မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆာလံ ၃၂:၁-၁၁

မာတိကာ

  • ခွင့်​လွှတ်​ခံ​ရ​သူ​တွေ ပျော်​ရွှင်​ချမ်း​မြေ့

    • ‘အပြစ်​ကို ဝန်​ချ​တောင်း​ပန်​ပါ​တယ်’ ()

    • ဘုရား​က ထိုး​ထွင်း​ဉာဏ်​ရှိ​စေ​မယ် ()

ဒါဝိဒ်​စပ်​ဆို​တဲ့ မက်​စ​ကီး။* ၃၂  အမှား​တွေ ခွင့်​လွှတ်​ခံ​ရ​သူ၊ အပြစ်​တွေ ဖုံး​အုပ်​ခံ​ရ​သူ​ဟာ ပျော်​ရွှင်​ချမ်း​မြေ့တယ်။+  ၂  အပြစ်​ရှိ​တယ်​လို့ ယေဟောဝါ မသတ်​မှတ်​တဲ့​သူ၊မလှည့်​စား​တတ်​တဲ့​သူ​ဟာ ပျော်​ရွှင်​ချမ်း​မြေ့တယ်။+  ၃  အပြစ်​ကို ဝန်​မခံ​ဘဲ နှုတ်​ပိတ်​နေ​တဲ့​အခါ တစ်​နေ့​လုံး ညည်း​တွား​နေ​ရ​တဲ့​အတွက် အရိုး​တွေ ဆွေး​မြည့်​ကုန်​တယ်။+  ၄  နေ့​ရော​ည​ပါ  လက်​တော်​နဲ့​ ပိ​နေ​လို့ ကျွန်​တော့်​မှာ လေး​လိုက်​တာ။+ ကျွန်​တော့်​အစွမ်း​ခွန်​အား​တွေ​ဟာ နွေရာ​သီ​မှာ အငွေ့​ပျံ​သွား​တဲ့ ရေ​လို ဖြစ်​နေ​ပြီ။ (စဲ​လာ)  ၅  နောက်​ဆုံး​တော့ အပြစ်​ကို ဝန်​ချ​တောင်း​ပန်​ရ​ပါ​တယ်။ အမှား​တွေ​ကို မဖုံး​ကွယ်​ထား​တော့​ဘူး။+ “အပြစ်​တွေ​ကို ယေဟောဝါ​ဆီ ဝန်ချ​တောင်း​ပန်​ပါ​တယ်” လို့ပြော​တဲ့​အခါ+ အမှား​တွေ၊ အပြစ်​တွေ​ကို ကိုယ်တော် ခွင့်​လွှတ်​ ပေး​တယ်။+ (စဲလာ)  ၆  ဒါ​ကြောင့် သစ္စာ​စောင့်​သိ​သူ​တွေ​ဟာကိုယ်​တော့်​ကို တွေ့​နိုင်​တုန်း​မှာ+ ဆုတောင်း​လိမ့်​မယ်။+ အဲဒီ​အခါ လွှမ်း​မိုး​တဲ့​ရေတွေ​တောင် သူတို့​ဆီ ရောက်​နိုင်​တော့​မှာ မဟုတ်​ဘူး။  ၇  ကိုယ်​တော်​ဟာ ပုန်း​ခို​ရာ​နေ​ရာ​ပါ။ ကျွန်​တော် ဒုက္ခ​မရောက်ရ​အောင် ကာ​ကွယ်​စောင့်​ရှောက်​ပေး​လိမ့်​မယ်။+ လွတ်​မြောက်​သွား​လို့ ရွှင်​လန်း​စွာ​သီ​ဆို​တဲ့ သီချင်း​သံ​တွေ​နဲ့ ကျွန်တော့်​ကို ခြံ​ရံ​ပေး​ လိမ့်​မယ်။+ (စဲ​လာ)  ၈  “မင်း​ကို ငါ​ထိုး​ထွင်း​ဉာဏ် ရှိ​စေ​မယ်၊ သွား​သင့်​တဲ့​လမ်း​ကို ညွှန်​ပြပေး​မယ်။+ မပြတ်​ကြည့်​ရှု​ပြီး အကြံ​ဉာဏ်​ပေး​မယ်။+  ၉  သိ​နား​လည်​မှု​မရှိ​တဲ့ မြင်း​တွေ၊ လားတွေ​လို မဖြစ်​ပါ​နဲ့။+ အဲဒီ​တိ​ရစ္ဆာန်တွေ​ကို လို​သလို​ သုံး​နိုင်​ဖို့​ဆို​တာအရင်​ဆုံး သူတို့​ရဲ့​စိတ်​ရိုင်း​ကို ဇက်​ကြိုး​တွေ၊ လည်​ကြိုး​တွေ​နဲ့ ထိန်း​ချုပ်​ရ​တာ။” ၁၀  လူ​ဆိုး​တွေ ဒုက္ခ​ပင်လယ်​ဝေ​နေပေမဲ့ ယေဟောဝါ​ကို ယုံ​ကြည်​ကိုး​စား​သူ​ကို​တော့ ခိုင်​မြဲတဲ့​မေတ္တာ​တော် ဝိုင်း​ရံ​နေ​တယ်။+ ၁၁  ဖြောင့်​မတ်​သူတို့၊ ယေဟောဝါ​ကြောင့် ဝမ်း​မြောက်​ရွှင်​လန်း​ကြ။ စိတ်​ရိုး​ဖြောင့်​သူ​အပေါင်း​တို့၊ ရွှင်​လန်း​စွာ သီချင်း​ဆို​ကြ။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။