မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဟေရှာယ ၂၆:၁-၂၁

မာတိကာ

  • ယုံ​ကြည်​ကိုး​စား​မှု၊ ကယ်​တင်​ခြင်း​အကြောင်း သီချင်း (၁-၂၁)

    • ထာ​ဝ​ရ​ကျောက်​ဆောင် ယေဟောဝါ ()

    • ဖြောင့်​မတ်​ခြင်း​အကြောင်း ပြည်​သား​တွေ သင်ယူ ()

    • “လူ​သေတွေ ပြန်​ရှင်​လာ​မယ်” (၁၉)

    • အတွင်း​ခန်း​တွေ​ထဲ ဝင်​ပြီး ပုန်း​ရှောင် (၂၀)

၂၆  အဲဒီ​အချိန်​ကျ​ရင် ယုဒ​ပြည်​မှာ+ ဒီ​သီချင်း​ကို သီ​ဆို​လိမ့်​မယ်–+ “ငါ​တို့​ရဲ့​မြို့​ဟာ ခိုင်​ခံ့​တယ်။+ ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​ဟာ မြို့​ရိုး​တွေ၊ ခံ​စစ်​ကုန်း​ရိုး​တွေ​နဲ့​တူတယ်။+  ၂  မြို့​တံခါး​တွေ​ကို ဖွင့်​ထား​ပါ။+ ဖြောင့်​မတ်​တဲ့​လူမျိုး၊ သစ္စာ​ရှိ​ရှိ​ကျင့်​ကြံ​တဲ့ လူမျိုး ဝင်​လာ​မယ်။  ၃  ဘု​ရား​က အပြည့်​အဝ မှီ​ခို​တဲ့​သူ​တွေ​ကို* ကာ​ကွယ်​စောင့်​ရှောက်​ပေး​မယ်။ ယုံ​ကြည်​ကိုး​စား​တဲ့​သူ​တွေ​ကို+တည်​မြဲတဲ့​ငြိမ်သက်​မှု ပေးလိမ့်မယ်။+  ၄  အို ယေဟောဝါ၊ ယေဟောဝါ​ဟာ ထာ​ဝ​ရ ကျောက်​ဆောင်​ပဲ။+ ဒါ​ကြောင့် ယေဟောဝါ​ကို ထာ​ဝ​စဉ် ယုံ​ကြည်​ကိုး​စား​ကြ။+  ၅  ဘု​ရား​က မြင့်​မား​တဲ့​အရပ်၊ မြင့်မား​တဲ့​မြို့​မှာ နေ​ထိုင်​သူ​တွေ​ကို ဆွဲချ​တယ်။ အဲဒီ​မြို့​ကို ဖြို​ချ​တယ်။ မြေကြီး​အထိ​ရောက်​အောင် ဆွဲချ​တယ်။ မြေမှုန့်​အထိ​ရောက်​အောင် ဖြို​လှဲ​တယ်။  ၆  ဒုက္ခရောက်​သူ​တွေ၊ နိမ့်​ကျ​သူ​တွေအဲဒီ​မြို့​ကို နင်း​ခြေ​ကြ​မယ်။”  ၇  ဖြောင့်​မတ်​သူ​ရဲ့ လမ်း​စဉ်​ဟာ ဖြောင့်​မှန်​တယ်။ ကိုယ်​တော်​က ဖြောင့်​မှန်​တဲ့​အတွက်ဖြောင့်​မတ်​သူ​ရဲ့​လမ်း​ကို ဖြောင့်​ဖြူး​စေ​မယ်။  ၈  အို ယေဟောဝါ၊ တ​ရား​မျှ​တ​တဲ့​ လမ်း​စဉ်​တော်​အတိုင်း လိုက်လျှောက်​ရင်း ကိုယ်​တော့်​ကို ကျွန်​တော်​တို့ မျှော်လင့်​နေ​ပါ​တယ်။ နာ​မတော်​ကို​ရော နာ​မတော်​နဲ့​ပတ်​သက်​တဲ့ အမှတ်​ရ​စ​ရာတွေ​ကို​ပါ တမ်း​တ​နေ​ပါ​တယ်။  ၉  ည​အချိန်​မှာ ကိုယ်​တော့်​ကို ကျွန်​တော် သိပ်​တမ်း​တ​နေ​ပါ​တယ်။ စိတ်​ထဲ​က​နေ ကိုယ်​တော့်​ကို လိုက်​ရှာ​နေ​ပါ​တယ်။+ ကမ္ဘာ​မြေကို ကိုယ်​တော် တ​ရား​စီ​ရင်​တဲ့​အခါပြည်​သူ​ပြည်​သား​တွေ​က ဖြောင့်​မတ်​ခြင်း​အကြောင်း သင်​ယူ​ကြ​တယ်။+ ၁၀  လူ​ဆိုး​ဟာ မျက်​နှာ​သာ​ခံစားရရင်တောင် ဖြောင့်​မတ်​ခြင်း​အကြောင်း သင်​ယူ​မှာ မဟုတ်​ဘူး။+ ဖြောင့်​မှန်​တဲ့​ပြည်​မှာ​တောင် ဆိုးညစ်​စွာ ပြု​မူ​မယ်။+ ယေဟောဝါ​ရဲ့ ဘုန်း​တန်ခိုး​ကို မမြင်​ဘူး။+ ၁၁  အို ယေဟောဝါ၊ လက်​တော်​ကို မြှောက်​ထား​ပေမဲ့ သူတို့ မမြင်​ကြဘူး။+ လူမျိုး​တော်​အတွက် ကိုယ်​တော်ရဲ့​ထက်​သန်​မှု​ကို သူတို့​မြင်​တဲ့​အခါ အရှက်​ကွဲ​မယ်။ ရန်​သူ​တွေ​ကို မီး​ဝါး​မျို​မယ်။ ၁၂  ယေဟောဝါ၊ ကိုယ်​တော်​က​ ကျွန်တော်​တို့ လုပ်​ဆောင်​ သမျှ​ကိုအောင်​မြင်​စေ​တဲ့​အတွက်ငြိမ်သက်​ခြင်း ပေး​သနား​မယ်။+ ၁၃  ကျွန်​တော်​တို့​ရဲ့​ဘု​ရား ယေဟောဝါ၊ ကိုယ်​တော်​မဟုတ်​ဘဲ တ​ခြား​သခင်​တွေ​က ကျွန်​တော်​တို့​ကို အုပ်​စိုး​ခဲ့​တယ်။+ ကျွန်​တော်​တို့​က​တော့ နာ​မတော်​ကို​ပဲ ချီး​မွမ်း​ပါ​တယ်။+ ၁၄  သူတို့ သေဆုံး​သွား​ပြီ။ ပြန်​ရှင်​လာ​မှာ မဟုတ်​ဘူး။ အစွမ်း​မရှိ​တော့​တဲ့ လူ​သေတွေ ဖြစ်​သွား​ပြီ။ ပြန်​ထ​လာ​မှာ မဟုတ်​ဘူး။+ ကိုယ်​တော် အရေး​ယူ​လုပ်​ဆောင်​ပြီး သူတို့​ကို အစ​တုံး ဖျက်​ဆီး​လိုက်​ပြီကိုး။ သူတို့​နဲ့​ပတ်​သက်​တဲ့ အမှတ်​ရ​စရာ​အားလုံး​ကို ဖျောက်​ဖျက်​ပစ်​လိုက်​ပြီကိုး။ ၁၅  ယေဟောဝါ၊ ကိုယ်​တော်​က ကျွန်​တော်​တို့​လူမျိုး​ကို တိုး​ပွား​စေ​တယ်။ လူမျိုး​တော်​ကို တိုး​ပွား​စေ​တယ်။ ကိုယ်​တိုင် ဘုန်း​တော်​ထင်​ရှား​စေ​တယ်။+ ပြည်​နယ်​နိ​မိတ်​တွေ​ကို အကျယ်​ကြီး ချဲ့​ပေး​တယ်။+ ၁၆  ယေဟောဝါ၊ သူတို့ ဒုက္ခရောက်​ချိန်​မှာ ကိုယ်​တော့်​ဆီ ပြန်​လာ​ကြ​တယ်။ ကိုယ်​တော်​ဆုံးမ​တဲ့​အခါ ရင်​ဖွင့်​ပြီး တီး​တိုး​ဆုတောင်း​ကြ​တယ်။+ ၁၇  ယေဟောဝါ၊ ကိုယ်​ဝန်​ဆောင်​မိန်းမ​က သား​ဖွား​ခါ​နီး​မှာ ဝေ​ဒ​နာ​ခံစား​ပြီး အော်ဟစ်နေ​သလိုကျွန်​တော်​တို့​လည်း ကိုယ်​တော်​ကြောင့် အဲဒီ​လို​ခံစား​ရ​တယ်။ ၁၈  ကိုယ်​ဝန်​ရှိ​လာ​ပြီး သား​ဖွား​ဝေ​ဒ​နာ ခံစား​ရ​ပေမဲ့ လေ​ကို မွေး​ဖွား​လိုက်​သလို​မျိုး ဖြစ်​နေ​ပြီ။ ပြည်​ကို ကျွန်​တော်​တို့ မကယ်​တင်​နိုင်​ခဲ့​ဘူး။ ပြည်​မှာ​နေ​ထိုင်​မယ့် က​လေး​တစ်​ယောက်​ကို​တောင် မမွေး​ဖွား​နိုင်ခဲ့​ဘူး။ ၁၉  “လူ​သေတွေ ပြန်​ရှင်​လာ​မယ်။ ငါ့​ရဲ့​လူမျိုး​ထဲ​က သေဆုံး​သူ​တွေ ပြန်​ထ​လာ​မယ်။+ မြေမှုန့်​ထဲ​မှာ နေ​ထိုင်​သူတို့၊+နိုး​ထ​ပြီး ရွှင်​လန်း​စွာ သီချင်း​ဆို​ကြ။ ပြည်​မှာ​ကျ​တဲ့ ဆီး​နှင်း​ဟာ မနက်​ခင်း​မှာ​ကျ​တဲ့* ဆီး​နှင်း​လို ဖြစ်​လိမ့်​မယ်။ မြေကြီး​က အစွမ်း​မရှိ​တော့​တဲ့ လူ​သေတွေ​ကို အသက်​ရှင်​စေ​မယ်။ ၂၀  ငါ့​လူ​တို့၊ အတွင်း​ခန်း​တွေ​ထဲ ဝင်​သွား​ပြီးတံခါး​ပိတ်​ထား​ကြ။+ ငါ့​အမျက် ပြေသွား​ချိန်​အထိ ခ​ဏ​လေး ပုန်း​ရှောင်​နေ​ကြ​ပါ။+ ၂၁  ကြည့်​ပါ။ ယေဟောဝါ​က ပြည်​သူ​ပြည်​သား​တွေ​ကို သူတို့​ရဲ့​အမှား​အတွက် ဖြေရှင်း​ချက်​တောင်း​ဖို့ စံမြန်း​ရာ​က​နေ လာ​နေ​တယ်။ ပြည်​မှာ​ကျူး​လွန်​တဲ့ သွေး​ထွက်​သံ​ယို​မှု​တွေ​ကို ဖော်​ထုတ်​မယ်။ လူ​သတ်​မှု​တွေ​ကို ဖုံး​ကွယ်​ထား​လို့ရ​မှာ မဟုတ်​ဘူး။”

အောက်ခြေမှတ်ချက်များ

“စိတ်​ဓာတ်​ခိုင်​မာ​သူ​တွေ​ကို” လည်း​ဖြစ်​နိုင်။
“(ကွမ်း​က​တိုး) ပင်​တွေ​က ကျ​တဲ့” လည်း​ဖြစ်​နိုင်။