မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တရားဟောရာ ၁၄:၁-၂၉

မာတိကာ

  • မှားယွင်းတဲ့ ဝမ်းနည်းပူဆွေးမှု (၁၊ ၂)

  • သန့်ရှင်း​တဲ့​အစာ၊ မသန့်ရှင်း​တဲ့​အစာ (၃-၂၁)

  • ယေဟောဝါ​အတွက် ဆယ်ဖို့တစ်ဖို့ (၂၂-၂၉)

၁၄  “ခင်ဗျားတို့​ဟာ ယေဟောဝါ​ဘုရားရဲ့ သားသမီး​တွေ​ပဲ။ သေလွန်သူ​အတွက် ကို​ယ့်​အ​သားကို ဓား​နဲ့ မ​မွှန်း​ရဘူး၊+ ဦးခေါင်း​ရှေ့​ပိုင်း​ကို ပြော​င်​အောင် မ​ရိတ်​ရဘူး။+ ၂  ခင်ဗျားတို့​ဟာ ယေဟောဝါ​ဘုရားအတွက် သန့်ရှင်း​တဲ့ လူမျိုး​ပဲ။+ ယေဟောဝါ​က မြေကြီး​ပေါ်​မှာ​ရှိတဲ့ လူမျိုး​အားလုံး​ထဲက​နေ ခင်ဗျားတို့​ကို တန်ဖိုး​အထား​ရဆုံး လူမျိုး​အဖြစ် ရွေးချယ်​ထား​ပြီ။+ ၃  “ရွံရှာဖွယ်​ရာ​မှန်သမျှ ခင်ဗျားတို့ မစား​ရဘူး။+ ၄  သိုး၊ နွား၊ ဆိတ်၊ ၅  သမင်၊ ဒ​ရယ်၊ သမင်​ငယ်​မျိုး၊ တော​ဆိတ်၊ ဆိတ်​သမင်၊ သိုး​ရိုင်း၊ တောင်ပေါ်​သိုး​တွေကိုတော့ စား​လို့​ရတယ်။+ ၆  ခွာကွဲ​ပြီး စား​မြုံ့​ပြန်တဲ့ တိရစ္ဆာန်တွေကို စား​လို့​ရတယ်။ ၇  စား​မြုံ့​ပြန်​ပေ​မဲ့ မစား​ရတဲ့​အကောင်၊ ခွာကွဲ​ပေ​မဲ့ မစား​ရတဲ့​အကောင်​တွေ ရှိတယ်။ ကုလားအုတ်၊ တော​ယုန်၊ ယုန်​တွေ​ဟာ* စား​မြုံ့ ပြန်​ပေ​မဲ့ ခွာ​မ​ကွဲ​လို့ မသန့်ရှင်း​ဘူး။+ ၈  ဝ​က်​က ခွာကွဲ​ပေ​မဲ့ စား​မြုံ့​မပြန်​လို့ မသန့်ရှင်း​ဘူး။ အဲဒီ​အကောင်​တွေကို မစား​ရဘူး။ အသေကောင်​တွေကို မထိ​ရဘူး။ ၉  “ရေသတ္တဝါတွေ​ထဲမှာ ဆူးတောင်​နဲ့ အ​ကြေးခွံ​ပါတဲ့ ရေသတ္တဝါ​မှန်သမျှ စား​လို့​ရတယ်။+ ၁၀  ဒါပေမဲ့ ဆူးတောင်​နဲ့ အ​ကြေးခွံ​မပါတဲ့ ရေသတ္တဝါ​က မသန့်ရှင်း​တဲ့​အတွက် မစား​ရဘူး။ ၁၁  “သန့်ရှင်း​တဲ့​ငှက်​တွေကို စား​လို့​ရတယ်။ ၁၂  မစား​ရမယ့် ငှက်​တွေကတော့ လင်းယုန်၊ ဝန်​လက်​ငှက်၊ လင်း​တ​နက်၊+ ၁၃  စွန်​နီ၊ စွန်​နက်၊ စွန်​မျိုးဝင်​အားလုံး၊ ၁၄  ကျီးကန်း​မျိုးဝင်​အားလုံး၊ ၁၅  ငှက်​ကုလားအုတ်၊ ဇီး​ကွက်၊ စင်​ရော်၊ သိမ်းငှက်​မျိုးဝင်​အားလုံး၊ ၁၆  ဇီး​ကွက်​ပု​တို၊ နားရွက်​ရှည်​ဇီး​ကွက်၊ ငန်း၊ ၁၇  ငှက်​ကြီး​ဝန်​ပို၊ လင်း​တ၊ တင်​ကျီး​ငှက်၊ ၁၈  ငှက်ကျား၊ င​ဟစ်​မျိုးဝင်​အားလုံး၊ တောင်​ဘီ​စူး၊ လင်းနို့ ဖြစ်တယ်။ ၁၉  အတောင်​ပါပြီး အုံ​ဖွဲ့​နေ​တတ်တဲ့ အင်းဆက်ပိုး အားလုံး​က​လည်း မသန့်ရှင်း​လို့ မစား​ရဘူး။ ၂၀  သန့်ရှင်း​ပြီး ပျံ​တတ်တဲ့​သတ္တဝါ​တိုင်း​ကို စား​လို့​ရတယ်။ ၂၁  “ခင်ဗျားတို့​ဟာ ယေဟောဝါ​ဘုရားအတွက် သန့်ရှင်း​တဲ့ လူမျိုး​ဖြစ်လို့ တိရစ္ဆာန်​အသေကောင်​ကို မစား​ရဘူး။+ ကို​ယ့်​မြို့မှာ​နေထိုင်တဲ့ တိုင်းတစ်ပါး​သားတွေ စား​ဖို့ ပေး​လို့​ရတယ်၊ ရောင်း​လို့​ရတယ်။ “ဆိတ်​ကလေးကို မိခင်​နို့​ရ​ည်​နဲ့ မချ​က်​ပြုတ်​ရဘူး။+ ၂၂  “နှစ်​တိုင်း ကို​ယ့်​လယ်​ထွက်​သီးနှံ​ထဲက​နေ ဆယ်ဖို့တစ်ဖို့​ကို မပျက်​မ​ကွက် ပေး​ရမယ်။+ ၂၃  နာမတော်​တည်စေ​ဖို့ ဘုရား​ရွေးချယ်​တဲ့ နေရာမှာ ဆီ၊ စပျစ်ဝိုင်​အသစ်​နဲ့ ကောက်နှံ​တွေရဲ့ ဆယ်ဖို့တစ်ဖို့၊ သိုး​နွား​တိရစ္ဆာန်​အုပ်​ထဲက သားဦး​တွေကို ယေဟောဝါ​ဘုရား​ရှေ့မှာ စား​ရမယ်။+ ယေဟောဝါ​ဘုရားကို အမြဲ​ကြောက်ရွံ့​တတ်အောင် သင်ယူ​နိုင်ဖို့ ဖြစ်တယ်။+ ၂၄  “နာမတော်​တည်စေ​ဖို့ ယေဟောဝါ​ဘုရား ရွေးချယ်​တဲ့​နေရာဟာ ခရီးဝေး​လွန်း​တဲ့​အတွက် ယေဟောဝါ​ဘုရား ကောင်းချီး​ပေး​လို့ ရထားတဲ့ အဲဒီ​လက်ဆောင်​တွေကို မ​သယ်သွား​နိုင်​ဘူးဆို​ရင်၊+ ၂၅  အဲဒါတွေကို ရောင်းနိုင်​တယ်။ ရတဲ့​ငွေကို ယူပြီး ယေဟောဝါ​ဘုရား ရွေးချယ်​တဲ့​နေရာ​ဆီ သွားရမယ်။ ၂၆  ခင်ဗျားတို့​က ကိုယ်စား​ချင်တဲ့ သိုး၊ နွား၊ ဆိတ်၊ စပျစ်ဝိုင်၊ တခြား​အရက်ယမကာ​တွေကို အဲဒီ​ငွေ​နဲ့ ဝယ်​ရမယ်။ ကိုယ်​အလိုရှိ​သမျှ ဝယ်​ရမယ်။ အိမ်သူအိမ်သား​တွေ​နဲ့အတူ ယေဟောဝါ​ဘုရား​ရှေ့ အဲဒီ​နေရာမှာ စားသောက်​ပြီး ရွှင်လန်း​ရမယ်။+ ၂၇  ကို​ယ့်​မြို့မှာ နေထိုင်တဲ့ လေဝိ​အနွယ်​ဝင်​တွေကို ပစ်မထား​ပါ​နဲ့။+ သူတို့က ဘာ​ဝေစု၊ ဘာ​အမွေ​မှ မရကြဘူး။+ ၂၈  “သုံးနှစ်​စေ့​တိုင်း အဲဒီ​နှစ်မှာ ထွက်​သမျှ​ထဲက ဆယ်ဖို့တစ်ဖို့​အားလုံးကို ယူ​လာပြီး မြို့​တွေ​ထဲမှာ စုဆောင်း​ထားရမယ်။+ ၂၉  ဘာ​ဝေစု၊ ဘာ​အမွေ​မှ မ​ရတဲ့ လေဝိ​အနွယ်၊ ကို​ယ့်​မြို့မှာ နေထိုင်တဲ့ တိုင်းတစ်ပါးသား၊ မိဘမဲ့​ကလေး၊ မုဆိုးမ​တွေ​က လာပြီး အဝ​စား​ကြ​လိမ့်မယ်။+ ဒါဆိုရင် ခင်ဗျားတို့ လုပ်​သမျှကို ယေဟောဝါ​ဘုရား ကောင်းချီး​ပေး​လိမ့်မယ်။+

အောက်ခြေမှတ်ချက်များ

ကျောက်ဆောင်​မှာ​နေတဲ့ ယုန်​နဲ့​တူတဲ့ အကောင်​တစ်မျိုး။