မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရမိ ၄၀:၁-၁၆

မာတိကာ

  • နေ​ဗု​ဇာ​ရ​ဒန် ယေ​ရ​မိ​ကို လွှတ်​ပေး (၁-၆)

  • ဂေဒ​လိ​ကို ပြည်​ကြီး​ကြပ်​ခိုင်း (၇-၁၂)

  • ဂေဒ​လိ​ကို လျှို့ဝှက်​ကြံ​စည် (၁၃-၁၆)

၄၀  ကိုယ်​ရံ​တော်​တပ်​မှူး နေ​ဗု​ဇာ​ရ​ဒန်​က+ ယေ​ရ​မိ​ကို ရာ​မမြို့​က​နေ+ လွှတ်​ပေး​လိုက်​ပြီး​နောက် ယေ​ရ​မိ​ဆီ ယေဟောဝါ​ရဲ့ စကား​တော် ရောက်​လာ​တယ်။ ဗာ​ဗု​လုန်​ဆီ ပြည်​နှင်​ခံ​ရ​တဲ့ ဂျေရု​ဆ​လင်​မြို့​သား၊ ယုဒ​ပြည်​သား​တွေ​နဲ့​အတူ ယေ​ရ​မိ​ကို လက်​ထိတ်​ခတ်​ပြီး ရာ​မမြို့​ကို ခေါ်​ခဲ့​တာ​ပါ။ ၂  ကိုယ်​ရံ​တော်​တပ်​မှူး​က ယေ​ရ​မိ​ကို​ခေါ်​ပြီး “ဒီ​နေ​ရာ​မှာ ဒီ​ဘေး​ဆိုး ကျ​ရောက်​စေ​မယ်​လို့ မင်း​ရဲ့​ဘု​ရား ယေဟောဝါ ကြို​ဟော​ခဲ့​တယ်။ ၃  မင်း​တို့​တစ်​တွေ ယေဟောဝါ​ရဲ့ စကား​ကို နာ​မခံ​ဘဲ ပြစ်​မှား​ကြ​တဲ့​အတွက် ယေဟောဝါ​က ပြော​ထား​တဲ့​အတိုင်း လုပ်​ခဲ့​တယ်။ ဒါ​ကြောင့် မင်း​တို့ ဒီ​လို​အဖြစ်​မျိုး ကြုံ​ရ​တာ။+ ၄  မင်း​ရဲ့​လက်​ထိတ်​ကို ဒီ​နေ့ ငါ​ချွတ်​ပေး​မယ်။ ဗာဗု​လုန်​ကို ငါ​နဲ့​အတူ လိုက်​ချင်​ရင် လိုက်​ခဲ့​ပါ။ ငါ​ကြည့်​ရှု​စောင့်​ရှောက်​ပေး​မယ်။ မလိုက်​ချင်​ရင်​လည်း မလိုက်​နဲ့။ တစ်​ပြည်​လုံး​မှာ မင်း​ကြိုက်​တဲ့​နေ​ရာ​ကို သွား​ပါ”+ လို့​ပြော​တယ်။ ၅  ယေ​ရ​မိ မဆုံး​ဖြတ်​ရ​သေး​ခင်​မှာ နေ​ဗု​ဇာ​ရ​ဒန်​က “ရှာ​ဖန်​ရဲ့​မြေး၊+ အဟိ​ကံ​ရဲ့​သား+ ဂေဒ​လိ​ဆီ+ မင်း ပြန်​လိုက်​ပါ။ ယုဒ​မြို့​တွေ​ကို ကြီး​ကြပ်​ဖို့ သူ့​ကို ဗာ​ဗု​လုန်​ဘု​ရင် ခန့်​အပ်​ထား​တာ။ သူ​နဲ့​အတူ၊ ပြည်​သူ​ပြည်​သား​တွေ​နဲ့​အတူ နေ​ထိုင်​ပါ။ ဒါ​မှ​မဟုတ် မင်း ကြိုက်​တဲ့​နေ​ရာ​ကို သွား​ပါ” လို့ ပြော​တယ်။ ပြီး​တော့ ကိုယ်​ရံ​တော်​တပ်​မှူး​က သူ့​ကို စား​နပ်​ရိက္ခာ​နဲ့ လက်​ဆောင်​တွေ​ပေး​ပြီး လွှတ်​လိုက်​တယ်။ ၆  ဒါ​နဲ့ ယေ​ရ​မိ​က မိ​ဇ​ပါ​မြို့​မှာ​ရှိ​တဲ့+ အဟိ​ကံ​ရဲ့​သား ဂေဒ​လိ​ဆီ သွား​ပြီး သူ​နဲ့​အတူ၊ ပြည်​မှာ ကျန်​ရစ်​သူ​တွေ​နဲ့​အတူ နေ​ထိုင်​တယ်။ ၇  ပြည်​ကို​ကြီး​ကြပ်​ဖို့၊ ဗာ​ဗု​လုန်​ဆီ ပြည်​နှင်​မခံ​ရ​တဲ့ ဆင်း​ရဲ​သား ယောက်ျား၊ မိန်း​မ၊ က​လေး​တွေ​ကို ကြီး​ကြပ်​ဖို့ အဟိ​ကံ​ရဲ့​သား ဂေဒ​လိ​ကို ဗာ​ဗု​လုန်​ဘု​ရင် ခန့်​အပ်​လိုက်​တဲ့​အကြောင်း တော​ထဲ​ရောက်​နေ​တဲ့ ဗိုလ်​ချုပ်​တွေ​နဲ့ စစ်​သည်​တွေ ကြား​သွား​တယ်။+ ၈  ဒါ​ကြောင့် မိ​ဇ​ပါ​မြို့​မှာ​ရှိ​တဲ့+ ဂေဒ​လိ​ဆီ သူတို့​ရောက်​လာ​ကြ​တယ်။ နာ​သနိ​ရဲ့​သား အိ​ရှ​မေလ၊+ ကာ​ရာရဲ့​သား ယော​ဟ​နန်​နဲ့+ ယောန​သန်၊ တာ​နု​မက်​ရဲ့​သား စ​ရာ​ယ၊ နေ​တော​ဖရွာ​သား ဧ​ဖဲ​ရဲ့​သား​တွေ၊ မာ​ခါ​သိ​ပြည်​သား ယေ​ဇ​နိ​နဲ့+ သူတို့​ရဲ့​လူ​တွေ ဖြစ်​တယ်။ ၉  ရှာ​ဖန်​ရဲ့​မြေး၊ အဟိ​ကံ​ရဲ့​သား ဂေဒ​လိ​က သူတို့​အားလုံး​ကို “ခါလဒဲ​လူ​တွေ​ဆီ ကျွန်​ခံ​ရ​မှာ​ကို မကြောက်​ကြ​နဲ့။ ဒီ​ပြည်​မှာ ဆက်​နေ​ထိုင်​ပြီး ဗာ​ဗု​လုန်​ဘု​ရင်​ဆီ​မှာ ကျွန်​ခံ​ပါ။ ဒါ​ဆို​ရင် ခင်​ဗျား​တို့ ကောင်း​စား​လိမ့်​မယ်။+ ၁၀  ငါ​က​တော့ မိ​ဇ​ပါ​မြို့​မှာ​နေ​ပြီး ငါ​တို့​ဆီ​လာ​မယ့် ခါလဒဲ​လူ​တွေ​ကို မင်း​တို့​ကိုယ်​စား ပြော​ဆို​ပေး​မယ်။ စ​ပျစ်​ဝိုင်၊ နွေ​သီး​နှံ၊* ဆီ​တွေ စု​ဆောင်း​ပြီး သို​လှောင်​ထား​ကြ။ မြို့​တွေ​မှာ အခြေ​ချ​နေ​ထိုင်​ကြ”+ လို့​ပြော​တယ်။ ၁၁  ဗာ​ဗု​လုန်​ဘု​ရင်​က ကျန်​ကြွင်း​သူ​တွေ​ကို ယုဒ​ပြည်​မှာ နေ​ထိုင်​ခွင့်​ပြု​ပြီး သူတို့​ကို ကြီး​ကြပ်​ဖို့ ရှာ​ဖန်​ရဲ့​မြေး၊ အဟိ​ကံ​ရဲ့​သား ဂေဒ​လိ​ကို ခန့်​ထား​မှန်း မောဘ​ပြည်၊ အမ္မုန်​ပြည်၊ ဧ​ဒုံ​ပြည်​နဲ့ တခြား​ပြည်​တွေ​မှာ ရောက်​နေ​တဲ့​ဂျူး​တွေ ကြား​သွား​တယ်။ ၁၂  ဒါ​ကြောင့် ဂျူး​တွေ​က ရောက်ရာ​အရပ်​က​နေ ပြန်​လာ​ပြီး ယုဒ​ပြည်၊ မိ​ဇ​ပါ​မြို့​မှာ​ရှိ​တဲ့ ဂေဒ​လိ​ဆီ ရောက်​လာ​ကြ​တယ်။ ပြီး​တော့ စပျစ်​ဝိုင်​နဲ့ နွေ​သီး​နှံ​တွေ​ကို အများ​ကြီး စုဆောင်း​ကြ​တယ်။ ၁၃  ကာ​ရာရဲ့​သား ယော​ဟ​နန်​နဲ့ တော​ထဲ​ရောက်​နေ​တဲ့ ဗိုလ်​ချုပ်​တွေ​ဟာ မိ​ဇ​ပါ​မြို့​မှာ​ရှိ​တဲ့ ဂေဒလိဆီ ရောက်​လာ​ပြီး၊ ၁၄  “အမ္မုန်​ဘု​ရင်+ ဗာ​လိတ်​က ခင်​ဗျား​ကို​သတ်​ဖို့ နာ​သနိ​ရဲ့​သား အိ​ရှ​မေလ​ကို လွှတ်​လိုက်​တာ+ မသိ​ဘူး​လား” လို့ ပြော​ကြ​တယ်။ ဒါ​ပေမဲ့ အဟိ​ကံ​ရဲ့​သား ဂေဒ​လိ​က သူတို့​ပြော​တာ​ကို မယုံ​ဘူး။ ၁၅  ကာ​ရာရဲ့​သား ယော​ဟ​နန်​က “နာ​သနိ​ရဲ့​သား အိ​ရှ​မေလ​ကို အခု​ပဲ သွား​သတ်​ချင်​တယ်။ ဘယ်​သူ​မှ မသိ​စေ​ရ​ဘူး။ သူ​သာ ခင်​ဗျား​ကို သတ်​လိုက်​ရင် ခင်​ဗျား​ဆီ လာ​ပူး​ပေါင်း​တဲ့ ယုဒ​လူ​တွေ တ​ကွဲ​တ​ပြား ဖြစ်​ကုန်​မယ်။ ယုဒ​ပြည်​မှာ ကျန်​ရစ်ခဲ့​သူ​တွေ​လည်း သေဆုံး​ကုန်​မယ်” လို့ မိ​ဇ​ပါ​မြို့​မှာ ဂေဒ​လိ​ကို တိုး​တိုး​တိတ်​တိတ် ပြော​တယ်။ ၁၆  ဒါ​ပေမဲ့ အဟိ​ကံ​ရဲ့​သား ဂေဒ​လိ​က+ “အဲဒီ​လို မလုပ်​ပါ​နဲ့။ အိ​ရှ​မေလ​အကြောင်း မဟုတ်​မမှန် ပြော​နေ​ကြ​တာ​ပါ” လို့ ကာ​ရာရဲ့​သား ယော​ဟ​နန်​ကို ပြန်​ပြော​တယ်။

အောက်ခြေမှတ်ချက်များ

သဖန်း​သီး၊ စွန်​ပလွံ​သီး​တွေ ဖြစ်​နိုင်။