မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဟေရှာယ ၂၉:၁-၂၄

မာတိကာ

  • အေရေ​လ​မြို့​ရဲ့ အဖြစ်​ဆိုး (၁-၁၆)

    • အပြော​နဲ့​ပဲ ကိုးကွယ်​တာ​ကို ပြစ်​တင်​ရှုတ်​ချ (၁၃)

  • နား​မကြား​သူ​တွေ ကြား​ရ၊ မျက်​မမြင်​တွေ မြင်​ရ (၁၇-၂၄)

၂၉  “အေရေ​လ​မြို့၊* ဒါဝိဒ် စ​ခန်း​ချ​ခဲ့​တဲ့+ အေရေ​လ​မြို့​ဟာအဖြစ်​ဆိုး​ကြုံ​ရ​မယ်။ နှစ်​စဉ်​နှစ်​တိုင်း ပွဲ​တော် တစ်​ပွဲ​ပြီး​တစ်​ပွဲ+ ကျင်း​ပကြ​ပါ။  ၂  ဒါ​ပေမဲ့ အေရေ​လ​မြို့ ဒုက္ခရောက်​အောင် ငါ​လုပ်​မယ်။+ အဲဒီ​မှာ ညည်း​တွား​ငို​ကြွေး​ကြ​လိမ့်​မယ်၊ မြည်​တမ်း​ကြ​လိမ့်​မယ်။+ အဲဒီ​မြို့​ဟာ ငါ့​အတွက်​တော့ ပူဇော်​ရာ​ပလ္လင်​မီး​ဖို​လို ဖြစ်​မယ်။+  ၃  မင်း​ရဲ့​ပတ်​လည်​မှာ ငါ​တပ်​ချ​မယ်။ တုတ်​ချွန်​တံတိုင်း​နဲ့ ဝိုင်း​ထား​မယ်။ ထိုး​စစ်​တံတိုင်း​တွေ တည်​ဆောက်​မယ်။+  ၄  မင်း ဖြို​ချ​ခံ​ရ​မယ်။ မြေကြီး​ထဲ​က​နေ စကား​ပြော​လိမ့်​မယ်။ ဖုန်​မှုန့်​တွေ​ကြောင့် စကား​သံ မပီ​မသဖြစ်​နေ​မယ်။ မင်း​ရဲ့​အသံ​ဟာ နတ်​က​တော်ရဲ့​အသံ​လို​မျိုး မြေကြီး​ထဲ​က​နေ ထွက်​လာ​မယ်။+ ဖုန်​မှုန့်​ထဲ​က​နေ တ​စာ​စာ ပြော​နေ​လိမ့်​မယ်။  ၅  မင်း​ရဲ့ ရန်​သူ​အလုံး​အရင်း​ဟာ ဖုန်မှုန့်​လို ညက်​ညက်​ကြေ​သွား​မယ်။+ အာ​ဏာ​ရှင်​တွေ​လည်း ဖွဲ​လို လွင့်​သွား​မယ်။+ တစ်​ခ​ဏ​ချင်း​မှာ အဲဒီ​လို ရုတ်​တ​ရက် ဖြစ်​သွား​လိမ့်​မယ်။+  ၆  ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​က မိုး​ကြိုး၊ င​လျင်၊ အသံ​ဗ​လံ​ကြီး၊လေ​ပြင်း၊ မိုး​သက်​မုန်​တိုင်း၊ ကျွမ်း​လောင်​တတ်​တဲ့ မီး​လျှံတွေ​ကို သုံး​ပြီးမင်း​ကို အာ​ရုံ​စိုက်​မယ်။”+  ၇  အဲဒီ​အခါအေရေ​လ​မြို့​ကို စစ်​ဆင်​နွှဲ​တဲ့​သူ၊+သူ့​ကို​တိုက်​ဖို့ ခံ​တပ်​ဖြို​မျှော်​စင်​ဆောက်​တဲ့​သူ၊သူ့​ကို ဒုက္ခရောက်​စေ​တဲ့​သူ လူမျိုး​ခြား​အလုံး​အရင်း​ဟာအိပ်​မက်​လို၊ ည​မှာ​မြင်​ရ​တဲ့ စိတ်​အာ​ရုံ​လို ဖြစ်​သွား​မယ်။  ၈  ဗိုက်​ဆာ​တဲ့​သူ​ဟာ အိပ်​မက်​ထဲ​မှာ စား​နေ​တယ်​လို့ မက်​ပေမဲ့ နိုး​လာ​တဲ့​အခါဗိုက်​ဆာ​သလို၊ရေ​ငတ်​တဲ့​သူ​က အိပ်​မက်​ထဲ​မှာ​ ရေ​သောက်​နေ​တယ်​လို့ မက်​ပေမဲ့ နိုး​လာ​တဲ့​အခါမော​ပန်း​ပြီး ရေ​ဆာ​သလိုဇိ​အုန်​တောင်​ကို စစ်​ဆင်​နွှဲ​နေ​တဲ့ လူမျိုး​ခြား အလုံး​အရင်း​က​လည်း အဲဒီ​အတိုင်း ကြုံ​ရ​လိမ့်​မယ်။+  ၉  အံ့​သြတ​ကြီး​ဖြစ်​ပြီး မှင်​တက်​နေ​ကြ​ပါ။+ မျက်​စိ​ပိတ်​ပြီး ကန်း​နေ​ကြ​ပါ။+ သူတို့​က စ​ပျစ်​ဝိုင် မသောက်​ဘဲ မူး​နေ​တယ်။ အရက်​မသောက်​ဘဲ ဒ​ယိမ်း​ဒ​ယိုင် ဖြစ်​နေ​တယ်။ ၁၀  ယေဟောဝါ​က မင်း​ရဲ့​စိတ်​ကို အိပ်​မော​ကျ​စေ​တယ်။+ ပရော​ဖက်​တွေ​ဖြစ်​တဲ့ မင်း​ရဲ့​ မျက်​စိ​တွေ​ကို ပိတ်​ပစ်​တယ်။+ စိတ်​အာ​ရုံ​မြင်​သူ​တွေ​ဖြစ်​တဲ့ မင်း​ရဲ့ဦး​ခေါင်း​တွေ​ကို ဖုံး​အုပ်​ပစ်​တယ်။+ ၁၁  စိတ်​အာ​ရုံ​မှန်​သမျှ​ဟာ  မင်း​အတွက် ချိပ်​ပိတ်​ထား​တဲ့ စာ​စောင်​ထဲ​က စာ​တွေ​လို​ပဲ။+ စာ​တတ်​တဲ့​သူ​ကို “ဒီ​စာ​ကို ကျယ်​ကျယ်​လေး ဖတ်​ပြပါ​လား” လို့​ပြော​တဲ့​အခါ “ချိပ်​ပိတ်​ထား​တော့ ဖတ်​လို့​မရ​ဘူး” လို့​ဖြေလိမ့်​မယ်။ ၁၂  စာ​မတတ်​တဲ့​သူ​ကို “ဒီ​စာ ဖတ်​ပြပါ​လား” လို့​ပြော​တော့​လည်း “ကျွန်​တော် စာ​မတတ်​ဘူး” လို့​ဖြေလိမ့်​မယ်။ ၁၃  ယေဟောဝါ​က “ဒီ​လူမျိုး​ဟာ အပြော​နဲ့​ပဲ ငါ့​ဆီ လာ​ကြ​တယ်။ နှုတ်​နဲ့​ပဲ ငါ့​ကို ရို​သေကြ​တယ်။+ သူတို့​ရဲ့​စိတ်​က​တော့ ငါ​နဲ့​ဝေး​လှ​တယ်။ ငါ့​ကို ကြောက်​ရွံ့​ရို​သေကြ​တာ​က​လည်း အလွတ်​ကျက်​မှတ်​ထား​တဲ့ လူ့​ထုံးတမ်း​စဉ်​လာတွေ​ကြောင့်​ပဲ။+ ၁၄  ဒါ​ကြောင့် ဒီ​လူမျိုး​ကို ထူး​ဆန်း​တာ​တွေ ငါ​လုပ်​ပြဦး​မယ်။+ အံ့​ဖွယ်​အမှု တစ်​ခု​ပြီး​တစ်​ခု လုပ်​ပြဦး​မယ်။ ပညာ​ရှိ​တွေရဲ့ ဉာဏ်​ပညာ​ဟာ ပျက်​စီး​သွား​မယ်။ သတိ​ပညာ​ရှိ​သူ​တွေရဲ့ သိ​နား​လည်​နိုင်​စွမ်း​လည်း တိမ်​မြှုပ်​သွား​မယ်”+ လို့​ပြော​တယ်။ ၁၅  ကိုယ့်​အကြံ​အစည်​တွေကို​ ယေဟောဝါ မမြင်​နိုင်​အောင် အစွမ်း​ကုန် ဖုံး​ကွယ်​ထား​တဲ့​သူတွေအဖြစ်​ဆိုး​ကြုံ​ရမယ်။+ အမှောင်​ထဲ​မှာ ပုန်း​လျှိုး​ကွယ်​လျှိုး လုပ်​ဆောင်​ပြီး“ဘယ်​သူ​မြင်​တာ မှတ်​လို့။ ဘယ်​သူ​သိ​တာ မှတ်​လို့”+ ဆို​ပြီး သူတို့​ပြော​ကြ​တယ်။ ၁၆  က​လိမ်​က​ကျစ် နိုင်​လိုက်​ကြ​တာ။ အိုး​ထိန်း​သမား​ကို အိုး​မြေနဲ့ တစ်တန်း​တစ်​စား​တည်း ယူ​မှတ်​သင့်​သလား။+ ဖန်​တီး​ခံ​ရ​တဲ့​လက်​ရာ​က  ဖန်တီး​တဲ့​သူ​ကို“ငါ့​ကို သူ​ဖန်​တီး​တာ မဟုတ်​ဘူး”+ လို့​ပြော​သင့်​သလား။ ပုံ​သွင်း​ခံ​ရ​တဲ့​အရာ​က ပုံ​သွင်း​တဲ့​သူကို“ဘာ​မှ​လည်း မသိ​ဘဲ​နဲ့” လို့​ပြော​သင့်​သလား။+ ၁၇  တစ်​ခ​ဏ​အတွင်း​မှာ လက်​ဘ​နွန်​ဟာ သစ်​သီး​ခြံ​ဖြစ်​သွား​မယ်။+ သစ်​သီး​ခြံ​က​လည်း သစ်​တော​လို ဖြစ်​သွား​မယ်။+ ၁၈  အဲဒီ​အချိန်​ကျ​ရင် နား​မကြား​သူ​တွေ​က စာ​စောင်​ထဲ​က စကား​တွေ​ကို ကြား​ရ​လိမ့်​မယ်။ မျက်​မမြင်​တွေ​က​လည်း မှောင်​မိုက်​နဲ့ အမှောင်​ထု​က​နေ လွတ်​မြောက်​ပြီး မြင်​ရ​လိမ့်​မယ်။+ ၁၉  နူး​ညံ့​သိမ်​မွေ့​သူ​တွေ​ဟာ ယေဟောဝါ​ကြောင့် အကြီး​အကျယ် ဝမ်း​မြောက်​မယ်။ ဆင်း​ရဲ​သား​တွေ​က​လည်း အစ္စရေး​တို့​ရဲ့ သန့်​ရှင်း​တဲ့​အရှင်​ကြောင့် ရွှင်​လန်း​မယ်။+ ၂၀  အာ​ဏာ​ရှင်​တွေ မရှိ​တော့​ဘူး။ ဝါ​ကြွား​တဲ့​သူ​တွေ ဇာတ်​သိမ်း​သွား​မယ်။ အန္တရာယ်​ပေး​ဖို့ ချောင်း​နေ​တဲ့​သူ​တွေ ဖျက်​ဆီး​ခံ​ရ​လိမ့်​မယ်။+ ၂၁  မဟုတ်​မမှန်​တဲ့​စကား​တွေ ပြော​ပြီး သူ​တစ်ပါး​ကို အပြစ်​ရောက်​စေ​သူ​တွေ၊မြို့​တံခါး​မှာ ခု​ခံ​ပြော​ဆို​ပေး​တဲ့​သူ​ကို ထောင်​ချောက်​ဆင်​သူ​တွေ၊+ဖြောင့်​မတ်​သူ​ကို မှား​ယွင်း​တဲ့ စွဲ​ချက်​တွေ​တင်​ပြီး တ​ရား​မျှ​တ​စွာ မစီ​ရင်​ပေး​သူ​တွေ​လည်း ဖျက်​ဆီး​ခံ​ရ​လိမ့်​မယ်။+ ၂၂  ဒါ​ကြောင့်  အာဗြဟံ​ကို  ရွေး​ယူခဲ့တဲ့+  ယေဟောဝါ​က  ယာကုပ်​အမျိုး​ကို– “ယာကုပ် အရှက်​မကွဲ​ရ​တော့​ဘူး။ မျက်​နှာ​ဖြူ​ဖပ်​ဖြူ​ရော် မဖြစ်​ရ​တော့​ဘူး။*+ ၂၃  သူ​က ငါ့​လက်​ရာတွေ​ဖြစ်​တဲ့ သား​သမီး​တွေ​ကို ပတ်​လည်​မှာ မြင်​ရ​တဲ့​အခါ+ ငါ့​နာ​မည်​ကို ဂုဏ်​တင်​ကြ​လိမ့်​မယ်။ ယာကုပ်​ရဲ့ သန့်​ရှင်း​တဲ့​အရှင်​ကို ဂုဏ်​တင်​ကြ​လိမ့်​မယ်။ အစ္စရေးရဲ့ ဘု​ရား​သခင်​ကို ရို​သေကိုင်း​ရှိုင်း​ကြ​လိမ့်​မယ်။+ ၂၄  ထင်​ရာ​စိုင်း​သူ​တွေ သိ​နား​လည်​နိုင်​စွမ်း ရှိ​လာ​မယ်။ မကျေ​မနပ် ညည်း​ညူ​သူ​တွေ​လည်း သွန်သင်​ပေး​တာ​ကို လက်ခံ​မယ်” လို့​ပြော​တယ်။

အောက်ခြေမှတ်ချက်များ

“ဘု​ရားရဲ့ ပူ​ဇော်ရာ​ပလ္လင်” လို့​ဆိုလို​နိုင်။ ဂျေရု​ဆ​လင် ဖြစ်​နိုင်။
ရှက်​လို့၊ စိတ်​ပျက်​လို့ ဖြစ်။