မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဟေရှာယ ၆၃:၁-၁၉

မာတိကာ

  • တိုင်း​နိုင်​ငံ​တွေ​ကို ယေဟောဝါ လက်​စား​ချေ (၁-၆)

  • ယေဟောဝါ​ပြခဲ့​တဲ့ ခိုင်​မြဲတဲ့​မေတ္တာ (၇-၁၄)

  • နောင်​တ​နဲ့ ဆုတောင်း (၁၅-၁၉)

၆၃  ဧဒုံ​ပြည်၊+ ဗော​ဇ​ရ​မြို့​က​နေ+ လာ​နေ​တာ ဘယ်​သူ​လဲ။ ခမ်း​နား​တောက်​ပတဲ့* အဝတ်​ကို ဝတ်​ပြီး ကြီး​မား​တဲ့​တန်ခိုး​နဲ့ ချီ​တက်​လာ​နေ​တာ ဘယ်​သူ​လဲ။ “ဖြောင့်​မတ်​မှု​နဲ့​အညီ ပြော​ဆို​တဲ့​အရှင်၊ကယ်​တင်​နိုင်​တဲ့ တန်ခိုး​ကြီး​ရှင် ငါ​ပဲ။”  ၂  ကိုယ်​တော့်​အဝတ်​ဟာ ဘာ​လို့ နီ​ရဲ​နေ​တာ​လဲ။ ဝတ်​ရုံ​ဟာ စ​ပျစ်​သီး​နင်း​နယ်​သူ​တွေရဲ့ ဝတ်​ရုံ​လို ဘာ​လို့​ဖြစ်​နေ​တာ​လဲ။+  ၃  “စ​ပျစ်​ကျင်း​မှာ ငါ​တစ်​ယောက်​တည်း နင်း​နယ်​ရ​တယ်။ ငါ​နဲ့​အတူ လူ​တစ်​ယောက်​မှ မရှိ​ဘူး။ ဒေါသ​တ​ကြီး ငါ​နင်း​နယ်​ပစ်​တယ်။ အမျက်​ဒေါသ​နဲ့ နင်း​ခြေ​ပစ်​တယ်။+ ဒါ​ကြောင့် သူတို့​ရဲ့​သွေး​တွေ ငါ့​ဝတ်​ရုံ​မှာ စဉ်​ကုန်​ပြီ။ ငါ့​အဝတ်​တွေ ပေကုန်​ပြီ။  ၄  လက်​စား​ချေ​မယ့်​နေ့​ဟာ ငါ့​စိတ်​ထဲ​မှာ ရှိ​တယ်။+ ငါ​ပြန်​ဝယ်​ထား​သူ​တွေရဲ့ နှစ်​လည်း ရောက်​လာ​ပြီ။  ၅  ငါ​ကြည့်​လိုက်​တော့ ကူညီ​မယ့်​သူ မရှိ​ဘူး။ ထောက်မ​ကူညီ​သူ မရှိ​တော့ ငါ​စိတ်​ပျက်​မိ​တယ်။ ဒါ​ကြောင့် ငါ​ကိုယ်​တိုင် လက်​ရုံး​နဲ့ ကယ်​တင်​မယ်။+ ငါ့​ကို ထောက်မ​ကူညီ​နေ​တာ ငါ့​အမျက်​ဒေါသ​ပဲ။  ၆  လူ​တွေ​ကို ဒေါသ​နဲ့ ငါ​နင်း​ခြေ​ပစ်​ပြီ။ သူတို့​ကို ငါ့​အမျက်​နဲ့ မူး​ယစ်​စေပြီ။+ သူတို့​ရဲ့​သွေး​ကို မြေပေါ် သွန်း​လောင်း​လိုက်​ပြီ။”  ၇  ယေဟောဝါ​က ကရု​ဏာ​တော်​နဲ့ ကြီး​မား​လှ​တဲ့ ခိုင်​မြဲတဲ့​မေတ္တာ​တော်​နဲ့​အညီ ငါ​တို့​အတွက် များ​စွာ လုပ်​ဆောင်​ပေး​ခဲ့​တယ်၊+အစ္စရေးတွေ​အတွက် ကောင်း​မှု​များ​စွာ လုပ်​ပေး​ခဲ့​တယ်။ ဒါ​ကြောင့် ယေဟောဝါ​ရဲ့ ခိုင်​မြဲတဲ့ မေတ္တာ​ပါ​လုပ်​ရပ်တွေ၊ယေဟောဝါ​ရဲ့ ချီး​မွမ်း​ထိုက်​တဲ့ လုပ်​ရပ်တွေ​အကြောင်း ငါ​ထုတ်​ဖော်​ပြော​မယ်။  ၈  “သူတို့​ဟာ ဧ​ကန်​မု​ချ ငါ့​လူ​တွေ​ပဲ၊ သစ္စာ​မဖောက်​မယ့် သား​တွေ​ပဲ”+ လို့ ဘု​ရား​ပြော​ခဲ့​တယ်။ ဒါ​ကြောင့် ဘု​ရား​က သူတို့​ရဲ့​ကယ်​တင်​ရှင် ဖြစ်​လာ​တယ်။+  ၉  သူတို့​ဒုက္ခရောက်​ချိန် တစ်​လျှောက်​လုံး​မှာ ဘု​ရား​လည်း နာ​ကျင်​ခံစား​ခဲ့ရ​တယ်။+ ဘု​ရားရဲ့​စေ​တ​မန်* ကိုယ်​တိုင် သူတို့​ကို ကယ်​တင်​ခဲ့​တယ်။+ ဘု​ရား​က မေတ္တာ၊ သနား​စာ​နာ​မှု​နဲ့​အညီ သူတို့​ကို​ပြန်​ဝယ်​ပြီး ထူ​မပေး​ခဲ့​တယ်။+ အတိတ်​ကာလ​တစ်​လျှောက်​လုံး ချီ​ပိုက်​ပြီး ခေါ်​ဆောင်​ခဲ့​တယ်။+ ၁၀  ဒါ​ပေမဲ့ သူတို့​က ပုန်​ကန်​ပြီး+ သန့်ရှင်း​သော စွမ်းအား​တော်​ကို ဝမ်း​နည်း​စေ​တယ်။+ ဒါ​ကြောင့် ဘု​ရား​ဟာ သူတို့​ရန်​သူ​ဖြစ်​လာ​ပြီး+ သူတို့​ကို တိုက်​ခိုက်​ခဲ့​တယ်။+ ၁၁  အဲဒီ​အခါ အတိတ်​က​နေ့​ရက်တွေ၊ဘု​ရား​ကျွန် မော​ရှေ​ရဲ့​ခေတ်​ကို သူတို့​ပြန်​သတိ​ရ​ပြီး “သိုး​အုပ်​ကို သိုးထိန်း​တွေ​နဲ့​အတူ+ ပင်လယ်​ထဲ​က​နေ ခေါ်​ထုတ်​လာ​တဲ့​အရှင်​က ဘယ်​မှာ​လဲ။+ သူ့​ကို သန့်​ရှင်း​သော စွမ်းအား​တော်​ပေး​တဲ့​အရှင် ဘယ်​မှာ​လဲ။+ ၁၂  ဘုန်း​တန်ခိုး​ကြီး​တဲ့ လက်​ရုံး​တော်​ကို မော​ရှေ​ရဲ့ ညာ​လက်​နဲ့​အတူ ရှိစေ​တဲ့​အရှင်၊+နာ​မတော်​ကို ထာ​ဝ​စဉ်​ထင်​ရှား​စေ​ဖို့+ သူတို့​ရှေ့​မှာ ရေ​ကို​ခွဲ​ပစ်​တဲ့​အရှင် ဘယ်​မှာ​လဲ။+ ၁၃  လွင်​ပြင်​မှာ​ပြေး​တဲ့ မြင်း​လို သူတို့​ကို ဟုန်း​ဟုန်း​ထ​တဲ့ ရေ​ထဲ​မှာ တိုက်​မိ​မလဲ​ဘဲ ဖြတ်​လျှောက်​သွား​စေ​တဲ့​အရှင် ဘယ်​မှာ​လဲ။ ၁၄  ချိုင့်​ဝှမ်း​လွင်​ပြင်​ထဲ ဆင်း​သွား​ပြီး နား​နေ​တဲ့ တိ​ရစ္ဆာန်တွေ​လို ယေဟောဝါ​ရဲ့ စွမ်းအား​တော်​ကြောင့် သူတို့​နား​နေ​ခဲ့ရ​တာ​ပဲ”+ လို့​ပြော​ကြ​တယ်။ ကိုယ်​တော်​က တင့်​တယ်​တဲ့ နာမ​တော်​ကို ထင်​ရှား​စေ​ဖို့ လူမျိုး​တော်​ကို အဲဒီ​လို ဦး​ဆောင်​လမ်း​ပြခဲ့​တယ်။+ ၁၅  ကောင်း​ကင်​ပေါ်​က​နေ ငုံ့​ကြည့်​လှည့်​ပါ။ သန့်​ရှင်း​ပြီး ဂုဏ်​ကျက်​သရေ​ရှိ​တဲ့​ မြင့်မြတ်​တဲ့​စံ​အိမ်​က​နေ ကြည့်​လှည့်​ပါ။ ကိုယ်​တော်ရဲ့ စိတ်​ထက်​သန်​မှု​နဲ့ အစွမ်း​ခွန်​အား​တွေ၊သနား​စာ​နာ​စိတ်​နဲ့+ ကရု​ဏာ​စိတ်​တွေ ဘယ်​ရောက်​ကုန်​ပြီလဲ။+ အဲ​ဒါ​တွေ​ကို ကျွန်​တော်​တို့​ဆီ​က​နေ ရုပ်​သိမ်း​လိုက်​ပြီ။ ၁၆  ကိုယ်​တော်​ဟာ ကျွန်​တော်​တို့​ရဲ့ ဖခင်​ပါ။+ အာဗြဟံ​က ကျွန်​တော်​တို့​ကို သိချင်​မှ သိ​မယ်။ အစ္စရေး​က​လည်း အသိ​အမှတ်​ပြု​ချင်​မှ ပြု​မယ်။ အို ယေဟောဝါ၊ ကိုယ်​တော်​သာ ကျွန်​တော်​တို့​ရဲ့​ဖခင်​ပါ။ ကျွန်​တော်​တို့​ကို ဟိုး​အရင်​က​တည်း​က ပြန်​ဝယ်​တဲ့​အရှင်​ဆိုပြီး  နာ​မည်​တွင်​ခဲ့​တာ ကိုယ်တော်ပါ။+ ၁၇  အို ယေဟောဝါ၊ ကျွန်​တော်​တို့​ လမ်း​တော်​က​နေ လွဲ​ဖယ်​သွား​တာ​ကို ဘာ​ကြောင့်​ ခွင့်​ပြု​တာ​လဲ။ ကိုယ်​တော့်​ကို မကြောက်​ရွံ့​တော့​တဲ့​အထိ ခေါင်း​မာ​သွား​တာ​ကို ဘာ​ကြောင့် ခွင့်​ပြု​တာ​လဲ။+ ကျွန်​တော်​မျိုး​တို့​အတွက်၊ အမွေ​တော်​ဖြစ်​တဲ့ မျိုး​နွယ်​တွေ​အတွက် ပြန်​လာ​လှည့်​ပါ။+ ၁၈  သန့်​ရှင်း​တဲ့ လူမျိုး​တော်​က​ တိုင်း​ ပြည်​ကို ခ​ဏ​ပဲ​ပိုင်​ဆိုင်​ခဲ့ရ​ပါ​တယ်။ သန့်​ရှင်း​ရာ​ဌာန​တော်​ကို ရန်​သူ​တွေ နင်း​ခြေ​ပစ်​ပြီ။+ ၁၉  ကျွန်​တော်​တို့​ဟာ ကိုယ်​တော် မအုပ်​ချုပ်​ဖူး​တဲ့​သူ​တွေ​လို၊နာ​မတော်​နဲ့ မှည့်​ခေါ်​မခံ​ရ​သူ​တွေ​လို ဖြစ်​နေ​တာ ကြာ​လှ​ပါ​ပြီ။

အောက်ခြေမှတ်ချက်များ

“နီ​ရဲရဲ” လည်း​ဖြစ်​နိုင်။
ဒါ​မှ​မဟုတ်၊ “ရှေ့​တော်​က ကောင်း​ကင်​တ​မန်။”