မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မာကု ၁၅:၁-၄၇

မာတိကာ

  • ပိလတ်​မင်း​ရှေ့ စစ်​ဆေး​ခံ​ရ​တဲ့ ယေရှု (၁-၁၅)

  • လူ​ရှေ့​သူ​ရှေ့ ပြောင်​လှောင်​ခံ​ရ (၁၆-၂၀)

  • ဂေါ​လ​ဂေါသ​အရပ်​မှာ သစ်​တိုင်​ပေါ်​တင်​ပြီး သံနဲ့ရိုက်ထား​ကြ (၂၁-၃၂)

  • ယေရှု သေဆုံး (၃၃-၄၁)

  • ယေရှု​ကို သင်္ဂြိုဟ်​ကြ (၄၂-၄၇)

၁၅  မနက်​မိုး​လင်း​တာ​နဲ့ ပု​ရော​ဟိတ်​ကြီး​တွေ၊  အကြီး​အကဲ​တွေ၊ ကျမ်း​တတ်​တွေ​ပါ​တဲ့ ဂျူး​တ​ရား​ရုံး​ချုပ် အဖွဲ့​ဝင်​အားလုံး တိုင်​ပင်​ကြ​တယ်။ အဲဒီ​နောက် ယေရှု​ကို ချည်​နှောင်​ပြီး ပိလတ်​မင်း​ဆီ အပ်​လိုက်​တယ်။+ ၂  ပိလတ်​မင်း​က “မင်း​ဟာ ဂျူး​တွေရဲ့​ဘု​ရင် ဟုတ်​သလား”+ လို့​မေး​တော့ ယေရှု​က “မင်း​ကြီး​ပြော​တာ အမှန်​ပဲ” လို့​ဖြေတယ်။+ ၃  ပု​ရော​ဟိတ်​ကြီး​တွေ​က​တော့ ယေရှု​ကို  အမျိုး​မျိုး  စွပ်​စွဲ​နေ​ကြ​တယ်။ ၄  ပိလတ်​မင်း​က “မင်း​ကို ဒီ​လောက်​စွပ်​စွဲ​နေ​တာ+ ဘာ​မှ ပြန်​မပြော​ဘူး​လား”+ ဆို​ပြီး​မေး​တော့​လည်း၊ ၅  ယေရှု တစ်​ခွန်း​မှ ပြန်​မပြော​တဲ့​အတွက် သူ​အံ့​သြသွား​တယ်။+ ၆  ပွဲ​တော်​နေ့​ရောက်​တိုင်း ပိလတ်​မင်း​က လူ​တွေ​တောင်း​ဆို​တဲ့ အကျဉ်း​သား​တစ်​ယောက်​ကို  လွှတ်​ပေး​တဲ့​ထုံး​စံ​ရှိ​တယ်။+ ၇  အဲဒီ​အချိန်​မှာ ဗာ​ရဗ္ဗလို့​ခေါ်​တဲ့  လူ​တစ်​ယောက်​ဟာ  သူပုန်​တွေ​နဲ့​အတူ ထောင်​ကျ​နေ​တယ်။ သူတို့​ဟာ ပုန်​ကန်​ထ​ကြွ​ပြီး လူ​သတ်​မှု ကျူး​လွန်​ခဲ့​သူ​တွေ​ပဲ။ ၈  လူ​တွေ​က  စု​ဝေး​လာ​ပြီး ထုံး​စံ​ရှိ​တဲ့​အတိုင်း အကျဉ်း​သား​တစ်​ယောက် လွှတ်​ပေး​ဖို့ တောင်း​ဆို​ကြ​တယ်။ ၉  ပိလတ်​မင်း​က “ဂျူး​တွေရဲ့​ဘု​ရင်​ကို လွှတ်​စေ​ချင်​သလား”+ ဆို​ပြီး လူ​တွေ​ကို ပြန်​မေး​တယ်။ ၁၀  ပု​ရော​ဟိတ်​ကြီး​တွေ​က ယေရှု​ကို မနာ​လို​စိတ်​နဲ့ အခု​လို အပ်​လိုက်​မှန်း ပိလတ်​မင်း ရိပ်​မိ​တယ်။+ ၁၁  ပု​ရော​ဟိတ်​ကြီး​တွေ​က ယေရှု​အစား ဗာ​ရဗ္ဗ​ကို လွှတ်​ပေး​ပါ​လို့ တောင်း​ဆို​ဖို့ လူ​အုပ်​ကို လှုံ့ဆော်​ထား​တယ်။+ ၁၂  ပိလတ်​မင်း​က “ဒါ​ဆို​ရင် ဂျူး​တွေရဲ့​ဘု​ရင်​ဆို​ပြီး မင်း​တို့​ပြော​နေ​တဲ့ ဒီ​လူ​ကို ငါ​ဘယ်​လို​လုပ်​ရ​မ​လဲ”+ လို့​ထပ်​မေး​တော့၊ ၁၃  “သစ်​တိုင်​ပေါ် တင်​လိုက်​ပါ”  လို့အော်​ကြ​ပြန်​တယ်။+ ၁၄  ပိလတ်​မင်း​က “ဘာ​ဖြစ်​လို့​လဲ။ သူ ဘာ​မကောင်း​တာ လုပ်​ခဲ့လို့​လဲ” ဆို​ပြီး ထပ်​မေး​တဲ့​အခါ သူတို့​က “သူ့​ကို သစ်​တိုင်​ပေါ် တင်​လိုက်​ပါ” လို့​ပဲ အသံ​ကုန်​အော်​ကြ​တယ်။+ ၁၅  အဲဒီ​အခါ လူ​တွေ​ကို လိုက်​လျော​ပေး​ချင်​တဲ့ ပိလတ်​မင်း​က ဗာရဗ္ဗ​ကို လွှတ်​ပေး​လိုက်​တယ်။ ယေရှု​ကို​တော့ ကျာ​ပွတ်​နဲ့ ရိုက်​စေ​ပြီး+ သစ်​တိုင်​ပေါ်​မှာ ကွပ်​မျက်​ဖို့ အပ်​လိုက်​တယ်။+ ၁၆  စစ်​သည်​တွေ​က ယေရှု​ကို ဘုရင်​ခံ​နန်း​ဆောင်​ဝင်း​ထဲ ခေါ်​သွား​ပြီး စစ်​တပ်​တစ်​တပ်​လုံး​ကို​လည်း  စု​ရုံး​လိုက်​တယ်။+ ၁၇  အဲဒီ​နောက် ယေရှု​ကို ခရမ်း​ရောင်​ဝတ်​ရုံ ဝတ်​ဆင်​ပေး​တယ်။ ဆူး​ခက်​သရ​ဖူ​လုပ်​ပြီး ဆောင်း​ပေး​တယ်။ ၁၈  ပြီး​တော့ “ဂျူး​တို့​ရဲ့​ဘု​ရင်၊ မင်္ဂလာ​ပါ” လို့​ပြော​ကြ​တယ်။+ ၁၉  ယေရှု​ကို တံ​တွေး​နဲ့​ထွေး​ပြီး ခေါင်း​ကို ကျူ​ရိုး​နဲ့​ရိုက်​တယ်။ ရှေ့​မှာ ဒူး​ထောက်​ပြီး ဦး​ညွှတ်​ကြ​တယ်။ ၂၀  အဲဒီ​လို လှောင်​ပြောင်​ပြီး​တဲ့​နောက် ခရမ်းရောင်​ဝတ်​ရုံ​ကို ပြန်​ချွတ်​ယူ​ပြီး သူ့​အဝတ်​ကို ပြန်​ဝတ်​ခိုင်း​တယ်။ ပြီး​တော့ သစ်​တိုင်​ပေါ်​တင်​ပြီး သံ​နဲ့​ရိုက်​ထား​ဖို့  ခေါ်​ထုတ်​သွား​တယ်။+ ၂၁  အလက်​ဇန္ဒား​နဲ့ ရု​ဖု​တို့​ရဲ့​ဖခင်၊ ကုရေ​နေ​မြို့​သား ရှိ​မုန် တော​ရွာ​က​နေ လာ​နေ​တာ​ကို  စစ်​သား​တွေ​တွေ့​တော့ အတင်း​အကျပ်​ခေါ်​ပြီး ယေရှု​ကို​တင်​ပြီး​သတ်​မယ့် သစ်​တိုင်​ကို ထမ်း​ခိုင်း​တယ်။+ ၂၂  အဲဒီ​လို​နဲ့ ယေရှု​ကို “ဦး​ခေါင်း​ခွံ​အရပ်”  လို့​ အဓိပ္ပာယ်​ရှိ​တဲ့ ‘ဂေါ​လ​ဂေါသ​’ အရပ်​ဆီ ခေါ်​သွား​ကြ​တယ်။+ ၂၃  အဲဒီ​ကို​ရောက်​တော့ ထုံ​ထိုင်း​စေ​ဖို့ မုရန်​ရော​ထား​တဲ့ ဝိုင်​ကို တိုက်​ပေမဲ့+ ယေရှု  မသောက်​ဘဲ​နေ​တယ်။ ၂၄  အဲဒီ​နောက် သူတို့​က ယေရှု​ကို သစ်​တိုင်​ပေါ်​တင်​ပြီး သံ​နဲ့​ရိုက်​ကြ​တယ်။ ဝတ်​လုံ​တွေ​ကို​တော့ ဘယ်​သူ ဘာ​ယူ​မယ်​ဆို​တာ သိနိုင်​ဖို့  မဲ​ချ​ပြီး  ခွဲ​ယူ​ကြ​တယ်။+ ၂၅  မနက် ၉ နာ​ရီ* လောက်​မှာ ယေရှု​ကို သစ်​တိုင်​ပေါ်​တင်​ပြီး သံ​နဲ့​ရိုက်​ကြ​တယ်။ ၂၆  “ဂျူး​တို့​ရဲ့​ဘု​ရင်” ဆို​တဲ့ စွဲ​ချက်​ကို​ရေး​ပြီး ခေါင်း​အပေါ်​နား​မှာ တပ်​ထား​တယ်။+ ၂၇  ဓား​ပြနှစ်​ယောက်​ကို​လည်း ယေရှု​ရဲ့​ညာ​ဘက်​မှာ တစ်​ယောက်၊  ဘယ်​ဘက်​မှာ  တစ်​ယောက် သစ်​တိုင်​ပေါ်  တင်​ကြ​တယ်။+ ၂၈  * ၂၉  ဖြတ်​သန်း​သွား​လာ​သူ​တွေ​က ယေရှု​ကို  ကဲ့​ရဲ့​ကြ​တယ်။ ခေါင်း​တ​ခါ​ခါ လုပ်​ပြီး+ “ဗိမာန်​တော်​ကို ဖြို​ဖျက်​ပြီး သုံး​ရက်​အတွင်း ပြန်​ဆောက်​မယ့်​လူ၊+ ၃၀  သစ်​တိုင်​ပေါ်​က​နေ  ဆင်း​ခဲ့​လေ။ ကိုယ့်​ကိုယ်​ကိုယ် ကယ်​တင်​လိုက်​လေ” လို့ ပြော​ကြ​တယ်။ ၃၁  ပု​ရော​ဟိတ်​ကြီး​တွေ၊ ကျမ်း​တတ်​တွေ​က​လည်း “ဒီ​လူ၊ တ​ခြား​သူ​ကို​တော့ ကယ်​နိုင်​ပါ​ရဲ့။ ကိုယ့်​ကိုယ်​ကိုယ်​တော့ မကယ်​နိုင်​ပါ​လား။+ ၃၂  အစ္စရေး​ဘုရင်​ ခ​ရစ်​တော်၊ သစ်​တိုင်​ပေါ်​က​နေ အခု ဆင်း​လာ​လေ။ ဆင်း​လာ​တာ​ကို မြင်​ရရင် ကျုပ်​တို့ ယုံ​မှာ​ပေါ့”+ ဆိုပြီး​ ယေရှု​ကို ဝိုင်း​လှောင်​ကြ​တယ်။ ဘေး​မှာ သစ်​တိုင်​တင်​ခံ​ရ​တဲ့ ဓား​ပြတွေ​တောင် ယေရှု​ကို ကဲ့​ရဲ့​ပြော​ဆို​ကြ​တယ်။+ ၃၃  မွန်း​တည့် ၁၂ နာ​ရီ​မှာ* တစ်​ပြည်​လုံး အမှောင်​ကျ​သွား​တယ်။ မွန်း​လွဲ ၃ နာရီ*​  အထိ  မှောင်​နေ​တုန်း​ပဲ။+ ၃၄  မွန်း​လွဲ ၃ နာ​ရီ​မှာ ယေရှု​က “ဧ​လိ၊ ဧ​လိ၊ လာ​မာ ရှာ​ဗတ်​ခ​သာ​နိ” လို့ အော်​ပြော​တယ်။ “ကျွန်​တော့်​ဘုရား၊ ကျွန်​တော့်​ဘု​ရား၊ ကျွန်​တော့်​ကို ဘာ​လို့ စွန့်​ပစ်​တာ​လဲ” ဆို​တဲ့​အဓိပ္ပာယ်​ပဲ။+ ၃၅  ဒါ​ကို​ကြား​တော့ အနီး​တစ်​ဝိုက်​မှာ ရပ်​နေ​သူ​တ​ချို့​က “ကြည့်​စမ်း​ပါ​ဦး၊ သူ ဧလိယ​ကို  ခေါ်​နေ​တာ”  လို့​ပြော​ကြ​တယ်။ ၃၆  တစ်​ယောက်​က ခပ်​သုတ်​သုတ် ပြေး​သွား​ပြီး ရေ​မြှုပ်​ကို ယူ၊ အချဉ်​ပေါက်​နေ​တဲ့ ဝိုင်​ထဲ နှစ်​လိုက်​တယ်။ ပြီး​တော့ ရေ​မြှုပ်​ကို ကျူ​ရိုး​ထိပ်​မှာ​တပ်၊ ယေရှု​ကို သောက်​ခိုင်း​ပြီး+ “နေ​ပါ​စေ၊ သူ့​ကို ဧလိယ လာ​ကယ်​မကယ် စောင့်​ကြည့်​ရ​အောင်” လို့​ပြော​တယ်။ ၃၇  ယေရှု​က အကျယ်​ကြီး အော်​ပြီး​နောက်  အသက်​ထွက်​သွား​တယ်။+ ၃၈  အဲဒီ​အခါ ဗိမာန်​တော်​ကန့်​လန့်​ကာ​ဟာ+ အထက်​အောက် နှစ်​ခြမ်း​ကွဲ​သွား​တယ်။+ ၃၉  ရှေ့​မှာ​ရပ်​နေ​တဲ့ တပ်​မှူး​က ယေရှု သေဆုံး​ခါ​နီး​အချိန်​မှာ ဖြစ်​ပျက်​တာ​တွေ​ကို မြင်​တဲ့​အခါ “သေချာ​တယ်၊ သူ​ဟာ ဘု​ရား​သခင်​ရဲ့ သား​ပဲ”+ လို့​ပြော​တယ်။ ၄၀  အမျိုး​သမီး​တွေ​လည်း အဝေး​ကနေ  ကြည့်​နေ​တယ်။  သူတို့​ထဲ​မှာ  မာဂဒ​လ​မာ​ရိ၊  ယာကုပ်​ငယ်​နဲ့​ယော​သေတို့​ရဲ့ မိ​ခင်​မာ​ရိ၊  ရှာ​လုံ​တို့  ပါ​တယ်။+ ၄၁  သူတို့​ဟာ  ဂါ​လိ​လဲ​ပြည်​မှာ ယေရှု​ရှိ​နေ​တုန်း​က အတူ​လိုက်​ပြီး အလုပ်​အကျွေး​ပြု​သူ​တွေ​ပဲ။+ ယေရှု​နဲ့​အတူ ဂျေရု​ဆ​လင်​မြို့​ကို လိုက်​လာ​တဲ့ တခြား​အမျိုး​သမီး​တွေ​လည်း ပါ​တယ်။ ၄၂  အချိန်​က ည​နေ​စောင်း​ဖြစ်​နေ​ပြီ။ ဥ​ပုသ်​နေ့​မတိုင်​ခင်​တစ်​ရက် အဖိတ်​နေ့* ဖြစ်​နေ​တော့၊ ၄၃  အရိ​မသဲ​မြို့​သား ယော​သပ်​က ပိလတ်​မင်း​ကို အရဲ​စွန့် ဝင်​တွေ့​ပြီး ယေရှု​အလောင်း​ကို တောင်း​တယ်။+ ယော​သပ်​ဟာ ဂုဏ်​အသရေ​ရှိ​သူ ကောင်​စီ​အဖွဲ့​ဝင်​ဖြစ်​ပြီး ဘု​ရား​သခင့် နိုင်​ငံ​တော်​ကို စောင့်​မျှော်​နေ​သူ​ပဲ။ ၄၄  ပိလတ်​မင်း​က ယေရှု​သေမသေ သိ​ချင်​တဲ့​အတွက် တပ်​မှူး​ကို ဆင့်​ခေါ်​ပြီး မေး​ကြည့်​တယ်။ ၄၅  ယေရှု သေပြီဆို​တာ​ကို တပ်​မှူး​ဆီ​က သိ​ရ​တော့ ယော​သပ်​ကို အလောင်း​ယူ​ခွင့် ပေး​လိုက်​တယ်။ ၄၆  ယော​သပ်​က ယေရှု​ရဲ့​အလောင်း​ကို သစ်​တိုင်​ပေါ်​က​ချ၊ ဝယ်​လာ​တဲ့​ပိတ်​ချော​နဲ့ ပတ်​ရစ်​ပြီး ကျောက်​ဆောင်​ထဲ​ထွင်း​ထား​တဲ့  သင်္ချိုင်း​ဂူ​ထဲ ထည့်​တယ်။+ အဲဒီ​နောက် ကျောက်​တုံး​ကို လှိမ့်​ပြီး ဂူ​ဝ​ကို ပိတ်​လိုက်​တယ်။+ ၄၇  မာ​ဂဒ​လ​မာ​ရိ​နဲ့ ယော​သေရဲ့​မိ​ခင် မာ​ရိ​က​တော့ ယေရှု​ရဲ့​သင်္ချိုင်း​ဂူ​ကို ကြည့်​ရင်း ကျန်​ရစ်ခဲ့​တယ်။+

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “နေ​ထွက်​ပြီး​နောက် ၃ ချက်​တီး။”
မူ​ရင်း၊ “နေ​ထွက်​ပြီး​နောက် ၆ ချက်​တီး။”
မူ​ရင်း၊ “နေ​ထွက်​ပြီး​နောက် ၉ ချက်​တီး။”
ခက်​ဆစ်​ကို​ကြည့်။