မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ

ကျမ်းစာမှာဖော်ပြထားတဲ့ သစ္စာရှိအမျိုးသားအမျိုးသမီးတွေအကြောင်း လေ့လာတာက ဒီနေ့ခေတ် ကျွပ်တို့အတွက် ဘယ်လိုအကျိုးရှိသလဲ။

အချိန်ပြမျဉ်း

ကျမ်းစာပါ သစ္စာရှိအမျိုးသား အမျိုးသမီးတွေ ဘယ်အချိန်၊ ဘယ်နေရာမှာနေခဲ့တယ်ဆိုတာ မြင်ယောင်နိုင်ဖို့ အချိန်ပြမျဉ်းနဲ့ မြေပုံက ကူညီပေးပါလိမ့်မယ်။

အုပ်ချုပ်ရေးအဖွဲ့ဆီက စာ

ဒီစာအုပ်ကို ကိုယ်ပိုင်နဲ့ မိသားစုလိုက် ဖတ်ပြီး၊ လေ့လာပြီး အကျိုးရယူဖို့ အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းပါတယ်။

နိဒါန်း

ကျမ်းစာထဲမှာ သစ္စာရှိ အမျိုးသား အမျိုးသမီးတွေအကြောင်း အများကြီး ဖော်ပြထားတယ်။ သူတို့ရဲ့ ပုံသက်သေကနေ ဘာသင်ခန်းစာ ရနိုင်သလဲ။

အာဗေလ

‘သူသည် သေလွန်ပြီဖြစ်သော်လည်း ဟောပြောလျက်ရှိသေး၏’

ကျမ်းစာမှာ အာဗေလအကြောင်း နည်းနည်းပဲ ဖော်ပြထားပေမဲ့ သူ့အကြောင်း ဘာသိနိုင်သလဲ။ သူ့ရဲ့ယုံကြည်ခြင်းကနေ ဘာတွေ သင်ယူနိုင်သလဲ။

နောဧ

‘စစ်မှန်သော ဘုရားသခင်နှင့်အတူ သွားလာသူ’

နောဧဇနီးမောင်နှံဟာ ကလေးတွေကို ပြုစုပျိုးထောင်ရာမှာ ဘာအခက်အခဲတွေကို ကြုံရသလဲ။ ယုံကြည်ခြင်းရှိကြောင်း သင်္ဘောဆောက်ခြင်းအားဖြင့် နောဧမိသားစု ဘယ်လိုပြသလဲ။

အာဗြဟံ

“ယုံကြည်သူအပေါင်း၏ အဖ”

ယုံကြည်ခြင်းရှိတယ်ဆိုတာ အာဗြဟံ ဘယ်လို ဖော်ပြသလဲ။ အာဗြဟံကို ဘယ်လိုနည်းတွေနဲ့ သင် တုပချင်ပါသလဲ။

ရုသ

အမေသွားလေရာရာသို့ ကျွန်မလိုက်ပါမည်

ရုသက မိသားစုနဲ့ မွေးရပ်ဌာနေကို ဘာဖြစ်လို့ လိုလိုလားလား စွန့်လွှတ်ခဲ့တာလဲ။ သူ့ရဲ့ ဘယ်အရည်အသွေးတွေကြောင့် ယေဟောဝါဘုရား သူ့ကို တန်ဖိုးထားတာလဲ။

ရုသ

‘မွန်မြတ်တဲ့မိန်းမ’

ရုသနဲ့ ဗောဇတို့ရဲ့ အိမ်ထောင်က ဘာဖြစ်လို့ ထူးခြားတာလဲ။ မိသားစုနဲ့ပတ်သက်ပြီး ရုသနဲ့ နောမိဆီကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။

ဟန္န

ဘုရားသခင်ဆီ သူရင်ဖွင့်ဆုတောင်းခဲ့

ယေဟောဝါဘုရားကို ယုံကြည်တဲ့အတွက် ဖြေရှင်းရခက်တဲ့ အခြေအနေကို ဟန္န ရင်ဆိုင်နိုင်ခဲ့တယ်။

ရှမွေလ

“ထာဝရဘုရား၏ အမှုတော်ကို ဆောင်ရွက်လျက် ကြီးပြင်းလာ”

ရှမွေလရဲ့ ကလေးဘဝက ဘယ်လို ထူးခြားသလဲ။ ဝတ်ပြုရာတဲတော်မှာ နေထိုင်တဲ့အချိန် သူ့ ယုံကြည်ခြင်း ဘယ်လို ခိုင်ခံ့လာခဲ့သလဲ။

ရှမွေလ

စိတ်ပျက်ခဲ့ရပေမဲ့ သူ ခံနိုင်ရည်ရှိခဲ့

ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကို စမ်းသပ်မှုဖြစ်စေတဲ့ အခက်အခဲတွေ၊ စိတ်ပျက်စရာတွေနဲ့ ကြုံရတတ်ကြတယ်။ ရှမွေလရဲ့ခံနိုင်ရည်ကနေ ဘာသင်ယူနိုင်သလဲ။

အဘိဂဲလ

ဉာဏ်အမြော်အမြင်ရှိရှိ သူပြုမူခဲ့

အဘိဂဲလရဲ့ အိမ်ထောင်ရေးအခြေအနေကနေ ဘာသင်ယူနိုင်စရာ ရှိသလဲ။

ဧလိယ

စစ်မှန်သောဝတ်ပြုရေးဘက် သူ ရပ်တည်ခဲ့

ကျမ်းစာသွန်သင်ချက်တွေကို လက်မခံသူတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဧလိယကို ဘယ်လို တုပနိုင်သလဲ။

ဧလိယ

သူ စောင့်ကြည့်ပြီး စောင့်မျှော်ခဲ့

ပရောဖက်ဧလိက ယေဟောဝါဘုရားရဲ့ ကတိတွေ ပြည့်စုံဖို့ စောင့်နေချိန်မှာ ဆုတောင်းတဲ့ အကျင့်ရှိသူဖြစ်ကြောင်း ဘယ်လိုဖော်ပြခဲ့သလဲ။

ဧလိယ

ဘုရားသခင်ဆီကနေ သူ နှစ်သိမ့်မှုရရှိခဲ့

ဧလိယဟာ ဘာကြောင့် သေချင်တဲ့အထိ စိတ်ဓာတ်ကျခဲ့တာလဲ။

ယောန

အမှားတွေကနေ သူ သင်ခန်းစာယူခဲ့

ရလာတဲ့တာဝန်ကို လက်ခံဖို့ ယောန ဘာကြောင့် ကြောက်သလဲဆိုတာ သင် နားလည်နိုင်မလား။ ယောနရဲ့အဖြစ်အပျက်က ယေဟောဝါဘုရားရဲ့ စိတ်ရှည်မှုနဲ့ ကရုဏာအကြောင်း ကျွန်ုပ်တို့ကို သင်ပေးတယ်။

ယောန

သူ ကရုဏာ ပြတတ်လာ

ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်း ရှုမြင်တတ်ဖို့ ယောနရဲ့ အဖြစ်အပျက်က ဘယ်လိုကူညီပေးသလဲ။

ဧသတာ

ဘုရားသခင်ရွေးချယ်ထားတဲ့ လူမျိုးဘက် သူရပ်တည်ခဲ့

ဧသတာလို ကိုယ်ကျိုးစွန့် မေတ္တာ တင်ပြဖို့ဆိုရင် ယုံကြည်ခြင်းနဲ့ သတ္တိ လိုအပ်တယ်။

ဧသတာ

ပညာရှိရှိ၊ သတ္တိရှိရှိ ကိုယ်ကျိုးမငဲ့ဘဲ သူလုပ်ဆောင်သွားခဲ့

ဧသတာဟာ ယေဟောဝါဘုရားနဲ့ သူ့လူမျိုးအတွက် ကိုယ်ကျိုးမငဲ့ဘဲ ဘယ်လိုလုပ်ဆောင်သွားခဲ့သလဲ။

မာရိ

“ကျွန်မသည် ယေဟောဝါဘုရား၏ကျွန်မ ဖြစ်ပါ၏”

ကောင်းကင်တမန်ကို မာရိ ပြန်ပုံကနေ ယုံကြည်ခြင်းအကြောင်း ဘာသိရသလဲ။ တခြား ဘယ်အရည်အသွေးကောင်းတွေကိုလည်း သူတင်ပြသလဲ။

မာရိ

သူ “စဉ်းစားဆင်ခြင်” ခဲ့

ဘက်သလီဟင်မြို့မှာ ကြုံတွေ့ခဲ့တာတွေကြောင့် ယေဟောဝါဘုရားရဲ့ ကတိတွေအပေါ် မာရိရဲ့ ယုံကြည်ခြင်း ခိုင်ခံ့လာခဲ့တယ်။

ယောသပ်

သူ ကာကွယ်ပေးခဲ့၊ ကျွေးမွေးစောင့်ရှောက်ခဲ့၊ သေတဲ့အထိ ဦးစီးခဲ့

မိသားစုကို ဘယ်လိုနည်းတွေနဲ့ ယောသပ် ကာကွယ်ပေးခဲ့သလဲ။ မာရိနဲ့ ယေရှုကို အီဂျစ်ပြည် ဘာလို့ခေါ်သွားခဲ့တာလဲ။

မာသ

“ကျွန်မ ယုံပါသည်”

ဝမ်းနည်းကြေကွဲနေချိန်မှာတောင် အတုယူထိုက်တဲ့ ယုံကြည်ခြင်းကို မာသ ဘယ်လိုပြခဲ့သလဲ။

ပေတရု

ကြောက်ရွံ့စိတ်နဲ့ သံသယစိတ်ကို သူတွန်းလှန်ခဲ့

သံသယစိတ်က အစွမ်းထက်တဲ့ အဖျက်စွမ်းအား ဖြစ်နိုင်တယ်။ ဒါပေမဲ့ ပေတရုက ယေရှုနောက်လိုက်ပြီး သူ့ရဲ့ ကြောက်ရွံ့စိတ်နဲ့ သံသယစိတ်ကို တွန်းလှန်နိုင်ခဲ့တယ်။

ပေတရု

စမ်းသပ်မှုတွေကြုံရချိန်မှာ သူ သစ္စာရှိခဲ့

ယေရှုရဲ့ ဆုံးမမှုကို လက်ခံဖို့ ယုံကြည်ခြင်းနဲ့ သစ္စာရှိခြင်းက ပေတရုကို ဘယ်လိုကူညီပေးခဲ့သလဲ။

ပေတရု

ခွင့်လွှတ်တတ်ဖို့ သခင့်ဆီကနေ သူသင်ယူခဲ့

ခွင့်လွှတ်ခြင်းအကြောင်း ပေတရုကို ယေရှု ဘာသင်ပေးခဲ့သလဲ။ ပေတရုကို ခွင့်လွှတ်ကြောင်း ယေရှု ဘယ်လိုသက်သေပြခဲ့သလဲ။

နိဂုံး

သင့်ရဲ့ ယုံကြည်ခြင်းကို ဆက်ခိုင်ခံ့စေဖို့နဲ့ မျှော်လင့်ချက် အမြဲရှင်သန်နေစေဖို့ ဘယ်လိုလုပ်နိုင်မလဲ။