မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယောဘ ၄၀:၁-၂၄

မာတိကာ

  • ယေဟောဝါ မေး​ခွန်း​ထပ်​မေး (၁-၂၄)

    • ပြော​စ​ရာ​မရှိ​ကြောင်း ယောဘ​ဝန်​ခံ (၃-၅)

    • “မင်း​က ငါ့​ရဲ့​တ​ရား​မျှ​တ​မှု​ကို စော​ဒ​က​တက်မလို့​လား” ()

    • ဗေ​ဟ​မုတ်​ရဲ့​ခွန်​အား​ကို ဘု​ရား​ဖော်​ပြ (၁၅-၂၄)

၄၀  ယေဟောဝါ​က ယောဘ​ကို  ၂  “အပြစ်​ရှာ​တတ်​တဲ့​သူ​က အနန္တ​တန်ခိုး​ရှင်​နဲ့​အပြိုင် ငြင်း​ခုံ​သင့်​သလား။+ ဘုရား​သခင်​ကို ဆုံးမ​ချင်​တဲ့​သူ ဖြေပါ​ဦး”+ လို့​ပြော​တယ်။  ၃  ဒါ​နဲ့ ယောဘ​က ယေဟောဝါ​ကို  ၄  “ကျွန်​တော်​ဟာ ဘာ​မှ​မဟုတ်​တဲ့​သူ​ပါ။+ ဘာ​ပြန်​ပြော​နိုင်​မှာ​လဲ။ ပါး​စပ်​ကို လက်​နဲ့​ပိတ်​ထား​ပါ​ပြီ။+  ၅  ကျွန်​တော် တစ်​ခါ​ပြော​ပြီး​ပြီ။ ထပ်​မပြော​တော့​ပါ​ဘူး။ နှစ်​ခါ​တောင် ပြော​ပြီး​ပြီဖြစ်​လို့ ပြော​စ​ရာ မရှိ​တော့​ပါ​ဘူး” လို့​ဖြေတယ်။  ၆  အဲဒီ​အခါ ယေဟောဝါ​က လေ​မုန်​တိုင်း​ထဲ​က​နေ ယောဘ​ကို ပြော​တာ​က–+  ၇  “ယောက်ျား​ပီ​ပီ ရင်ဆိုင်​ဖို့ အသင့်​ပြင်​ထား​ပါ။ ငါ​မေး​မယ်။ ပြန်​ဖြေပါ။+  ၈  မင်း​က ငါ့​ရဲ့​တရား​မျှ​တ​မှု​ကို စော​ဒ​က​တက်​မလို့​လား။ မင်း​မှန်​တယ်​ဆို​တာ​ပြဖို့ ငါ့​ကို အပြစ်​တင်​မလို့​လား။+  ၉  စစ်​မှန်​တဲ့​ဘုရား​သခင်​မှာ​ရှိ​တဲ့ တန်ခိုး​ကြီး​တဲ့​လက်​ရုံး​မျိုး မင်း​မှာ ရှိ​သလား။+ ဘုရား​လို​အသံ​မျိုး​နဲ့ မိုး​ခြိမ်း​နိုင်​သလား။+ ၁၀  အဲဒီ​လို မင်း​လုပ်​နိုင်​ရင် ဂုဏ်​ကျက်​သရေ၊ ခမ်း​နား​မြင့်မြတ်​မှု​နဲ့ ကိုယ်​ကို​ဆင်​ယင်​လိုက်​ပါ။ ဂုဏ်​သိက္ခာ​နဲ့ ခမ်း​နား​ထည်​ဝါ​မှု​ကို ဝတ်​ဆင်​လိုက်​ပါ။ ၁၁  မင်း​ရဲ့​ပြင်း​ထန်​တဲ့​ဒေါသ​ကို လွှတ်​ကြည့်​လိုက်။ မောက်​မာ​သူ​တွေ​ကို ကြည့်​ပြီး နှိမ့်​ချ​ပစ်​လိုက်။ ၁၂  မောက်​မာ​သူ​တွေ​ကို ကြည့်​ပြီး နှိမ့်​ချ​ပစ်​လိုက်။ လူ​ဆိုး​တွေ​ကို သူ့​နေ​ရာ​မှာ​တင် နင်း​ခြေ​ပစ်​လိုက်။ ၁၃  သူတို့​ကို မြေမှုန့်​ထဲ​မှာ တစ်​စု​တည်း ဝှက်​ပြီး မှောက်​မိုက်​အရပ်​မှာ ချည်​နှောင်​လိုက်။ ၁၄  အဲဒီ​လို​လုပ်​နိုင်​ရင် မင်း​ရဲ့​ညာ​လက်​ရုံး​ဟာ မင်း​ကို​ကယ်​တင်​နိုင်​တာ​ပဲ​ဆို​ပြီး ငါ​ကိုယ်​တိုင် အသိ​အမှတ်​ပြု​မယ်။ ၁၅  ဗေ​ဟ​မုတ်* ကို​ကြည့်။ မင်း​ကို ငါ​ဖန်​ဆင်း​သလို သူ့​ကို​လည်း ငါ​ဖန်​ဆင်း​ခဲ့​တယ်။ သူ​ဟာ နွား​ထီး​လို​ပဲ မြက်​ကို စား​တယ်။ ၁၆  သူ့​ခါး​မှာ​ရှိ​တဲ့ အင်​အား၊ဝမ်း​ဗိုက်​ကြွက်​သား​တွေ​မှာ​ရှိ​တဲ့ ခွန်​အား​ကို ကြည့်​လိုက်။ ၁၇  သူ့​အမြီး​ဟာ သစ်​က​တိုး​ပင်​လို တောင့်​တင်း​တယ်။ ပေါင်​အရွတ်​တွေ လိမ်​ယှက်​နေ​တယ်။ ၁၈  အရိုး​တွေ​ဟာ ကြေး​နီ​ချောင်း​တွေ​လို​ပဲ။ ခြေ​ထောက်​တွေ​လည်း သံ​ချောင်း​တွေ​လို​ပဲ။ ၁၉  ဘုရား​ဖန်​ဆင်း​တဲ့ အဲဒီ​လို​တိရစ္ဆာန်တွေ​ထဲ​မှာ သူ​ဟာ ဦးဆုံး​ပဲ။ ဖန်​ဆင်း​တဲ့​အရှင်​က​သာ သူ့​ကို ဓား​နဲ့ နှိမ်​နင်း​နိုင်​တယ်။ ၂၀  သား​ရဲ​တိရစ္ဆာန်တွေ ဆော့​က​စား​တဲ့ တောင်​တန်း​တွေ​က သူ့​အတွက် စား​စ​ရာတွေ ထုတ်​လုပ်​ပေး​တယ်။ ၂၁  ကြာ​ပင်​တွေ​အောက်​မှာ၊ရွှံ့​နွံ​တော​ထဲ​က ကျူ​ပင်​တွေ​အောက်​မှာ သူ လဲ​လျောင်း​နေ​တတ်​တယ်။ ၂၂  သူ့​ကို ကြာ​ပင်​တွေ အရိပ်​မိုး​ပေး​တယ်။ ချိုင့်​ဝှမ်း​ထဲ​က မိုး​မခ​ပင်​တွေ ခြံ​ရံ​ပေး​တယ်။ ၂၃  မြစ်​ရေ​ကြီး​တဲ့​အခါ သူ မလန့်​ဘူး။ ဂျော်​ဒန်​မြစ်​ရေ​က+ သူ့​ပါး​စပ်​ကို အရှိန်​နဲ့ ဝင်​တိုး​ရင်​တောင် မမှု​ဘူး။ ၂၄  သူ​ကြည့်​နေ​တုန်း​မှာ သူ့​ကို ဖမ်း​ရဲ​တဲ့​သူ ရှိ​သလား။ သူ့​နှာ​ခေါင်း​ကို သံ​ချိတ်​နဲ့​ဖောက်​ရဲ​တဲ့​သူ ရှိ​သလား။

အောက်ခြေမှတ်ချက်များ

ရေ​မြင်း​ဖြစ်​နိုင်။