မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တောလည်ရာ ၂၂:၁-၄၁

မာတိကာ

  • ဗာလက်​က ဗာလမ်​ကို ငှား (၁-၂၁)

  • ဗာလမ်​ရဲ့​မြည်း စကားပြော (၂၂-၄၁)

၂၂  အစ္စရေးတွေ​က ခရီးဆက်​လာပြီး  ယေရိခေါ​မြို့​တစ်ဖက်၊ ဂျော်ဒန်​မြစ်  အရှေ့ဘက်ခြမ်း​က မောဘ​လွင်ပြင်​မှာ စခန်းချ​ကြ​တယ်။+ ၂  ဇိဖော်​ရဲ့​သား  ဗာလက်​က+  အာမောရိ​လူတွေကို အစ္စရေးတွေ ဘယ်လို​လုပ်ခဲ့​တယ်​ဆို​တဲ့ သတင်း​ကို ကြား​သိရတဲ့အခါ၊ ၃  မောဘ​ပြည်သား​တွေ​က လူဦးရေ​သိပ်​များတဲ့ အစ္စရေးတွေကို ကြောက်​ပြီး ရွံမုန်း​လာတယ်။+ ၄  သူတို့က “နွား​တွေ မြက်​ကို​စား​ပစ်​သလို ဒီလူတွေ​လည်း ဒို့​ပတ်ဝန်းကျင်​မှာ ရှိသမျှကို စား​ပစ်​တော့မယ်” ဆို​ပြီး မိဒျန်​လူမျိုး အကြီးအကဲ​တွေကို+ ပြော​ကြ​တယ်။ အဲဒီ​အချိန်တုန်းက  မောဘ​ပြည်​ကို ဇိဖော်​ရဲ့​သား  ဗာလက်  အုပ်ချုပ်​နေတယ်။ ၅  ဗာလက်​မင်း​က သူ့​တိုင်းပြည်​ရဲ့​မြစ်​ကြီး*အနား၊ ပေ​သော်​မြို့မှာ​နေတဲ့ ဗော​ရ​ရဲ့​သား ဗာလမ်​ဆီ+ တမန်တွေ လွှတ်လိုက်​ပြီး  “အီဂျစ်ပြည်​က​နေ ထွက်လာတဲ့ လူမျိုးတစ်မျိုး​က မြေတစ်ပြင်​လုံးကို ပျံ့နှံ့​သွား​လိုက်တာ+ အခုတော့ ငါ့​ရှေ့​တည့်တည့်​ကို ရောက်နေ​ပြီ။ ၆  သူတို့က ငါ့​ထက် ပို​အင်အားကြီး​နေလို့ သူတို့ကို ကျိန်စာတိုက်​ပေးဖို့ မင်း​လာခဲ့​ပါ။+ ငါ အနိုင်​ရပြီး သူတို့ကို တိုင်းပြည်​က​နေ မောင်းထုတ်​နိုင်​ကော​င်း​ပါ​ရဲ့။ မင်းကောင်း​ချီး​ပေး​တဲ့​သူက ကောင်းချီး​ရပြီး မင်း​ကျိန်စာတိုက်​တဲ့​သူက ကျိန်စာသင့်​မှန်း ငါ​သိတယ်” လို့ မှာ​လိုက်တယ်။ ၇  မောဘ​လူမျိုး အကြီးအကဲ​တွေ​နဲ့ မိဒျန်​လူမျိုး​အကြီးအကဲ​တွေ​က ဗာလမ်​ဆီ ဉာဏ်​ပူဇော်​ခ ယူသွား​ပြီး+ ဗာလက်​မင်း​ရဲ့ စကား​တွေကို ပြန်ပြော​ပြ​တယ်။ ၈  ဗာလမ်​က “ဒီ​ည ဒီ​မှာ​တည်းခို​ကြပါ။ ကျွန်တော့်ကို ယေဟောဝါ​ဘုရား ပြောတဲ့​အတိုင်း ခင်ဗျားတို့​ကို ပြန်ပြော​ပါ့​မယ်” ဆို​ပြီး ပြောတယ်။ မောဘ​မှူးမတ်​တွေ​လည်း ဗာလမ်​ဆီမှာ တည်းခို​ကြ​တယ်။ ၉  ဘုရား​သခင်​က   ဗာလမ်​ဆီ ရောက်လာပြီး+ “မင်း​ဆီမှာ လာ​တည်း​တဲ့​သူတွေက  ဘယ်သူတွေလဲ”  လို့ မေးတယ်။ ၁၀  ဗာလမ်​က “ဇိဖော်​ရဲ့​သား၊ မောဘ​ဘုရင် ဗာလက် လွှတ်​လိုက်တဲ့​သူတွေ​ပါ။ ၁၁  ဗာလက်​မင်း​က ‘အီဂျစ်ပြည်​က​နေ ထွက်လာတဲ့ လူမျိုးတစ်မျိုး​က မြေတစ်ပြင်​လုံးကို ပျံ့နှံ့​သွား​လိုက်တာ အခုတော့ ငါ့​ရှေ့​တည့်တည့်​ကို ရောက်နေ​ပြီ။ သူတို့ကို ကျိန်စာတိုက်​ပေးဖို့ မင်း​လာခဲ့​ပါ။+ ငါ အနိုင်​ရပြီး သူတို့ကို တိုင်းပြည်​က​နေ မောင်းထုတ်​နိုင်​ကော​င်း​ပါ​ရဲ့’ လို့ စကား​ပါး​လိုက်ပါ​တယ်” ဆို​ပြီး ပြန်ဖြေ​တယ်။ ၁၂  ဒါပေမဲ့ ဘုရား​သခင်​က “သူတို့နဲ့ မလို​က်​သွား​နဲ့။ အဲဒီ​လူမျိုးဟာ ကောင်းချီး​ခံစား​ရတဲ့ လူမျိုး​ဖြစ်လို့ မင်း ကျိန်စာ​မ​တိုက်​ရဘူး”+ လို့ ဗာလမ်​ကို​ပြောတယ်။ ၁၃  မနက်​ကျ​တော့ ဗာလမ်​က “ခင်ဗျားတို့  ကို​ယ့်​ပြည်​ကို  ပြန်​ကြပါ။ ယေဟောဝါ​ဘုရားက  ခင်ဗျားတို့​နဲ့ မလို​က်​ခိုင်း​ဘူး”  ဆို​ပြီး  ပြောတယ်။ ၁၄  မောဘ​မှူးမတ်​တွေ​လည်း ဗာလက်​မင်း​ဆီ ပြန်သွား​ပြီး “ဗာလမ်​က ကျွန်တော်တို့​နဲ့အတူ မလို​က်​ချင်​ဘူးလို့ ပြောပါ​တယ်” ဆို​ပြီး လျှောက်တင်​ကြ​တယ်။ ၁၅  ဗာလက်​မင်း​က အရင်​ထက်​ပိုများ​ပြီး ပို​ရာထူး​ကြီး​တဲ့ မှူးမတ်​တွေကို လွှတ်​ပြန်​တယ်။ ၁၆  သူတို့က ဗာလမ်​ဆီ ရောက်လာပြီး “ဇိဖော်​ရဲ့​သား ဗာလက်​မင်း​က ‘ငါ့​ဆီ ဆက်ဆက်​လာခဲ့​ပါ။ ၁၇  မင်းကို ထိုက်​ထိုက်တန်​တန် ချီးမြှင့်​မယ်။ မင်း​ပြော​သမျှ လုပ်ပေးမယ်။ ဆက်ဆက်​သာ လာခဲ့။ ငါ့အတွက် ဒီ​လူမျိုး​ကို ကျိန်စာတိုက်​ပေးပါ’ လို့ မှာ​လိုက်ပါ​တယ်” ဆို​ပြီး​ပြော​တော့၊ ၁၈  ဗာလမ်​က​လည်း “ဗာလက်​မင်း​က ရွှေငွေ​တွေ ပြည့်​နေတဲ့ နန်း​တော်ကို ပေး​ရင်တောင် ကျွန်တော့်​ရဲ့​ဘုရား ယေဟောဝါရဲ့​အမိန့်​ကို လွန်ဆန်​ပြီး ဘာကိုမှ​မ​လုပ်နိုင်​ပါ​ဘူး။+ ၁၉  ဒါပေမဲ့ ကျွန်တော့်ကို ယေဟောဝါ​ဘုရား ဘာ​ပြော​ဦး​မ​လဲ သိနိုင်ဖို့ ဒီ​ည ဒီ​မှာ​တည်းခို​ကြပါ”+ လို့ မှူးမတ်​တွေကို ပြန်ပြောတယ်။ ၂၀  အဲဒီ​ညမှာ  ဘုရား​သခင်​က ဗာလမ်​ဆီ ရောက်လာပြီး “ဒီလူတွေ မင်းကို လာ​ခေါ်​တာ​ဆို​ရင် လိုက်သွား​ပါ။ ဒါပေမဲ့ ငါ​ပြော​ခိုင်း​တာ​တွေကိုပဲ ပြောရမယ်”+ လို့​ပြောတယ်။ ၂၁  ဗာလမ်​လည်း မနက်​အိပ်ရာထ​တော့ မြည်း​ကို​ကုန်း​နှီး​တင်ပြီး မောဘ​မှူးမတ်​တွေ​နဲ့အတူ လိုက်သွား​တယ်။+ ၂၂  ဒါပေမဲ့ ဗာလမ် လိုက်​သွားတာကို ဘုရား​သခင် အမျက်ထွက်​တယ်။ အစေခံ​နှစ်ယောက်​နဲ့အတူ ဗာလမ်​မြည်း​စီး​သွား​နေတုန်း ယေဟောဝါရဲ့ ကောင်းကင်တမန်​က လမ်းမှာ  ပိတ်​ရပ်​ပြီး တား​တယ်။ ၂၃  ဓား​ကိုင်ပြီး ရပ်နေတဲ့ ယေဟောဝါရဲ့  ကောင်းကင်တမန်​ကို  မြည်း​က မြင်​တော့ လမ်းဘေး​ကို​ဆင်း​ပြီး ရှောင်​လိုက်တယ်။ ဒါပေမဲ့ ဗာလမ်​က မြည်း​ကို​ရိုက်​ပြီး လမ်းပေါ်​ပြန်​တက်​ခိုင်း​တယ်။ ၂၄  ယေဟောဝါရဲ့ ကောင်းကင်တမန်​က စပျစ်ခြံ​နှစ်ခြံ​ရဲ့ ကျောက်တံတိုင်း နှစ်ဖက်​ကြား လမ်းကျဉ်း​လေးမှာ ပိတ်​ရပ်​ပြန်​တယ်။ ၂၅  မြည်း​က ယေဟောဝါရဲ့ ကောင်းကင်တမန်​ကို  မြင်တဲ့အခါ  ကျောက်တံတိုင်း​ဘက်​ကို အတင်း​တိုး​ကပ်​သွား​တော့ ဗာလမ်​ရဲ့​ခြေထောက်​က တံတိုင်း​နဲ့​ညပ်​သွားတယ်။ ဒါကြောင့် မြည်း​ကို ထပ်​ရိုက်တယ်။ ၂၆  အဲဒီအခါ  ယေဟောဝါရဲ့ ကောင်းကင်တမန်​က  မြည်း​ရှေ့ကို ကျော်​တက်ပြီး ဘယ်​ညာ​လှည့်​စ​ရာ​မရှိတဲ့ လမ်းကျဉ်း​လေးမှာ ပိတ်​ရပ်​ပြန်​တယ်။ ၂၇  မြည်း​က ယေဟောဝါရဲ့ ကောင်းကင်တမန်​ကို မြင်​တော့ ဝပ်​ချ​လိုက်တယ်။ ဗာလမ်​လည်း အရမ်း​စိတ်ဆိုး​လာပြီး မြည်း​ကို တရ​စပ်​ရိုက်တယ်။ ၂၈  နောက်ဆုံး​တော့ ယေဟောဝါ​က မြည်း​ကို စကားပြော​နိုင်အောင် လုပ်ပေး​လိုက်တဲ့အခါ+ မြည်း​က “ငါ​ဘာ​အမှားလုပ်မိ​လို့  သုံးခါ​တောင်  ရိုက်​ရတာလဲ”+ ဆို​ပြီး မေးတယ်။ ၂၉  ဗာလမ်​က “မင်း ငါ့ကို အရူး​လုပ်တာ​ကိုး။ ငါ့​လက်ထဲ​မှာ ဓား​သာ​ရှိလို့​က​တော့ မင်းကို သတ်​လိုက်​ပြီ” လို့​ကြိမ်း​တယ်။ ၃၀  မြည်း​က​လည်း “ငါ့ကို တစ်သက်လုံး စီး​လာခဲ့​တာပဲ။ အခုလို လုပ်​ဖူးလို့​လား” လို့​မေး​တော့  ဗာလမ်​က “မလုပ်ဖူး​ဘူး”  ဆို​ပြီး  ပြန်ပြောတယ်။ ၃၁  ယေဟောဝါ​က ဗာလမ်​ရဲ့​မျက်စိ​ကို ဖွင့်ပေး​တဲ့​အ​ခါ+ ဓား​ကိုင်ပြီး လမ်းပေါ်​ရပ်နေတဲ့  ယေဟောဝါရဲ့ ကောင်းကင်တမန်​ကို  သူ​တွေ့​သွားတယ်။ ဒါနဲ့ ချက်ချင်း​ပဲ မြေပေါ်​ပျပ်ဝပ်​လိုက်တယ်။ ၃၂  ယေဟောဝါရဲ့ ကောင်းကင်တမန်​က  “မြည်း​ကို  ဘာလို့ သုံးခါ​တောင် ရိုက်​ရတာလဲ။ ခင်ဗျား​သွား​တဲ့​လမ်း​က ကျုပ်​အလို​နဲ့ လား​လား​ကြီး​ဆန့်ကျင်​နေလို့ ခင်ဗျားကို​တားဖို့ ကျုပ်​ကိုယ်တိုင်  ထွက်လာ​တာ။+ ၃၃  မြည်း​က ကျုပ်​ကို​မြင်ပြီး ရှောင်​သွားဖို့ သုံးကြိမ်​ကြိုးစား​ခဲ့​တယ်။+  သူ​သာ​မရှောင်​ရင် အခု​လောက်​ဆို ခင်ဗျားကို ကျုပ်​သတ်​ပြီးပြီ။ သူ့ကို​တော့ အသက်ချမ်းသာ​ပေးလိုက်​မှာ” လို့​ပြောတယ်။ ၃၄  ဗာလမ်​က ယေဟောဝါရဲ့ ကောင်းကင်တမန်​ကို “ကျွန်တော် မှား​ပါပြီ။ ကျွန်တော်​နဲ့​တွေ့​ဖို့ အရှင် လမ်းမှာ​ရပ်နေ​မှန်း မသိ​လို့​ပါ။ အရှင် မသွား​စေချင်ဘူး​ဆို​ရင် ကျွန်တော် ပြန်လှည့်​ပါ့​မယ်” ဆို​ပြီး ပြောတယ်။ ၃၅  ယေဟောဝါရဲ့ ကောင်းကင်တမန်​က “သူတို့နဲ့ လိုက်သွား​ပါ။ ဒါပေမဲ့ ကျုပ်​ပြော​ခိုင်း​တာကိုပဲ ပြောရမယ်” လို့ မှာ​တယ်။ ဗာလမ်​လည်း ဗာလက်​မင်း​ရဲ့ မှူးမတ်​တွေ​နဲ့အတူ လိုက်သွား​တယ်။ ၃၆  ဗာလမ်  လာ​နေ​ပြီ​ဆို​တာကို ကြား​တော့ ဗာလက်​မင်း​က နယ်စပ်​မှာ​ရှိတဲ့ အာနုန်​သဲ​ချောင်း​ရဲ့ ကမ်း​နား​ပေါ်​က မောဘ​မြို့တစ်မြို့​မှာ ချက်ချင်း လာကြို​တယ်။ ၃၇  ပြီးတော့ “မင်းကို ငါ​အခေါ်​လွှတ်လိုက်​တာပဲ။ ငါ့​ဆီ ဘာလို့​မလာ​တာ​လဲ။ မင်းကို ထိုက်​ထိုက်တန်​တန် ချီးမြှင့်​ဖို့ မတတ်နိုင်​ဘူး ထင်​နေတာ​လား”+  ဆို​ပြီး​ပြောတယ်။ ၃၈  ဗာလမ်​က “အခု၊ မင်းကြီး​ဆီ ကျွန်တော်​ရောက်​လာပြီ။ ဒါပေမဲ့ ကျွန်တော့်​မှာ ဘာမှ​ပြောပိုင်ခွင့်​မရှိဘူး။ ဘုရား​သခင်​ပြော​ခိုင်း​တာကိုပဲ ပြော​ရမှာ​ပါ”+ ဆို​ပြီး​ပြောတယ်။ ၃၉  ဒီလိုနဲ့ ဗာလမ်​က ဗာလက်​မင်း​နဲ့အတူ လိုက်သွား​ပြီး ကိ​ရ​ယ​ဟု​ဇု​တ်​အရပ်​ကို  ရောက်လာတယ်။ ၄၀  ဗာလက်​မင်း​က  သိုး​နွား​တွေ  ပူဇော်ပြီး အသား​တချို့ကို ဗာလမ်​နဲ့ မှူးမတ်​တွေဆီ ပို့ပေး​တယ်။ ၄၁  မနက်​ရောက်​တော့ ဗာလမ်​ကို ခေါ်ပြီး ဗာ​မုတ်​ဗာလ​မြို့​ကို တက်​သွားတယ်။ အဲဒီကနေ​လှမ်းကြည့်​ရင် အစ္စရေး​တစ်မျိုး​လုံးကို မြင်ရ​တယ်။+

အောက်ခြေမှတ်ချက်များ

ယူဖရေးတီး​မြစ်။