မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တရားဟောရာ ၃၄:၁-၁၂

မာတိကာ

  • မောရှေ​ကို ယေဟောဝါ ခါနန်ပြည်​ပြ (၁-၄)

  • မောရှေ သေဆုံး (၅-၁၂)

၃၄  အဲဒီနောက် မောရှေ​က မောဘ​လွင်ပြင်​က​နေ ယေရိခေါ​မြို့​ကို+ မျက်နှာမူ​ထားတဲ့ နေဗော​တောင်၊+ ပိသဂါ​ကုန်းပြင်မြင့်​ထိပ်​ကို+ တက်​သွားတယ်။ အဲဒီမှာ ယေဟောဝါ​က ဂိလဒ်​ပြည်​က​နေ ဒန်​နယ်မြေ​အထိ၊+ ၂  နဿလိ​နယ်မြေ​တစ်ခုလုံး၊ ဧဖရိမ်​နယ်မြေ၊ မနာရှေ​နယ်မြေ၊ အနောက်ဘက်​ပင်လယ်* အထိ ယုဒ​နယ်မြေ​တစ်ခုလုံး၊+ ၃  နေ​ဂ​ပ်​အရပ်​နဲ့+ ဂျော်ဒန်​ခရိုင်၊+ စွန်ပလွံ​ပင်​မြို့​ဖြစ်တဲ့ ယေရိခေါ​မြို့​ရဲ့ ချိုင့်ဝှမ်းလွင်ပြင်၊ ဇော​ရ​မြို့​အထိ+ တစ်ပြည်လုံး​ကို ပြ​တယ်။ ၄  ယေဟောဝါ​က “‘မင်း​ရဲ့​မျိုးနွယ်​ကို​ပေးမယ်’+ ဆို​ပြီး အာဗြဟံ၊ အိဇက်၊ ယာကုပ်​တို့ကို ငါ​ကတိ​ပေးခဲ့တဲ့ ပြည်​ဟာ ဒီ​ပြည်​ပဲ။ မင်းကို အဲဒီ​ပြည် မြင်ခွင့်​ပေးတယ်။ ဒါပေမဲ့ မင်း ဝင်ခွင့်​ရမှာ မဟုတ်ဘူး”+ လို့ မောရှေ​ကို ပြောတယ်။ ၅  အဲဒီနောက် ယေဟောဝါ ပြောခဲ့တဲ့​အတိုင်း​ပဲ ယေဟောဝါရဲ့​ကျွန် မောရှေ​ဟာ မောဘ​ပြည်၊ အဲဒီ​နေရာမှာပဲ သေဆုံးသွားတယ်။+ ၆  ဘုရား​သခင်​က သူ့ကို ဗ​က်​ပေဂုရ​မြို့​ရှေ့​က မောဘ​ပြည်​ချိုင့်ဝှမ်း​မှာ သင်္ဂြိုဟ်​လိုက်တယ်။ သူ့​သင်္ချိုင်းဂူ ဘယ်မှာ​ရှိမှန်း ဒီနေ့​အထိ ဘယ်သူမှ မသိကြ​ဘူး။+ ၇  မောရှေ သေဆုံး​ချိန်မှာ အသက် ၁၂​၀ ရှိပြီ။+ မျက်စိ မ​မှု​န်​သေး​ဘူး။ ခွန်အား​လည်း မ​လျော့​သေး​ဘူး။ ၈  အစ္စရေးတွေ​က မောဘ​လွင်ပြင်​မှာ မောရှေ​အတွက် ရက်​ပေါင်း ၃၀ ငိုကြွေး​ကြ​တယ်။+ ဒီလိုနဲ့ မောရှေ​သေဆုံး​လို့ ငိုကြွေး​ရတဲ့​အချိန် ပြီးဆုံး​သွားတယ်။ ၉  မောရှေ​က နုန်​ရဲ့​သား ယောရှု​အပေါ် လက်တင်​ခဲ့တဲ့​အတွက်+ သူ​ဟာ ဉာဏ်ပညာ* ပြည့်ဝ​တယ်။ သူ့​စကားကို အစ္စရေးတွေ နားထောင်​ကြ​တယ်။ မောရှေ​ကို ယေဟောဝါ မိန့်မှာ​ခဲ့တဲ့​အတိုင်း လုပ်ဆောင်ကြ​တယ်။+ ၁၀  ဒါပေမဲ့ ယေဟောဝါ တရင်းတနှီး သိကျွမ်း​ခဲ့တဲ့+ မောရှေ​လို ပရောဖက်​မျိုး+ အစ္စရေး​ပြည်​မှာ နောင်​ဘယ်တော့မှ မ​ပေါ်​တော့ဘူး။ ၁၁  မောရှေ​က ယေဟောဝါ​ခိုင်း​တဲ့​အတိုင်း ဖာရော​နဲ့ မင်းမှုထမ်း​တွေ​ရှေ့၊ အီဂျစ်​တစ်ပြည်လုံး​ရှေ့မှာ အံ့ဖွယ်အမှု​တွေ၊ ထူးဆန်းတဲ့​အရာတွေ လုပ်ပြခဲ့​တယ်။+ ၁၂  အစ္စရေးတွေ​ရှေ့မှာ​လည်း အားကြီးတဲ့လက်၊ ကြီးမားတဲ့ အစွမ်း​တန်ခိုးကို သုံးပြီး လုပ်ပြခဲ့​တယ်။+

အောက်ခြေမှတ်ချက်များ

မြေထဲပင်လယ်။
ဒါမှမဟုတ်၊ “စွမ်းအားတော်​က​ပေး​တဲ့ ဉာဏ်ပညာ။”