မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆာလံ ၉၆:၁-၁၃

မာတိကာ

  • “ယေဟောဝါ​ကို ချီး​မွမ်း​တဲ့ သီချင်း​အသစ် ဆို​ကြ”

    • ချီး​မွမ်း​ခံ​ထိုက်​ဆုံး​အရှင် ယေဟောဝါ ()

    • လူမျိုး​ခြား​ဘုရားတွေ အသုံး​မဝင် ()

    • သန့်​ရှင်း​တဲ့​အဝတ် ဝတ်​ပြီး ကိုး​ကွယ် ()

၉၆  မြေကြီး​သား​အပေါင်း​တို့၊ ယေဟောဝါ​ကို ချီး​မွမ်း​ သီချင်း​ဆို​ကြ။+ ယေဟောဝါ​ကို ချီး​မွမ်း​တဲ့ သီချင်း​သစ်​ကို ဆို​ကြ။+  ၂  ယေဟောဝါ​ကို ချီး​မွမ်း​သီချင်း​ဆို​ကြ။ နာ​မတော်​ကို ချီး​မွမ်း​ကြ။ ကယ်​တင်​ခြင်း သတင်း​ကောင်း​ကို နေ့​စဉ်​နေ့​တိုင်း ကြေ​ညာ​ကြ။+  ၃  ဘုန်း​တန်ခိုး​တော်​အကြောင်း လူမျိုး​တွေ​အလယ်​မှာ ကြေ​ညာ​ကြ။ အံ့​ဖွယ်​လုပ်​ဆောင်​မှု​တွေ​အကြောင်း လူ​တွေ​အလယ်​မှာ ကြေ​ညာ​ကြ။+  ၄  ယေဟောဝါ​ဟာ ကြီးမြတ်​ပြီး ချီးမွမ်း​ခံ​ထိုက်​ဆုံး​အရှင်​ပဲ။ တ​ခြား​ဘု​ရားတွေ​ထက် ရို​သေခန့်​ညား​ဖွယ် ကောင်း​လှ​တယ်။  ၅  လူမျိုး​ခြား​တွေရဲ့ ဘု​ရားတွေ​ဟာ အသုံး​မဝင်​တဲ့ ဘု​ရားတွေ​ပါ။+ ယေဟောဝါ​က​တော့ ကောင်း​ကင်​ကို ဖန်​ဆင်း​တဲ့​အရှင်​ပဲ။+  ၆  ရှေ့​တော်​မှာ ဘုန်း​တန်ခိုး​နဲ့ ခမ်း​နား​မှု ရှိ​နေ​တယ်။+ သန့်​ရှင်း​ရာ​ဌာန​တော်​မှာအစွမ်း​တန်ခိုး​နဲ့ အလှ​တ​ရား ရှိ​နေ​တယ်။+  ၇  လူမျိုး​နွယ်​တို့၊ ယေဟောဝါ ရ​ထိုက်​တာ​ကို ပေး​ကြ။ ယေဟောဝါ​ဟာ ဘုန်း​အသရေ​နဲ့ အစွမ်း​တန်ခိုး​ရှိ​တဲ့​အတွက် ဘုရား​ရ​ထိုက်​တာ​ကို ပေး​ကြ။+  ၈  ယေဟောဝါ​ရဲ့ ဘုန်း​အသရေ​နဲ့ ပြည့်​စုံ​တဲ့ နာ​မည်​ကို ဂုဏ်​တင်​ချီး​မွမ်း​ကြ။+ လက်​ဆောင်​တွေ​ယူ​ပြီး ရင်​ပြင်​တော်​ကို လာ​ကြ။  ၉  သန့်​ရှင်း​တဲ့​အဝတ် ဝတ်​ပြီး* ယေဟောဝါ​ကို ဦး​ချ​ကြ။ မြေကြီး​သား​အပေါင်း​တို့၊ ရှေ့တော်​မှာ ကြောက်​ရွံ့​တုန်​လှုပ်​ကြ။ ၁၀  “ယေဟောဝါ ဘု​ရင်​ဖြစ်​ပြီ။+ ကမ္ဘာ​မြေကို ရွှေ့​လို့​မရ​နိုင်​အောင် အခိုင်​အမာ တည်​ထား​တယ်။ ဘု​ရား​က လူ​တွေ​ကို မျှ​မျှ​တ​တ​ တရား​စီ​ရင်​လိမ့်​မယ်”+ ဆို​ပြီး လူမျိုး​တွေ​အလယ်​မှာ ကြေ​ညာ​ကြ။ ၁၁  မိုး​ကောင်း​ကင် ပျော်​ရွှင်​ပါ​စေ။ ကမ္ဘာ​မြေ ရွှင်​လန်း​ပါ​စေ။ ပင်လယ်​နဲ့ ပင်လယ်​ထဲ​မှာ​ရှိ​သမျှ မြည်​ဟည်း​ကြ​ပါ​စေ။+ ၁၂  လယ်​ပြင်​နဲ့ လယ်​ပြင်​မှာ​ရှိ​သမျှ ဝမ်းမြောက်​ကြ​ပါ​စေ။+ တစ်​ချိန်​တည်း​မှာ တော​သစ်​ပင်​တွေ​လည်း ယေဟောဝါ​ရှေ့ ရွှင်လန်း​စွာ သီချင်း​ဆို​ကြ​ပါ​စေ။+ ၁၃  ဘု​ရား ကြွ​လာ​ပြီ။ ကမ္ဘာ​မြေကို တ​ရား​စီ​ရင်​ဖို့ ကြွ​လာ​ပြီ။ ဘု​ရား​က လူ​နေ​ထိုင်​ရာ ကမ္ဘာ​မြေကို ဖြောင့်​မတ်​မှု​နဲ့​အညီ၊+လူ​တွေ​ကို သစ္စာ​တ​ရား​နဲ့​အညီ တရား​စီ​ရင်​လိမ့်​မယ်။+

အောက်ခြေမှတ်ချက်များ

“သန့်​ရှင်း​မြင့်မြတ်​တဲ့ ဘုန်း​တော်​ကြောင့်” လည်း​ဖြစ်​နိုင်။