မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၁ တိမောသေ ၃:၁-၁၆

မာတိကာ

  • ကြီး​ကြပ်​မှူး​များ ပြည့်​မီ​ရ​မယ့် အရည်​အချင်း (၁-၇)

  • အသင်း​တော်​အမှု​ထမ်း​များ ပြည့်​မီ​ရ​မယ့် အရည်အချင်း (၈-၁၃)

  • ဘု​ရား​တ​ရား​ကိုင်း​ရှိုင်း​မှု​နဲ့​ဆိုင်​တဲ့ လျှို့ဝှက်​ချက် (၁၄-၁၆)

 ကြီး​ကြပ်​မှူး​ဖြစ်​ဖို့+ ကြိုး​စား​တက်​လှမ်း​နေ​သူ​ဟာ မွန်မြတ်​တဲ့​အလုပ်​ကို လို​လား​တဲ့​သူ​ပဲ။ ဒီ​အချက်​ဟာ မှန်​ကန်​တယ်။ ၂  ဒါ​ကြောင့် ကြီး​ကြပ်​မှူး​တွေ​ဟာ အပြစ်​ပြော​စ​ရာ​မရှိ​သူ၊ ဇနီး​တစ်​ဦး​တည်း​ရှိ​သူ၊ ပြု​မူ​ကျင့်​ကြံ​ပုံ အစွန်း​မရောက်​သူ၊ ချင့်​ချိန်​တတ်​သူ၊+ စည်း​စ​နစ်​ရှိ​သူ၊ ဧည့်​ဝတ်​ကျေ​ပွန်​သူ၊+ သွန်​သင်​ဖို့ အရည်​အချင်း​ပြည့်​မီ​သူ+ ဖြစ်​ရ​မယ်။ ၃  သောက်​ကြူး​သူ၊+ ရိုက်​နှက်​တတ်​သူ မဖြစ်​ရ​ဘူး။ အကျိုး​သင့်​အကြောင်း​သင့်​ရှိ​သူ၊+ ရန်​မလို​တတ်​သူ၊+ ငွေ​မတပ်​မက်​သူ၊+ ၄  အိမ်​ထောင်​ကို ကောင်း​စွာ​ဦး​စီး​တတ်​သူ ဖြစ်​ရ​မယ်။ သူ့​သား​သမီး​တွေ​က​လည်း အမူ​အကျင့်​ကောင်း​ပြီး နာ​ခံ​တတ်​သူ​တွေ ဖြစ်​ရ​မယ်။+ ၅  (သူ့​အိမ်​ထောင်​ကို​တောင် မဦး​စီး​တတ်​ရင် ဘု​ရား​သခင်​ရဲ့ အသင်း​တော်​ကို ဘယ်​လို​လုပ် ဂရု​စိုက်​စောင့်​ရှောက်​နိုင်​မလဲ။) ၆  ကြီး​ကြပ်​မှူး​ဟာ ယုံ​ကြည်​သူ လူ​သစ်​တော့ မဖြစ်​ရ​ဘူး။+ အဲ​ဒီ​လို​ဖြစ်​နေ​ရင် ထောင်​လွှား​လာ​ပြီး မာရ်​နတ်​ခံ​ရ​မယ့် ပြစ်​ဒဏ်​စီ​ရင်​မှု​မျိုး  ခံ​ရ​နိုင်​စ​ရာ  အကြောင်း​ရှိ​တယ်။ ၇  ဒါ့​အပြင် အသင်း​တော်​ပြင်​ပက လူ​တွေ​ရှေ့​မှာ နာမည်​ကောင်း​ရှိ​တဲ့​သူ​လည်း ဖြစ်​ရ​မယ်။+ ဒါ​မှ ကဲ့​ရဲ့​ပြစ်​တင်​ခံ​ရ​တာ​မျိုး၊ မာရ်​နတ်​ရဲ့​ကျော့​ကွင်း​ထဲ ကျ​သွား​တာ​မျိုး မဖြစ်​မှာ​ပါ။ ၈  အလား​တူ​ပဲ၊ အသင်း​တော်​အမှု​ထမ်း​တွေ​ဟာ လေး​နက်​တည်​ကြည်​သူ ဖြစ်​ရ​မယ်။ လျှာ​နှစ်​ခွ​နဲ့​ပြော​တတ်​သူ၊* ဝိုင်​သောက်​ကြူး​သူ၊  မသမာ​နည်း​နဲ့ လော​ဘ​တ​ကြီး အမြတ်​ထုတ်​သူ မဖြစ်​ရ​ဘူး။+ ၉  ကြည်​လင်​တဲ့ အမှား​အမှန်​သိ​စိတ်​ရှိ​ပြီး ယုံ​ကြည်​ခြင်း​နဲ့​ဆိုင်​တဲ့ မြင့်မြတ်​တဲ့​လျှို့ဝှက်​ချက်​ကို စွဲ​ကိုင်​ထား​သူ ဖြစ်​ရ​မယ်။+ ၁၀  အရည်​အချင်း​ပြည့်​မီ​မမီ သိ​နိုင်​ဖို့ သူ​တို့​ကို ဦး​ဆုံး စမ်း​သပ်​ပါ။ ပြစ်​တင်​စွပ်​စွဲ​စ​ရာ  ဘာ​မှ​မရှိ​ဘူး​ဆို​ရင်​တော့+ အသင်း​တော်​အမှု​ထမ်း​တွေ​အဖြစ် အမှု​ဆောင်​နိုင်​တယ်။ ၁၁  အမျိုး​သမီး​တွေ​လည်း လေး​နက်​တည်​ကြည်​သူ၊ သွား​ပုပ်​လေ​လွင့် မပြော​တတ်​သူ၊+ ပြု​မူ​ပြော​ဆို​ရာ​မှာ ထိန်း​ချုပ်​နိုင်​သူ၊ အရာရာ​မှာ သစ္စာ​ရှိ​သူ ဖြစ်​ရ​မယ်။+ ၁၂  အသင်း​တော်​အမှု​ထမ်း​ဟာ ဇနီး​တစ်​ဦး​တည်း​ရှိ​သူ၊  သား​သမီး​တွေ​နဲ့ အိမ်​ထောင်​ကို  ကောင်း​စွာ ဦး​စီး​နိုင်​သူ ဖြစ်​ရ​မယ်။ ၁၃  ကောင်း​မွန်​စွာ အမှု​ဆောင်​တဲ့ အမျိုး​သား​တွေ​ဟာ နာ​မည်​ကောင်း​ရ​တဲ့​အပြင် ခ​ရစ်​ယာန်​ယုံ​ကြည်​ချက်​အကြောင်း  ရဲရဲ​ဝံ့​ဝံ့​ပြော​ဆို​ခွင့်​လည်း* ရှိ​ရ​မယ်။ ၁၄  မင်း​ဆီ အရောက်​လာ​ဖို့ မျှော်​လင့်​ပေမဲ့  ငါ​ကြန့်​ကြာ​နေ​မှာ​စိုး​လို့၊ ၁၅  ဒီ​အကြောင်း​တွေ​ကို ကြို​ရေး​လိုက်​တာ​ပါ။ အသက်​ရှင်​တဲ့ ဘု​ရား​သခင်​ရဲ့ အိမ်​ထောင်​စု​ဖြစ်​တဲ့+ အသင်း​တော်​မှာ ဘယ်​လို ပြု​မူ​ကျင့်​ကြံ​ရ​မယ်​ဆို​တာ​ကို သိ​စေ​ချင်​တယ်။ အသင်း​တော်​ဆို​တာ အမှန်​တ​ရားရဲ့ မဏ္ဍိုင်​နဲ့ အုတ်​မြစ်​ပဲ။ ၁၆  ဘု​ရား​တ​ရား ကိုင်း​ရှိုင်း​မှု​နဲ့​ဆိုင်​တဲ့ လျှို့ဝှက်​ချက်​ဟာ ကြီးမြတ်လှ​တယ်​ဆို​တာ ဘယ်​သူ​မှ ငြင်း​လို့​မရ​ဘူး။ ဒီ​လျှို့ဝှက်​ချက်​က​တော့ ‘ယေရှု​ဟာ လူ​သား​တစ်​ယောက် ဖြစ်​ခဲ့​တယ်၊+ ဝိညာဉ်​ပု​ဂ္ဂိုလ် ပြန်​ဖြစ်​သွား​တဲ့​အခါ ဖြောင့်​မတ်​သူ​အဖြစ် ကြေ​ညာ​ခံ​ရ​ပြီး+ ကောင်း​ကင်​တ​မန်​တွေ​ဆီ သွား​ခဲ့​တယ်၊+ သူ့​အကြောင်း​ကို လူ​မျိုး​ခြား​တွေ ကြား​နာ​ခွင့်​ရ​ပြီး+ လော​က​မှာ​ရှိ​တဲ့​သူ​တွေ သူ့​ကို ယုံ​ကြည်​လာ​တယ်၊+ ကောင်း​ကင်​ဆီ ဘုန်း​အသရေ​ရှိစွာ သူ​ခေါ်​ဆောင်​ခံ​ခဲ့ရ​တယ်’ ဆို​တဲ့​အချက်​ပဲ။

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “လှည့်​စား​ပြော​ဆို​တတ်​သူ။”
ခက်​ဆစ်​ကို​ကြည့်။