မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မြည်တမ်းစကား ၃:၁-၆၆

မာတိကာ

  • ခံစား​ချက်​နဲ့ မျှော်​လင့်​ချက်​အကြောင်း ယေ​ရ​မိ​ရင်​ဖွင့်

    • “စိတ်​ရှည်​ရှည်​နဲ့ စောင့်​နေ​ပါ့​မယ်” (၂၁)

    • ကရု​ဏာ​တော်​ဟာ မနက်​တိုင်း သစ်​လွင်​နေ (၂၂၊ ၂၃)

    • ယေဟောဝါ​ဟာ မိမိ​ကို​မျှော်​လင့်​နေ​သူ​အပေါ် ကောင်းမြတ် (၂၅)

    • လူ​ဟာ ငယ်​ရွယ်​တုန်း ထမ်း​ပိုး​ထမ်း​တာ ကောင်း (၂၇)

    • ဘု​ရား​သခင်​က မိမိ​ကိုယ်​ကို တိမ်​ထု​နဲ့​ကာဆီး (၄၃၊ ၄၄)

א  ငါ​ဟာ အမျက်​တော်​ကြိမ်​လုံး​ကြောင့် ဒုက္ခ​ခံ​နေ​ရ​သူ​ပါ။  ၂  ဘု​ရား​က ငါ့​ကို မောင်း​ထုတ်​ပြီး​ အလင်း​ထဲ​မှာ မဟုတ်​ဘဲ အမှောင်​ထဲ​မှာ လျှောက်​ခိုင်း​နေတယ်။+  ၃  ငါ့​ကို တစ်​နေ့​လုံး လက်​တော်နဲ့​ အကြိမ်​ကြိမ် ဒဏ်​ခတ်​နေ​တယ်။+ ב  ၄  ငါ့​ကို အရိုး​ပေါ်​အရေ​တင် ဖြစ်​စေ​တယ်။ အရိုး​တွေ​ကို ချိုး​ပစ်​တယ်။  ၅  ဘု​ရား​က ငါ့​ကို ဝိုင်း​ထား​တယ်။ ခါးသီး​တဲ့​အဆိပ်​တွေ၊+ အခက်​အခဲ​တွေ​နဲ့ ဝိုင်း​ရံ​ထား​တယ်။  ၆  ဟိုး​တုန်း​က သေဆုံး​သွား​သူ​တွေ​လို အမှောင်​ထဲ​မှာ အတင်း​ထိုင်​ခိုင်း​တယ်။ ג  ၇  ငါ​မလွတ်​မြောက်​နိုင်​အောင် တံတိုင်း​ခတ်​ထား​တယ်။ ကြေး​နီ​ခြေ​ကျဉ်း​တွေ ခတ်​ထား​တယ်။+  ၈  အသည်း​အသန် အော်​ဟစ်​အကူ​အညီ​တောင်း​ပေမဲ့ ငါ့​ဆုတောင်း​ချက်​ကို နား​မထောင်​ဘူး။+  ၉  ငါ့​လမ်း​တွေ​ကို ဆစ်​ထား​တဲ့​ကျောက်​တုံး​တွေ​နဲ့ ပိတ်​ဆို့​ထား​တယ်။ လမ်း​တွေ​ကို ကွေ့​ကောက်​စေ​တယ်။+ ד ၁၀  ငါ့​ကို တိုက်​ဖို့ ဝက်​ဝံ​လို ချောင်း​မြောင်း​ပြီး ခြင်္သေ့​လို ဝပ်​နေ​တယ်။+ ၁၁  လမ်း​ပေါ်​က​နေ တွန်း​ချ​တယ်။ အပိုင်း​ပိုင်း ဆွဲ​ဖဲ့​တယ်။* လူ​သူ​ကင်း​မဲ့​စေ​တယ်။+ ၁၂  လေး​ကို​တင်​ပြီး ငါ့​ကို ပစ်​မှတ်​အဖြစ် ချိန်​ရွယ်​တယ်။ ה ၁၃  မြား​ကျည်​တောက်​ထဲ​က မြား​တွေ​နဲ့ ငါ့​ကျောက်​ကပ်​တွေ​ကို ခွင်း​ပစ်​တယ်။ ၁၄  ငါ​ဟာ လူ​တွေ ဝိုင်း​ဟား​စရာ၊​ တစ်​နေ့​လုံး သီချင်း​ဖွဲ့​ဆို​စ​ရာ ဖြစ်နေ​တယ်။ ၁၅  ငါ့​ကို ခါး​သီး​တဲ့​အရာတွေ​နဲ့​ ဗိုက်ဝစေ​တယ်။ ဒေါ​န​နဲ့* ဝစေတယ်။+ ו ၁၆  ကျောက်​စ​ရစ်​ခဲ ကျွေး​ပြီး ငါ့​သွား​တွေ​ကို ချိုး​ပစ်​တယ်။ ငါ့​ကို ပြာ​ထဲ​မှာ လူး​လိမ့်​စေ​တယ်။+ ၁၇  ကျွန်​တော့်​ကို စိတ်​ငြိမ်သက်​မှု​ မပေး​ဘူး။ ကောင်း​တာ​တွေ​ကို မေ့​ကုန်​ပြီ။ ၁၈  ဒါ​ကြောင့် “ငါ့​ရဲ့​ခမ်း​နား​မှု​တွေ၊ ယေဟောဝါ အပေါ်​ထား​တဲ့ မျှော်​လင့်​ချက်​တွေ ပျက်​စီး​သွား​ပြီ” လို့ ကျွန်​တော်​ပြော​တယ်။ ז ၁၉  ကျွန်​တော် ဒုက္ခရောက်​ပြီး အိုး​မဲ့​အိမ်​မဲ့​ဖြစ်​နေ​တာ၊+ ဒေါ​န​နဲ့ ခါးသီး​တဲ့​အဆိပ်​ပဲ စား​နေ​ရ​တာ​ကို သတိ​ရ​လှည့်​ပါ။+ ၂၀  ကိုယ်​တော် ကျိန်း​သေသတိ​ရ​ပြီး​ ကျွန်​တော့်​ကို ကူညီ​ပေး​ဖို့ ကိုယ်ကို ကိုင်း​ညွတ်​လိမ့်​မယ်။+ ၂၁  အဲ​ဒါ​ကို ကျွန်​တော့်​စိတ်​ထဲ ပြန်​အမှတ်​ရ​နေ​တယ်။ ဒါ​ကြောင့် စိတ်​ရှည်​ရှည်​နဲ့ စောင့်​နေ​ပါ့​မယ်။+ ח ၂၂  ယေဟောဝါ​ရဲ့ ခိုင်​မြဲတဲ့​မေတ္တာ​ကြောင့် ကျွန်​တော်​တို့ ဇာတ်​သိမ်း​သွား​မှာ မဟုတ်​ဘူး။+ ကရု​ဏာ​တော် ဘယ်​တော့​မှ မကုန်​ဆုံး​ဘူး။+ ၂၃  ကရု​ဏာ​တော်​ဟာ မနက်​တိုင်း သစ်​လွင်​နေ​တယ်။+ သစ္စာ​တ​ရား ကြီး​မား​လှ​တယ်။+ ၂၄  “ယေဟောဝါ​ဟာ ငါ့​ဝေ​စု​ပဲ။+ ဒါကြောင့် ကိုယ်​တော့်​ကို စိတ်​ရှည်​ရှည်​နဲ့ စောင့်​မယ်”+ လို့ ကျွန်တော်​ပြော​တယ်။ ט ၂၅  ယေဟောဝါ​ဟာ မိမိ​ကို မျှော်လင့်​နေ​သူ​အပေါ်၊+ မိမိ​ကို အမြဲရှာ​ဖွေ​နေ​သူ​အပေါ် ကောင်းမြတ်​တယ်။+ ၂၆  ယေဟောဝါ​ရဲ့ ကယ်​တင်​ခြင်း​ကို+​ နှုတ်​ဆိတ်​ပြီး* စောင့်​နေ​တာ ကောင်း​တယ်။+ ၂၇  လူ​ဟာ ငယ်​ရွယ်​တုန်း ထမ်း​ပိုး​ထမ်း​တာ ကောင်း​တယ်။+ י ၂၈  သူ့​အပေါ် ဘု​ရား ထမ်း​ပိုး​တင်​တဲ့​အခါ တစ်​ယောက်​တည်း ထိုင်​ပြီး နှုတ်​ဆိတ်​နေ​ပါ​စေ။+ ၂၉  မျှော်​လင့်​ချက် ရှိ​ကောင်း​ရှိ​နိုင်​တဲ့​အတွက်+ မျက်​နှာ​ကို မြေမှာ​အပ်ထား​ပါ​စေ။+ ၃၀  ပါး​ရိုက်​တဲ့​သူ​ကို ပါး​ရိုက်​ခွင့်​ပေး​ပါ​စေ။ စော်​ကား​မှု​တွေ​ကို အပြည့်​အဝ ခံ​ရ​ပါ​စေ။ כ ၃၁  ငါ​တို့​ကို ယေဟောဝါ ထာ​ဝ​စဉ် စွန့်ပစ်​ထား​မှာ မဟုတ်​ဘူး။+ ၃၂  ဘု​ရား​က ဝမ်း​နည်း​ပူ​ဆွေး​စေ​ပေမဲ့ ခိုင်​မြဲတဲ့​မေတ္တာ​တော် ကြွယ်​ဝ​တဲ့​အတိုင်း ကရု​ဏာ​လည်း ပြလိမ့်​မယ်။+ ၃၃  လူ​တွေ​ကို ဒုက္ခရောက်​စေ​ဖို့၊​ သောက​ရောက်​စေ​ဖို့ အလို​မရှိ​ဘူး။+ ל ၃၄  အကျဉ်း​သား​တွေ​ကို နင်း​ခြေ​တာ၊+ ၃၅  အမြင့်​ဆုံး​အရှင်​ရှေ့​မှာ တ​ရား​မျှ​တ​စွာ မစီ​ရင်​ပေး​တာ၊+ ၃၆  ဖြတ်​စား​လျှပ်​စား လုပ်​ပြီး အမှု​ၡုံး​စေ​တာ၊ဒါ​တွေ​ကို ယေဟောဝါ သည်း​မခံ​ဘူး။ מ ၃၇  ယေဟောဝါ အမိန့်​မပေး​ဘဲ ဘယ်​သူ အမိန့်​ပေး​ပြီး အဲဒီ​အတိုင်း​ဖြစ်​အောင် လုပ်​နိုင်​လို့​လဲ။ ၃၈  အမြင့်​ဆုံး​အရှင်​ရဲ့ နှုတ်​က​နေ ကောင်း​တာ​ရော မကောင်း​တာ​ရော အတူ ထွက်​မလာ​ဘူး။ ၃၉  ကိုယ့်​အပြစ်​နဲ့ ကိုယ်​ခံ​ရ​တာ​ကို​ ဘာ​လို့ မကျေ​မနပ် ဖြစ်​နေ​ရ​မှာ​လဲ။+ נ ၄၀  ငါ​တို့​ရဲ့​လမ်း​စဉ်တွေ​ကို အသေအချာ ဆန်း​စစ်​ပြီး+ ယေဟောဝါ​ဆီ ပြန်​သွား​ကြ​စို့။+ ၄၁  ကောင်း​ကင်​မှာ​ရှိ​တဲ့ ဘု​ရား​သခင်​ဆီ စိတ်​ရင်း​မှန်​နဲ့ လက်​ဖြန့်​ဆုတောင်း​ကြ​စို့-+ ၄၂  “ကျွန်​တော်​တို့ ပြစ်​မှား​မိ​ပါ​ပြီ။ ပုန်​ကန်​မိ​ပါ​ပြီ။+ ကျွန်​တော်​တို့​ကို ကိုယ်​တော် ခွင့်​မလွှတ်​ဘူး။+ ס ၄၃  ကျွန်​တော်​တို့ မလာ​နိုင်​အောင် အမျက်​တော်​နဲ့ ကာ​ဆီး​ထား​တယ်။+ လိုက်​ဖမ်း​ပြီး မညှာ​မတာ ကွပ်​မျက်​တယ်။+ ၄၄  ကျွန်​တော်​တို့​ရဲ့ ဆုတောင်း​ချက်​တွေ ရှေ့​တော် မရောက်​နိုင်​အောင် တိမ်​ထု​ကြီး​နဲ့ ကာ​ဆီး​ထား​တယ်။+ ၄၅  ကျွန်​တော်​တို့​ကို လူ​ပုံ​အလယ်​မှာ အညစ်​အကြေး၊ အမှိုက်​သရိုက် ဖြစ်​စေ​တယ်။” פ ၄၆  ငါ​တို့​ကို ဝါး​မျို​ဖို့ ရန်​သူ​တွေ ပါး​စပ်​ဟ​ထား​ကြ​တယ်။+ ၄၇  ကြောက်​လန့်​စ​ရာတွေ၊ တွင်းတွေ၊+ လူ​သူ​ကင်း​မဲ့​တာ​တွေ၊ ဒဏ်​ရာ​ဒဏ်​ချက်​တွေ​ဟာ ငါ​တို့​ရဲ့​ဝေ​စု​ပဲ။+ ၄၈  ငါ့​လူမျိုး​သမီး​ပျို​ရဲ့ ဒဏ်​ရာ​ကြောင့် ငါ့​မျက်​ရည်တွေ ချောင်း​လို​စီး​နေ​တယ်။+ ע ၄၉  မနား​တမ်း ဆက်​တိုက် ငို​နေ​တယ်။+ ၅၀  ကောင်း​ကင်​ပေါ်​က​နေ ယေဟောဝါ ငုံ့​ပြီး မကြည့်​မချင်း ငါ​ငို​နေ​မယ်။+ ၅၁  ငါ့​မြို့​မှာ​ရှိ​တဲ့ သမီး​ပျို​တွေရဲ့​အဖြစ်​ကို မြင်​နေ​ရလို့ ငါ့​မှာ ဝမ်း​နည်း​ကြေ​ကွဲ​နေ​တယ်။+ צ ၅၂  ငှက်​ဖမ်း​သလို ရန်​သူ​တွေ​က အကြောင်း​မရှိ​ဘဲ ငါ့​ကို လိုက်​ဖမ်း​နေ​ကြ​တယ်။ ၅၃  ငါ့​ကို တွင်း​ထဲ​မှာ အဆုံး​စီ​ရင်​ကြ​တယ်။ ကျောက်​ခဲ​နဲ့ ပေါက်​ကြ​တယ်။ ၅၄  ခေါင်း​ပေါ် ရေတွေ ဒ​လ​ဟော​စီးကျ​နေ​တဲ့​အတွက် “သေပါ​ပြီ” လို့ ငါပြော​မိ​တယ်။ ק ၅၅  အို ယေဟောဝါ၊ တွင်း​နက်​ထဲ​က​နေ နာ​မတော်​ကို အော်​ခေါ်​ပါ​တယ်။+ ၅၆  ကျွန်​တော့်​အသံ​ကို ကြား​လှည့်​ပါ။ လွတ်​မြောက်​နိုင်​ဖို့ အော်​ဟစ်​အကူ​အညီ​တောင်း​တဲ့​အခါ နား​ပိတ်​မထား​ပါ​နဲ့။ ၅၇  ကျွန်​တော် အော်​ခေါ်​တဲ့​နေ့​မှာ​အနား​ရောက်​လာ​ပြီး “မကြောက်​ပါ​နဲ့” လို့ ကိုယ်​တော် ပြော​တယ်။ ר ၅၈  အို ယေဟောဝါ၊ ကျွန်​တော့်​အမှု​ကို ကိုယ်​တော် ခု​ခံ​ကာ​ကွယ်​ပေး​တယ်။ ကျွန်​တော့်​အသက်​ကို ရွေး​ယူ​တယ်။+ ၅၉  ယေဟောဝါ​ဘု​ရား၊ ကျွန်​တော် မတ​ရား​ခံ​ရ​တာ​ကို ကိုယ်​တော် မြင်​ပါ​ပြီ။ တ​ရား​မျှ​တ​စွာ စီ​ရင်​ပေး​လှည့်​ပါ။+ ၆၀  ကျွန်​တော့်​ကို လက်​စား​ချေ​နေ​တာ၊ မကောင်း​ကြံ​တာ​ကို​လည်း မြင်​ပါ​ပြီ။ ש ၆၁  အို ယေဟောဝါ၊ ကျွန်​တော့်​ကိုကဲ့​ရဲ့​ထေ့​ငေါ့​နေ​တာ၊ မကောင်း​ကြံ​တာ၊+ ၆၂  ဆန့်​ကျင်​သူ​တွေရဲ့​စကား၊ကျွန်​တော့် မကောင်း​ကြောင်း တစ်​နေ့​လုံး တီး​တိုး​ပြော​နေ​တာ​ကို ကိုယ်​တော်​ကြား​ပါ​ပြီ။ ၆၃  ထိုင်​နေ​နေ၊ ထ​နေ​နေ ကျွန်​တော့်​အကြောင်း သီချင်း​ဖွဲ့​ဆို​ပြီး လှောင်​နေ​တာ​ကို ကြည့်​လှည့်​ပါဦး။ ת ၆၄  အို ယေဟောဝါ၊ သူတို့​လုပ်​ရပ်တွေအတိုင်း ကိုယ်​တော် ပြန်​ဆပ်​ပေး​လိမ့်​မယ်။ ၆၅  ကျိန်​စာ​တိုက်​ထား​တဲ့​အတိုင်း သူတို့​ကို အကြင်နာ​တ​ရား ကင်း​မဲ့​စေ​မယ်။ ၆၆  အို ယေဟောဝါ၊ သူတို့​ကို ဒေါသ​တ​ကြီး လိုက်​ဖမ်း​ပြီး ကောင်း​ကင်​အောက်​က​နေ အစ​တုံး ဖျက်​ဆီး​လိမ့်​မယ်။

အောက်ခြေမှတ်ချက်များ

“ငါ့​ကို မြေရိုင်း​လို ဖြစ်​စေ​တယ်” လည်း​ဖြစ်​နိုင်။
ခက်​ဆစ်​ကို​ကြည့်။
ဒါ​မှ​မဟုတ်၊ “စိတ်​ရှည်​ရှည်။”