မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆာလံ ၄:၁-၈

မာတိကာ

  • ဘုရား​သခင်​ဆီ အား​ကိုး​တ​ကြီး ဆုတောင်း

    • “စိတ်​အနှောင့်​အယှက် ဖြစ်​ရင်​တောင် အပြစ် မလုပ်​မိ​စေ​နဲ့” ()

    • ‘စိတ်​အေး​လက်​အေး အိပ်​စက်​ပါ​တော့​မယ်’ ()

ဂီ​တ​မှူး​သို့။ ကြိုး​တပ်​တူ​ရိ​ယာ​နဲ့ တွဲ​ဖက်​သီဆိုရန်။ ဒါဝိဒ်​စပ်​ဆို​တဲ့ သီချင်း။  အို ဖြောင့်​မတ်​တဲ့ ဘု​ရား​သခင်၊+ ကျွန်​တော်​  ခေါ်​တဲ့​အခါ ထူး​လှည့်​ပါ။ ဒုက္ခရောက်​တဲ့​အခါ လွတ်​လမ်း​ကို ပြင်​ဆင်​ပေး​ပါ။ ကျွန်​တော့်​ကို မျက်​နှာ​သာ​ပေး​ပါ။ ဆုတောင်း​တဲ့​အခါ နား​ထောင်​ပေး​ပါ။  ၂  လူ​သား​တို့၊ ငါ့​ကို ဘယ်​လောက်​ကြာ​ကြာ သိက္ခာ​ချ​နေ​မှာ​လဲ။ တန်​ဖိုး​မရှိ​တာ​ကို ဘယ်​လောက်​ကြာ​ကြာ နှစ်​သက်​နေ​မှာ​လဲ။ မဟုတ်​မမှန်​တာ​ကို ဘယ်​လောက်​ကြာ​ကြာ လိုက်​ရှာ​နေ​မှာ​လဲ။ (စဲ​လာ)  ၃  ယေဟောဝါ​က မိမိ​အပေါ် သစ္စာ​စောင့်​သိ​သူ​ကို အရေး​တ​ယူ ဆက်ဆံ​တယ်​ဆို​တာ သိ​ထား​ကြ​ပါ။ ငါ​ခေါ်​တဲ့​အခါ ယေဟောဝါ ကြား​လိမ့်​မယ်။  ၄  စိတ်​အနှောင့်​အယှက် ဖြစ်​ရင်​တောင် အပြစ်​မလုပ်​မိ​စေ​နဲ့။+ စိတ်​ထဲ​မှာ​ပဲ ထား​ပြီး အိပ်​ရာ​ပေါ် ဆိတ်​ငြိမ်​စွာ နေ​လိုက်​ပါ။ (စဲ​လာ)  ၅  ဖြောင့်​မတ်​ခြင်း ပူ​ဇော်​သက္ကာတွေ​ကို ပူ​ဇော်​ပြီးယေဟောဝါ​ကို ယုံ​ကြည်​ကိုး​စား​ကြ​ပါ။+  ၆  “ကောင်း​တာ​တွေ​ကို ဘယ်​သူ​ပြပေး​မှာ​လဲ” လို့​ပြော​တဲ့​သူ အများ​ကြီး​ပဲ။ အို ယေဟောဝါ၊ ကျွန်​တော်​တို့​အပေါ် မျက်​နှာ​သာ​အလင်း ထွန်း​လင်း​ပါ​စေ။+  ၇  ကောက်​နှံ​နဲ့ စ​ပျစ်​ဝိုင်​အသစ်​တွေ အလျှံ​ပယ်​ထွက်​လို့  ရွှင်​လန်း​ရ​တာ​ထက်ကိုယ်​တော်​ပေး​တဲ့ ရွှင်​လန်း​ခြင်း​ဟာ သာ​လွန်​ပါ​တယ်။  ၈  အို ယေဟောဝါ၊ ကိုယ်​တော် တစ်ပါး​တည်း​သာ ကျွန်​တော့်​ကို ဘေး​ကင်း​လုံ​ခြုံ​စွာ နေ​ထိုင်​စေ​တဲ့​အတွက်+ကျွန်​တော် စိတ်​အေး​လက်​အေး လဲ​လျောင်း​အိပ်​စက်​ပါ​တော့​မယ်။+

အောက်ခြေမှတ်ချက်များ