မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW LIBRARY

သုံးခဲ့​ရာ​များ (History) ကို အသုံးပြုပါ—iOS

သုံးခဲ့​ရာ​များ (History) ကို အသုံးပြုပါ—iOS

သင် ဖတ်ရှု​လေ့လာတဲ့ ဆောင်းပါး​တွေ၊ ကျမ်းစာ​အခန်းကြီး​တွေကို သုံးခဲ့​ရာ​များ (History) အနေနဲ့ JW Library မှာ သိမ်းဆည်း​ထားပါ​တယ်။ ဒါက တကယ်​အသုံးဝင်​ပါတယ်။ ဥပမာ၊ မကြာသေးခင်က သင်​ဖတ်ရှု​လေ့လာခဲ့တဲ့ ကျမ်းချက်တွေကို ပြန်​ကြည့်ဖို့ လွယ်ကူစေတယ်။

သုံးခဲ့​ရာ​များ (History) ကို အသုံးပြု​ဖို့ အောက်ပါ လမ်းညွှန်ချက်တွေ​အတိုင်း လုပ်ဆောင်ပါ–

 သုံးခဲ့​ရာ​များ (History) ကို​သွားပါ

မကြာသေးခင်က သင် ဖတ်ရှု​လေ့လာခဲ့တဲ့ ကျမ်းချက်​စာရင်း​တွေကို ကြည့်​နိုင်ဖို့ ကျမ်းစာ ခလုတ်​ကို နှိပ်​ပြီး ဆက်​ဖိ​ထားပါ။ သုံးခဲ့​ရာ​များ (History) မှာ​တွေ့ရတဲ့ စာရင်းကို​ကြည့်ပြီး ပြန်ဖတ်​ရှု​လေ့လာ​ချင်တဲ့ ကျမ်းချက်ကို နှိပ်ပါ။

မကြာသေးခင်က သင်​ဖတ်ရှု​လေ့လာခဲ့တဲ့ ဆောင်းပါး​စာရင်းကို ကြည့်ချင်​တယ်​ဆိုရင် စာပေများ ခလုတ်​ကို​နှိပ်​ပြီး ဆက်​ဖိ​ထားပါ။ သုံးခဲ့​ရာ​များ (History) မှာ​တွေ့ရတဲ့ စာရင်းကို​ကြည့်ပြီး ပြန်ဖတ်​ရှု​လေ့လာ​ချင်တဲ့ ဆောင်းပါးကို နှိပ်ပါ။

 သုံးခဲ့​ရာ​များ (History) ကို ရှင်းလင်း​ပါ

သုံးခဲ့​ရာ​များ (History) စာရင်း​ဖွင့်​ဖို့ ကျမ်းစာ ဒါမှမဟုတ် စာပေများ ခလုတ်​ကို​နှိပ်​ပြီး ဆက်​ဖိ​ထားပါ။ စာရင်း​တွေကို ရှင်းပစ်​ချင်တယ်​ဆိုရင် ရှင်းလင်း​ပါ ခလုတ်​ကို နှိပ်ပါ။

အဲဒီ​အသွင်အပြင်​တွေ​ပါတဲ့ JW Library 1.2 ကို ၂၀၁၄၊ မေလ​မှာ တင်ထား​ပြီး​ဖြစ်ပါတယ်။ iOS 6.0 နဲ့ အဲဒီ​နောက်ပိုင်း အသစ်​ထုတ်​တဲ့ ဖုန်း၊ တက်ဘလက်​တွေ​မှာ အသုံးပြု​နိုင်ပါတယ်။ အဲဒီ​အသွင်အပြင်တွေကို မရဘူး​ဆိုရင် “JW Library ကို စတင်​အသုံးပြုခြင်း—iOS” ဆောင်းပါး​ထဲ​က “နောက်ဆုံးထုတ် အသွင်အပြင်​များ ရယူပါ” ခေါင်းစဉ်​ငယ်​အောက်မှာ​ပါတဲ့ ညွှန်ကြားချက်တွေ​အတိုင်း လုပ်ဆောင်ပါ။