မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW LIBRARY

မေး​တတ်တဲ့ မေးခွန်းများ ​—JW Library (iOS)

မေး​တတ်တဲ့ မေးခွန်းများ ​—JW Library (iOS)

JW Library ကို အောက်ပါ Apple စက်​တွေ​မှာ အသုံးပြု​နိုင်ပါတယ်–

  • iPad 2 နဲ့ နောက်ပိုင်း​ထုတ် စက်​များ (iOS 9.0 နဲ့​အထက်)

  • iPhone 4 နဲ့ နောက်ပိုင်း​ထုတ် စက်​များ (iOS 9.0 နဲ့​အထက်)

  • iPod touch 5th generation (iOS 9.0 နဲ့​အထက်)

 

ဘာသာစကား​အသစ်တွေ​ကို အခါ​အား​လျော်​စွာ တင်ထား​ပေး​ပါတယ်။ ရရှိ​နိုင်တဲ့ ဘာသာစကား​စာရင်းကို ကြည့်​နိုင်ဖို့ ဘာသာစကား အကွက်​ကို နှိပ်ပါ။

မတူညီတဲ့​အရောင်​တွေ​က သမ္မာကျမ်းစာကနေ သိရှိ​နိုင်ရာ​များ စာအုပ်​ငယ်​ရဲ့ မေးခွန်း ၁၉ မှာပါတဲ့ ကျမ်းစောင် အုပ်စု ၈ ခု​ကို ဖော်ပြတယ်။

 

ပစ္စည်း​အားလုံးမှာ JW Library ရဲ့ အခြေခံ​လုပ်ဆောင်ချက်​တွေ ရှိပါတယ်။ ဒါပေမဲ့ ပစ္စည်း​တစ်ခုစီ​အတွက် တခြား​လုပ်ဆောင်ချက်​တွေ​နဲ့ အသစ်​ပြင်ဆင်​ပေးမှု​တွေကို အချိန်​တစ်ခုစီ​မှာ ထုတ်လုပ်​သွားမှာ​ဖြစ်တယ်။

 

လုပ်ထား​နိုင်ပါတယ်။ သင့်ရဲ့ မှတ်စု​တွေ၊ အရောင်ခြယ်​ထားတာ​တွေ၊ နှစ်သက်ရာ​တွေ၊ မှတ်သား​ထားရာတွေကို backup ဖိုင်​မှာ သိမ်းထား​နိုင်ပါတယ်။ ဒီ​ဖိုင်​တွေကို ဒီ​စက်​ထဲမှာ ဒါမှမဟုတ် တခြား​စက်​မှာ ပြန်​ဖွင့်​နိုင်ပါတယ်။

 

မကြည့်​နိုင်ပါဘူး။ သင့်ရဲ့ မှတ်စု​တွေ၊ အရောင်ခြယ်​ထားတာ​တွေ၊ နှစ်သက်ရာ​တွေ၊ မှတ်သား​ထားရာတွေကို တခြား​စက်​တွေ​ကနေ ယှဉ်တွဲ​မကြည့်​နိုင်ပါဘူး။

 

ပြဿနာ။ JW Library နောက်ဆုံး​ဗားရှင်း​ကို အပ်​ဒိတ်​လုပ်တဲ့​အခါ မှတ်စု​နဲ့ အရောင်ခြယ်​ထား​တာ​တွေ ပျောက်​သွားနိုင်တယ်​ဆို​တဲ့ စာတန်း ပေါ်လာ​ပါ​မယ်။ မှတ်စု​မှတ်​ရာ၊ အရောင်ခြယ်​တာ၊ အကြိုက်ဆုံး ရွေး​ထား​တာ၊ မှတ်ထား​တာ​တွေ ပျောက်​ကုန်တယ်။

ဖြေရှင်း​နည်း။ နောက်ဆုံး​ထုတ် ဗားရှင်း​က ပြဿနာ​ကို ဖြေရှင်း​ပေး​နိုင်တယ်။ အပ်​ဒိတ်​ကို Install လုပ်လိုက်​ပါ။ ပေါ်လာ​တဲ့ ညွှန်ကြားချက်​တွေ​အတိုင်း လိုက်​လုပ်ရင် မှတ်စု၊ အရောင်ခြယ်​ထား​တာ​တွေ ပြန်​ပေါ်လာ​မယ်။

 

JW Library နဲ့ အကျွမ်းတဝင်​ရှိတဲ့ မိတ်ဆွေ​တစ်ယောက် သင့်ကို ကူညီပေး​နိုင်ပါတယ်။ မဟုတ်​ရင် ကျွန်တော်တို့ရဲ့ အနီးဆုံး ဌာနခွဲရုံး​ကို ဆက်သွယ်ပါ