မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဇကျေလ ၇:၁-၂၇

မာတိကာ

  • အဆုံး ရောက်​လာ​ပြီ (၁-၂၇)

    • မကြုံ​ဖူး​တဲ့ ဘေး​ဆိုး ()

    • ငွေ​ကို လမ်း​ပေါ်​လွှင့်​ပစ် (၁၉)

    • ဗိမာန်​တော်​ကို ညစ်​ညူး​စေ (၂၂)

 ယေဟောဝါ​က ကျွန်​တော့်​ကို ပြော​တယ်– ၂  “လူ​သား၊ အစ္စရေး​ပြည်​ကို အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ​ပြော​တဲ့ စကား​တွေ​ကို မင်း ပြော​ရ​မယ်– ‘အဆုံး ရောက်​လာ​ပြီ။ တစ်​ပြည်​လုံး​ရဲ့​အဆုံး ရောက်​လာ​ပြီ။ ၃  အခု မင်း​ရဲ့​အဆုံး ရောက်​လာ​ပြီ။ မင်း​အပေါ် ငါ့​ဒေါသ​ကို ဖွင့်​ချ​မယ်။ မင်း​ရဲ့​လမ်း​စဉ်​နဲ့​အညီ တ​ရား​စီ​ရင်​မယ်။ မင်း​ရဲ့ ရွံ​စ​ရာ​အကျင့်​တွေ​အတွက် ပြန်​ဆပ်​ပေး​မယ်။ ၄  မင်း​အတွက် ငါ​ဝမ်း​မနည်း​ဘူး။ သနား​ညှာ​တာ​မှာ မဟုတ်​ဘူး။+ မင်း​ရဲ့​လမ်း​စဉ်​အတိုင်း ရ​လ​ဒ်​ကို ပြန်​ခံ​စေ​မယ်။ ရွံ​စ​ရာ​အကျင့်​တွေရဲ့ အကျိုး​ဆက်​ကို ခံ​ရ​လိမ့်​မယ်။+ ငါ​ဟာ ယေဟောဝါ​ပဲ​ဆို​တာ မင်း​သိ​ရ​လိမ့်​မယ်။’+ ၅  “အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ ပြော​တာ​က– ‘ဘေး​ဆိုး​တစ်​ခု၊ မကြုံ​ဖူး​တဲ့ ဘေး​ဆိုး​တစ်​ခု လာ​နေ​ပြီ။+ ၆  အဆုံး လာ​နေ​ပြီ။ အဆုံး​ရောက်​လာ​တော့​မယ်။ မင်း​ဆီ ဗြုန်း​ခ​နဲ ရောက်​လာ​မယ်။ အဆုံး လာ​နေ​ပြီ။ ၇  အို ပြည်​သား၊ မင်း​အလှည့်* ရောက်​လာ​ပြီ။ အချိန်​ရောက်​လာ​ပြီ။ အဲဒီ​နေ့ နီး​နေ​ပြီ။+ တောင်​တန်း​တွေ​ပေါ်​မှာ အုတ်​အုတ်​သဲ​သဲ​အသံ ထွက်​ပေါ်​နေ​တယ်။ ပျော်​ရွှင်​မြူး​ထူး​သံ​တော့ မဟုတ်​ဘူး။ ၈  “‘မကြာ​ခင် ငါ့​ဒေါသ​ကို မင်း​အပေါ် သွန်း​လောင်း​မယ်။+ ငါ့​ဒေါသ​ကို အကုန်​အစင် ဖွင့်​ချ​မယ်။+ မင်း​ရဲ့​လမ်း​စဉ်​နဲ့​အညီ တ​ရား​စီ​ရင်​မယ်။ မင်း​ရဲ့ ရွံ​စ​ရာ​အကျင့်​တွေ​အတွက် ပြန်​ဆပ်​ပေး​မယ်။ ၉  မင်း​အတွက် ငါ​ဝမ်း​မနည်း​ဘူး။ သနား​ညှာ​တာ​မှာ မဟုတ်​ဘူး။+ မင်း​ရဲ့​လမ်း​စဉ်​အတိုင်း ရ​လ​ဒ်​ကို ပြန်​ခံ​စေ​မယ်။ ရွံ​စ​ရာ​အကျင့်​တွေရဲ့ အကျိုး​ဆက်​ကို ပြန်​ခံ​ရ​လိမ့်​မယ်။ မင်း​ကို​ဒဏ်​ခတ်​တဲ့​သူ​ဟာ ငါ​ယေဟောဝါ​ပဲ​ဆို​တာ မင်း​သိ​ရ​လိမ့်​မယ်။+ ၁၀  “‘အဲဒီ​နေ့ လာ​နေ​ပြီ။+ မင်း​အလှည့်* ရောက်​လာ​ပြီ။ ကြိမ်​လုံး​ဟာ အပွင့်​ပွင့်​နေ​ပြီ။ ရောင့်​တက်​မှု​ဟာ အညွန့် တ​လူ​လူ​တက်​နေ​ပြီ။ ၁၁  မင်း​ရဲ့​ဆိုး​ညစ်​မှု​ကြောင့် ကြိမ်​လုံး​က ပြင်း​ပြင်း​ထန်​ထန် အပြစ်​ပေး​လိမ့်​မယ်။+ ကိုယ်​တိုင်​သာ​မက စည်း​စိမ်​ဥစ္စာတွေ၊ လူ​အုပ်​တွေ၊ ထင်​ပေါ်​ကျော်​ကြား​မှု​တွေ တစ်​ခု​မှ​ကျန်​ရစ်​မှာ မဟုတ်​ဘူး။ ၁၂  အဲဒီ​အချိန် ရောက်​လာ​မယ်။ အဲဒီ​နေ့ ရောက်​လာ​မယ်။ ဝယ်​သူ ဝမ်း​မြောက်​မနေ​နဲ့။ ရောင်း​သူ​လည်း ညည်း​တွား​မနေ​နဲ့။ လူ​တိုင်း​ကို ငါ​ဒေါသ​ထွက်​နေ​လို့​ပဲ။+ ၁၃  ရောင်း​သူ​က အသက်​ချမ်း​သာ​ရခဲ့ရင်​တောင် ရောင်း​လိုက်​တဲ့​မြေကို ပြန်​လာ​နိုင်​မှာ မဟုတ်​ဘူး။ ဒီ​စိတ်​အာ​ရုံ​အတိုင်း သူတို့​ကြုံ​ရ​လိမ့်​မယ်။ တစ်​ယောက်​မှ ပြန်​လာ​နိုင်​မှာ မဟုတ်​ဘူး။ သူ* ကျူး​လွန်​ခဲ့​တဲ့​အပြစ်​ကြောင့် တစ်​ယောက်​မှ အသက်​ဆက်​ရှင်​မှာ မဟုတ်​ဘူး။ ၁၄  “‘သူတို့​က ခ​ရာ​မှုတ်​ပြီး+ အသင့်​ဖြစ်​နေ​ပေမဲ့ စစ်​တိုက်​ထွက်​သူ​တစ်​ယောက်​မှ မရှိ​ဘူး။ သူတို့​ကို ငါ​ဒေါသ​ထွက်​နေ​လို့​ပဲ။+ ၁၅  အပြင်​မှာ ဓား​ဘေး၊+ အထဲ​မှာ ကပ်​ရော​ဂါ​ဘေး​နဲ့ အငတ်​ဘေး ရှိ​နေ​တယ်။ လယ်​ထဲ​မှာ​ရှိ​နေ​သူ​တိုင်း ဓား​ဘေး​ကြောင့် သေဆုံး​လိမ့်​မယ်။ မြို့​ထဲ​မှာ​ရှိ​နေ​သူ​တွေ​ကို အငတ်​ဘေး​နဲ့ ကပ်​ရော​ဂါ​ဘေး ဝါး​မျို​လိမ့်​မယ်။+ ၁၆  အသက်​ရှင် လွတ်​မြောက်​သူ​တွေ​က တောင်​တန်း​တွေ​ပေါ် တက်​သွား​လိမ့်​မယ်။ အားလုံး​ဟာ ကိုယ့်​အပြစ်​နဲ့​ကိုယ် ချိုင့်​ဝှမ်း​ထဲ​က ချိုး​ငှက်​တွေ​လို ညည်း​တွား​နေ​လိမ့်​မယ်။+ ၁၇  သူ​တို့​လက်​တွေ ပျော့​ခွေ​သွား​လိမ့်​မယ်။ ဒူး​တွေ​လည်း အရည်​တ​စက်​စက် ကျ​နေ​လိမ့်​မယ်။*+ ၁၈  အထည်​ကြမ်း* ဝတ်​ပြီး+ တ​ဆတ်​ဆတ် တုန်​နေ​လိမ့်​မယ်။ အားလုံး အရှက်​တ​ကွဲ​ဖြစ်​ပြီး ခေါင်း​တုံး​တုံး​ကြ​လိမ့်​မယ်။+ ၁၉  “‘သူတို့​က ငွေ​ကို လမ်း​ပေါ် လွှင့်​ပစ်​လိမ့်​မယ်။ သူတို့​အတွက် ရွှေ​ဟာ ရွံ​စ​ရာ​ပဲ။ ယေဟောဝါ အမျက်​ထွက်​တဲ့​နေ့​မှာ ရွှေ​ငွေ​တွေ ကယ်​တင်​နိုင်​မှာ မဟုတ်​ဘူး။+ သူတို့ ဝ​ဝ​လင်​လင် စား​ရ​မှာ မဟုတ်​ဘူး။ ဗိုက်​ဟောင်း​လောင်း ဖြစ်​နေ​လိမ့်​မယ်။ အဲဒီ​ရွှေ​ငွေ​တွေ​ဟာ သူတို့​အတွက် အပြစ်​ကျူး​လွန်​စေ​တဲ့ ဆူး​ငြောင့်​ခ​လုတ် ဖြစ်​လို့​ပဲ။ ၂၀  သူတို့​ရဲ့ အလှ​တန်​ဆာ​တွေ​ကြောင့် မာန်​တက်​နေ​တယ်။ ရွှေ​ငွေ​တွေ​သုံး​ပြီး ရွံ​ရှာ​ဖွယ်​ရုပ်​ပုံ​တွေ၊ ရွံ​မုန်း​ဖွယ်​ရုပ်​တု​တွေ လုပ်​တယ်။+ ဒါ​ကြောင့် အဲဒီ​ရွှေ​ငွေ​တွေ​ကို ရွံ​စ​ရာ​ဖြစ်အောင် ငါ​လုပ်​မယ်။ ၂၁  တိုင်း​တစ်ပါး​သား​တွေ လု​ယက်​ဖို့၊ လူ​ဆိုး​တွေ သိမ်း​ယူ​ဖို့ ငါ​အပ်​မှာ​ဖြစ်​လို့ အဲဒီ​ရွှေ​ငွေ​တွေ​ကို သူတို့ ညစ်​ညူး​စေ​မယ်။ ၂၂  “‘သူတို့​ကို ငါ​မျက်​နှာ​လွှဲ​မယ်။+ ရန်​သူ​တွေ​က ငါ့​ရဲ့​လျှို့ဝှက်​နေ​ရာ​ကို* ညစ်​ညူး​စေ​မယ်။ ဓား​ပြတွေ ဝင်​လာ​ပြီး ညစ်​ညူး​စေ​မယ်။+ ၂၃  “‘သုံ့​ပန်း​တွေ​ကို ချည်​ဖို့ သံ​ကြိုး​တွေ လုပ်​ပါ။+ တိုင်း​ပြည်​မှာ မမျှ​တ​တဲ့​စီ​ရင်​ချက်​တွေ​ကြောင့် လူ​တွေ သေဆုံး​နေ​တယ်။+ မြို့​ထဲ​မှာ​လည်း အကြမ်း​ဖက်​မှု​တွေ အပြည့်​ပဲ။+ ၂၄  ငါ​က လူမျိုး​ခြား​တွေ​ထဲ​က အဆိုး​ဆုံး​လူ​တွေ​ကို ခေါ်​လာ​ပြီး+ အိမ်​တွေ​ကို သိမ်း​ယူ​စေ​မယ်။+ ခွန်​အား​ကြီး​သူ​တွေရဲ့ မာ​န​ကို ချိုး​ပစ်​မယ်။ သန့်​ရှင်း​ရာ​အရပ်တွေ ညစ်​ညူး​သွား​လိမ့်​မယ်။+ ၂၅  သူတို့ ဝေ​ဒ​နာ​ခံစား​ရ​တဲ့​အခါ ငြိမ်သက်​ခြင်း​ကို ရှာ​မှာ​ပဲ။ ဒါ​ပေမဲ့ တွေ့​မှာ​မဟုတ်​ဘူး။+ ၂၆  ဘေး​ဒုက္ခ တစ်​ခု​ပြီး​တစ်​ခု ဖြစ်​လာ​မယ်။ သတင်း တစ်​ခု​ပြီး​တစ်​ခု ကြား​ရ​လိမ့်​မယ်။ လူ​တွေ​က ပရော​ဖက်​ကို စိတ်​အာ​ရုံ​အကြောင်း မေး​မြန်း​ကြ​လိမ့်​မယ်။+ ပု​ရော​ဟိတ်​တွေ​က ပညတ်​အကြောင်း သင်​ပေး​နိုင်​မှာ မဟုတ်​ဘူး။ အကြီး​အကဲ​တွေ​လည်း အကြံ​ဉာဏ်​ပေး​နိုင်​မှာ မဟုတ်​ဘူး။+ ၂၇  ဘု​ရင်​ဟာ ညည်း​တွား​ငို​ကြွေး​ရ​လိမ့်​မယ်။+ ခေါင်း​ဆောင်​လည်း စိတ်​ပျက်​နေ​လိမ့်​မယ်။ ပြည်​သား​တွေ​ဟာ ကြောက်​လွန်း​လို့ လက်​တွေ တ​ဆတ်​ဆတ် တုန်​နေ​လိမ့်​မယ်။ သူတို့​ရဲ့ လမ်း​စဉ်​နဲ့​အညီ ငါ​ဆက်ဆံ​မယ်။ သူတို့ တ​ရား​စီ​ရင်ခဲ့​တဲ့​အတိုင်း ပြန်​တ​ရား​စီ​ရင်​မယ်။ ငါ​ဟာ ယေဟောဝါ​ပဲ​ဆို​တာ သူတို့ သိ​ရ​ကြ​လိမ့်​မယ်။’”+

အောက်ခြေမှတ်ချက်များ

“ပန်း​ကုံး” လည်း​ဖြစ်​နိုင်။
“ပန်း​ကုံး” လည်း​ဖြစ်​နိုင်။
“သူတို့” လည်း​ဖြစ်​နိုင်။
ကြောက်​လို့ ဆီး​ထွက်​ကျ​တာ​ဖြစ်။
ခက်​ဆစ်​ကို​ကြည့်။
ယေဟောဝါ​ရဲ့ သန့်​ရှင်း​ရာ​ဌာန​တော်​ထဲ​က အတွင်း​အကျ​ဆုံး​အခန်း ဖြစ်​နိုင်။