မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယောရှု ၂၃:၁-၁၆

မာတိကာ

  • အစ္စရေး​ခေါင်းဆောင်​တွေကို ယောရှု နှုတ်ဆက်စကား ပြော (၁-၁၆)

    • ယေဟောဝါရဲ့​စကား တစ်ခု​မကျန် ပြည့်စုံ (၁၄)

၂၃  ယေဟောဝါ​က  အစ္စရေးတွေကို ပတ်ဝန်းကျင်​ရန်သူတွေ​ရဲ့ ဘေးရန်​က​နေ ကင်းဝေး​စေခဲ့တာ+ အချိန်အတော်ကြာ​ပြီ။ ယောရှု​လည်း အသက်ကြီး​ပြီး အိုမင်း​လာပြီ။+ ၂  ယောရှုက အကြီးအကဲ​တွေ၊ ခေါင်းဆောင်​တွေ၊ တရားသူကြီး​တွေ၊ လက်ထောက်​ခေါင်းဆောင်​တွေ+ အပါအဝင် အစ္စရေး​အားလုံးကို​ခေါ်ပြီး+ ပြောတယ်– “ကျုပ်​က​တော့ အသက်ကြီး​ပြီး အိုမင်း​နေ​ပြီ။ ၃  ယေဟောဝါ​ဘုရားက ဒီ​လူမျိုး​အားလုံးကို ဘယ်လို တိုက်ခိုက်​ပေးခဲ့​မှန်း ခင်ဗျားတို့​ကိုယ်တိုင် မြင်ခဲ့​ကြပြီ။ ယေဟောဝါ​ဘုရား​ဟာ ခင်ဗျားတို့​အတွက် တိုက်ခိုက်​ပေးတဲ့​အရှင်​ပါပဲ။+ ၄  ဂျော်ဒန်​မြစ်​က​နေ အနောက်ဘက် ပင်လယ်​ကြီး* အထိ ကျုပ်​ဖျက်ဆီး​ခဲ့တဲ့ လူမျိုး​တွေ​နဲ့+ ကျန်​နေ​သေး​တဲ့ လူမျိုး​တွေ​ရဲ့ ပြည်​ကို ခင်ဗျားတို့​အတွက် အမွေ​အဖြစ်+ မဲ​ချ​ခွဲဝေ​ပေးခဲ့​ပြီ။+ ၅  သူတို့ကို ခင်ဗျားတို့​ရှေ့​က​နေ တိုက်ထုတ်​ပေးခဲ့​သူ၊ မောင်းထုတ်​ပေးခဲ့​သူ​ဟာ ယေဟောဝါ​ဘုရား​ပဲ။+ ယေဟောဝါ​ဘုရား ကတိ​ပေးထားတဲ့​အတိုင်း သူတို့​ပြည်​ကို ခင်ဗျားတို့ သိမ်းယူ​နိုင်ခဲ့တယ်။+ ၆  “ဒီတော့ မောရှေ​ရဲ့ ပညတ်​ကျမ်း​မှာ+ ရေးထား​သမျှ​အတိုင်း လိုက်နာ​ကျင့်ကြံ​ဖို့ ခင်ဗျားတို့ သတ္တိရှိ​ရမယ်။ ဘယ်​ညာ မလွဲ​သွား​ပါ​နဲ့။+ ၇  ကျန်​နေ​သေး​တဲ့ လူမျိုး​တွေ​နဲ့ ဘယ်တော့မှ ရော​ရောနှော​နှော မနေ​ပါ​နဲ့။+ သူတို့​ဘုရားတွေ​ရဲ့ နာမည်ကို မတ​မိ​စေ​နဲ့။+ သူတို့ရဲ့​ဘုရားတွေကို တိုင်တည်​ပြီး သစ္စာ​မဆို​နဲ့။ သူတို့​ဘုရားတွေကို လုံးဝ ဦး​မချ၊ ဝတ်​မပြုပါနဲ့။+ ၈  အခုလိုပဲ ယေဟောဝါ​ဘုရားကို ဆက်​ပြီး​တွယ်တာ​နေ​ပါ။+ ၉  လူဦးရေ​များ​ပြီး အင်အားကြီး​တဲ့ လူမျိုး​တွေကို ခင်ဗျားတို့​ရှေ့​က​နေ ယေဟောဝါ​ဘုရား နှင်ထုတ်​ပေးမယ်။+ အခု​အထိ၊ ခင်ဗျားတို့​ကို ခုခံနိုင်​တဲ့​သူ တစ်ယောက်​မှ မရှိသေးဘူး။+ ၁၀  ယေဟောဝါ​ဘုရားက ကတိအတိုင်း တိုက်ခိုက်​ပေး​တဲ့​အတွက်+ ခင်ဗျားတို့​ရဲ့ လူတစ်ယောက်က လူ​တစ်ထောင်​ကို လိုက်​ဖမ်း​နိုင်မယ်။+ ၁၁  ယေဟောဝါ​ဘုရားကို ချစ်​ကြပါ။+ ဒီနည်းနဲ့ ကိုယ့်ကို​ယ်​ကိုယ် အမြဲ​စောင့်ရှောက်​ကြပါ။+ ၁၂  “ဘုရားသခင်ကို  ကျောခိုင်း​မယ်၊ ကျန်​နေ​သေး​တဲ့ လူမျိုး​တွေကို+ တွယ်တာ​နေမယ်၊ သူတို့နဲ့ ထိမ်းမြား​ပေး​စား​မယ်၊+ မိတ်ဖွဲ့​ပေါင်းသင်း​မယ်ဆိုရင်​တော့၊ ၁၃  အဲဒီ​လူမျိုး​တွေကို ယေဟောဝါ​ဘုရား ဆက်​ပြီး​မောင်းထုတ်​ပေးမှာ မဟုတ်ဘူးဆိုတာ သိထားကြ​ပါ။+ အဲဒီ​လူမျိုး​တွေ​က ထောင်ချောက်​လို၊ ကျော့ကွင်း​လို၊ နံ​စောင်း​ကို​ရိုက်​တဲ့ ကျာပွတ်​လို၊+ မျက်စိ​ကို​စူး​တဲ့ ဆူး​တွေ​လို ဖြစ်လာမယ်။ ဒီလိုနဲ့ ခင်ဗျားတို့​ဟာ ယေဟောဝါ​ဘုရားပေး​တဲ့ ဒီ​သာယာ​လှပတဲ့ ပြည်​မှာ လုံးဝ​ပျက်စီး​သွားမယ်။ ၁၄  “ကျုပ်​က​တော့ မကြာခင် သေ​ရ​တော့မယ်။ ယေဟောဝါ​ဘုရား ပေးခဲ့တဲ့ ကောင်းမွန်​တဲ့ ကတိ​အားလုံး မပြည့်စုံ​ဘဲ မနေဘူး​ဆို​တာ ခင်ဗျားတို့ အကြွင်းမဲ့​သိ​တာပဲ။ အဲဒီ​ကတိ​တွေ တစ်ခု​မကျန် ပြည့်စုံ​လာတယ်။ တစ်ခု​မှ မပြည့်စုံ​ဘဲ မနေ​ခဲ့​ဘူး။+ ၁၅  ဒါပေမဲ့ ယေဟောဝါ​ဘုရား ပြောခဲ့တဲ့ ကောင်းမွန်​တဲ့​ကတိ​အားလုံး ပြည့်စုံ​လာ​သလိုပဲ+ ယေဟောဝါ​က ကတိ​ပေးထားတဲ့ ဘေးဆိုး​အားလုံးကိုလည်း ကျရောက်​စေမယ်။ ယေဟောဝါ​ဘုရားပေး​တဲ့ သာယာ​လှပတဲ့ ဒီ​ပြည်​မှာ ခင်ဗျားတို့ လုံးဝ​ဖျက်ဆီး​ခံရမယ်။+ ၁၆  စောင့်ထိန်း​ရမယ့် ယေဟောဝါ​ဘုရားရဲ့ ပ​ဋိ​ညာ​ဉ်​ကို ချိုးဖောက်​မယ်ဆိုရင်၊ တခြား​ဘုရားတွေကို သွား​ဝတ်ပြု​ပြီး ဦးချ​မယ်ဆို​ရင် ခင်ဗျားတို့​ကို ယေဟောဝါ​ဘုရား အမျက်ထွက်​မယ်။+ ဘုရား​ပေးထားတဲ့ သာယာ​လှပတဲ့ ပြည်​မှာ ခင်ဗျားတို့ အမြန်​ဆုံး ပျက်စီး​သွားမယ်။”+

အောက်ခြေမှတ်ချက်များ

မြေထဲပင်လယ်။