မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဧဇရ ၁:၁-၁၁

မာတိကာ

  • ဗိမာန်​တော် ပြန်​တည်​ဆောက်​ဖို့ ဆိုင်း​ရပ် အမိန့်​ထုတ် (၁-၄)

  • ပြည်​နှင်​ခံ​တွေ ဗာ​ဗု​လုန်​က​ပြန်​လာ​ဖို့ ပြင်​ဆင် (၅-၁၁)

 ပါး​ရှား​ဘုရင် ဆိုင်း​ရပ်+ နန်း​စံ​ပထ​မနှစ်​မှာ သူ့​စိတ်​ကို ယေဟောဝါ လှုံ့​ဆော်​တယ်။ ယေရမိ​က​တစ်ဆင့် ယေဟောဝါ ပြော​ခဲ့​တဲ့​စကား​တွေ+ ပြည့်​စုံ​စေ​ဖို့​ပဲ။ ဘုရင်​က နိုင်​ငံ​တစ်​ဝန်း​လုံး​မှာ အမိန့်​တော်​စာ ထုတ်​ပြန်​ပြီး အခု​လို ကြေ​ညာ​စေ​တယ်–+ ၂  “ပါး​ရှား​ဘုရင် ဆိုင်း​ရပ်​ရဲ့ အမိန့်​တော်– ‘ကောင်း​ကင်​အုပ်​စိုး​ရှင် ယေဟောဝါ​ဘုရား​က  ငါ့​ကို  ကမ္ဘာ့​တိုင်း​နိုင်ငံ​အားလုံး ပေး​အပ်​ပြီ။+ ယုဒ​ပြည်၊ ဂျေရု​ဆ​လင်​မြို့​မှာ  အိမ်​တော်​တည်​ဆောက်​ပါ​လို့​လည်း  တာဝန်​ပေး​လိုက်​ပြီ။+ ၃  လူမျိုး​တော်​ထဲ​မှာ​ပါ​တဲ့ မင်း​တို့​အားလုံး​နဲ့​အတူ ဘုရား​သခင်​ရှိ​ပါ​စေ။ ယုဒ​ပြည်၊ ဂျေရု​ဆ​လင်​မြို့​ကို သွား​စေ။ ဂျေရု​ဆ​လင်​မြို့​မှာ​ရှိ​တဲ့ အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ရဲ့​အိမ်​တော်​ကို ပြန်​တည်​ဆောက်​စေ။ အဲဒီ​ဘုရား​ဟာ စစ်​မှန်​တဲ့ ဘုရား​သခင်​ပဲ။ ၄  တိုင်း​တစ်​ပါး​သား​အဖြစ် ဘယ်​မှာ​ပဲ နေ​ထိုင်​နေ​ပါ​စေ+ သူ့​အိမ်​နီး​ချင်း​တွေ​က ရွှေ​ငွေ​တွေ၊ ဥစ္စာ​ပစ္စည်းတွေ၊ တိရစ္ဆာန်တွေ​ကို ထည့်​ပေး​လိုက်​ရ​မယ်။ ဂျေရု​ဆ​လင်​မြို့​မှာ​ရှိ​တဲ့ ဘုရား​သခင်​ရဲ့ အိမ်​တော်​အတွက် စေ​တ​နာ​အလျောက်​ပေး​တဲ့ အလှူ​တွေ​ကို​လည်း ထည့်​ပေး​လိုက်​ရ​မယ်။+ ဒီ​နည်း​နဲ့ သူတို့​ကို ကူညီ​ထောက်မ​ရ​မယ်။’” ၅  အဲဒီ​အခါ ယုဒ​အနွယ်​နဲ့ ဗင်​ယာ​မိန်​အနွယ်​ရဲ့ ဆွေ​မျိုး​စု ခေါင်း​ဆောင်​တွေ၊ ပုရော​ဟိတ်​တွေ၊ လေ​ဝိအမျိုး​သား​တွေ​ရဲ့ စိတ်​ကို ဘုရား​သခင် လှုံ့​ဆော်​ပေး​တယ်။ ဒါ​ကြောင့် သူတို့​က ဂျေရု​ဆ​လင်​မြို့​ကို တက်​သွား​ပြီး ယေဟောဝါ​ရဲ့​အိမ်​တော်​ကို ပြန်​တည်​ဆောက်​ဖို့ အသင့်​ပြင်​ကြ​တယ်။ ၆  သူတို့​ရဲ့ အိမ်​နီး​ချင်း​တွေ​က​လည်း စေ​တ​နာ​အလျောက်​ပေး​တဲ့ အလှူ​တွေ​အပြင် ရွှေ​ထည်​ငွေ​ထည်​တွေ၊ ဥစ္စာ​ပစ္စည်းတွေ၊ တိရစ္ဆာန်တွေ၊ တန်​ဖိုး​ကြီး​ပစ္စည်းတွေ​ပေး​ပြီး  ကူညီ​ကြ​တယ်။ ၇  နေ​ဗု​ခ​ဒ်​နေ​ဇာ​က ယေဟောဝါ​ရဲ့​အိမ်​တော် အသုံး​အဆောင်​ပစ္စည်းတွေ​ကို ဂျေရု​ဆ​လင်​မြို့​က​နေ သိမ်း​ယူ​လာ​ပြီး သူ့​ဘုရား​ဗိမာန်​မှာ ထည့်​ထား​ခဲ့​တယ်။  အဲဒီ​ပစ္စည်းတွေ​ကို  ပါး​ရှား​ဘုရင်ဆိုင်း​ရပ်​က ထုတ်​ပေး​တယ်။+ ၈  ဘဏ္ဍာ​ထိန်း မိ​သရေ​ဒတ်​ရဲ့ ကြီး​ကြပ်​မှု​အောက်​မှာ အဲဒီ​ပစ္စည်းတွေ​ကို ထုတ်​လာ​ခိုင်း​တယ်။ သူ​က ပစ္စည်း​စာ​ရင်း​လုပ်​ပြီး​နောက် ယုဒ​ခေါင်း​ဆောင် ရှေ​ရှ​ဗာ​ဇာ​ကို*+ အပ်​လိုက်​တယ်။ ၉  ပစ္စည်း​စာ​ရင်း​ထဲ​မှာ ရွှေ​တောင်း ၃၀၊ ငွေ​တောင်း ၁,၀၀၀၊ တ​ခြား​ခွက် ၂၉ လုံး၊ ၁၀  ရွှေ​ဖလား​ငယ် ၃၀၊ ငွေ​ဖလား​ငယ်  ၄၁၀၊  တ​ခြား​အသုံး​အဆောင်​ပစ္စည်း ၁,၀၀၀ ပါ​တယ်။ ၁၁  ရွှေ​ထည်​ငွေ​ထည်​ပစ္စည်း စု​စု​ပေါင်း ၅,၄၀၀ ရှိ​တယ်။ ရှေ​ရှ​ဗာ​ဇာ​က ပြည်​နှင်​ခံ​ရ​သူ​တွေ+ ဗာ​ဗု​လုန်​မြို့​က​နေ ဂျေရု​ဆ​လင်​မြို့​ကို ပြန်​လာ​ချိန်​မှာ အဲဒီ​ပစ္စည်း​အားလုံး​ကို သယ်​လာ​တယ်။

အောက်ခြေမှတ်ချက်များ

ဧ​ဇ ၂:၂၃:၈ မှာ​ပါ​တဲ့ “ဇေ​ရု​ဗ​ဗေ​လ” ဖြစ်​နိုင်။