မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တရားဟောရာ ၃:၁-၂၉

မာတိကာ

  • ဗာရှန်​ဘုရင် ဩ​ဂတ်​ကို အနိုင်ရ (၁-၇)

  • ဂျော်ဒန်​အရှေ့ဘက် နယ်မြေ​ကို ခွဲဝေ (၈-၂၀)

  • မကြောက်​ဖို့ ယောရှု​ကို​မှာကြား (၂၁၊ ၂၂)

  • မောရှေ ခါနန်ပြည် မဝင်​ရ (၂၃-၂၉)

 “အဲဒီနောက် ကျွန်တော်တို့ ပြန်လှည့်​ပြီး ဗာရှန်​လမ်းအတိုင်း တက်​သွား​ကြ​တယ်။ ဗာရှန်​ဘုရင်​ဩ​ဂတ်​က သူ့​လူတွေ​နဲ့အတူ ဧ​ဒြိ​မြို့မှာ ကျွန်တော်တို့ကို တိုက်ခိုက်​ဖို့ ချီတက်​လာတယ်။+ ၂  ယေဟောဝါ​ဘုရားက ‘မကြောက်​နဲ့။ သူနဲ့ သူ့​လူတွေကို​ရော သူ့​တိုင်းပြည်​ကို​ပါ မင်း​လက်ထဲ ငါ​အပ်​မယ်။ ဟေရှဘုန်​မြို့မှာ နန်းစံ​တဲ့ အာမောရိဘုရင် ရှိ​ဟု​န်ကို မင်း​လုပ်ခဲ့​သလို ဗာရှန်​ဘုရင်​ကို​လည်း လုပ်​ရမယ်’ ဆို​ပြီး ကျွန်တော့်ကို ပြောတယ်။ ၃  ယေဟောဝါ​ဘုရားက ဗာရှန်​ဘုရင် ဩ​ဂတ်​နဲ့ သူ့​လူတွေကို ကျွန်တော်တို့​လက်ထဲ အပ်​တဲ့​အတွက် သူတို့ကို တစ်ယောက်​မကျန် ကွပ်မျက်ခဲ့တယ်။ ၄  အာဂေါဘဒေသ တစ်ခုလုံး​မှာ​ရှိတဲ့ မြို့​ပေါင်း ၆၀ အပါအဝင် မြို့​အားလုံးကိုလည်း သိမ်းပိုက်​လိုက်တယ်။ ဗာရှန်​ပြည်၊ ဘုရင်​ဩ​ဂတ်​ရဲ့ နိုင်ငံမှာ+ မ​သိမ်းပိုက်​နိုင်​တဲ့​မြို့​ရယ်​လို့ မရှိခဲ့ဘူး။ ၅  အဲဒီမြို့​တွေ​ဟာ မြို့ရိုး​ကြီး​တွေ၊ ဂိတ်တံခါး​တွေ၊ ကန့်​လန့်​ကျင်​တွေ​ရှိတဲ့ ခံတပ်မြို့​တွေ​ပဲ။ ရွာ​လေး​တွေ​လည်း အများကြီး​ပဲ။ ၆  ဟေရှဘုန်​ဘုရင် ရှိ​ဟု​န်ကို ဖျက်ဆီး​ခဲ့​သလို အဲဒီမြို့​တွေကို ဖျက်ဆီး​ခဲ့ကြ​တယ်။+ မြို့​တွေကို ဖျက်ဆီး​ပြီး ယောက်ျား၊ မိန်းမ၊ ကလေးတွေကိုလည်း ကွပ်မျက်ခဲ့တယ်။+ ၇  တိရစ္ဆာန်​နဲ့ တိုက်​ရာ​ပါ​ဥစ္စာ​အားလုံးကို သိမ်းယူ​ခဲ့ကြ​တယ်။ ၈  “အဲဒီတုန်းက အာနုန်​သဲ​ချောင်း​က​နေ ဟေ​ရ​မုန်​တောင်​အထိ+ ကျယ်ပြန့်​တဲ့ ဂျော်ဒန်​မြစ်ဝှမ်း​ဒေသ​ကို အာမောရိဘုရင် နှစ်ပါး​ဆီကနေ+ သိမ်းယူ​ခဲ့​တယ်။ ၉  (ဟေ​ရ​မုန်​တောင်​ကို ဆိုင်ဒုန်​လူမျိုး​တွေ​က စိ​ရု​န်လို့​ခေါ်ပြီး အာမောရိ​လူမျိုး​က စိ​နဲ​လို့ ခေါ်တယ်။) ၁၀  ကုန်းပြင်မြင့်​ပေါ်​က မြို့​အားလုံး၊ ဂိလဒ်​တစ်ပြည်လုံး၊ ဘုရင်​ဩ​ဂတ်​ပိုင်​တဲ့ သာ​လ​က​မြို့​နဲ့ ဧ​ဒြိ​မြို့​အထိ+ ဗာရှန်​တစ်ပြည်လုံး​ကို သိမ်းပိုက်​ခဲ့​တယ်။ ၁၁  ဗာရှန်​ဘုရင် ဩ​ဂတ်​ဟာ ရေ​ဖိ​မ်​လူမျိုးရဲ့ နောက်ဆုံး​ဘုရင်​ပဲ။ သံ​နဲ့* လုပ်​ထားတဲ့ သူ့​ခေါင်း​တလား​ဟာ အလျား ၉ တောင်၊ အ​နံ ၄ တောင်​ရှိတယ်။ အမ္မုန်​လူမျိုး​တွေ​ရဲ့ ရဗာ​မြို့မှာ အခုထိ​ရှိနေတုန်း​ပဲ။ ၁၂  အာနုန်​သဲ​ချောင်း​ကမ်း​နား​မှာ​ရှိတဲ့ အာရော်မြို့​က​နေ+ ဂိလဒ်​တောင်တန်းဒေသ​ရဲ့ တစ်ဝက်​ကို အဲဒီတုန်းက သိမ်းယူ​ခဲ့​တယ်။ အဲဒီမှာ​ရှိတဲ့​မြို့​တွေကို ရုဗင်​အနွယ်​နဲ့ ဂဒ်အနွယ်​ကို ကျွန်တော်​ပေးလိုက်တယ်။+ ၁၃  ဂိလဒ်​ဒေသ​ရဲ့ ကျန်​တစ်ဝက်​နဲ့ ဘုရင်​ဩ​ဂတ်​ပိုင်​တဲ့ ဗာရှန်​တစ်ပြည်လုံး​ကို မနာရှေ​အနွယ်​တစ်ဝက်​ကို+ ပေးလိုက်တယ်။ ဗာရှန်​ပြည်​မှာ​ရှိတဲ့ အာဂေါဘဒေသ တစ်ခုလုံးကို ရေ​ဖိ​မ်​လူမျိုးရဲ့​ပြည်​လို့ ခေါ်​ကြ​တယ်။ ၁၄  “မနာရှေ​အနွယ် ယာ​အိ​ရ​က+ ဂေ​ရှုရိ​ပြည်သား​နဲ့ မာခါ​သိ​ပြည်သား​တွေ​ရဲ့+ နယ်နိမိတ်​အထိ အာဂေါဘဒေသ တစ်ခုလုံးကို+ သိမ်းယူ​တယ်။ သူ့ကို​အစွဲပြုပြီး ဗာရှန်​ပြည်​ရဲ့ ရွာ​ငယ်​တွေကို ဟာ​ဝုတ်​ယာ​အိ​ရ*+ လို့​မှည့်​ခေါ်​ခဲ့​တာ ဒီနေ့​အထိ နာမည်​တွင်​နေတုန်းပဲ။ ၁၅  မာ​ခိ​ရ​ကို​တော့ ဂိလဒ်​ပြည် ပေးလိုက်တယ်။+ ၁၆  ရုဗင်​အနွယ်​နဲ့ ဂဒ်အနွယ်​ကို+ ဂိလဒ်​ပြည်​က​နေ အာနုန်​သဲ​ချောင်း​အထိ ပေးလိုက်တယ်။ သဲ​ချောင်း​အလယ်ပိုင်း​က​တော့ နယ်နိမိတ်​ပေါ့။ အမ္မုန်​ပြည်​ရဲ့ နယ်နိမိတ်​ဖြစ်တဲ့ ယာ​ဗုတ်​သဲ​ချောင်း၊ ၁၇  ဂျော်ဒန်​မြစ်​နဲ့ မြစ်​ကမ်း​တစ်လျှောက်​ဖြစ်တဲ့ အရာဗာ​အရပ်​အထိ ပါတယ်။ ခိ​နေရ​က်​အိုင်* က​နေ အရှေ့ဘက် ပိသဂါတောင်​ခြေ​မှာ​ရှိတဲ့ အရာဗာ​လို့​ခေါ်တဲ့ ဆား​ငန်​အိုင်* အထိ ကျယ်ဝန်း​တယ်။+ ၁၈  “ကျွန်တော်က ရုဗင်​အနွယ်၊ ဂဒ်အနွယ်​နဲ့ မနာရှေ​အနွယ်​တစ်ဝက်​ကို ပြောတယ်– ‘ယေဟောဝါ​ဘုရားက ခင်ဗျားတို့​အတွက် ဒီ​ပြည်​ကို အပိုင်ပေး​လိုက်​ပြီ။ ဒါကြောင့် ရဲရင့်​တဲ့​ယောက်ျား​တွေ လက်နက်ကိုင်​ပြီး ကို​ယ့်​ညီအစ်ကို အစ္စရေးတွေ​ရှေ့​က​နေ ကူးသွား​ရမယ်။+ ၁၉  သားမယား​တွေ၊ တိရစ္ဆာန်တွေ​က​တော့ ပေးထားတဲ့​မြို့​တွေ​မှာ နေခဲ့ရ​မယ်။ (ခင်ဗျားတို့​မှာ တိရစ္ဆာန်တွေ အများကြီး​ရှိတာ ကျွန်တော်​သိတယ်။) ၂၀  ယေဟောဝါ​ဘုရားက ခင်ဗျားတို့​ကို အေးချမ်း​စွာ နေထိုင်ခွင့်​ပေးခဲ့တယ်။ ဒါကြောင့် ခင်ဗျားတို့​လည်း ဂျော်ဒန်​မြစ်​တစ်ဖက်​ကမ်း​မှာ​ရှိတဲ့ ယေဟောဝါ​ဘုရား ပေးမယ့်​ပြည်​ကို ညီအစ်ကို​တွေ သိမ်းပိုက်​ပြီး အေးချမ်း​စွာ နေထိုင်ခွင့်​ရမယ့်​အချိန်​အထိ ကူညီပေး​ရမယ်။ ပြီးမှ ကိုယ်​ရထားတဲ့ နယ်မြေ​တွေဆီ ပြန်လာ​ရမယ်။’+ ၂၁  “အဲဒီတုန်းက ယောရှု​ကို​လည်း+ ‘ဒီ​ဘုရင်​နှစ်ပါး​ကို ယေဟောဝါ​ဘုရား ဘာလုပ်ခဲ့​တယ်ဆိုတာ ခင်ဗျား​မြင်​တာပဲ။ အခု​ကူးသွား​မယ့် ပြည်​မှာ​ရှိတဲ့ မြို့​တွေကိုလည်း ယေဟောဝါ အဲဒီလိုပဲ လုပ်​လိမ့်မယ်။+ ၂၂  ယေဟောဝါ​ဘုရား တိုက်ခိုက်​ပေးမှာ​ဖြစ်လို့ သူတို့ကို မကြောက်​ပါ​နဲ့’+ လို့ ကျွန်တော် မှာ​ခဲ့​တယ်။ ၂၃  “အဲဒီတုန်းက ယေဟောဝါကို ကျွန်တော် အသနားခံ​တယ်– ၂၄  ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ကျွန်တော့်ကို ကိုယ်တော်​ရဲ့ ကြီးမြတ်မှု​နဲ့ အားကြီးတဲ့လက်​ရုံး​ကို+ ပြပါ​ပြီ။ ဒီလို တန်ခိုးကြီး​လုပ်ရပ်​တွေကို ကောင်းကင်​ပေါ်၊ မြေကြီး​ပေါ်​မှာ​ရှိတဲ့ ဘယ်​ဘုရား​မှ မ​လုပ်နိုင်​ပါ​ဘူး။+ ၂၅  ကျွန်တော် ဂျော်ဒန်​မြစ်​တစ်ဖက်​ကို ကူးသွား​ပြီး သာယာ​လှပတဲ့​ပြည်​ကို မြင်​ပါ​ရစေ။ သာယာ​လှပတဲ့ တောင်တန်းဒေသ​နဲ့ လက်​ဘ​နွန်​ပြည်​ကို မြင်​ပါ​ရစေ’+ ဆို​ပြီးတော့​ပေါ့။ ၂၆  ဒါပေမဲ့ ယေဟောဝါ​ဘုရားက ခင်ဗျားတို့​ကြောင့်+ ကျွန်တော့်ကို အမျက်ထွက်​နေတုန်းပဲ။ ဒါကြောင့် ယေဟောဝါ​က ကျွန်တော်​ပြောတာကို နားမထောင်​ဘဲ ‘တော်​ပြီ။ ဒီ​အကြောင်း ထပ်​မပြော​နဲ့​တော့။ ၂၇  ဒီ​ဂျော်ဒန်​မြစ်​ကို မင်း​ဖြတ်ကူး​ရမှာ မဟုတ်ဘူး။ ဒါကြောင့် ပိသဂါ​တောင်ပေါ်ကို+ တက်​သွား​ပြီး အရပ်​လေးမျက်နှာ​ကို လှမ်းကြည့်​လိုက်။ အဲဒီ​ပြည်​ကို မြင်ရ​မယ်။+ ၂၈  ပြီးရင် ယောရှု​ကို+ ခေါင်းဆောင် ခန့်​ပါ။ သူ အားရှိသွား​အောင် အားပေး​လိုက်ပါ။ သူ​ဟာ အစ္စရေး​လူမျိုး​ရှေ့​က​နေ ဖြတ်ကူး​ပြီး+ မင်း​လှမ်းမြင်​ရတဲ့ ပြည်​ကို သူတို့ အမွေခံ​ရ​အောင် လုပ်ပေးမယ့်​သူ​ပဲ’ လို့​ပြောတယ်။ ၂၉  ဗ​က်​ပေဂုရ​မြို့​ရှေ့​က ချိုင့်ဝှမ်း​မှာ နေထိုင်​တုန်းက ဒါတွေ​အားလုံး ဖြစ်ပျက်ခဲ့တယ်။+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “အနက်ရောင် မီး​သင့်​ကျောက်။”
အဓိပ္ပာယ်၊ “ယာ​အိ​ရ​ကျေးရွာ​များ။”
ဂင်နေသရက်​လို့​ခေါ်တဲ့ ဂါလိလဲ​အိုင်။
ပင်လယ်သေ။