မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဗျာဒိတ် ၁၃:၁-၁၈

မာတိကာ

  • ခေါင်း​ခု​နစ်​လုံး​ရှိ​တဲ့ သား​ရဲ ပင်​လယ်​ထဲ​က​နေ တက်လာ (၁-၁၀)

  • ချို​နှစ်​ချောင်း​ရှိ​တဲ့ သား​ရဲ မြေကြီး​ထဲ​က တက်လာ (၁၁-၁၃)

  • ခေါင်း​ခု​နစ်​လုံး​ရှိ​တဲ့ သား​ရဲရဲ့ ရုပ်​တု (၁၄၊ ၁၅)

  • သား​ရဲရဲ့ အမှတ်​တံ​ဆိပ်​နဲ့ ကိ​န်း​ဂဏန်း (၁၆-၁၈)

၁၃  အဲဒီ​နောက် န​ဂါး​က ပင်​လယ်​သဲ​သောင်​ပြင်​ပေါ်​မှာ ရပ်​နေ​တယ်။ အဲ​ဒီ​အခါ ချို​ဆယ်​ချောင်း​နဲ့ ခေါင်း​ခု​နစ်​လုံး​ရှိ​တဲ့ သား​ရဲ​တစ်​ကောင်+ ပင်​လယ်​ထဲ​က​နေ+ တက်​လာ​တာ​ကို ကျွန်​တော် မြင်​တယ်။ သား​ရဲ​က ချို​တွေ​ပေါ်​မှာ သရ​ဖူ​ဆယ်​ခု ဆောင်း​ထား​တယ်။ ခေါင်း​တွေ​မှာ​တော့ ဘု​ရား​သခင်​ကို စော်​ကား​တဲ့ နာ​မည်​တွေ ရှိ​တယ်။ ၂  ကျွန်​တော်​မြင်​ရ​တဲ့ အဲ​ဒီ​သား​ရဲ​ဟာ ကျား​သစ်​နဲ့​တူ​တယ်။ သူ့​ခြေ​ထောက်​က ဝက်​ဝံ​ခြေ​ထောက်၊ သူ့​ပါး​စပ်​က ခြင်္သေ့​ပါး​စပ်​နဲ့ တူ​တယ်။ အဲ​ဒီ​သား​ရဲ​က  န​ဂါး​ဆီ​က​နေ+  တန်​ခိုး၊ ပလ္လင်နဲ့  ကြီး​မား​တဲ့​အခွင့်​အာ​ဏာ​ကို  ရ​တယ်။+ ၃  သား​ရဲရဲ့ ခေါင်း​တစ်​လုံး​ဟာ သေလောက်​တဲ့​ဒဏ်​ရာ ရ​ထား​တာ​ကို ကျွန်​တော် မြင်​တယ်။ ဒါ​ပေမဲ့ သေလောက်​တဲ့  အဲ​ဒီ​ဒဏ်​ရာ  ပျောက်​ကင်း​သွား​တယ်။+ မြေတစ်​ပြင်​လုံး​မှာ​ရှိ​တဲ့​လူ​တွေ​က အံ့​သြကြည်​ညို​ပြီး သား​ရဲ​နောက်​ကို လိုက်​ကြ​တယ်။ ၄  သား​ရဲ​ကို အခွင့်​အာ​ဏာ ပေး​အပ်​ထား​တဲ့​န​ဂါး​ကို လူ​တွေ​ကိုး​ကွယ်​ကြ​တယ်။ “ဒီ​သား​ရဲ​နဲ့​တူ​တာ ဘယ်​သူ​ရှိ​လို့​လဲ။ သူ​နဲ့ ဘယ်​သူ​စစ်​ပြိုင်​နိုင်​လို့​လဲ” လို့​ပြော​ပြီး သား​ရဲ​ကို​လည်း ကိုး​ကွယ်​ကြ​တယ်။ ၅  သား​ရဲ​က ကြီး​ကျယ်​တဲ့​စ​ကား​တွေ၊ ဘု​ရား​သခင်​ကို​ စော်​ကား​တဲ့​စ​ကား​တွေ ပြော​နိုင်​တဲ့​အစွမ်း​သာ​မက ၄၂ လ​တိုင်​တိုင်+ စိတ်​ကြိုက်​လုပ်​ပိုင်​ခွင့် အာ​ဏာ​ကို​လည်း ရထား​တယ်။ ၆  သား​ရဲ​က ဘု​ရား​သ​ခင်​ကို စော်​ကား​ပြော​ဆို​ရုံ​မက+ ဘု​ရားရဲ့​နာ​မည်၊ စံ​မြန်း​ရာ​အရပ်​နဲ့ ကောင်း​ကင်​မှာ​နေ​ထိုင်​သူ​တွေ​ကို​ပါ+ စော်​ကား​ပြော​ဆို​တော့​တယ်။ ၇  သား​ရဲ​က သန့်​ရှင်း​သူ​တွေ​ကို  တိုက်​ခိုက်​အောင်​မြင်​နိုင်​တဲ့​အခွင့်၊+ လူ​မျိုး​နွယ်၊ လူ​စု၊ ဘာ​သာ​စ​ကား အမျိုး​မျိုး​ပြော​တဲ့​သူ​တွေ အား​လုံး​အပေါ် အုပ်​စိုး​ခွင့်​အာ​ဏာ​ကို​လည်း  ရ​ထား​တယ်။ ၈  ကမ္ဘာ​မြေပေါ်​နေ​ထိုင်​သူ​အား​လုံး​က သား​ရဲ​ကို ကိုး​ကွယ်​ကြ​လိမ့်​မယ်။ လူ့​လော​က​အစ​ပြု​ချိန်* က​တည်း​က သူ​တို့​ထဲ​က တစ်​ယောက်​မှ အသတ်​ခံ​ခဲ့ရ​တဲ့ သိုး​သငယ်​ရဲ့+ အသက်​စာ​လိပ်​မှာ+ နာ​မည်​စာ​ရင်း မဝင်​ကြ​ဘူး။ ၉  နား​ရှိ​တဲ့​သူ  ကြား​ပါ​စေ။+ ၁၀  သုံ့​ပန်း​ဖြစ်​ဖို့ လျာ​ထား​တဲ့​သူ​ဟာ သုံ့​ပန်း​ဖြစ်​မှာ​ပဲ။ ဓား​နဲ့​သတ်​တဲ့​သူ​ဟာ* ဓား​နဲ့​အသတ်​ခံ​ရ​မှာ​ပဲ။+ သန့်​ရှင်း​သူ​တွေ+ ခံနိုင်​ရည်​နဲ့+ ယုံ​ကြည်​ခြင်း​ရှိ​ဖို့ လို​တယ်။+ ၁၁  အဲ​ဒီ​နောက် တ​ခြား​သား​ရဲ​တစ်​ကောင် မြေကြီး​ထဲ​က​တက်​လာ​တာ​ကို ကျွန်​တော်​မြင်​တယ်။ အဲ​ဒီ​သား​ရဲ​က သိုး​သငယ်​လို ချို​နှစ်​ချောင်း​ရှိ​ပြီး န​ဂါး​လို စ​ပြီး​စ​ကား​ပြော​တယ်။+ ၁၂  အဲ​ဒီ​သား​ရဲ​က ပထ​မသား​ရဲရဲ့+ အခွင့်​အာ​ဏာ​ရှိ​သမျှ​ကို သူ့​ရှေ့​မှာ​တင် သုံး​စွဲ​တယ်။ သေလောက်​တဲ့​ဒဏ်​ရာ ပျောက်​ကင်း​သွား​တဲ့ ပထ​မသား​ရဲ​ကို ကမ္ဘာ​မြေနဲ့ ကမ္ဘာ​မြေပေါ်​နေ​ထိုင်​သူ​တွေ ကိုး​ကွယ်​လာ​အောင် သူ​လုပ်​တယ်။+ ၁၃  အံ့​ဖွယ်​အမှု​ကြီး​တွေ လုပ်​ပြတယ်။ လူ​သား​တွေ​ရှေ့​မှာ ကောင်း​ကင်​က​နေ  မြေကြီး​ပေါ်  မီး​ကျ​လာ​တဲ့​အထိ​တောင် လုပ်​ပြတယ်။ ၁၄  အဲ​ဒီ​သား​ရဲ​က ပထ​မသား​ရဲ​ရှေ့​မှာ အံ့​ဖွယ်​အမှု​တွေ လုပ်​ပြပြီး ကမ္ဘာ​ပေါ်​နေ​ထိုင်​သူ​တွေ​ကို   လမ်း​လွဲ​စေ​ခဲ့​တယ်။ တစ်​ချိန်​တည်း​မှာ ကမ္ဘာ​ပေါ်​နေ​ထိုင်​သူ​တွေ​ကို ပထ​မသား​ရဲရဲ့ ရုပ်​တု ထု​လုပ်​ခိုင်း​တယ်။+  ဓား​ဒဏ်​ရာရ​ပေမဲ့ မသေဘဲ ရှင်​သန်​နေ​သေး​တဲ့ သား​ရဲ​ပဲ။+ ၁၅  သား​ရဲ​က ပထ​မသား​ရဲရဲ့ ရုပ်​တု​ကို အသက်​သွင်း​ပေး​ခွင့်​ရ​တယ်။ ဒါ​ကြောင့် ပထ​မသား​ရဲ​ရုပ်​တု​က စ​ကား​ပြော​နိုင်​ရုံ​မက မိမိ​ကို မကိုး​ကွယ်​သူ အား​လုံး​ကို​ပါ သေစေ​နိုင်​တယ်။ ၁၆  အဲ​ဒီ​သား​ရဲ​က လူ​ကြီး​လူ​ငယ်၊ ဆင်း​ရဲ​ချမ်း​သာ၊  ကျွန်​နဲ့​လွတ်​လပ်​သူ ရှိ​ရှိ​သမျှ​အား​လုံး​ကို ညာ​လက်​ပေါ်​မှာ​ဖြစ်​စေ၊ န​ဖူး​ပေါ်​မှာ​ဖြစ်​စေ အတင်း​အကျပ် အမှတ်​တံ​ဆိပ်  ရိုက်​နှိပ်​ခိုင်း​တယ်။+ ၁၇  ဒါ​ကြောင့် သား​ရဲရဲ့​နာ​မည်+ ဒါ​မှ​မဟုတ် အဲ​ဒီ​နာ​မည်​ရဲ့ ကိ​န်း​ဂဏန်း​ဖြစ်​တဲ့+ အမှတ်​တံ​ဆိပ် ရိုက်​နှိပ်​ထား​သူ​က​လွဲ​လို့ တ​ခြား​လူ​တွေ ရောင်း​ဝယ်​ခွင့်​မရ​ဘူး။ ၁၈  ဉာဏ်​ပညာ​ရှိ​သူ​ဆို​ရင် ဒါ​ကို နား​လည်​လိမ့်​မယ်– သား​ရဲရဲ့ ကိ​န်း​ဂဏန်း​ဟာ လူ​ရဲ့​ကိ​န်း​ဂဏန်း​ပဲ​ဖြစ်​လို့ ထိုး​ထွင်း​သိ​မြင်​နိုင်​စွမ်း​ရှိ​တဲ့​သူ တွက်​ချက်​ပါ​စေ။ အဲ​ဒီ​ကိ​န်း​ဂဏန်း​ဟာ ၆၆၆ ပဲ။+

အောက်ခြေမှတ်ချက်များ

အာ​ဒံ​နဲ့​ဧ​ဝ သား​သမီး​ရ​တဲ့​အချိန်။
“ဓား​နဲ့ အသတ်​ခံ​ရ​မယ့်​သူ​ဟာ” လည်း​ဖြစ်​နိုင်။