မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆာလံ ၃၀:၁-၁၂

မာတိကာ

  • ငို​ကြွေး​ခြင်း​က​နေ ရွှင်​လန်း​ခြင်း​သို့

    • ဘုရား​မျက်​နှာ​သာ တစ်​သက်​လုံး ခံစား ()

ဒါဝိဒ်​စပ်​ဆို​တဲ့ အိမ်​တော်​အပ်​နှံ​ပွဲ သီချင်း။ ၃၀  အို ယေဟောဝါ၊ ကျွန်တော့်​ကို မြှင့်​တင်​ပေး​တဲ့​အတွက် ကိုယ်​တော့်​ကို ချီး​မြှောက်​ပါ့​မယ်။ ရန်​သူ​တွေ ကျွန်​တော့်​ကို​ကြည့်​ပြီး ဝမ်း​မြောက်​တာ​မျိုး ကိုယ်​တော် ဖြစ်​ခွင့်​မပေး​ခဲ့​ဘူး။+  ၂  ကျွန်​တော့်ရဲ့​ဘု​ရား ယေဟောဝါ၊ကျွန်​တော် အော်​ဟစ်​အကူ​အညီ​တောင်း​တဲ့​အခါ ဝေ​ဒ​နာ​သက်​သာ​စေ​တယ်။+  ၃  ယေဟောဝါ​ဘု​ရား၊ ကျွန်​တော့်​ကို သင်္ချိုင်း​က​နေ ကိုယ်​တော် ဆွဲ​တင်​လိုက်​ပြီ။+ သေတွင်း​ထဲ မဆင်း​စေ​ဘဲ အသက်​ရှင်​ခွင့်​ပေး​လိုက်​ပြီ။+  ၄  သစ္စာ​စောင့်​သိ​သူတို့၊ ယေဟောဝါ​ကို ချီး​မွမ်း​သီချင်း​ဆို​ကြ။+ သန့်​ရှင်း​တဲ့​နာ​မတော်​ကို ကျေး​ဇူး​တင်​ချီး​မွမ်း​ကြ။+  ၅  အမျက်​တော်​ခံ​ရ​လည်း တစ်​ခ​ဏ​ပါ​ပဲ။+ မျက်​နှာ​သာ​ကို​တော့ တစ်​သက်​လုံး ခံစား​ရ​တာ​ပါ။+ ည​နေ​ခင်း​မှာ ငို​ကြွေး​ရ​ပေမဲ့ မနက်​မိုး​လင်း​တဲ့​အခါ ရွှင်​လန်း​စွာ သီချင်း​ဆို​ရ​တယ်။+  ၆  “ငါ​ဘယ်​တော့​မှ မတုန်​လှုပ်​ဘူး” လို့သော​က​ကင်း​ဝေး​ချိန်​မှာ ကျွန်တော် ပြော​ခဲ့​တယ်။  ၇  အို ယေဟောဝါ၊ ကျွန်​တော်​ဟာ မျက်​နှာ​သာ​ခံစား​ရ​ချိန်​မှာ တောင်​တန်း​လို ခိုင်​မြဲနေ​တယ်။+ ကိုယ်​တော် မျက်​နှာ​လွှဲ​လိုက်​ချိန်​မှာ​တော့ ကြောက်​လန့်​နေ​တယ်။+  ၈  ယေဟောဝါ​ဘု​ရား၊ ကိုယ်​တော့်​ကို မပြတ်​တမ်း ခေါ်​နေ​ပါ​တယ်။+ မျက်​နှာ​သာ​ရ​ဖို့ ယေဟောဝါ​ကို တဖွဖွ အသနား​ခံ​နေ​ပါ​တယ်။  ၉  ကျွန်​တော်​သေဆုံး​ပြီး သင်္ချိုင်း​တွင်း​ထဲ ဆင်း​သွား​လို့​ကော ဘာ​အကျိုး​ရှိ​မှာ​လဲ။+ မြေမှုန့်​ဟာ ကိုယ်​တော့်​ကို ချီးမွမ်း​နိုင်​ပါ့​မလား။+ ကိုယ်​တော့်​သစ္စာ​တ​ရား​အကြောင်း ပြော​နိုင်​ပါ့​မလား။+ ၁၀  အို ယေဟောဝါ၊ ကြား​လှည့်​ပါ။ မျက်​နှာ​သာ​ပေး​လှည့်​ပါ။+ ယေဟောဝါ​ဘု​ရား၊ ကူညီ​မစ​ရှင် ဖြစ်​လှည့်​ပါ။+ ၁၁  ကိုယ်​တော်​က ကျွန်​တော့်​ငို​ကြွေး​ခြင်း​ကို က​ခုန်​ခြင်း​အဖြစ် ပြောင်း​လဲ​ပေး​တယ်။ အထည်​ကြမ်း* ကို​ချွတ်​ပြီး ဝမ်း​မြောက်​ခြင်း​ကို ဝတ်​ဆင်​ပေး​တယ်။ ၁၂  ဒါ​ကြောင့် နှုတ်​ဆိတ်​မနေ​ဘဲ ချီး​မွမ်း​သီချင်း​ဆို​နိုင်​တာ​ပါ။ ယေဟောဝါ​ဘု​ရား၊ ကိုယ်​တော့်​ကို ထာ​ဝ​စဉ်​ချီး​မွမ်း​ပါ့​မယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။