မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆာလံ ၅၃:၁-၆

မာတိကာ

  • မိုက်​မဲ​သူ​တွေ​အကြောင်း ပုံ​ဖော်​ချက်

    • “ယေဟောဝါ မရှိ​ဘူး” ()

    • ‘မှန်​ရာ​လုပ်​တဲ့​သူ မရှိ​ဘူး’ ()

ဂီ​တ​မှူး​သို့။ မဟာ​လတ်* တေး​အမျိုး​အစား​အတိုင်း သီ​ဆို​ရန်။ မက်​စ​ကီး။* ဒါဝိဒ်​စပ်​ဆို​တဲ့ သီချင်း။ ၅၃  မိုက်​မဲ​သူ​တွေ​က “ယေဟောဝါ မရှိ​ဘူး” လို့ စိတ်​ထဲ​မှာ ပြော​တတ်​တယ်။+ သူတို့​ရဲ့​အကျင့်​တွေ​ဟာ မဖြောင့်​မတ်​ဘဲ ယို​ယွင်း​နေ​တယ်။ ရွံ​စ​ရာ​ကောင်း​တယ်။ မှန်​ရာ​လုပ်​တဲ့​သူ တစ်​ယောက်​မှ မရှိ​ဘူး။+  ၂  ဘု​ရား​သခင်​က​တော့ လူ​သား​တွေ​ထဲ​မှာ ထိုး​ထွင်း​ဉာဏ်​ရှိ​သူ၊ယေဟောဝါ​ကို ရှာ​တဲ့​သူ ရှိ​လေ​မလား​ဆို​ပြီး+ ကောင်း​ကင်​က​နေ ငုံ့​ကြည့်​နေ​တယ်။+  ၃  သူတို့​အားလုံး လမ်း​လွဲ​ပြီးအကျင့်​ယို​ယွင်း​နေ​တယ်။ မှန်​ရာ​လုပ်​တဲ့​သူ မရှိ​ဘူး။ တစ်​ယောက်​တ​လေ​တောင်မရှိ​ဘူး။+  ၄  အမှား​လုပ်​တဲ့​သူ​တွေ တစ်​ယောက်​မှ နား​မလည်​ကြ​ဘူး။ ငါ့​လူ​တွေ​ကို အစား​အစာ​လို ဝါး​မျို​ပစ်​တယ်။ ယေဟောဝါ​ဆီ ဆု​မတောင်း​ကြ​ဘူး။+  ၅  ဒါ​ပေမဲ့ မင်း​ကို တိုက်​ခိုက်​သူ​တွေရဲ့ အရိုး​တွေ​ကို ဘု​ရား​သခင် ပြန့်​ကျဲ​စေ​မှာ​ဖြစ်​လို့ တစ်​ခါ​မှ​မကြုံ​ဖူး​တဲ့ ကြောက်​လန့်​ခြင်း​မျိုး​နဲ့* သူတို့ အကြီး​အကျယ် ကြောက်​လန့်​ရ​လိမ့်​မယ်။ ယေဟောဝါ ငြင်း​ပယ်​လိုက်​တဲ့ သူတို့​ကို မင်း​အရှက်​ခွဲ​ရ​လိမ့်​မယ်။  ၆  ဇိ​အုန်​က​နေ အစ္စရေးရဲ့​ကယ်​တင်​ခြင်း ပေါ်​ထွက်​လာ​ပါ​စေ။+ ယေဟောဝါ​က လူမျိုး​တော်​ကို သုံ့ပန်း​ဘဝ​က​နေ ပြန်​စု​သိမ်း​တဲ့​အခါယာကုပ် ရွှင်​လန်း​ပါ​စေ။ အစ္စရေး ဝမ်း​မြောက်​ပါ​စေ။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။
“ကြောက်​စ​ရာ​မရှိ​တဲ့ နေ​ရာ​မှာ” လည်း​ဖြစ်​နိုင်။