မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယောရှု ၁၇:၁-၁၈

မာတိကာ

  • အနောက်ပိုင်း​က မနာရှေ​အနွယ် အမွေ (၁-၁၃)

  • ယောသပ်​ရဲ့​သားမြေး နယ်မြေ​ထပ်​ရ (၁၄-၁၈)

၁၇  ယောသပ်​ရဲ့​သားဦး+ မနာရှေ​ရဲ့​အနွယ်​က+ မဲ​ကျပြီး+ နယ်မြေ​ရတယ်။ မနာရှေ​ရဲ့​သားဦး၊ ဂိလဒ်​ရဲ့​အဖေ မာ​ခိ​ရ​က+ စစ်သူရဲ​ဖြစ်လို့ ဂိလဒ်​ပြည်​နဲ့ ဗာရှန်​ပြည်​ကို အပိုင်ရ​တယ်။+ ၂  မနာရှေ​ရဲ့ သားစဉ်မြေးဆက် အ​ဗျ​ဇော၊+ ဟိ​လက်၊ အသရေ​လ၊ ရှေခင်၊ ဟေ​ဖာ၊ ရှ​မိ​ဒ​တို့​က​နေ ဆင်းသက်​လာတဲ့ သားမြေး​တွေ​လည်း မိသားစု​အလိုက် မဲ​ကျပြီး နယ်မြေ​ရကြ​တယ်။ သူတို့ဟာ မိသားစု​အလိုက် ယောသပ်​ရဲ့​သား မနာရှေ​က​နေ ဆင်းသက်​လာတဲ့ သားယောက်ျား​တွေ​ပဲ။+ ၃  ဒါပေမဲ့ မနာရှေ​က​နေ ဆင်းသက်​လာတဲ့ မာ​ခိ​ရ​ရဲ့​မြစ်၊ ဂိလဒ်​ရဲ့​မြေး၊ ဟေ​ဖာ​ရဲ့​သား ဇ​လော​ဖ​ဒ်​မှာ+ သား​မရှိဘူး။ မာ​လာ၊ နောဧ၊ ဟော​ဂ​လာ၊ မိ​လ​ခါ၊ တိ​ရ​ဇာ​လို့​ခေါ်တဲ့ သမီး​တွေ​ပဲ ရှိတယ်။ ၄  သူတို့က ပုရောဟိတ် ဧ​လာ​ဇာ၊+ နုန်​ရဲ့​သား ယောရှု၊ မျိုးနွယ်စု​ခေါင်းဆောင်​တွေဆီ လာပြီး “ကျွန်မတို့ရဲ့ အနွယ်​ဝင်​တွေ​နဲ့အတူ ကျွန်မတို့​ကို အမွေ​ပေးဖို့ မောရှေ​ကို ယေဟောဝါ​ဘုရား မိန့်မှာ​ခဲ့​ပါပြီ”+ လို့​ပြောတယ်။ ဒါကြောင့် ယေဟောဝါရဲ့ အမိန့်​အတိုင်း သူတို့ကို ဖခင်​ရဲ့​အနွယ်​ဝင်​တွေ​နဲ့အတူ အမွေ​ပေးလိုက်တယ်။+ ၅  မနာရှေ​အနွယ်​ဟာ ဂျော်ဒန်​မြစ်​အရှေ့ဘက်​က ဂိလဒ်​ပြည်​နဲ့ ဗာရှန်​ပြည်​အပြင် ဝေစု​ဆယ်စု​ကို​လည်း ထပ်​ရတယ်။+ ၆  မနာရှေ​အနွယ်​ဝင် အမျိုးသမီး​တွေ​က မနာရှေ​အမျိုးသားတွေ​နဲ့အတူ အမွေ​ရလို့ပဲ။ မနာရှေ​ရဲ့ ကျန်​တဲ့​သားမြေး​တွေ​က ဂိလဒ်​ပြည်​ကို အပိုင်ရ​တယ်။ ၇  မနာရှေ​ရဲ့ နယ်နိမိတ်​က အာရှာ​ရဲ့ နယ်နိမိတ်​က​နေ ရှေခင်​မြို့​ဘက်+ မျက်နှာမူ​ထားတဲ့ မိတ်​မေ​သ​မြို့​အထိ​ဖြစ်ပြီး+ အင်​တာပွာ​မြို့သား​တွေ​ရဲ့ နယ်မြေ​ရှိ​ရာ တောင်ဘက်​ကို ဆက်သွား​တယ်။ ၈  တာပွာ​နယ်မြေ​ကို+ မနာရှေ ပိုင်​တယ်။ မနာရှေ​ရဲ့ နယ်နိမိတ်​ထဲက တာပွာ​မြို့​ကို​တော့ ဧဖရိမ်​ရဲ့ သားမြေး​တွေ ပိုင်​တယ်။ ၉  အဲဒီနောက် နယ်နိမိတ်​က တောင်ဘက် ကာ​န​သဲချောင်း​အထိ ဆင်း​သွားတယ်။ မနာရှေ​အနွယ်​ရဲ့ ပိုင်နက်​ထဲမှာ ဧဖရိမ်​အနွယ်​ပိုင်​တဲ့ မြို့​တွေ​လည်း​ရှိတယ်။+ မနာရှေ​အနွယ်​ရဲ့ နယ်နိမိတ်​က ကာ​န​သဲ​ချောင်း​ရဲ့ မြောက်ဘက်​မှာ​ရှိပြီး ပင်လယ်​မှာ အဆုံးသတ်​တယ်။+ ၁၀  တောင်ဘက်​က ဧဖရိမ်​ရဲ့​နယ်မြေ၊ မြောက်ဘက်​က မနာရှေ​ရဲ့ နယ်မြေ​ဖြစ်ပြီး ပင်လယ်​က နယ်နိမိတ်​ပဲ။+ မနာရှေ​နယ်မြေ​ရဲ့ မြောက်ဘက်​မှာ အာရှာ​နယ်မြေ၊ အရှေ့ဘက်​မှာ အိ​သ​ခါ​နယ်မြေ ရှိတယ်။ ၁၁  အိ​သ​ခါ​နယ်မြေ​နဲ့ အာရှာ​နယ်မြေ​ထဲမှာ မနာရှေ​အနွယ်​ရတဲ့ မြို့​တွေကတော့ ဗ​က်​ရှ​ယ​န်၊ အိ​ဗ​လံ၊+ ဒေါ​ရ၊+ တောင်ကုန်း​ထူထပ်​တဲ့​ဒေသ သုံးခု​ဖြစ်တဲ့ အင်​ဒေါ​ရ၊+ တာ​နက်​နဲ့+ မေ​ဂိ​ဒေါ​မြို့​တို့ ဖြစ်တယ်။ အဲဒီမြို့​သူ​မြို့သားတွေ၊ ပတ်ဝန်းကျင်​မြို့ငယ်​တွေ​လည်း ပါဝင်တယ်။ ၁၂  ဒါပေမဲ့ အဲဒီမြို့​တွေကို မနာရှေ​ရဲ့​သားမြေး​တွေ မ​သိမ်းပိုက်​နိုင်ကြဘူး။ ခါနန်​လူမျိုး​တွေ​က အဲဒီမြို့​တွေ​မှာ မရ​မက ဆက်နေ​ထိုင်​ကြ​တယ်။+ ၁၃  အစ္စရေးတွေ လူဦးရေ တိုးများ​လာတဲ့အခါ ခါနန်​လူမျိုး​တွေကို ကျွန်​အဖြစ် စေခိုင်း​ကြ​တယ်။+ အကုန်​အ​စင်​တော့ မ​နှင်​ထုတ်ခဲ့​ကြဘူး။+ ၁၄  ယောသပ်​ရဲ့ သားမြေး​တွေ​က “ယေဟောဝါ​ဘုရား အခုလို ကောင်းချီး​ပေး​နေတဲ့​အတွက် ကျွန်တော်တို့ လူဦးရေ တိုးများ​နေ​ပြီ။+ ဒီတော့ နယ်မြေ​တစ်ခု​ပဲ မဲ​ချ​ပေးမယ်​ဆို​ရင်+ ကျွန်တော်တို့​အတွက် လောက်​ပါ့​မလား” ဆို​ပြီး မေးတဲ့အခါ၊ ၁၅  ယောရှုက “ခင်ဗျားတို့ လူဦးရေ သိပ်​များ​လာလို့ ဧဖရိမ်​တောင်တန်းဒေသ​က+ သိပ်​ကျဉ်း​နေတယ်​ဆို​ရင် ဖေရဇိ​ပြည်​နဲ့+ ရေ​ဖိ​မ်​ပြည်​မှာ​ရှိတဲ့+ သစ်တော​ကို ခုတ်ထွင်ရှင်းလင်း​ပြီး နေထိုင်​ကြ” လို့​ပြောတယ်။ ၁၆  အဲဒီအခါ ယောသပ်​ရဲ့ သားမြေး​တွေ​က “ဧဖရိမ်​တောင်တန်းဒေသ​ဟာ ကျွန်တော်တို့​အတွက် မ​လောက်​ဘူး။ ဒါ့အပြင် ချိုင့်ဝှမ်းဒေသ​ဖြစ်တဲ့ ဗ​က်​ရှ​ယ​န်​မြို့​နဲ့+ ပတ်ဝန်းကျင်​မြို့ငယ်​တွေ​မှာ​ရော၊ ယေဇရေလ​ချိုင့်ဝှမ်း​မှာ​ရော+ နေထိုင်​ကြ​တဲ့ ခါနန်​လူမျိုး​တွေ​မှာ သံ​ဓားကောက်​တပ်​ထားတဲ့ စစ်မြင်းရထား​တွေ​ရှိတယ်”+ ဆို​ပြီး ပြန်ပြော​ကြ​တယ်။ ၁၇  ဒါနဲ့ ယောရှုက ယောသပ်​ရဲ့ သားမြေး​တွေ​ဖြစ်တဲ့ ဧဖရိမ်​အနွယ်​နဲ့ မနာရှေ​အနွယ်​ကို “ခင်ဗျားတို့​က လူဦးရေ သိပ်​များ​ပြီး အင်အား​လည်း ကြီး​တယ်။ ဒီတော့ နယ်မြေ​ဝေစု​တစ်ခုတည်း​နဲ့ ဘယ်​ဖြစ်​မ​လဲ။+ ၁၈  တောင်တန်းဒေသ တစ်ခုလုံးကို​လည်း ယူ​လိုက်ပါ။+ အဲဒီ​ဒေသက သစ်တော​ဖြစ်နေ​တော့ ခုတ်ထွင် ရှင်းလင်း​လိုက်​ပေါ့။ အဲဒီ​အထိ ခင်ဗျားတို့​နယ်မြေ​ပဲ။ ခါနန်​လူမျိုး​တွေ​က ခွန်အားကြီး​ပြီး သံ​ဓားကောက်​တပ်​ထားတဲ့ စစ်မြင်းရထား​တွေ ရှိပေမဲ့ သူတို့ကို နှင်ထုတ်​နိုင်မယ်”+ လို့​ပြောတယ်။

အောက်ခြေမှတ်ချက်များ