မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW LIBRARY

စာသားတွေကို အရောင်ခြယ်​မှတ်သား​နိုင်ပုံ—iOS

စာသားတွေကို အရောင်ခြယ်​မှတ်သား​နိုင်ပုံ—iOS

JW Library ကနေ စာပေတွေကို ဖတ်ရှု၊ လေ့လာ​နေရင်း စကားလုံးတွေ၊ စကားစု​တွေကို အရောင်​နဲ့ အမှတ်အသား လုပ်နိုင်ပါတယ်။

အောက်ပါ လမ်းညွှန်ချက်တွေ​အတိုင်း လုပ်ဆောင်ပါ–

 အရောင်​နဲ့ အမှတ်အသား​အသစ် လုပ်ပါ

စာသားတွေကို အရောင်​နဲ့ အမှတ်အသား​လုပ်နိုင်တဲ့ နည်း​နှစ်နည်း​ရှိပါတယ်။

စကားလုံး​ပေါ်မှာ ဖိ​ထားပြီး select လုပ်ပါ။ ဘယ်​အထိ select လုပ်ချင်​သလဲ​အပေါ်​မူတည်ပြီး အတိုး​အလျှော့ လုပ်နိုင်ပါတယ်။ menu အကွက် ပေါ်လာတဲ့​အခါ အရောင် ခလုတ်​ကို နှိပ်ပါ။ အရောင်​တစ်​ရော​င် ရွေးချယ်​ပြီး စာသားကို အရောင်ခြယ်​ပါ။

စကားလုံး ဒါမှမဟုတ် စကားစု​ကို အရောင်​နဲ့ အမှတ်အသား​လုပ်ဖို့ စာသား​ပေါ် တစ်ချက်​တို့​ပြီး ကိုယ်​အရောင်တင်​ချင်တဲ့ စကားလုံး​အဆုံးအထိ ဖိဆွဲ​သွားပါ။ သင်​ဖိဆွဲ​သွားတဲ့ စာသားတွေ​မှာ အရောင်​ပေါ်​နေပါလိမ့်မယ်။ ပြီးသွားတဲ့အခါ menu အကွက် ခဏ​ပေါ်​နေပါလိမ့်မယ်။ Menu ကို​သုံးပြီး အရောင်ပြောင်း​နိုင်တယ်၊ ဖျက်​ပစ်​နိုင်တယ်။

 အရောင်ပြောင်း​ပါ

စာသား​မှာ အမှတ်အသား​လုပ်​ထားတဲ့ အရောင်​ကို ပြောင်း​ချင်တယ်​ဆိုရင် အရောင်ခြယ်​ထားတဲ့ စာသားကို တစ်ချက်​နှိပ်​ပြီး တခြား​အရောင် ပြောင်း​နိုင်ပါတယ်။ အရောင်​ဖျက်​ချင်တယ်​ဆိုရင် အရောင်ခြယ်​ထားတဲ့ စာသားကို တစ်ချက်​နှိပ်​ပြီး ဖျက်​ပါ ခလုတ်​ကို နှိပ်ပါ။

အဲဒီ​အသွင်အပြင်​တွေ​ပါတဲ့ JW Library 1.6 ကို ၂၀၁၅၊ နိုဝင်ဘာလ​မှာ တင်ထား​ပြီး​ဖြစ်ပါတယ်။ iOS 7.0 နဲ့ အဲဒီ​နောက်ပိုင်း အသစ်​ထုတ်​တဲ့ ဖုန်း၊ တက်ဘလက်​တွေ​မှာ အသုံးပြု​နိုင်ပါတယ်။ အဲဒီ​အသွင်အပြင်တွေကို မရဘူး​ဆိုရင် “JW Library ကို စတင်​အသုံးပြုခြင်း—iOS” ဆောင်းပါး​ထဲ​က “နောက်ဆုံးထုတ် အသွင်အပြင်​များ ရယူပါ” ခေါင်းစဉ်​ငယ်​အောက်မှာ​ပါတဲ့ ညွှန်ကြားချက်တွေ​အတိုင်း လုပ်ဆောင်ပါ။