မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နေဟမိ ၉:၁-၃၈

မာတိကာ

  • အပြစ်​ကို ဝန်​ချ​တောင်း​ပန် (၁-၃၈)

    • ခွင့်​လွှတ်​ဖို့​အသင့်​ရှိ​တဲ့​ဘု​ရား ယေဟောဝါ (၁၇)

 ခုနစ်​လ​ပိုင်း၊  ၂၄  ရက်​နေ့​မှာ အစ္စရေး​တွေ စု​ရုံး​ပြီး အစာ​ရှောင်​ကြ​တယ်။  အထည်​ကြမ်း*  ဝတ်​ပြီး ခေါင်း​ပေါ်​မှာ မြေမှုန့်​တွေ တင်​တယ်။+ ၂  အစ္စရေး​မျိုး​ရိုး​က​နေ ဆင်း​သက်​လာ​သူ​တွေ​က တိုင်း​တစ်ပါး​သား​တွေ​နဲ့ ကင်း​ကင်း​ရှင်း​ရှင်း နေ​တယ်။+ ကိုယ့်​နေ​ရာ​မှာ ရပ်​ပြီး ကိုယ့်​အပြစ်​တွေ၊ ဘိုး​ဘေး​တွေ​ရဲ့ အမှား​တွေ​ကို ဝန်​ချ​တောင်း​ပန်​ကြ​တယ်။+ ၃  ယေဟောဝါ​ဘုရား​ရဲ့ ပညတ်​ကျမ်း​ကို အသံ​ကျယ်​ကျယ်​နဲ့ သုံး​နာ​ရီ​ကြာ* ဖတ်​ပြတယ်။+ နောက်​ထပ်​သုံး​နာ​ရီ​ကြာ အပြစ်​ဝန်​ချ​တောင်း​ပန်​ပြီး ယေဟောဝါ​ဘုရား​ကို ဦး​ချ​ပျပ်​ဝပ်​ကြ​တယ်။ ၄  ယေ​ရွှာ၊ ဗာ​နိ၊ ကာ​ဒ​မေလ၊ ရှေ​ဗ​နိ၊ ဗု​နိ၊ ရှေ​ရ​ဘိ၊+ ဗာ​နိ​နဲ့ ခေ​နိ​တို့​က လေဝိ​အမျိုး​သား​တွေ​အတွက် ဆောက်​ထား​တဲ့ စင်​မြင့်​ပေါ်​မှာ ရပ်​ပြီး+ ယေ​ဟောဝါ​ ဘုရား​ဆီ အသံ​ကျယ်​ကျယ် ဆုတောင်း​ကြ​တယ်။ ၅  လေဝိ​အမျိုး​သား​တွေ​ဖြစ်​တဲ့ ယေ​ရွှာ၊ ကာ​ဒ​မေလ၊ ဗာ​နိ၊ ဟာ​ရှ​ဗ​နိ၊ ရှေ​ရ​ဘိ၊ ဟော​ဒိ​ယ၊ ရှေ​ဗ​နိ​နဲ့ ပေသဟိ​တို့​က “မတ်​တတ်​ရပ်​ကြ​ပါ။ ယေဟောဝါ​ဘုရား​ကို အစဉ်​ထာ​ဝ​ရ ချီး​မွမ်း​ကြ​ပါ။+ အို ဘုရား​သခင်၊ ဂုဏ်​ကျက်​သရေ​ရှိ​လှ​တဲ့ နာ​မတော်​ကို သူတို့​ဂုဏ်​တင်​ကြ​ပါ​စေ။ နာ​မတော်​ဟာ ချီး​မွမ်း​ဂုဏ်​တင်​လို့ မဆုံး​နိုင်​ပါ​ဘူး။ ၆  “ကိုယ်​တော်​တစ်ပါး​တည်း​သာ ယေဟောဝါ​ဖြစ်​တယ်။+  မိုး​ကောင်း​ကင်​နဲ့ အမြင့်​ဆုံး​ကောင်း​ကင်​ကို​တောင် ကိုယ်​တော်​ဖန်​ဆင်း​တယ်။ ကောင်း​ကင်​ပေါ်​က​အရာတွေ၊* မြေကြီး​နဲ့ မြေကြီး​ပေါ်​က​အရာတွေ၊ ပင်လယ်​နဲ့ ပင်လယ်​ထဲ​က အရာတွေ​ကို​လည်း ဖန်​ဆင်း​ပြီး အဲ​ဒါ​တွေ​အားလုံး​ကို အသက်​ရှင်​စေ​တယ်။ ကောင်း​ကင်​ပေါ်​က​အရာတွေ​က ကိုယ်​တော့်​ကို ပျပ်​ဝပ်​ကိုးကွယ်​နေ​ကြ​တယ်။ ၇  ကိုယ်​တော်​ဟာ  စစ်​မှန်​တဲ့​ဘုရား ယေဟောဝါ​ပါ။ အာ​ဗြံ​ကို ရွေး​ချယ်​ပြီး+ ခါလဒဲ​ပြည်၊ ဥရ​မြို့​က​နေ ခေါ်​ထုတ်​လာ​ပြီး​နောက်+ အာဗြဟံ​လို့ နာ​မည်​ပေး​တယ်။+ ၈  သူ​ဟာ ရှေ့​တော်​မှာ သစ္စာ​ရှိ​သူ​ဖြစ်​မှန်း ကိုယ်​တော်​တွေ့​တဲ့အတွက်+ သူ​နဲ့ မျိုး​နွယ်​ကို ခါ​နန်၊ ဟိတ္တိ၊​ အာမောရိ၊ ဖေရ​ဇိ၊ ယေ​ဗု​သိ၊ ဂိရ​ဂါ​ရှိ​လူမျိုး​တို့​ရဲ့ ပြည်​ကို​ပေး​မယ်​ဆို​ပြီး သူ​နဲ့​ပဋိ​ညာဉ်​ဖွဲ့​တယ်။+ ကိုယ်​တော်​ဟာ ဖြောင့်​မတ်​တဲ့​အရှင် ဖြစ်​တဲ့​အတွက် ကတိ​တည်​ခဲ့​ပါ​တယ်။ ၉  “အီဂျစ်​ပြည်​မှာ  ဘိုး​ဘေး​တွေ ဒုက္ခ​ရောက်​တာ​ကို  ကိုယ်​တော်​မြင်​တယ်။+ ပင်လယ်​နီ​မှာ အော်​ဟစ်​အကူ​အညီ​တောင်း​တာ​ကို​လည်း ကြား​တယ်။ ၁၀  ဖာ​ရော​နဲ့ မင်း​မှု​ထမ်း​တွေ၊ တိုင်း​သူ​ပြည်​သား​တွေ​က ကိုယ်​တော့်​လူမျိုး​ကို နှိပ်​စက်​မှန်း+ ကိုယ်​တော်​သိ​တဲ့​အတွက် သူတို့​ရှေ့​မှာ အံ့​ဖွယ်​အမှု​တွေ၊ ထူး​ဆန်းတဲ့အရာတွေ လုပ်​ပြခဲ့​တယ်။+ ဒီ​နည်းနဲ့  နာ​မတော်​ကို ဒီ​နေ့​အထိ ထင်​ရှားစေခဲ့ပြီ။+ ၁၁  သူတို့​ရှေ့​မှာ​ ပင်လယ်​ကို နှစ်​ခြမ်း​ခွဲ​လိုက်​တဲ့​အတွက် ခြောက်​သွေ့​တဲ့​မြေပေါ်​မှာ သူတို့ ဖြတ်​လျှောက်​သွား​ကြ​တယ်။+ နောက်​က​နေ​လိုက်​လာတဲ့ ရန်​သူ​တွေ​ကို​တော့ ရေ​နက်​ထဲ  ပစ်​ချ​ခဲ့​တယ်။  လှိုင်း​ထန်​တဲ့ ပင်​လယ်​ထဲ ကျောက်​တုံး​ကို ပစ်​ချ​သလို​ပါ​ပဲ။+ ၁၂  နေ့​အချိန်​မှာ မိုး​တိမ်​တိုင်​နဲ့ လမ်း​ပြပြီး ည​အချိန်​မှာ မီး​တိုင်​နဲ့ သူတို့​သွား​ရ​မယ့်​လမ်း​ကို အလင်း​ပေး​တယ်။+ ၁၃  ဆိုင်း​နိုင်း​တောင်​ပေါ်+ ကိုယ်​တော်​ဆင်း​လာ​ပြီး ကောင်း​ကင်​က​နေ စကား​ပြော​တယ်။+ ဖြောင့်​မတ်​တဲ့ တရား​စီရင်​ချက်​တွေ၊ မှန်​ကန်​တဲ့​ဥပ​ဒေ​တွေ၊ ကောင်း​မွန်​တဲ့ စည်း​မျဉ်း​တွေ​နဲ့ ပညတ်​ချက်​တွေ​ကို ပေး​တယ်။+ ၁၄  ကိုယ်​တော်​ရဲ့ မြင့်မြတ်​တဲ့​ဥ​ပုသ်​နေ့​ကို သိ​စေ​ပြီး+ ကိုယ်​တော့်​ကျွန် မော​ရှေ​က​တစ်ဆင့် ပညတ်​ချက်​တွေ၊ စည်း​မျဉ်း​တွေ​နဲ့ ပညတ်​တရား​ကို ပေး​ခဲ့​တယ်။ ၁၅  သူတို့​ဆာ​လောင်​တဲ့​အခါ ကောင်း​ကင်​က​နေ မုန့်​ချ​ပေး​တယ်။+ ရေ​ငတ်​တဲ့​အခါ ကျောက်​ဆောင်​ထဲ​က​နေ ရေ​ထွက်​စေ​တယ်။+ သူတို့​ကို​ပေး​မယ်​လို့ ကျိန်​ဆို​ခဲ့​တဲ့​ပြည်​ကို ဝင်​ရောက်​သိမ်း​ပိုက်​ပါ​ဆို​ပြီး ကိုယ်​တော်​ပြော​ခဲ့​တယ်။ ၁၆  “ဒါ​ပေမဲ့  ဘိုး​ဘေး​တွေ​ဟာ​အ​တင့်​ရဲ​တဲ့​လုပ်​ရပ်​တွေ လုပ်​ပြီး+ ခေါင်း​မာ​တယ်။+ ပညတ်​ချက်​တွေ​ကို နား​မထောင်​ဘူး။ ၁၇  သူတို့​မှာ  နား​ထောင်​ချင်​စိတ် မရှိ​ဘူး။+ ကိုယ်​တော်​လုပ်​ပေး​ခဲ့​တဲ့ ထူး​ဆန်း​အံ့​သြဖွယ် လုပ်​ရပ်​တွေ​ကို​လည်း  သတိ​မရ​တော့​ဘဲ ခေါင်း​မာ​တယ်။ ကျွန်​ခံ​ရာ​အီဂျစ်​ပြည်​ကို ပြန်​ဖို့ ခေါင်း​ဆောင်​တစ်​ယောက်​ကို ခန့်​ထား​တယ်။+ ဒါ​ပေမဲ့ ကိုယ်​တော်​ဟာ ခွင့်​လွှတ်​ဖို့ အသင့်​ရှိ​တဲ့​ဘုရား၊ သနား​စာ​နာ​ပြီး ကရု​ဏာ​ရှိ​တဲ့​ဘုရား၊ ဒေါသ​ထွက်​နှေး​ပြီး ခိုင်​မြဲတဲ့​မေတ္တာ ကြွယ်​ဝ​တဲ့ ဘုရား​ဖြစ်​တာ​ကြောင့်+ သူတို့​ကို မစွန့်​ပစ်​ခဲ့​ဘူး။+ ၁၈  နွား​သငယ်​ရုပ်​တု​ကို သွန်း​လုပ်​ပြီး​နောက် ‘ငါ​တို့​ကို အီဂျစ်​ပြည်​က​နေ ခေါ်​ထုတ်​လာ​တာ ဒီ​ဘုရား​သခင်​ပဲ’+ လို့​ပြော​ပြီး မထီ​လေး​စား လုပ်​ရပ်​တွေ​ကို သူတို့ ကျူး​လွန်​ကြ​တာ​တောင်၊ ၁၉  ကိုယ်​တော်​က​တော့ ကြီး​မား​လှ​တဲ့ ကရု​ဏာ​ကြောင့် သူတို့​ကို တော​ကန္တာ​ရ​မှာ မစွန့်​ပစ်​ခဲ့​ဘူး။+ နေ့​အချိန်​မှာ လမ်း​ပြပေး​တဲ့ မိုး​တိမ်​တိုင်​ရော ည​အချိန်​မှာ သွား​ရ​မယ့်​လမ်း​ကို အလင်း​ပေး​တဲ့ မီး​တိုင်​ပါ သူတို့​ပေါ်​က​နေ မခွာ​ခဲ့​ဘူး။+ ၂၀  သူတို့​ထိုး​ထွင်း​သိ​မြင်​နိုင်​ဖို့ ကောင်းမြတ်​တဲ့ စွမ်းအား​တော်​ကို ပေး​တယ်။+ မန္န​မုန့်​မကျွေး​ဘဲ မနေ​ခဲ့​ဘူး။+ ရေ​ငတ်​တဲ့​အခါ ရေ​ပေး​တယ်။+ ၂၁  တော​ကန္တာ​ရ​မှာ နှစ်​ပေါင်း ၄၀ လုံး​လုံး အစာ​ရေ​စာ ကျွေး​မွေး​ခဲ့​တယ်။+ သူတို့​မှာ လို​လေ​သေး​မရှိ ပြည့်​စုံ​ခဲ့​တယ်။ အဝတ်​တွေ မဟောင်း​နွမ်း​ခဲ့​ဘူး၊+ ခြေ​ထောက်​တွေ​လည်း မရောင်​ခဲ့​ဘူး။ ၂၂  “ကိုယ်​တော်​က တိုင်း​နိုင်​ငံ​တွေ​နဲ့ လူမျိုး​တွေ​ကို သူတို့​လက်​ထဲ ပေး​အပ်​တယ်။  အဲဒီ​လူမျိုး​တွေ​ရဲ့  နယ်မြေ​ကို  အပိုင်း​လိုက် ခွဲ​ဝေ​ပေး​တယ်။+ ဒါ​ကြောင့် ဟေ​ရှ​ဘုန်​ဘုရင်+  ရှိ​ဟုန်​ရဲ့​ပြည်၊+ ဗာရှန်​ဘုရင် သြဂတ်​ရဲ့​ပြည်​ကို+ သူတို့ သိမ်း​ပိုက်​ခဲ့​တယ်။ ၂၃  သူတို့​ရဲ့​သား​သမီး​တွေ​ကို ကောင်း​ကင်​ကြယ်​တွေ​လို များ​ပြား​စေ​တယ်။+ အဲဒီ​နောက် ဘိုး​ဘေး​တွေ​ကို ကတိ​ပေး​ခဲ့​တဲ့​ပြည်​ကို ဝင်​ရောက်​သိမ်း​ပိုက်​နိုင်​ဖို့ အဲဒီ​ပြည်​ထဲ  ခေါ်​ဆောင်​သွား​တဲ့​အတွက်၊+ ၂၄  သူတို့​ရဲ့ သား​သမီး​တွေ ဝင်​ရောက်​သိမ်း​ပိုက်​ခဲ့​ကြ​တယ်။+ အဲဒီ​ပြည်​မှာ​နေ​ထိုင်​တဲ့ ခါ​နန်​လူ​တွေ​ကို သူတို့​ရှေ့​မှာ​ပဲ ကိုယ်​တော်​နှိမ်နင်း​ခဲ့​တယ်။+ အဲဒီ​လူမျိုး​ရဲ့ ဘုရင်​တွေ၊ ပြည်​သူ​ပြည်​သား​တွေ​ကို စိတ်​တိုင်း​ကျ​လုပ်​နိုင်​အောင် သူတို့​လက်​ထဲ အပ်​လိုက်​တယ်။ ၂၅  သူတို့​က ခံ​တပ်​မြို့​တွေ​နဲ့+ မြေသြဇာ​ကောင်း​တဲ့​ပြည်​ကို+ သိမ်း​ပိုက်​တယ်။ ကောင်း​မွန်​ရာ​အမျိုး​မျိုး ပြည့်​နေ​တဲ့​အိမ်၊ တူး​ပြီး​သား ရေ​တွင်း၊ စပျစ်​ခြံ၊ သံ​လွင်​ခြံ၊+ လှိုင်​လှိုင်​သီး​တဲ့ အပင်​တွေ​ကို​လည်း သိမ်း​ယူ​တယ်။ ဝ​ဝ​လင်​လင် စား​သောက်​ပြီး ဝ​ဖြိုး​လာ​ကြ​တယ်။ ကိုယ်​တော်​ရဲ့ ကြီး​မား​လှ​တဲ့ ကောင်းမြတ်​မှု​ကို ခံစား​ရ​တယ်။ ၂၆  “ဒါ​ပေမဲ့ သူတို့​က ကိုယ်​တော့်​ကို မနာ​ခံ​ဘဲ ပုန်​ကန်​တယ်။+ ပညတ်​တရား​ကို ကျော​ခိုင်း​ခဲ့​တယ်။ ကိုယ်​တော့်​ဆီ ပြန်​လှည့်​လာ​ဖို့ သတိ​ပေး​တဲ့ ပရော​ဖက်​တွေ​ကို​လည်း သတ်​ပစ်​တယ်။ မထီ​လေး​စား လုပ်​ရပ်​တွေ​ကို ကျူး​လွန်​ခဲ့​တယ်။+ ၂၇  ဒါ​ကြောင့် ဒုက္ခ​ပေး​တဲ့ ရန်​သူ​တွေ​လက်​ထဲ သူတို့​ကို ကိုယ်​တော် အပ်​လိုက်​တယ်။+ သူတို့​ဒုက္ခ​ရောက်​ချိန်​မှာ အော်​ဟစ်​အကူ​အညီ​တောင်း​တဲ့​အခါ ကောင်း​ကင်​က​နေ ကိုယ်​တော်​ကြား​တယ်။ ကရု​ဏာ​ကြီး​မား​လှ​တဲ့​အတွက် ရန်​သူ​လက်​က​နေ ကယ်​တင်​မယ့်​သူ​တွေ​ကို ပေါ်​ထွန်း​စေ​တယ်။+ ၂၈  “ဒါ​ပေမဲ့ သူတို့​သက်​သာ​ရာ​ရ​တဲ့​အခါ ရှေ့​တော်​မှာ မကောင်း​တာ​တွေ ပြန်​လုပ်​တဲ့​အတွက်+ သူတို့​ကို​ကြီး​စိုး​မယ့်  ရန်​သူ​တွေ​လက်​ထဲ ကိုယ်​တော် အပ်​လိုက်​တယ်။+ အဲဒီ​အခါ ကိုယ်​တော့်​ဆီ ပြန်​လှည့်​လာ​ပြီး အော်​ဟစ်​အကူ​အညီ​တောင်း​တော့+ ကောင်း​ကင်​က​နေ ကြား​တယ်။ ကရု​ဏာ ကြီး​မား​လှ​တဲ့အတွက်  သူတို့​ကို  အကြိမ်​ကြိမ် ကယ်တင်​ခဲ့​တယ်။+ ၂၉  ပညတ်​တ​ရား​ကို  လိုက်​နာ​ဖို့  သတိ​ပေး​ပေမဲ့ သူတို့​က  ပညတ်​ချက်​တွေ​ကို  နား​မထောင်​ဘဲ  အတင့်​ရဲ​တဲ့  လုပ်​ရပ်​တွေ  လုပ်​တယ်။+ ကိုယ်​တော့် စီရင်​ဆုံး​ဖြတ်​ချက်​တွေ​ကို မလိုက်​နာ​ဘဲ ပြစ်​မှား​ခဲ့​ကြ​တယ်။ အဲဒီ​အတိုင်း​သာ လိုက်​နာ​မယ်​ဆို​ရင် အသက်​ရှင်​ကြ​မှာ။+  ဒါ​ပေမဲ့ သူတို့ က​လန်​က​ဆန်​လုပ်​ပြီး ကျော​ခိုင်း​ကြ​တယ်။  ခေါင်း​မာ​တဲ့​အပြင် နား​ထောင်​ချင်​စိတ်​လည်း​မရှိ​ဘူး။ ၃၀  သူ​တို့​ကို  နှစ်​ပေါင်း​များ​စွာ ကိုယ်​တော် သည်း​ခံ​ခဲ့​တယ်။+ စွမ်းအား​တော်​ရထား​တဲ့ ပရော​ဖက်​တွေ​က​တစ်ဆင့် အမြဲသတိ​ပေး​ပေမဲ့ သူတို့ နား​မထောင်​ကြ​ဘူး။ နောက်​ဆုံး​တော့ ပတ်​ဝန်း​ကျင်​လူမျိုး​တွေ​လက်​ထဲ အပ်​လိုက်​တယ်။+ ၃၁  ဒါ​ပေမဲ့ ကရု​ဏာ​တော် ကြီး​မား​လှ​တဲ့​အတွက် သူတို့​ကို မစွန့်​ပစ်​ဘူး။ အစ​တုံး မဖျက်​ဆီး​ခဲ့​ဘူး။+ ကိုယ်​တော်​ဟာ သနား​စာ​နာ​ပြီး ကရု​ဏာ​ရှိ​တဲ့ ဘုရား​သခင် ဖြစ်​လို့​ပါ​ပဲ။+ ၃၂  “ဘုရား​သခင်၊ ကိုယ်​တော်​ဟာ ကြီးမြတ်​တဲ့​အရှင်၊ တန်ခိုး​ကြီး​ပြီး ရိုသေ​ခန့်​ညား​ဖွယ်​ကောင်း​တဲ့ ဘုရား​သခင်၊ ပဋိ​ညာဉ်​ကို တည်​စေ​ပြီး ခိုင်​မြဲသော​မေတ္တာ​ပြတဲ့  အရှင်​ပါ။+  အဆီး​ရီး​ယား​ဘုရင်​တွေ လက်​ထက်​က​စ​ပြီး+ အခု​ချိန်​အထိ ကျွန်​တော်​တို့​ရဲ့ ဘုရင်​တွေ၊ မှူး​မတ်​တွေ၊+ ပု​ရော​ဟိတ်​တွေ၊+ ပရော​ဖက်​တွေ၊+ ဘိုး​ဘေး​တွေ​နဲ့ ကိုယ်​တော့်​လူမျိုး​တွေ ကြုံ​ရ​တဲ့ ဆင်း​ရဲ​ဒုက္ခ​ကို အသေး​အဖွဲ​လို့ သဘော​မထား​ပါ​နဲ့။ ၃၃  ကျွန်​တော်​တို့​ကို ကိုယ်​တော် ပြစ်​ဒဏ်​ပေး​တာ တရား​ပါ​တယ်။ ကိုယ်​တော်​က သစ္စာ​ရှိ​ရှိ လုပ်​ဆောင်​ခဲ့​ပါ​တယ်။ ကျွန်​တော်​တို့​က​သာ မိုက်​မိုက်​မဲ​မဲ လုပ်​ခဲ့​တာ​ပါ။+ ၃၄  ကျွန်​တော်​တို့​ရဲ့ ဘုရင်​တွေ၊ မှူး​မတ်​တွေ၊ ပု​ရော​ဟိတ်​တွေ၊ ဘိုး​ဘေး​တွေ​က ပညတ်​တရား​ကို မလိုက်​နာ​ကြ​ဘူး။ ကိုယ်​တော့်​ပညတ်​ချက်​တွေ၊ သတိ​ပေး​ချက်​တွေ​ကို​လည်း အာ​ရုံ​မစိုက်​ကြ​ဘူး။ ၃၅  သူတို့​ရဲ့​နိုင်ငံ​မှာ နေ​ထိုင်​ပြီး ကိုယ်​တော်​ပေး​တဲ့ ကောင်း​ချီး​တွေ​ကို အလျှံ​ပယ် ခံစား​နေ​ချိန်၊ ကျယ်​ဝန်း​ပြီး မြေသြဇာ​ကောင်း​တဲ့​ပြည်​မှာ ရှိ​နေ​ချိန်​မှာ​တောင် ကိုယ်​တော့်​ကို ဝတ်​မပြု​ကြ​ဘူး။+ အကျင့်​ဆိုး​တွေ​ကို  မစွန့်​ပစ်​ဘူး။ ၃၆  ဒါ​ကြောင့် အခု​ချိန်​မှာ ကျွန်​တော်​တို့​ဟာ ကျွန်​တွေ​ဖြစ်​နေ​ရ​ပြီ။+ ပြည်​ထွက်​သီး​နှံ​တွေ၊ ကောင်း​မွန်​တဲ့​ အရာတွေ​ကို စား​သုံး​ဖို့ ဘိုး​ဘေး​တွေ​ကို ကိုယ်​တော်​ပေး​ခဲ့တဲ့ ပြည်​မှာ  ကျွန်​တွေ​  ဖြစ်​နေ​ပါ​ပြီ။ ၃၇  ကျွန်​တော်​တို့​ရဲ့ အပြစ်​ကြောင့် ကျွန်​တော်​တို့​ကို အုပ်​ချုပ်​ဖို့ ကိုယ်​တော်​ခန့်​ထား​တဲ့ တိုင်း​တစ်ပါး​ဘုရင်​တွေ​က ဒီ​ပြည်​ထွက်​သီး​နှံ​တွေ​ကို စား​သုံး​နေ​ကြ​ပြီ။+ သူတို့​က ကျွန်​တော်​တို့​ကို​ရော တိရစ္ဆာန်တွေ​ကိုပါ  ကြိုက်​သလို   ခိုင်း​စား​နေ​တဲ့​အတွက် အကြီး​အကျယ် ဒုက္ခ​ရောက်​နေ​ကြ​ပါ​ပြီ။ ၃၈  “ဒါ​တွေ​အားလုံး​ကြောင့် ကျွန်​တော်​တို့​က ကတိ​ခံ​ဝန်​ချက်​ကို ရေး​သား​ပြီး+ မှူး​မတ်​တွေ၊ လေ​ဝိအမျိုး​သား​တွေ၊ ပု​ရော​ဟိတ်​တွေ​က တံ​ဆိပ်​ခတ်​နှိပ်​ကြ​တယ်။”+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
မူ​ရင်း၊ “နေ့​တာ​ရဲ့ လေး​ပုံ​တစ်​ပုံ။”
မူ​ရင်း၊ “ကောင်း​ကင်​ဗိုလ်​ခြေ​တွေ။” ကောင်း​ကင်​တ​မန်​တွေ​ရော ကြယ်​တွေ​ပါ ဆိုလို​နိုင်။