေး​ကုန်​တယ်။ အစ္စရေး​ခြေ​လျင်​တပ်​သား ၃၀,၀၀၀ အတုံး​အရုံး ကျ​ဆုံး​သွား​တယ်။ ၁၁  သေတ္တာ​တော်​ဟာ ရန်သူ​လက်​ထဲ ပါ​သွား​တယ်။ ဧ​လိ​ရဲ့​သား​နှစ်​ယောက် ဟော​ဖနိ​နဲ့ ဖိ​န​ဟတ်​လည်း တိုက်​ပွဲ​ကျ​သွား​တယ်။+ ၁၂  ဗင်​ယာ​မိန်​အမျိုး​သား​တစ်​ယောက် စစ်​မြေပြင်​က​နေ ပြေး​လာ​ပြီး အဲဒီ​နေ့​မှာ​ပဲ ရှိ​လော​မြို့​ကို ရောက်​လာ​တယ်။ ခေါင်း​ပေါ် မြေမှုန့်​တွေ​တင်​ပြီး အဝတ်​တွေ​ကို​လည်း ဆွဲ​ဆုတ်​ထား​တယ်။+ ၁၃  အဲဒီ​အချိန်​မှာ ဧလိ​ဟာ သေတ္တာ​တော်​အတွက် စိတ်​ပူ​လို့ လမ်း​ဘေး​နား​က​ခုံ​မှာ ထိုင်​စောင့်​နေ​တယ်။+ အဲဒီ​လူ​က မြို့​ထဲ​ရောက်​လာ​ပြီး စစ်​ၡုံး​တဲ့​သတင်း​ကို ပြော​လိုက်​တဲ့​အခါ တစ်​မြို့​လုံး ပွက်​လော​ရိုက် သွား​တယ်။ ၁၄  အဲဒီ​အသံ​ကို ဧ​လိ​ကြား​တော့ “ဒီ​လောက်​ဆူ​ညံ​နေ​တာ ဘာ​သံ​တွေ​ပါ​လိမ့်” လို့​မေး​တယ်။ အဲဒီ​လူ​လည်း ဧ​လိ​ဆီ ပြေး​လာ​ပြီး အကျိုး​အကြောင်း ပြော​ပြတယ်။ ၁၅  (ဧ​လိ​က အသက် ၉၈ နှစ် ရှိ​နေ​ပြီ။ ရှေ့​ကို စိုက်​ကြည့်​နေ​ပေမဲ့ မျက်​စိ​မမြင်​တော့​ဘူး။)+ ၁၆  အဲဒီ​လူ​က “ကျွန်​တော်​ဟာ စစ်​မြေပြင်​က​နေ ဒီ​နေ့​ပဲ ထွက်​ပြေး​လာခဲ့​တာ” လို့​ပြော​တော့ ဧ​လိ​က “ငါ့​သား၊ အခြေ​အနေ ဘယ်​လို​လဲ” လို့​ မေး​တယ်။ ၁၇  အဲဒီ​လူ​က “အစ္စရေး​တွေ​ဟာ ဖိ​လိ​တိ​လူ​တွေ​ရှေ့​မှာ အကြီး​အကျယ် ၡုံး​နိမ့်​ပြီး ထွက်​ပြေး​ရ​တယ်။+ သခင့်​သား​နှစ်​ယောက် ဟော​ဖနိ​နဲ့ ဖိ​န​ဟတ်​လည်း တိုက်​ပွဲ​ကျ​သွား​ပါ​ပြီ။+ သေတ္တာ​တော်​လည်း ရန်သူ့​လက်​ထဲ ပါ​သွား​ပြီ”+ လို့​ပြော​ပြတယ်။ ၁၈  အို​မင်း​ပြီး ဝ​ဖိုင့်​လေး​လံ​နေ​တဲ့ ဧလိ​ဟာ သေတ္တာ​တော်​အကြောင်း​လည်း ကြား​ရော တံခါး​နား​မှာ​ရှိ​တဲ့ ခုံ​ပေါ်​က​နေ နောက်​ပြန်​လန်​ကျ​ပြီး ဇက်​ကျိုး​သေသွား​တယ်။ သူ​က အစ္စရေး​တွေ​ကို အနှစ် ၄၀ စီရင်​အုပ်​ချုပ်​ခဲ့​တယ်။ ၁၉  သူ့​ချွေး​မ၊ ဖိ​န​ဟတ်​ရဲ့​ဇနီး​ဟာ ကိုယ်​ဝန်​နေ့​စေ့​လ​စေ့ ဖြစ်​နေ​တယ်။ သေတ္တာ​တော် သိမ်း​သွား​ခံ​ရ​တဲ့​သတင်း၊ ယောက္ခ​မ​ရော ခင်​ပွန်း​ပါ သေဆုံး​တဲ့​သတင်း​ကို သူ​ကြား​တဲ့​အခါ ရုတ်​တ​ရက် သား​ဖွား​ဝေ​ဒ​နာ ခံစား​ရ​ပြီး က​လေး​မွေး​တော့​တယ်။ ၂၀  သူ​အသက်​ထွက်​ခါ​နီး​မှာ ဘေး​မှာ​ရှိ​တဲ့ အမျိုး​သမီး​တွေ​က “မစိုး​ရိမ်​နဲ့။ သား​လေး​မွေး​ပြီ” လို့​ပြော​တယ်။ သူ​က​တော့ ဘာ​မှ​ပြန်​မ​ပြောဘူး။ အရေး​လည်း မစိုက်​ဘူး။ ၂၁  ဒါ​ပေမဲ့ သေတ္တာ​တော် သိမ်း​သွား​ခံ​ရ​ပြီး ယောက္ခ​မရော ခင်​ပွန်း​ပါ သေဆုံး​သွား​တဲ့​အတွက်+ “အစ္စရေး​တို့​ရဲ့ ဘုန်း​အသရေ​ဟာ တိုင်း​တစ်ပါး​ကို ပါ​သွား​ပြီ”+ ဆို​ပြီး က​လေး​ကို အိ​ခ​ဗုတ်*+ လို့​ နာမည်​ပေး​တယ်။ ၂၂  “သေတ္တာ​တော် အသိမ်း​ခံ​ရ​ပြီဆို​တော့ အစ္စရေး​တို့​ရဲ့ ဘုန်း​အသရေ​ဟာ တိုင်း​တစ်ပါး​ကို ပါ​သွား​ပြီ”+ လို့ သူ​ပြော​တယ်။

အောက်ခြေမှတ်ချက်များ

“ခေရုဗိမ်တွေ​ကြား​မှာ” လည်း​ဖြစ်​နိုင်။
အဓိပ္ပာယ်၊ “ဘုန်း​အသရေ ဘယ်​ရောက်​သွား​ပြီလဲ။”