မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တရားသူကြီး ၃:၁-၃၁

မာတိကာ

  • အစ္စရေးတွေ​ကို ယေဟောဝါ စမ်း​သပ် (၁-၆)

  • ပထ​မဆုံး တ​ရား​သူ​ကြီး ဩသံ​ယေ​လ (၇-၁၁)

  • လူ​ဝ​ကြီး ဧ​ဂလုန်​မင်း​ကို တ​ရား​သူ​ကြီး ဧ​ဟု​ဒ သတ် (၁၂-၃၀)

  • တ​ရား​သူ​ကြီး ရှံ​ဂါ (၃၁)

 ခါ​နန်​ပြည်​ကို တိုက်​ခိုက်​တုန်း​က မပါ​ဝင်​ဖူး​တဲ့ အစ္စရေးတွေ​ကို စမ်း​သပ်​ဖို့ ယေဟောဝါ ဆက်​နေ​ထိုင်​ခွင့်​ပြု​တဲ့ လူမျိုး​တွေ​ရှိ​တယ်။+ ၂  (ခွင့်​ပြု​ရ​တဲ့ အကြောင်း​က​တော့ စစ်​မတိုက်​ဖူး​သေး​တဲ့ အစ္စရေး​မျိုး​ဆက်​တွေ​ကို တိုက်​ပွဲ​အတွေ့​အကြုံ  ရ​စေ​ဖို့​ပဲ။) ၃  အဲဒီ​လူမျိုး​တွေ​က​တော့ ဖိ​လိ​တိ​မင်း​ငါး​ပါး၊+ ခါ​နန်​လူမျိုး၊ ဆိုင်​ဒုန်​လူမျိုး၊+ ဗာလ​ဟေ​ရ​မုန်​တောင်​က​နေ  ဟာ​မတ်​လမ်း​ဝ​အထိ+  လက်​ဘ​နွန်​တောင်​ကြော​မှာ  နေ​ထိုင်​တဲ့+ ဟိ​ဝိလူမျိုး​တွေ​ပဲ။+ ၄  မော​ရှေ​က​တစ်ဆင့် ဘိုး​ဘေး​တွေ​ကို ပေး​ခဲ့​တဲ့ ယေဟောဝါ​ရဲ့ ပညတ်​ချက်​တွေ​ကို အစ္စရေးတွေ နာ​ခံ​မယ်၊ မနာ​ခံ​ဘူး​ဆို​တာ သိ​နိုင်​ဖို့ အဲဒီ​လူမျိုး​တွေ​ကို သုံး​ပြီး စမ်း​သပ်​ခဲ့​တယ်။+ ၅  အစ္စရေးတွေ​လည်း ခါနန်၊+ ဟိ​တ္တိ၊ အာ​မော​ရိ၊ ဖေရ​ဇိ၊ ဟိ​ဝိ၊ ယေ​ဗု​သိ​လူမျိုး​တို့​နဲ့​အတူ နေ​ထိုင်​ကြ​တယ်။ ၆  အဲဒီ​လူမျိုး​တွေရဲ့ သမီး​တွေ​နဲ့ ထိမ်း​မြား​ပြီး ကိုယ့်​သမီး​တွေ​ကို သူတို့​သား​တွေ​နဲ့ ပေး​စား​တယ်။ သူတို့​ရဲ့​ဘု​ရားတွေ​ကို​လည်း  ဝတ်​ပြု​လာ​ကြ​တယ်။+ ၇  ဒီ​လို​နဲ့  အစ္စရေးတွေ​ဟာ  ယေဟောဝါ​ရှေ့​မှာ မကောင်း​တာ​တွေ လုပ်​တယ်။ သူတို့​ရဲ့​ဘု​ရား ယေဟောဝါ​ကို မေ့​လျော့​ပြီး ဗာလ​ဘု​ရားတွေ​နဲ့+ ကိုးကွယ်​ရာ​သစ်​တိုင်​တွေ​ကို*+ ဝတ်​ပြု​ကြ​တယ်။ ၈  အဲဒီ​အခါ  အစ္စရေးတွေ​ကို  ယေဟောဝါ​အမျက်​ထွက်​ပြီး မက်​ဆို​ပို​တေး​မီး​ယား​ဘု​ရင် ခု​ရှံ​ရိ​ရှ​သိမ်​ဆီ ရောင်း​လိုက်​တဲ့​အတွက် အဲဒီ​ဘု​ရင်​ဆီ​မှာ သူတို့ ရှစ်​နှစ်​ကျွန်​ခံ​ရ​တယ်။ ၉  ယေဟောဝါ​ဆီ အစ္စရေးတွေ အော်​ဟစ်​အကူ​အညီ​တောင်း​တဲ့​အခါ+ ယေဟောဝါ​က ကယ်​တင်​မယ့်​သူ​တစ်​ယောက် ပေါ်​ထွန်း​စေ​တယ်။+ သူ​က​တော့ ကာလက်​ညီ ကေ​နတ်​ရဲ့​သား သြသံ​ယေ​လ​ဖြစ်​တယ်။+ ၁၀  သူ့​အပေါ် ယေဟောဝါ​ရဲ့ စွမ်းအား​တော် သက်​ရောက်​ပြီး+ သူ​ဟာ အစ္စရေး​တ​ရား​သူ​ကြီး ဖြစ်​လာ​တယ်။ သူ​စစ်​တိုက်​သွား​တဲ့​အခါ ယေဟောဝါ​က မက်​ဆို​ပို​တေး​မီး​ယား​ဘု​ရင် ခု​ရှံ​ရိ​ရှ​သိမ်​ကို သူ့​လက်​ထဲ​အပ်​တဲ့​အတွက် အဲဒီ​ဘု​ရင်​ကို နှိမ်​နင်း​နိုင်​ခဲ့​တယ်။ ၁၁  တိုင်း​ပြည်​က နှစ်​ပေါင်း ၄၀ လုံး ငြိမ်း​ချမ်း​သာ​ယာ​နေ​တယ်။ နောက်​တော့ ကေ​နတ်​ရဲ့​သား သြသံ​ယေ​လ သေဆုံး​သွား​တယ်။ ၁၂  အစ္စရေးတွေ​ဟာ ယေဟောဝါ​ရှေ့​မှာ မကောင်း​တာ​တွေ လုပ်​ကြ​ပြန်​တယ်။+ ယေဟောဝါ​ရှေ့​မှာ မကောင်း​တာ​တွေ လုပ်​တဲ့​အတွက် ယေဟောဝါ​က သူတို့​ကို မောဘ​ဘု​ရင်+  ဧ​ဂလုန်​လက်​ထဲ အပ်​လိုက်​တယ်။ ၁၃  ဧ​ဂ​လုန်​က အစ္စရေးတွေ​ကို တိုက်​ခိုက်​ဖို့ အမ္မုန်​လူမျိုး​နဲ့+ အာ​မလက်​လူမျိုး​ကို+ စစ်​ကူ​ခေါ်​လိုက်​တယ်။ သူတို့​က အစ္စရေးတွေ​ကို တိုက်​ခိုက်​ပြီး စွန်​ပလွံ​မြို့​ကို+ သိမ်း​ပိုက်​တယ်။ ၁၄  ဒါ​နဲ့ အစ္စရေးတွေ​ဟာ မောဘ​ဘု​ရင် ဧ​ဂလုန်​ဆီ​မှာ ၁၈ နှစ်​လုံး ကျွန်​ခံ​ရ​တယ်။+ ၁၅  အစ္စရေးတွေ​က ယေဟောဝါ​ဆီ အော်​ဟစ်​အကူ​အညီ​တောင်း​တဲ့​အတွက်+ ကယ်​တင်​မယ့်​သူ​တစ်​ယောက် ယေဟောဝါ ပေါ်​ထွန်း​စေ​တယ်။+ သူ​က​တော့ ဗင်​ယာ​မိန်​အမျိုး​သား၊+  ဂေရရဲ့​သား ဘယ်​သန်​သူ+ ဧ​ဟု​ဒ​ဖြစ်​တယ်။+ အစ္စရေးတွေ​ဟာ သူ​က​တစ်ဆင့် မောဘ​ဘု​ရင် ဧဂ​လုန်​ဆီ  ဆက်​ကြေး​ပေး​လိုက်​တယ်။ ၁၆  ဧဟု​ဒ​ဟာ အသွား​နှစ်​ဖက်၊ အရှည်​တစ်​တောင်​ရှိ​တဲ့ ဓား​ကို​လုပ်​ပြီး သူ့​ဝတ်​လုံ​အောက် ညာ​ဘက်​ပေါင်​မှာ စည်း​ထား​တယ်။ ၁၇  အဲဒီ​နောက် မောဘ​ဘု​ရင် ဧ​ဂလုန်​ဆီ ဆက်​ကြေး​သွား​ပေး​တယ်။  ဧ​ဂလုန်​ဟာ  လူ​ဝ​ကြီး​တစ်​ယောက်​ပဲ။ ၁၈  ဧ​ဟု​ဒ​က  ဆက်​ကြေး​ပေး​ပြီး​နောက် ဆက်​ကြေး​ထမ်း​သူ​တွေ​ကို ပြန်​လွှတ်​လိုက်​တယ်။ ၁၉  သူ​က​တော့ ဂိ​လ​ဂါ​လ​အရပ်​မှာ​ရှိ​တဲ့+ ကျောက်​ရုပ်​တွေ​နား* ရောက်​တဲ့​အခါ ပြန်​လှည့်​လာ​ပြီး “မင်း​ကြီး​ကို လျှောက်​တင်​ဖို့ လျှို့ဝှက်​သတင်း​ပါ​တယ်” လို့​ပြော​တယ်။ ဘု​ရင်​က ထွက်​သွား​ကြ​လို့ အမိန့်​ပေး​လိုက်​တာ​နဲ့ ခစား​နေ​သူ​အားလုံး ထွက်​သွား​ကြ​တယ်။ ၂၀  လေ​သာ​နန်း​ဆောင်​မှာ ဘု​ရင်​တစ်​ယောက်​တည်း ထိုင်​နေ​တုန်း ဧ​ဟု​ဒ​က အနား​ကို​သွား​ပြီး “မင်း​ကြီး​အတွက် ဘု​ရား​သခင်​ဆီ​က သတင်း​စကား​ပါ​လာ​တယ်”  လို့​ပြော​တော့ ဘုရင်​က  ပလ္လင်​ပေါ်​က​နေ  ထ​လိုက်​တယ်။ ၂၁  အဲဒီ​အခါ ဧ​ဟု​ဒ​က ညာ​ဘက်​ပေါင်​မှာ စည်း​ထား​တဲ့ ဓား​ကို ဘယ်​လက်​နဲ့ ဆွဲ​ထုတ်​ပြီး ဘု​ရင်ရဲ့​ဗိုက်​ထဲ ထိုး​သွင်း​လိုက်​တဲ့​အခါ၊ ၂၂  ဓား​ရိုး​ပါ စိုက်​ဝင်​သွား​တယ်။ ဓား​ကို ပြန်​မဆွဲ​ထုတ်​တော့ ဓား​သွား​က အဆီ​တွေ​ထဲ နစ်​ဝင်​နေ​တယ်။ မစင်​တွေ​လည်း ထွက်​ကျ​လာ​တယ်။ ၂၃  ဧ​ဟု​ဒ​က လေ​သာ​နန်း​ဆောင်​တံခါး​ကို ပိတ်၊ သော့​ခတ်​ပြီး ပြတင်း​ပေါက်​က​နေ ထွက်​သွား​တယ်။ ၂၄  သူ​ထွက်​သွား​ပြီး​နောက်​မှာ မင်း​မှု​ထမ်း​တွေ ရောက်​လာ​တယ်။ လေ​သာ​နန်း​ဆောင်​တံခါး သော့​ခတ်​ထား​တာ  တွေ့​တော့  “မင်း​ကြီး​က အတွင်း​ခန်း​ထဲ​မှာ အပေါ့​အပါး သွား​နေ​တာ ဖြစ်​ရ​မယ်” လို့​ပြော​ကြ​တယ်။ ၂၅  စိတ်​က​သိ​က​အောက် ဖြစ်​လာ​တဲ့​အထိ အကြာ​ကြီး​စောင့်​ပေမဲ့ ဘု​ရင်​က လေ​သာ​နန်း​ဆောင်​တံခါး​ကို မဖွင့်​သေး​ဘူး။ ဒါ​နဲ့ သော့​ကို​ယူ​ပြီး  ဖွင့်​ကြည့်​လိုက်​တော့ ဘု​ရင်​ကြီး သေနေ​တာ​ကို တွေ့​လိုက်​ရ​တယ်။ ၂၆  သူတို့​စောင့်​နေ​တုန်း​မှာ ဧ​ဟု​ဒ​က​တော့ ထွက်​ပြေး​လွတ်​မြောက်​သွား​ပြီ။ ကျောက်​ရုပ်​တွေ*+ အနား​က​နေ ဖြတ်​သွား​ပြီး စိ​ရပ်​အရပ်​ကို ဘေး​မသီ​ရန်​မခ  ရောက်​သွား​တယ်။ ၂၇  ဧဖ​ရိမ်​တောင်​တန်း​ဒေ​သကို+  ရောက်​တဲ့​အခါ တံ​ပိုး​မှုတ်​လိုက်​တော့+ အစ္စရေးတွေ တောင်​ပေါ်​က​နေ ဆင်း​လာ​ပြီး သူ့​ရဲ့ဦး​ဆောင်​မှု​နောက် လိုက်​ကြ​တယ်။ ၂၈  ဧ​ဟု​ဒ​က “ငါ့​နောက်​ကို လိုက်​ခဲ့​ကြ။  ယေဟောဝါ​ဘု​ရား​က  ရန်​သူ မောဘ​လူမျိုး​ကို မင်း​တို့​လက်​ထဲ​အပ်​ပြီ” လို့​ပြော​တယ်။ သူတို့​လည်း သူ့​နောက်​လိုက်​ပြီး မောဘ​လူ​တွေ ထွက်​မပြေး​နိုင်​အောင် ဂျော်​ဒန်​မြစ်​ရဲ့ ရေ​တိမ်​ပိုင်း​တွေ​ကို သိမ်း​ပိုက်​လိုက်​တယ်။ တစ်​ယောက်​ကို​မှ ဖြတ်​ကူး​ခွင့်​မပေး​ဘူး။ ၂၉  အဲဒီ​နေ့​မှာ ခွန်​အား​ကြီး​ပြီး ရဲရင့်​တဲ့ မောဘ​လူ ၁၀,၀၀၀ လောက်​ကို တစ်​ယောက်​မကျန်+  သတ်​လိုက်​တဲ့​အတွက်၊+ ၃၀  မောဘ​လူမျိုး​က  အစ္စရေးတွေ​လက်​ချက်​နဲ့ ၡုံး​နိမ့်​သွား​ကြ​တယ်။ ဒါ​ကြောင့် နှစ်​ပေါင်း ၈၀ လုံး တိုင်း​ပြည် ငြိမ်း​ချမ်း​သာ​ယာ​နေ​တယ်။+ ၃၁  ဧ​ဟု​ဒ မရှိ​တော့​တဲ့​နောက် အာ​နတ်​ရဲ့​သား ရှံ​ဂါ​က+ ဖိ​လိ​တိ​လူ+ ၆၀၀ ကို နွား​နှင်​တံ​တစ်​ချောင်း​နဲ့+ သတ်​ပစ်​ပြီး အစ္စရေးတွေ​ကို ကယ်​တင်​ခဲ့​တယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
“ကျောက်​ကျင်း​တွေ​နား” လည်း​ဖြစ်​နိုင်။
“ကျောက်​ကျင်း​တွေ” လည်း​ဖြစ်​နိုင်။