မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆာလံ ၁၀၈:၁-၁၃

မာတိကာ

  • ရန်​သူ​တွေ​ကို အောင်​ပွဲ​ဆင်​နိုင်​ဖို့ ဆုတောင်း

    • လူ​တွေ​ကယ်​မှာ​ကို မျှော်​လင့်​တာ အကျိုး​မရှိ (၁၂)

    • “ဘုရား​သခင်​ဆီ​က​နေ ခွန်​အား​ရ” (၁၃)

ဒါဝိဒ်​စပ်​ဆို​တဲ့​သီချင်း။ ၁၀၈  အို ဘု​ရား​သခင်၊​ ကျွန်တော့်​စိတ်​ဟာ တည်​ကြည်​ခိုင်​မြဲပါ​တယ်။ လှိုက်​လှိုက်​လှဲ​လှဲ တေး​ဖွဲ့​ပြီး သီချင်း​ဆို​ပါ့​မယ်။+  ၂  ကြိုး​တပ်​တူ​ရိ​ယာ​နဲ့ စောင်း​တို့၊​ နိုးထ​ကြ။+ အရုဏ်ဦး​ကို​လည်း နှိုးရဦး​မယ်။  ၃  ယေဟောဝါ​ဘု​ရား၊​ ကိုယ်တော့်​ကို လူ​တွေ​အလယ်​မှာ ချီး​မွမ်း​ပါ့​မယ်။ လူမျိုး​တွေ​အလယ်​မှာ ချီး​မွမ်း​သီချင်း​ဆို​ပါ့​မယ်။  ၄  ခိုင်​မြဲတဲ့​မေတ္တာ​တော်​ဟာ ကောင်း​ကင်​တိုင်​အောင် ကြီး​မား​လို့​ပါ။+ သစ္စာ​တ​ရား​ဟာ မိုး​ယံ​တိုင်​အောင် ကြီး​မား​လို့​ပါ။  ၅  အို ဘု​ရား​သခင်၊ ကောင်း​ကင်​အထက်​မှာ ကိုယ်​ကို​ချီး​မြှောက်​တော်​မူ​ပါ။ မြေတစ်​ခွင်​လုံး​မှာ ဘုန်း​တန်ခိုး​တော် ပျံ့​နှံ့​ပါ​စေ။+  ၆  ကိုယ်​တော် ချစ်​ရ​သူ​တွေ ကယ်​တင်​ခံ​ရ​ဖို့ ညာ​လက်​တော်​နဲ့ ကယ်​တင်​ပြီး ပြန်​ဖြေပေး​လှည့်​ပါ။+  ၇  သန့်​ရှင်း​တဲ့ ဘု​ရား​သခင်​က ပြော​တယ်–* “ငါ အား​ရ​ ရွှင်​လန်း​မယ်။ ရှေ​ခင်​မြို့​ကို+ အမွေ​အဖြစ် ငါ​ပေး​မယ်။ သု​ကုတ်​ချိုင့်​ဝှမ်း​လွင်​ပြင်​ကို​လည်း တိုင်း​တာ​မယ်။+  ၈  ဂိလဒ်​ပြည်​ကို+ ငါ​ပိုင်​တယ်။ မနာ​ရှေ​နယ်​မြေကို​လည်း ပိုင်​တယ်။ ဧ​ဖရိမ်​နယ်​မြေဟာ ငါ​ခန့်​အပ်​တဲ့ ခေါင်း​ဆောင်​ရဲ့ သံ​ခ​မောက်​ပဲ။+ ယုဒ​ပြည်​ဟာ ငါ​ခန့်​အပ်​ထား​တဲ့​ဘုရင်​ရဲ့ တောင်​ဝှေး​ပဲ။+  ၉  မောဘ​ပြည်​က​တော့ ငါ့​ခြေ​ဆေး​ခွက်​ပါ။+ ဧ​ဒုံ​ပြည်​အပေါ် ငါ့​ဖိ​နပ်​ကို ပစ်​တင်​မယ်။+ ဖိ​လိ​တိ​ပြည်​အပေါ် ငါ​အောင်​သံ​လွှင့်​မယ်။”+ ၁၀  ခံ​တပ်​မြို့​ထဲ ကျွန်​တော့်​ကို ဘယ်​သူ ခေါ်​သွား​ပေး​မှာ​လဲ။ ဧ​ဒုံ​ပြည်​အထိ ဘယ်​သူ ပို့​ဆောင်​ပေး​မှာ​လဲ။+ ၁၁  အို ဘု​ရား​သခင်၊ ကျွန်​တော်​တို့​ကို ပစ်​ပယ်​ထား​တဲ့ ကိုယ်​တော်​ပဲ မဟုတ်​လား။ အို ဘု​ရား​သခင်၊ ကျွန်​တော်​တို့​ရဲ့ တပ်​ဖွဲ့​နဲ့​အတူ မလိုက်​ပါ​တော့​တဲ့ ကိုယ်​တော်​ပဲ မဟုတ်​လား။+ ၁၂  ကျွန်​တော်​တို့ ဒုက္ခရောက်​ချိန်​မှာ ကူညီ​ပေး​လှည့်​ပါ။+ လူ​တွေ​ကယ်​တင်​မှာ​ကို မျှော်​လင့်​နေ​တာ အကျိုး​မရှိ​ဘူး။+ ၁၃  ဘု​ရား​သခင်​ဆီ​က​နေ ကျွန်​တော်​တို့ ခွန်​အား​ရ​လိမ့်​မယ်။+ ရန်​သူ​တွေ​ကို ဘု​ရား နင်း​ခြေ​ပေး​လိမ့်​မယ်။+

အောက်ခြေမှတ်ချက်များ

“သန့်​ရှင်း​တဲ့​အရပ်​က​နေ ဘု​ရား​ပြော​တယ်” လည်း​ဖြစ်​နိုင်။