မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ထွက်မြောက်ရာ ၃၄:၁-၃၅

မာတိကာ

  • ကျောက်ပြား​သစ်​နှစ်ချပ် ပြင်ဆင် (၁-၄)

  • ယေဟောဝါရဲ့​ဘုန်းတော်ကို မောရှေ​မြင်ရ (၅-၉)

  • ပ​ဋိ​ညာ​ဉ်​အကြောင်း အသေးစိတ် ပြန်ပြော (၁၀-၂၈)

  • မောရှေ​ရဲ့​မျက်နှာ ရောင်ခြည်​ဖြာထွက် (၂၉-၃၅)

၃၄  ယေဟောဝါ​က မောရှေ​ကို “အရင်​ကျောက်ပြား​လိုမျိုး ကျောက်ပြား​နှစ်ချပ် ထု​ဆစ်​ပါ။+ မင်း​ခွဲ​လိုက်တဲ့+ အရင်​ကျောက်ပြား​တွေ​ပေါ်​က စကား​တွေ​အတိုင်း ငါ​ပြန်​ရေး​ပေးမယ်။+ ၂  မင်း​က မနက်​ကျ​ရင် ဆိုင်းနိုင်း​တောင်ထိပ်​ပေါ် တက်လာပြီး ငါ့ရှေ့မှာ ရပ်နေ​ရမှာ​မို့​လို့ အသင့်ပြင်​ထားပါ။+ ၃  ဘယ်သူ့ကိုမှ မ​ခေါ်လာ​နဲ့။ တစ်​တောင်​လုံးမှာ လူ​မရှိ​စေ​နဲ့။ တောင်​ခြေ​မှာ​လည်း သိုး​နွား​တွေ မ​ကျောင်း​စေ​နဲ့” လို့​မိန့်မှာ​တယ်။+ ၄  မောရှေ​လည်း ယေဟောဝါ​မိန့်မှာ​တဲ့​အတိုင်း အရင်​ကျောက်ပြား​လိုမျိုး ကျောက်ပြား​နှစ်ချပ် ထု​ဆစ်​တယ်။ မနက်စောစော​ထ၊ ကျောက်ပြား​နှစ်ချပ်​ကိုကိုင်ပြီး ဆိုင်းနိုင်း​တောင်ပေါ် တက်​သွားတယ်။ ၅  ယေဟောဝါ​က တိမ်​တိုက်​နဲ့ ဆင်း​လာတယ်။+ မောရှေ​အနား လာ​ရပ်​ပြီး ယေဟောဝါ​ဆို​တဲ့​နာမည်​အကြောင်း အသိပေး​တယ်။+ ၆  ယေဟောဝါ​က မောရှေ​ရှေ့မှာ ဖြတ်သွား​ပြီး “ယေဟောဝါဟာ ကရုဏာ​ရှိပြီး+ သနား​စာနာ​တတ်တဲ့​ဘုရား၊+ ယေဟောဝါဟာ အမျက်ထွက်​နှေး​ပြီး+ ခိုင်မြဲ​တဲ့​မေတ္တာနဲ့+ သစ္စာတရား ကြီးမားတဲ့​ဘုရား၊+ ၇  လူ​ထောင်ပေါင်း​များစွာကို ခိုင်မြဲ​တဲ့​မေတ္တာပြ​တဲ့​ဘုရား၊+ အမှားတွေ၊ ကျူးလွန်မှု​တွေ၊ အပြစ်​တွေကို ခွင့်လွှတ်​ပေ​မဲ့+ ပြစ်မှားသူ​ကို ဒဏ်​မပေး​ဘဲ​မနေတဲ့​ဘုရား၊+ ဖခင်​ရဲ့​အပြစ်​အတွက် သားမြေး​မြစ်​တွေ​အထိ ဒဏ်ခတ်​တဲ့ ဘုရား​ပဲ”+ လို့​ပြောတယ်။ ၈  မောရှေ​လည်း ချက်ချင်း ဦးညွှတ်​ပျပ်ဝပ်​လိုက်တယ်။ ၉  ပြီးတော့ “ယေဟောဝါ​ဘုရား၊ ကျွန်တော့်ကို စိတ်နဲ့​တွေ့​တယ်ဆိုရင် ကျွန်တော်တို့​နဲ့အတူ လိုက်ခဲ့​ပေးပါ။+ ယေဟောဝါ​ဘုရား၊ ကျွန်တော်တို့ဟာ ခေါင်းမာ​တဲ့​လူမျိုးပါ။+ ဒါပေမဲ့ ကျွန်တော်တို့ကို ကိုယ်တော့်​ပိုင်ဆိုင်ရာ​အဖြစ် လက်ခံ​ပေး​ပြီး အမှားတွေ၊ အပြစ်​တွေကို ခွင့်လွှတ်​ပေးပါ”+ လို့​ပြောတယ်။ ၁၀  ဘုရား​သခင်​က “ကော​င်းပြီ။ မင်း​တို့​နဲ့ ငါ​ပဋိညာဉ်ဖွဲ့​မယ်။ မြေတစ်ပြင်လုံးမှာ​ရော၊ လူမျိုး​အားလုံး​ရှေ့မှာ​ပါ ငါ​မပြ​ဖူး​သေး​တဲ့ အံ့ဖွယ်အမှု​တွေကို မင်း​တို့​ရှေ့မှာ ငါ​လုပ်ပြ​မယ်။+ ယေဟောဝါရဲ့ လုပ်ဆောင်မှုကို လူမျိုး​အားလုံး မြင်တွေ့ရ​လိမ့်မယ်။ ထိတ်လန့်​အံ့ဩစရာ​တွေကို မင်း​တို့အတွက် ငါ​လုပ်​မယ်။+ ၁၁  “ဒီနေ့ ငါ​မိန့်မှာ​တဲ့​စကား​တွေကို အာရုံစိုက်​ကြ။+ အာမောရိ၊ ခါနန်၊ ဟိတ္တိ၊ ဖေရဇိ၊ ဟိ​ဝိ၊ ယေ​ဗု​သိ​လူမျိုး​တို့ကို မင်း​တို့​ရှေ့​က​နေ ငါ​နှင်ထုတ်​မယ်။+ ၁၂  မင်း​တို့​ရောက်​မယ့်​ပြည်​က ပြည်သား​တွေ​နဲ့ မိတ်​မ​ဖွဲ့ကြ​နဲ့။+ မိတ်ဖွဲ့​ရင် မင်း​တို့အတွက် ထောင်ချောက်​ဖြစ်​လိမ့်မယ်။+ ၁၃  သူတို့ရဲ့​ယဇ်ပလ္လင်​တွေကို ဖြိုဖျက်​ရမယ်။ ကိုးကွယ်ရာ​ကျောက်တိုင်​တွေ၊ ကိုးကွယ်ရာ​သစ်တိုင်​တွေကို* ခုတ်လှဲ​ဖျက်ဆီး​ရမယ်။+ ၁၄  တခြား​ဘုရားကို ဦး​မချ​နဲ့။+ ငါ​ယေဟောဝါဟာ ငါ​တစ်ပါး​တည်းကို ကိုးကွယ်ဆည်းကပ်​ဖို့ တောင်းဆို​တဲ့​ဘုရား​ပဲ။* ငါ​တစ်ပါးတည်း​ကိုသာ ကိုးကွယ်ဆည်းကပ်​ဖို့ တောင်းဆို​တဲ့​အရှင်​ပဲ။+ ၁၅  အဲဒီ​ပြည်သား​တွေ​နဲ့ မိတ်​မ​ဖွဲ့ကြ​နဲ့။ သူတို့ရဲ့​ဘုရားတွေကို ဝတ်ပြု​ပြီး* ယဇ်ပူဇော်​တဲ့​အ​ခါ+ မင်း​တို့ကို ဖိတ်ခေါ်​လိမ့်မယ်။ အဲဒီအခါ ယဇ်ပူဇော်​ထားတာတွေကို စား​မိ​လိမ့်မယ်။+ ၁၆  ဒီလိုနဲ့ ကို​ယ့်​သား​တွေကို သူတို့ရဲ့​သမီး​တွေ​နဲ့ ပေး​စား​မိ​လိမ့်မယ်။+ သူတို့ရဲ့​သမီး​တွေ​က နတ်​ဘုရားတွေကို​ဝတ်ပြု​တဲ့​အ​ခါ မင်း​တို့​ရဲ့​သား​တွေကိုလည်း ဝတ်ပြု​ခိုင်း​လိမ့်မယ်။+ ၁၇  “ဘုရားရုပ်တု​တွေ သွန်း​လုပ်ပြီး မကိုးကွယ်​နဲ့။+ ၁၈  “တဆေးမဲ့​မုန့်​ပွဲတော်​ကို ကျင်းပ​ရမယ်။+ မင်း​တို့​က အ​ဗိ​ဗလ* မှာ အီဂျစ်ပြည်​က​နေ ထွက်လာတဲ့​အတွက် အဲဒီ​လ၊ သတ်မှတ်ထားတဲ့​ရက်ရော​က်​ရင် ငါ​မိန့်မှာ​ထားတဲ့​အတိုင်း ခုနစ်​ရက်​လုံး တဆေးမဲ့​မုန့်​ကို စား​ရမယ်။+ ၁၉  “သားဦး​ယောက်ျား​မှန်သမျှ ငါ​ပိုင်​တယ်။+ သိုး​နွား​တိရစ္ဆာန်​သားဦး​တွေကိုလည်း ငါ​ပိုင်​တယ်။+ ၂၀  ဦးဆုံး​မွေးတဲ့​မြည်း​ကို သိုး​တစ်ကောင်​နဲ့ ရွေးယူ​ရမယ်။ မရွေး​ယူ​ဘူးဆို​ရင် မြည်း​ရဲ့​လည်ပင်း​ကို ချိုး​ပစ်ရ​မယ်။ မင်း​တို့​ရဲ့​သားဦး​မှန်သမျှကို​လည်း ပြန်​ရွေးယူ​ရမယ်။+ ငါ့​ဆီ ဘယ်သူမှ လက်​ဗလာ​နဲ့ မလာ​ရဘူး။ ၂၁  “ခြောက်ရက်​လုံး အလုပ်​လုပ်ပြီး ခုနစ်​ရက်​မြောက်​နေ့​မှာ အနားယူ​ရမယ်။+ ထွန်ယက်​ချိန်၊ ရိတ်သိမ်းချိန်​ဖြစ်နေ​ရင်တောင် အနားယူ​ရမယ်။ ၂၂  “သီး​ဦး​သီး​ဖျား ဂျုံစပါး​အမှည့်​တွေကို ပူဇော်​ဖို့ ခုနစ်သီတင်းပွဲ​တော် ကျင်းပ​ရမယ်။ နှစ်ကုန်ပိုင်း​မှာ စုသိမ်း​ပွဲတော်* ကို​လည်း ကျင်းပ​ရမယ်။+ ၂၃  “ယောက်ျား​တိုင်း အစ္စရေး​တို့​ရဲ့​ဘုရား၊ စစ်မှန်တဲ့​သခင် ယေဟောဝါ​ရှေ့ တစ်နှစ်​သုံးကြိမ် လာ​ရမယ်။+ ၂၄  တခြား​လူမျိုး​တွေကို မင်း​တို့​ရှေ့​က​နေ ငါ​နှင်​ထုတ်ပြီး+ မင်း​တို့​ရဲ့​နယ်မြေ​ကို ကျယ်ဝန်း​စေမယ်။ ယေဟောဝါ​ဘုရား​ရှေ့ကို တစ်နှစ်​သုံးကြိမ် သွားနေချိန်​မှာ မင်း​တို့​ရဲ့​ပြည်​ကို ဘယ်သူမှ လာ​သိမ်း​မှာ​မဟုတ်ဘူး။ ၂၅  “ပူဇော်သက္ကာ​ရဲ့​သွေး​ကို တဆေး​ပါတဲ့​မုန့်​နဲ့​ရော​ပြီး မ​ပူဇော်​ရဘူး။+ ပသခါ​ပူဇော်သက္ကာ​ကို နောက်​နေ့​မနက်​အထိ မချန်​ထား​ရဘူး။+ ၂၆  “မင်း​တို့​မြေ​က​ထွက်​တဲ့ အကောင်းဆုံး သီး​ဦး​သီး​ဖျား​အမှည့်​တွေကို ယေဟောဝါ​ဘုရားသခင်ရဲ့​အိမ်တော်​ဆီ ယူလာ​ရမယ်။+ “ဆိတ်​ကလေးကို မိခင်​နို့​ရ​ည်​နဲ့ မချ​က်​ပြုတ်​ရဘူး။”+ ၂၇  “ဒီစကားတွေကို ရေး​မှတ်ထားပါ။+ ဒီ​မှာပါတဲ့​အတိုင်း မင်း​နဲ့​ရော အစ္စရေး​လူမျိုး​နဲ့​ပါ ငါ​ပဋိညာဉ်ဖွဲ့​မယ်”+ ဆို​ပြီး ယေဟောဝါ​က မောရှေ​ကို ပြောတယ်။ ၂၈  မောရှေ​လည်း ရက်​ပေါင်း ၄၀ လုံး မစားမသောက်​ဘဲ ယေဟောဝါ​နဲ့အတူ တောင်ပေါ်မှာ ရှိနေတယ်။+ ဘုရား​သခင်​က ပ​ဋိ​ညာ​ဉ်​စကား​တွေ​ဖြစ်တဲ့ ပညတ်တော်​ဆယ်ပါး​ကို ကျောက်ပြား​တွေ​ပေါ် ရေး​ပေးတယ်။+ ၂၉  မောရှေ​ဟာ သက်သေခံချက် ကျောက်ပြား​နှစ်ချပ်​ကို ကိုင်ပြီး ဆိုင်းနိုင်း​တောင်ပေါ်​က​နေ ဆင်း​လာတယ်။+ ဘုရား​သခင်​နဲ့ စကား​ပြောခဲ့တဲ့​အတွက် သူ့​မျက်နှာ​မှာ ရောင်ခြည်​ဖြာထွက်​နေတာကို သူ​မသိ​ဘူး။ ၃၀  မောရှေ​ရဲ့​မျက်နှာ​မှာ ရောင်ခြည်​ဖြာထွက်​နေတာကို အာရုန်​နဲ့ အစ္စရေးတွေ မြင်ပြီး အနား​မ​ကပ်​ရဲ​ကြဘူး။+ ၃၁  မောရှေ​က အာရုန်​နဲ့ မျိုးနွယ်စု​ခေါင်းဆောင်​တွေကို ခေါ်​လိုက်တဲ့အခါ သူတို့​ရောက်လာတယ်။ မောရှေ​လည်း သူတို့ကို စကား​ပြောတယ်။ ၃၂  အစ္စရေး​အားလုံး အနား​ရောက်​လာတဲ့အခါ မောရှေ​က ဆိုင်းနိုင်း​တောင်ပေါ်မှာ ယေဟောဝါ​ပေး​တဲ့ ပညတ်​တွေ​အကြောင်း ပြန်ပြော​ပြ​တယ်။+ ၃၃  သူတို့နဲ့ စကားပြော​ပြီးတဲ့အခါ သူ့​မျက်နှာ​ကို ဖုံး​ထား​လိုက်တယ်။+ ၃၄  ဒါပေမဲ့ ယေဟောဝါနဲ့​စကားပြော​ဖို့ တဲတော်​ထဲ ဝင်​သွားတဲ့အခါ မျက်နှာဖုံး​ကို ချွတ်​လိုက်တယ်။+ အဲဒီနောက် ပြန်​ထွက်လာပြီး ဘုရား​မိန့်မှာ​သမျှ အစ္စရေးတွေကို ပြန်ပြော​ပြ​တယ်။+ ၃၅  မောရှေ​ရဲ့​မျက်နှာ​မှာ ရောင်ခြည်​ဖြာထွက်​တာကို အစ္စရေးတွေ မြင်ကြ​တယ်။ မောရှေ​က ဘုရား​သခင်​နဲ့​စကားပြော​ဖို့ တဲတော်​ထဲ မဝင်မချင်း မျက်နှာ​ကို ဖုံး​ထားတယ်။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကို​ကြည့်။
ဒါမှမဟုတ်၊ “ပြိုင်ဖက်​မထားတဲ့ ဘုရား။”
မူရင်း​မှာ ပြည့်တန်ဆာ​လုပ်တာ​နဲ့ တင်စား​ထားတယ်။
တဲ​နေ​ပွဲလို့​လည်း​ခေါ်။