မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝတ်ပြုရာ ၁၅:၁-၃၃

မာတိကာ

  • မသန့်ရှင်း​တဲ့ လိင်အင်္ဂါ​အရည်များ (၁-၃၃)

၁၅  ယေဟောဝါ​က  မောရှေ​နဲ့ အာရုန်​ကို မိန့်မှာ​တယ်– ၂  “အစ္စရေးတွေကို ပြောပါ။  ‘ယောက်ျား တစ်ယောက်က လိင်အင်္ဂါ​က​နေ အ​ရိ​အ​ရွဲ ထွက်​နေရင်  မသန့်ရှင်း​ဘူး။+ ၃  အ​ရိ​အ​ရွဲ ထွက်​နေတာ​ဖြစ်စေ၊ အ​ရိ​အ​ရွဲ​ကြောင့် လိင်အင်္ဂါ ပိတ်ဆို့​နေတာ​ဖြစ်စေ မသန့်ရှင်း​ဘူး။ ၄  “‘အ​ရိ​အ​ရွဲ  ထွက်​နေ​သူ​အိပ်​တဲ့ အိပ်ရာ​ဟာ မသန့်ရှင်း​ဘူး။ သူ​ထိုင်​တဲ့ နေရာ​လည်း မသန့်ရှင်း​ဘူး။ ၅  သူ့​အိပ်ရာကို ထိမိ​ကိုင်​မိ​သူ​ဟာ ကို​ယ့်​အဝတ်​တွေကို  လျှော်​ပြီး ရေချိုး​ရမယ်။ ည​ဦး​ပိုင်း​အထိ မသန့်ရှင်း​ဘူး။+ ၆  အ​ရိ​အ​ရွဲ​ထွက်​နေ​သူ ထိုင်​တဲ့​နေရာမှာ ထိုင်​မိသူ​ဟာ ကို​ယ့်​အဝတ်​တွေကို လျှော်​ပြီး ရေချိုး​ရမယ်။ ည​ဦး​ပိုင်း​အထိ မသန့်ရှင်း​ဘူး။ ၇  အ​ရိ​အ​ရွဲ​ထွက်​နေ​သူ​ကို ထိမိ​ကိုင်​မိ​သူ​ဟာ ကို​ယ့်​အဝတ်​တွေကို လျှော်​ပြီး  ရေချိုး​ရမယ်။  ည​ဦး​ပိုင်း​အထိ  မသန့်ရှင်း​ဘူး။ ၈  အ​ရိ​အ​ရွဲ​ထွက်​နေ​သူက   သန့်ရှင်းသူ​တစ်ယောက်ကို  တံတွေး​ထွေး​မိရင် အဲဒီ​လူ​ဟာ ကို​ယ့်​အဝတ်​တွေကို လျှော်​ပြီး ရေချိုး​ရမယ်။ ည​ဦး​ပိုင်း​အထိ မသန့်ရှင်း​ဘူး။ ၉  အ​ရိ​အ​ရွဲ​ထွက်​နေ​သူ​ထိုင်​တဲ့ ကုန်း​နှီး​က​လည်း မသန့်ရှင်း​ဘူး။ ၁၀  သူ​ထိုင်​တဲ့​နေရာကို ထိမိ​ကိုင်​မိ​သူ​ဟာ ည​ဦး​ပိုင်း​အထိ မသန့်ရှင်း​ဘူး။ သူ​ထိုင်​ထားတဲ့ ပစ္စည်း​တွေကို သယ်​တဲ့​သူက​လည်း ကို​ယ့်​အဝတ်​တွေကို​လျှော်​ပြီး ရေချိုး​ရမယ်။ ည​ဦး​ပိုင်း​အထိ မသန့်ရှင်း​ဘူး။ ၁၁  အ​ရိ​အ​ရွဲ​ထွက်​နေ​သူက+ လက်မ​ဆေး​ဘဲ လူ​တစ်ယောက်ကို ထိမိ​ကိုင်​မိရင် အဲဒီ​လူ​ဟာ ကို​ယ့်​အဝတ်​တွေကို​လျှော်​ပြီး ရေချိုး​ရမယ်။ ည​ဦး​ပိုင်း​အထိ မသန့်ရှင်း​ဘူး။ ၁၂  အ​ရိ​အ​ရွဲ ထွက်​နေ​သူ​ကိုင်တဲ့ မြေအိုး​ကို ခွဲ​ပစ်ရ​မယ်။ သစ်သား​အိုး​ခွက်​ဆို​ရင် ဆေးကြော​ရမယ်။+ ၁၃  “‘သူက အ​ရိ​အ​ရွဲ​ထွက်​တာ ရပ်​ပြီးနောက် ခုနစ်​ရက်​အကြာ​မှာ အဝတ်​တွေကို​လျှော်​ပြီး စမ်း​ချောင်း​မှာ ရေချိုး​ရမယ်။  ပြီးရင် သန့်ရှင်း​သွား​ပြီ။+ ၁၄  ရှစ်​ရက်​မြောက်​နေ့​မှာ  ချိုး​နှစ်ကောင်  ဒါမှမဟုတ်  ခိုကလေး​နှစ်ကောင်​ကို+ ယေဟောဝါ​ရှေ့၊ တွေ့ဆုံ​ရာ​တဲတော်​ဝင်ပေါက်​ဆီ ယူ​လာပြီး ပုရောဟိတ်​ကို  ပေး​ရမယ်။ ၁၅  ပုရောဟိတ်က တစ်ကောင်​ကို အပြစ်ဖြေ​ရာ​အလှူ​အဖြစ်၊ နောက်​တစ်ကောင်​ကို မီးရှို့​ရာ​အလှူ​အဖြစ် ပူဇော်​ရမယ်။ သူ​သန့်ရှင်း​သွား​အောင် ယေဟောဝါ​ရှေ့မှာ အပြစ်ဖြေ​ပေး​ရမယ်။ ၁၆  “‘ယောက်ျား​တစ်ယောက်​ဟာ  သု​က်​ရ​ည်​ထွက်​ရင်  ရေချိုး​ရမယ်။ ည​ဦး​ပိုင်း​အထိ မသန့်ရှင်း​ဘူး။+ ၁၇  သု​က်​ရ​ည်​ထိ​တဲ့ အဝတ်​တွေ၊ သားရေ​ပစ္စည်း​တွေကို လျှော်ဖွပ်​ရမယ်။ ည​ဦး​ပိုင်း​အထိ မသန့်ရှင်း​ဘူး။ ၁၈  “‘ယောက်ျား​တစ်ယောက်က မိန်းမ​နဲ့​အိပ်​ပြီး သု​က်​ရ​ည်​ထွက်​တယ်ဆိုရင် နှစ်ယောက်စလုံး ရေချိုး​ရမယ်။ ည​ဦး​ပိုင်း​အထိ မသန့်ရှင်း​ဘူး။+ ၁၉  “‘မိန်းမ​တစ်ယောက်​ဟာ ရာသီ​သွေးဆင်း​ရင်  ခုနစ်​ရက်​လုံး  မစင်ကြယ်​ဘူး။+ သူ့ကို ထိမိ​ကိုင်​မိ​သူက ည​ဦး​ပိုင်း​အထိ  မသန့်ရှင်း​ဘူး။+ ၂၀  ရာသီ​လာ​ချိန်​အတွင်း သူ​အိပ်​တဲ့​နေရာ၊ သူ​ထိုင်​တဲ့​နေရာ​က မသန့်ရှင်း​ဘူး။+ ၂၁  သူ့​အိပ်ရာကို  ထိမိ​ကိုင်​မိ​သူ​ဟာ ကို​ယ့်​အဝတ်​တွေကို လျှော်​ပြီး  ရေချိုး​ရမယ်။ ည​ဦး​ပိုင်း​အထိ မသန့်ရှင်း​ဘူး။ ၂၂  သူ​ထိုင်​တဲ့​နေရာကို ထိမိ​သူ​ဟာ ကို​ယ့်​အဝတ်​တွေကို လျှော်​ပြီး  ရေချိုး​ရမယ်။ ည​ဦး​ပိုင်း​အထိ မသန့်ရှင်း​ဘူး။ ၂၃  သူ့​အိပ်ရာကို​ဖြစ်စေ၊ သူ​ထိုင်​တဲ့​နေရာကို​ဖြစ်စေ ထိမိ​ကိုင်​မိ​သူ​ဟာ ည​ဦး​ပိုင်း​အထိ မသန့်ရှင်း​ဘူး။+ ၂၄  သူနဲ့​ဆက်ဆံ​ပြီး  သူ့​ရာသီ​သွေး​ကြောင့် မ​သန့်​မ​ရှင်း​ဖြစ်သွား​သူ​ဟာ+ ခုနစ်​ရက် မသန့်ရှင်း​ဘူး။ အဲဒီ​လူ​ရဲ့  အိပ်ရာ​လည်း မသန့်ရှင်း​ဘူး။ ၂၅  “‘မိန်းမ​တစ်ယောက်​ဟာ ပုံမှန်​ရာသီ​လာ​ချိန်+ မဟုတ်ဘဲ ရက်​အတော်ကြာ သွေးဆင်း​နေရင်+ ဒါမှမဟုတ် ပုံမှန်​ရာသီ​လာ​ချိန်​ထက်​လွန်ပြီး သွေး​ဆက်​ဆင်း​နေရင် ရာသီ​လာ​ချိန်မှာ​လိုပဲ အဲဒီ​အချိန်​တစ်လျှောက်လုံး မသန့်ရှင်း​ဘူး။ ၂၆  သူ့​အိပ်ရာ​လည်း ရာသီ​လာ​ချိန်မှာ​လိုပဲ မသန့်ရှင်း​ဘူး။+ သူ​ထိုင်​တဲ့ နေရာ​က​လည်း ရာသီ​လာ​ချိန်မှာ​လိုပဲ မသန့်ရှင်း​ဘူး။ ၂၇  အဲဒါတွေကို ထိမိ​ကိုင်​မိ​သူ​ဟာ မသန့်ရှင်း​ဘူး။ ကို​ယ့်​အဝတ်​တွေကို​လျှော်​ပြီး ရေချိုး​ရမယ်။ ည​ဦး​ပိုင်း​အထိ မသန့်ရှင်း​ဘူး။+ ၂၈  “‘သွေး​ဆင်းတာ​ရပ်သွား​ရင် ခုနစ်​ရက်​စောင့်​ရမယ်။ ပြီးမှ သန့်ရှင်း​မယ်။+ ၂၉  ရှစ်​ရက်​မြောက်​နေ့​မှာ ချိုး​နှစ်ကောင် ဒါမှမဟုတ် ခိုကလေး​နှစ်ကောင်​ကို+ တွေ့ဆုံ​ရာ​တဲတော် ဝင်ပေါက်​ဆီ ယူ​လာပြီး ပုရောဟိတ်​ကို ပေး​ရမယ်။+ ၃၀  ပုရောဟိတ်က တစ်ကောင်​ကို အပြစ်ဖြေ​ရာ​အလှူ​အဖြစ်၊ နောက်​တစ်ကောင်​ကို မီးရှို့​ရာ​အလှူ​အဖြစ် ပူဇော်​ရမယ်။ သူ​သန့်ရှင်း​သွား​အောင် ယေဟောဝါ​ရှေ့မှာ အပြစ်ဖြေ​ပေး​ရမယ်။+ ၃၁  “‘ဒီနည်းနဲ့ မင်း​တို့​က အစ္စရေးတွေကို  သန့်ရှင်း​အောင်  လုပ်ပေး​ရမယ်။ သူတို့ရဲ့​မသန့်ရှင်းမှု​ကြောင့် သူတို့​အလယ်​မှာ​ရှိတဲ့ ငါ့​တဲတော် ညစ်ညူး​သွား​ရင် သူတို့​သေ​ရ​လိမ့်မယ်။+ ၃၂  “‘ဒါတွေဟာ အ​ရိ​အ​ရွဲ​ထွက်​တဲ့ ယောက်ျား၊ သု​က်​ရ​ည်​ထွက်​ပြီး မ​သန့်​မ​ရှင်း​ဖြစ်နေတဲ့ ယောက်ျား​တွေ လိုက်နာ​ရမယ့် ပညတ်​ပဲ။+ ၃၃  အ​ရိ​အ​ရွဲ​ထွက်နေတဲ့ ယောက်ျား၊+ မသန့်ရှင်း​တဲ့ မိန်းမ​နဲ့ ဆက်ဆံ​တဲ့​ယောက်ျား၊ ရာသီ​လာ​နေတဲ့ မိန်းမ၊+ သွေးဆင်း​နေတဲ့ မိန်းမ လိုက်နာ​ရမယ့် ပညတ်​ပဲ။’”

အောက်ခြေမှတ်ချက်များ