မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၁ ရာဇဝင်ချုပ် ၁၄:၁-၁၇

မာတိကာ

  • ဒါဝိဒ်ရဲ့​မင်း​အာ​ဏာ ခိုင်​မာ (၁၊ ၂)

  • ဒါဝိဒ်ရဲ့​မိသား​စု (၃-၇)

  • ဖိ​လိ​တိ​လူ​တွေ စစ်​ၡုံး (၈-၁၇)

၁၄  တိုင်​ရာ​ဘုရင် ဟိ​ရံ​က+ ဒါဝိဒ်​ဆီ တ​မန်​တွေ စေ​လွှတ်​ပြီး နန်း​တော်​တည်​ဆောက်​ဖို့ သစ်​က​တိုး​သား​တွေ၊  ကျောက်​ဆစ်​သမား​တွေ၊ လက်​သမား​တွေ​ကို  ပို့​လိုက်​တယ်။+ ၂  ယေဟောဝါ​က လူမျိုး​တော် အစ္စရေး​တွေ​ရဲ့ အကျိုး​အတွက် ဒါဝိဒ်​ရဲ့ တန်ခိုး​အာ​ဏာ​ကို ကြီး​မား​စေ​တယ်။+ ဒါ​ကြောင့် ဒါဝိဒ်​က အစ္စရေး​ဘုရင်​အဖြစ် မိမိ​ကို မင်း​မြှောက်​တာ ဘုရား​သခင်​ပဲ​ဆို​တာ သိ​တယ်။+ ၃  ဒါဝိဒ်​က ဂျေရု​ဆ​လင်​မြို့​မှာ မိဖု​ရားတွေ ထပ်​ပြီး​သိမ်း​ပိုက်​တဲ့​အတွက်+ သား​သမီး​တွေ  ထပ်​ရ​လာ​တယ်။+ ၄  ဂျေရု​ဆ​လင်​မြို့​မှာ ဒါဝိဒ်​ရ​တဲ့ သား​သမီး​တွေ​က+ ရှ​မွာ၊ ရှော​ဗပ်၊ နာသန်၊+ ရှော​လ​မုန်၊+ ၅  အိ​ဗ​ဟာ၊ ဧ​လိရွှ၊ ဧလိ​ပလက်၊ ၆  နော​ဂ၊ နေ​ဖက်၊ ယာ​ဖျာ၊ ၇  ဧ​လိ​ရှ​မာ၊ ဗေ​လျာ​ဒ၊ ဧ​လိ​ဖလက်​တို့​ဖြစ်​တယ်။ ၈  ဒါဝိဒ်​ကို  အစ္စရေး​ဘုရင်​အဖြစ် ဘိသိက်​ပေး​လိုက်​ပြီဆို​တာ ဖိ​လိ​တိ​တွေ ကြား​တဲ့​အခါ+ ဒါဝိဒ်​ကို ရှာ​ဖို့ ချီ​တက်​လာ​တယ်။+ ဒီ​အကြောင်း​ကို ဒါဝိဒ်​ကြား​တော့ သူတို့​ကို​တိုက်​ဖို့ ထွက်​လာ​တယ်။ ၉  ဖိ​လိ​တိ​တွေ​လည်း ချီ​တက်​လာ​ပြီး ရေ​ဖိမ်​ချိုင့်​ဝှမ်း​မှာ နေ​ထိုင်​သူ​တွေ​ကို တိုက်​ခိုက်​လု​ယက်​တယ်။+ ၁၀  အဲဒီ​အခါ ဒါဝိဒ်​က “ဖိ​လိ​တိ​တွေ​ဆီ တက်​သွား​ပြီး တိုက်​ခိုက်​ရ​မလား။ ကျွန်​တော့်​လက်​ထဲ အပ်​မှာ​လား” ဆို​ပြီး ယေဟောဝါ​ကို​မေး​တော့ “တက်​သွား။ သူတို့​ကိုမင်း​လက်​ထဲငါ​ဆက်​ဆက်​အပ်​မယ်” လို့​ဖြေတယ်။+ ၁၁  ဒါဝိဒ်​လည်း ဗာလ​ပေရ​ဇိမ်​အရပ်​ကို+ တက်​သွား​ပြီး သူတို့​ကို ချေ​မှုန်း​တယ်။ အဲဒီ​နောက် “အဟုန်​ပြင်း​ပြင်း​နဲ့ ဖြို​ခွင်း​တဲ့​ရေ​လို စစ်​မှန်​တဲ့​ဘုရား​သခင်​က ငါ့​ကို​သုံး​ပြီး ရန်​သူ​တွေ​ကို ဖြို​ခွင်း​လိုက်​ပြီ” လို့​ပြော​တယ်။ ဒါ​ကြောင့် အဲဒီ​အရပ်​ကို ဗာလ​ပေရ​ဇိမ်* ဆို​ပြီး သမုတ်​ကြ​တယ်။ ၁၂  ဖိ​လိ​တိ​တွေ​က သူတို့​ရဲ့ ဘုရား​ရုပ်​တု​တွေ​ကို အဲဒီ​အရပ်​မှာ ထား​ရစ်​ခဲ့​တယ်။ ဒါဝိဒ်​ရဲ့​အမိန့်​နဲ့ အဲဒီ​ဘုရား​ရုပ်​တု​တွေ​ကို မီး​ရှို့​လိုက်​ကြ​တယ်။+ ၁၃  နောက်​ပိုင်း​မှာ  ဖိ​လိ​တိ​တွေ​က ချိုင့်​ဝှမ်း​ဒေ​သကို တိုက်​ခိုက် လု​ယက်​ပြန်​တယ်။+ ၁၄  ဒါ​ကြောင့် ဒါဝိဒ်​က ဘုရား​သခင်​ကို  ထပ်​မေး​ကြည့်​တဲ့​အခါ  “သူတို့​ဆီ  တည့်​တည့်​မတက်​သွား​ဘဲ အနောက်​ဘက်​က​နေ ပတ်​သွား​ပြီး ဘာ​ကာ​ချုံ​တော​ရှေ့​မှာ တိုက်​ခိုက်​ပါ။+ ၁၅  ဘာ​ကာ​ချုံ​ပင်​ရဲ့ ထိပ်​ဖျား​က​နေ ထွက်​ပေါ်​လာ​တဲ့ စစ်​ချီ​သံ​ကို ကြား​တာ​နဲ့ စ​တိုက်​ပေတော့။ ဘုရား​သခင်​က မင်း​ရှေ့​က​နေ သွား​ပြီး ဖိ​လိ​တိ​တပ်​ကို  ချေ​မှုန်း​မယ်”+  လို့​ဖြေတယ်။ ၁၆  ဒါဝိဒ်​လည်း ဘုရား​သခင် မိန့်မှာ​တဲ့​အတိုင်း လိုက်​နာ​တယ်။+ ဖိ​လိ​တိ​တပ်​ကို ဂိဗောင်​မြို့​က​နေ ဂေဇာ​မြို့​အထိ ချေ​မှုန်း​တယ်။+ ၁၇  ဒီ​လို​နဲ့ တိုင်း​ပြည်​အသီး​သီး​မှာ ဒါဝိဒ်​ရဲ့​ဂုဏ်​သတင်း ကျော်​စော​သွား​တယ်။ လူမျိုး​အားလုံး ဒါဝိဒ်​ကို ကြောက်​လာ​အောင် ယေဟောဝါ လုပ်​ဆောင်​ပေး​တယ်။+

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “ဖြို​ခွင်း​တဲ့​အရှင်။”