ကမ္ဘာချီ အချက်အလက် စာစောင်
ကမ္ဘာချီအချက်အလက် စာစောင်– ယေဟောဝါသက်သေတွေဟာ ဘယ်သူတွေလဲ
ယေဟောဝါသက်သေတွေရဲ့ လုပ်ဆောင်မှုနဲ့ ဖွဲ့စည်းထားပုံ အကျဉ်းချုပ်။
ယေဟောဝါသက်သေများရဲ့ စာပေများ
ယေဟောဝါသက်သေတွေရဲ့ စာပေတွေကို ပုံနှိပ်ထားတဲ့ပုံစံနဲ့ကော အီလက်ထရောနစ်ပုံစံနဲ့ပါ ရနိုင်ပါတယ်။ ဘုရားနဲ့ ပိုရင်းနှီးလာဖို့၊ ကျမ်းစာသွန်သင်ချက်တွေကို ပိုနားလည်ဖို့၊ စာဖတ်သူတွေရဲ့ဘဝ တိုးတက်ကောင်းမွန်စေဖို့ ကူညီပေးတဲ့ စာပေတွေဖြစ်ပါတယ်။
ယေဟောဝါသက်သေများ အများအကျိုး သယ်ပိုးခြင်း
ယေဟောဝါသက်သေတွေက ကျမ်းစာ ပညာပေးခြင်း၊ လူမှုအကူအညီ ပေးခြင်းအားဖြင့် မိမိတို့ နေထိုင်တဲ့ဒေသမှာ အများအကျိုး သယ်ပိုးကြတယ်။
ယေဟောဝါသက်သေများရဲ့ အမှုဆောင်လုပ်ငန်း
ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရေးမှာ အခြေခံကျတဲ့ ကဏ္ဍတစ်ခုကတော့ လူတွေကို ကျမ်းစာမှာ ပါတဲ့ သတင်းကောင်း ပြောပြခြင်းပါပဲ။ ဘာနည်းတွေ သုံးပြီး ပြောပြကြသလဲ။ ဒီလုပ်ငန်းက လူတွေကို ဘယ်လို အကျိုးပြုသလဲ။
ယေဟောဝါသက်သေများရဲ့ မိသားစုဘဝ
ယေဟောဝါသက်သေတွေက ကျမ်းစာအခြေခံမူတွေကို မိသားစုမှာ လက်တွေ့ကျင့်သုံးဖို့ ကြိုးစားကြတယ်။ ကျမ်းစာအခြေခံမူတွေက ခင်ပွန်း၊ ဇနီး၊ သားသမီးတွေကို ကူညီပေးလို့ မိသားစုဟာ နွေးထွေးလုံခြုံတဲ့ရိပ်မြုံ ဖြစ်လာတယ်။ သားသမီးတွေကို ကျမ်းစာစံနှုန်းတွေ သင်ပေးဖို့ အရေးကြီးတယ်လို့ မိဘတွေ ခံယူထားကြတယ်။
ယေဟောဝါသက်သေများ–မေးလေ့ရှိတဲ့ မေးခွန်းများ
ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းဆယ်ခုရဲ့ အဖြေ။
ယေဟောဝါသက်သေများရဲ့ ကျန်းမာရေး စောင့်ရှောက်မှု
အသက်ဟာ ဘုရားပေး အဖိုးတန် လက်ဆောင် ဖြစ်တယ်၊ အသက်ကော သွေးပါ မြင့်မြတ်တယ်လို့ ယေဟောဝါသက်သေတွေ ခံယူထားကြတယ်။ မိသားစုအတွက် အကောင်းဆုံး ဆေးကုသနည်းတွေ ရှာဖွေကြတယ်။ သွေးသွင်းစရာ မလိုတဲ့၊ ဘေးကင်းထိရောက်တဲ့ ဆေးကုသနည်းတွေ ရှာတွေ့ဖို့ ဆရာဝန်တွေနဲ့ လိုလိုလားလား ပူးပေါင်းဆောင်ရွက်ကြတယ်။
ယေဟောဝါသက်သေများရဲ့ အစားထိုး အရပ်ဘက်လုပ်ငန်း
ခံယူချက်အရ စစ်မှုထမ်းဖို့ငြင်းဆန်မှုကို အခြေခံအခွင့်အရေးအဖြစ် နိုင်ငံတကာဥပဒေ အသိအမှတ်ပြုခဲ့တာ ကြာပါပြီ။ အစိုးရတွေက နိုင်ငံတကာစံနှုန်းကို လိုက်နာပြီး ဒဏ်ပေးတဲ့ပုံစံ မဟုတ်တဲ့၊ လူ့အသိုင်းအဝိုင်းကို အကျိုးပြုတဲ့ အစားထိုးအရပ်ဘက်လုပ်ငန်း စစ်စစ် စီစဉ်ပေးတဲ့အခါ ယေဟောဝါသက်သေတွေ သိပ်ကျေးဇူးတင်ကြတယ်။
ယေဟောဝါသက်သေများ နိုင်ငံရေးမှာ ကြားနေကြ
ကျမ်းစာ သွန်သင်ချက်တွေနဲ့အညီ ယေဟောဝါသက်သေတွေဟာ နိုင်ငံရေးမှာ ကြားနေကြတယ်။ ယေဟောဝါသက်သေတွေရဲ့ ကြားနေမှုက ငြိမ်သက်အေးချမ်းမှု တိုးများစေကြောင်း၊ ယေဟောဝါသက်သေတွေဟာ ဥပဒေ လိုက်နာသူတွေ၊ အာဏာပိုင်တွေကို လေးစားသူတွေ၊ ပူးပေါင်းဆောင်ရွက်မှု ရှိသူတွေ ဖြစ်ကြောင်း အစိုးရများစွာ အသိအမှတ်ပြုကြတယ်။
ယေဟောဝါသက်သေများရဲ့ ဝတ်ပြုစည်းဝေးပွဲများ
ယုံကြည်သူချင်းတွေနဲ့အတူ ဝတ်ပြုစည်းဝေးမှုကို ယုံကြည်ခြင်း ခိုင်ခံ့စေတဲ့ အရေးကြီးကိစ္စတစ်ခုအဖြစ် ယေဟောဝါသက်သေတွေ ရှုမြင်ကြတယ်။ အစည်းအဝေးတွေကို နိုင်ငံတော်ခန်းမလို့ ခေါ်တဲ့ အဆောက်အအုံတွေမှာ ကျင်းပလေ့ရှိတယ်။ ဘယ်သူမဆို တက်ရောက်နိုင်တဲ့ ကျမ်းစာပညာပေး အစီအစဉ် ဖြစ်ပါတယ်။
ယေဟောဝါသက်သေများရဲ့သဘာဝဘေး ကယ်ဆယ်ရေးလုပ်ငန်း
သဘာဝဘေး ကျရောက်တဲ့အခါ ယေဟောဝါသက်သေတွေက ဘေးသင့်သူတွေကို ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ဝတ်ပြုရေးပိုင်း အထောက်အပံ့တွေ ချက်ချင်း ပေးကြတယ်။ ယေဟောဝါသက်သေတွေရဲ့ စည်းစနစ်ကျတဲ့ ကယ်ဆယ်ရေးလုပ်ငန်းကို အစိုးရ အာဏာပိုင်တွေ၊ ကယ်ဆယ်ရေး အဖွဲ့အစည်းတွေ အသိအမှတ်ပြုကြတယ်။
ကလေး ကာကွယ်ပေးခြင်းဆိုင်ရာ ယေဟောဝါသက်သေများရဲ့ ကျမ်းစာအခြေခံ ရပ်တည်ချက်
သားသမီးတွေရဲ့ ကောင်းကျိုးကို ယေဟောဝါသက်သေများ အထူးစိတ်ဝင်စားကြတယ်။ ကလေး မတော်မတရားပြုမှုဆိုင်ရာ စွဲချက်တွေအပေါ် ယေဟောဝါသက်သေတွေရဲ့ တုံ့ပြန်ချက်ကို ဒီစာတမ်းမှာ ရှင်းပြထားပါတယ်။