မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တရားသူကြီး ၁၇:၁-၁၃

မာတိကာ

  • မိက္ခာရဲ့​ရုပ်​တု​တွေ​နဲ့ ပု​ရော​ဟိတ် (၁-၁၃)

၁၇  ဧဖရိမ်​တောင်​တန်း​ဒေ​သ​မှာ+  မိက္ခာလို့​ခေါ်​တဲ့  လူ​တစ်​ယောက်​ရှိ​တယ်။ ၂  သူ​က မိ​ခင်​ကို “အမေ့​ငွေ​စ ၁,၁၀၀ ပျောက်​သွား​တယ် မဟုတ်​လား။ ယူ​တဲ့​သူ​ကို အမေကျိန်​စာ​တိုက်​တာ  ကျွန်​တော်​ကြား​တယ်။ တကယ်​တော့ အဲဒီ​ငွေ​ကို ကျွန်​တော်​ယူ​မိ​တာ​ပါ။ ကျွန်​တော့်​ဆီ​မှာ ရှိ​ပါ​တယ်” လို့​ပြော​တော့ မိ​ခင်​က “ငါ့​သား​ကို ယေဟောဝါ​ဘု​ရား ကောင်း​ချီး​ပေး​ပါ​စေ” လို့​ပြော​တယ်။ ၃  သား​က ငွေ​စ ၁,၁၀၀ ပြန်​ပေး​လိုက်​တော့ မိ​ခင်​က “ငွေ​တွေ​ကို သား​အတွက်​ရည်​စူး​ပြီး ယေဟောဝါ​ဘု​ရား​ဆီ ဆက်​ကပ်​လိုက်​မယ်။ ပြီး​တော့ ဒီငွေ​စ​နဲ့ ရုပ်​တု​တွေ​လုပ်​ပြီး+ သား​ကို အမေပြန်​ပေး​မယ်” လို့​ပြော​တယ်။ ၄  မိက္ခာ​က ငွေ​ပြန်​ပေး​ပြီး​နောက် မိခင်​က ငွေ​စ ၂၀၀ ကို​ယူ​ပြီး ပန်း​ထိမ်​သမား​ကို အပ်​တယ်။ ပန်း​ထိမ်​သမား​က ထွင်း​ထား​တဲ့​ရုပ်​တု​နဲ့ သွန်း​ထား​တဲ့​ရုပ်​တု လုပ်​ပေး​တော့ အဲဒီ​ရုပ်​တု​တွေ​ကို မိက္ခာရဲ့​အိမ်​မှာ ထား​တယ်။ ၅  သူ့​အိမ်​မှာ ဘု​ရား​ခန်း တစ်​ခန်း​ရှိ​တယ်။ သူ​က သင်​တိုင်း*+ တစ်​ခု​အပြင် တေ​ရပ်​ရုပ်​တု​တွေ*+ ကို​လည်း လုပ်​ပြီး သူ့​သား​တစ်​ယောက်​ကို ပု​ရော​ဟိတ် ခန့်​လိုက်​တယ်။+ ၆  အဲဒီ​တုန်း​က  အစ္စရေး​ပြည်​မှာ ဘု​ရင် မရှိ​ဘူး။+ လူ​တိုင်း ကိုယ်​မှန်​တယ်​ထင်​တာ လုပ်​ကြ​တယ်။+ ၇  ယုဒ​နယ်​မြေ၊ ဘက်​သလီ​ဟင်​မြို့​မှာ+ လေ​ဝိအမျိုး​သား+ လူငယ်​တစ်​ယောက်​က ယုဒ​အနွယ် မိသား​စု​တစ်​စုနဲ့အတူ အတော်​ကြာ နေ​ထိုင်​တယ်။ ၈  အဲဒီ​နောက် နေ​စ​ရာ​ရှာ​ဖို့ ယုဒ​နယ်​မြေ၊ ဘက်​သလီ​ဟင်​မြို့​က​နေ ထွက်​လာ​တယ်။  ခ​ရီး​သွား​ရင်း​နဲ့  ဧ​ဖရိမ်​တောင်​တန်း​ဒေ​သမှာ​ရှိ​တဲ့  မိက္ခာရဲ့​အိမ်​ကို ရောက်​လာ​တဲ့​အခါ၊+ ၉  မိက္ခာ​က “ခင်​ဗျား ဘယ်​က​လာ​တာ​လဲ” လို့​မေး​တော့ “ယုဒ​နယ်​မြေ၊ ဘက်​သလီ​ဟင်​မြို့​က​နေ လာ​တာ​ဗျ။ ကျွန်​တော်​ဟာ လေ​ဝိအမျိုး​သား​ပါ။ နေ​စ​ရာ လိုက်​ရှာ​နေ​တာ” လို့​ဖြေတယ်။ ၁၀  မိက္ခာ​က “ဒါ​ဆို​ရင် အကြံ​ပေး​သူ၊* ပု​ရော​ဟိတ်​အဖြစ် ကျွန်​တော့်​ဆီ​မှာ​ပဲ နေ​လိုက်​ပါ​တော့။ တစ်​နှစ်​ကို ငွေ​စ​ဆယ်​စ​ပေး​မယ်။ ပု​ရော​ဟိတ်​ဝတ်​စုံ​အပြင် စား​ဖို့​သောက်​ဖို့​လည်း စီ​စဉ်​ပေး​မယ်” လို့​ပြော​တော့ လေ​ဝိအမျိုး​သား​လည်း သူ့​အိမ်​မှာ နေ​လိုက်​တယ်။ ၁၁  ဒီ​လို​နဲ့ လေ​ဝိအမျိုး​သား​က မိက္ခာ​ဆီ​မှာ​နေ​ဖို့ သဘော​တူ​လိုက်​တယ်။ သူ​ဟာ သား​အရင်း​နဲ့​မခြား ဖြစ်​လာ​တယ်။ ၁၂  မိက္ခာ​က သူ့​ကို ပု​ရော​ဟိတ် ခန့်​လိုက်​တဲ့​အတွက်+ မိက္ခာရဲ့​အိမ်​မှာ  နေ​ထိုင်​တယ်။ ၁၃  မိက္ခာ​က “လေ​ဝိအမျိုး​သား​တစ်​ယောက်​က ငါ့​ရဲ့ ပု​ရော​ဟိတ်​ဖြစ်​လာ​ပြီဆို​တော့ ယေဟောဝါ​ဘု​ရား ကောင်း​ချီး​ပေး​မှာ သေချာ​တယ်” လို့​ပြော​တယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။
မူ​ရင်း၊ “ဖခင်။”