မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆာလံ ၁၄၀:၁-၁၃

မာတိကာ

  • ခွန်​အား​ကြီး​တဲ့ ကယ်​တင်​ရှင် ယေဟောဝါ

    • လူ​ယုတ်​မာ​တွေ​ဟာ မြွေနဲ့​တူ ()

    • အကြမ်း​ဖက်​သူ​တွေ ကျ​ၡုံး (၁၁)

ဂီ​တ​မှူး​သို့။ ဒါဝိဒ်​စပ်​ဆို​တဲ့ သီချင်း။ ၁၄၀  အို ယေဟောဝါ၊ လူ​ယုတ်​မာ​တွေ​လက်​က​နေ ကျွန်တော့်​ကို ကယ်​တင်​ပါ။ အကြမ်း​ဖက်​သူ​တွေ​လက်​က​နေ ကာ​ကွယ်​ပေး​ပါ။+  ၂  သူတို့ ယုတ်​မာ​တာ​တွေ ကြံ​စည်​နေ​တယ်။+ ရန်​ပွဲ​တွေ​ဖြစ်​အောင် တစ်​နေ့​လုံး ဆွ​ပေး​နေ​တယ်။  ၃  သူတို့​က လျှာ​ကို မြွေရဲ့ လျှာ​လို​ဖြစ်​အောင် သွေး​ထား​တယ်။+ သူတို့​ပါး​စပ်​ထဲ​မှာ မြွေပွေး​အဆိပ် ရှိ​တယ်။+ (စဲ​လာ)  ၄  ယေဟောဝါ​ဘု​ရား၊ လူ​ဆိုး​တွေ​လက်​က​နေ ကာ​ကွယ်​ပေး​ပါ။+ ခ​လုတ်​တိုက်​လဲ​အောင် ကြံ​စည်​နေ​သူ​တွေ၊အကြမ်း​ဖက်​သူ​တွေ လက်​က​နေ ကာ​ကွယ်​စောင့်​ရှောက်​ပေး​ပါ။  ၅  စိတ်​နေ​မြင့်​သူ​တွေ ကျွန်​တော့်​အတွက် ထောင်​ချောက်​ဆင်​ထား​တယ်။ လမ်း​ဘေး​မှာ ကြိုး​တွေ​နဲ့ ပိုက်​ထောင်​ထား​တယ်။+ ကျော့​ကွင်း​တွေ ဆင်​ထား​တယ်။+ (စဲ​လာ)  ၆  “အို ယေဟောဝါ၊ ကိုယ်​တော်​ဟာ ကျွန်​တော့်​ဘု​ရား​သခင်​ပါ။ အသနား​ခံ​နေ​တာ​ကို နား​ထောင်​ပေး​ပါ” လို့ ယေဟောဝါ​ကို ကျွန်​တော်​ပြော​တယ်။+  ၇  အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင်ယေဟောဝါ၊ ခွန်​အား​ကြီး​တဲ့ ကယ်​တင်​ရှင်၊ကိုယ်​တော်​က တိုက်​ပွဲ​ဝင်​တဲ့​နေ့​မှာ ကျွန်​တော့်​ခေါင်း​ကို ကာ​ကွယ်​ပေး​တယ်။+  ၈  အို ယေဟောဝါ၊ လူ​ဆိုး​တွေရဲ့ ဆန္ဒ​ကို မဖြည့်​ဆည်း​ပေး​ပါ​နဲ့။ သူတို့ အကောက်​ကြံ​တာ​တွေ မအောင်​မြင်​ပါ​စေ​နဲ့။ ဒါ​မှ သူတို့ ဘဝင်​မမြင့်​နိုင်​ကြ​မှာ။+ (စဲလာ)  ၉  ကျွန်​တော့်​ကို ဝိုင်း​ထား​သူ​တွေ​ ပြော​နေ​တဲ့ မလို​တ​မာ စကား​တွေသူတို့​ခေါင်း​ပေါ်​ပဲ ပြန်​ရောက်​ပါ​စေ။+ ၁၀  သူတို့​အပေါ် မီး​ကျီး​ခဲ​တွေ ရွာ​ကျ​ပါ​စေ။+ မီး​ထဲ၊ တွင်း​နက်​ထဲ+ ပစ်​ချ​ခံ​ရ​ပါ​စေ။ ဘယ်​တော့​မှ ပြန်​မထ​နိုင်​ပါ​စေ​နဲ့။ ၁၁  အသရေ​ဖျက်​သူ​ဟာ ကမ္ဘာ​ပေါ်​မှာ နေ​စ​ရာ ရှာ​မတွေ့​ပါ​စေ​နဲ့။+ ယုတ်​မာ​မှု​က အကြမ်း​ဖက်​သူ​တွေ​ကို လိုက်​ဖမ်း​ပြီး ဒဏ်​ခတ်​ပါ​စေ။ ၁၂  ယေဟောဝါ​က နိမ့်​ကျ​သူ​တွေ​ဘက်​က​နေ ခု​ခံ​ကာ​ကွယ်​ပေး​မယ်၊နွမ်း​ပါး​သူ​တွေ​ကို တ​ရား​သဖြင့် စီရင်​ပေး​မယ်​ဆို​တာ ကျွန်​တော်​သိ​ပါ​တယ်။+ ၁၃  ဖြောင့်​မတ်​သူ​တွေ နာ​မတော်​ကို တ​ကယ် ကျေး​ဇူး​တင်​ချီး​မွမ်း​ကြ​လိမ့်​မယ်။ စိတ်​ရိုး​ဖြောင့်​သူ​တွေ ရှေ့​တော်​မှာ နေ​ထိုင်​ရ​လိမ့်​မယ်။+

အောက်ခြေမှတ်ချက်များ