မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW LIBRARY

စာပေတွေကို ကူးယူ၊ စီစဉ်​နိုင်ရာ​များ—iOS

စာပေတွေကို ကူးယူ၊ စီစဉ်​နိုင်ရာ​များ—iOS

အင်တာနက် မ​ဖွင့်​ထား​ဘဲ JW Library ထဲ​က စာအုပ်တွေ၊ စာစောင်​တွေ၊ ဝေစာတွေ​နဲ့ ဗီဒီယိုတွေကို ဖတ်နိုင်၊ ကြည့်​နိုင် ပါတယ်။

စာပေတွေကို ကူးယူ၊ စီစဉ်​ရာ​မှာ အောက်ပါ လမ်းညွှန်ချက်တွေ​အတိုင်း လုပ်ဆောင်ပါ–

 စာပေ​တစ်ခုကို ကူးယူပါ

အင်တာနက် မ​ဖွင့်​ထား​ဘဲ ဖတ်ရှု​လေ့လာ​နိုင်ဖို့ သင်​နှစ်သက်တဲ့ စာပေတွေကို ကူးယူ​ထား​နိုင်ပါတယ်။

  • စာပေများ ဆိုတဲ့​နေရာကို နှိပ်​ရင် စာပေ​စာရင်းကို ပြ​ပေးတယ်။

  • ဘာသာစကား ခလုတ်​ကို​နှိပ်​ရင် စာပေတွေ ရရှိ​နိုင်တဲ့ ဘာသာစကား​အားလုံးကို ပြ​ပေးတယ်။ သင်​ဖတ်ရှု​ချင်တဲ့ ဘာသာစကား​တစ်ခုကို ရွေးချယ်ပါ။ သင်​အသုံးများတဲ့ ဘာသာစကား​တွေကို စာရင်း​ရဲ့ အပေါ်​ဆုံး​မှာ တွေ့ရ​ပါလိမ့်မယ်။ သင်​အသုံးပြု​ချင်တဲ့ ဘာသာစကား​နာမည် ရိုက်​ထည့်​ပြီးတော့လည်း ရှာ​နိုင်ပါတယ်။

JW Library ထဲ​က စာပေတွေကို ရှာဖွေ​နိုင်တဲ့ နည်းလမ်း​တချို့ ရှိပါတယ်။

အမျိုးအစား ဆိုတဲ့​အပိုင်းမှာ သင်​ရွေးချယ်​ထားတဲ့ ဘာသာစကားနဲ့ စာပေတွေကို စာအုပ်များ၊ ဝေစာများ၊ ဗီဒီယိုများ ဆိုပြီး အမျိုးအစား​လိုက် ခွဲထား​ပေး​ပါတယ်။ တချို့​အမျိုးအစား​တွေ​မှာ နောက်ထပ် ရွေးချယ်စရာတွေ ရှိ​နိုင်တယ်။ ဥပမာ၊ ကင်းမျှော်စင် ဆိုရင် နှစ်​အလိုက် ခွဲထား​ပြီး ဗီဒီယိုတွေကို​တော့ အမျိုးအစား​လိုက် ခွဲထား​ပါတယ်။ စာရင်း​အစ​ကို ပြန်သွား​ချင်တယ်​ဆိုရင် အမျိုး​စား​အားလုံး ကို နှိပ်ပါ။

အသစ်​တင်ထား​ရာ​များ အပိုင်းမှာ သင်​ရွေးချယ်​ထားတဲ့ ဘာသာစကားနဲ့ နောက်ဆုံး​တင်ထားတဲ့ စာပေတွေကို တွေ့​နိုင်ပါတယ်။

သင် မ​ကူးယူ​သေး​တဲ့ စာပေတွေကို တိမ်​ပုံ အမှတ်အသား​နဲ့ ဖော်ပြ​ထားပါ​တယ်။ စာပေ​တစ်ခုကို ကူးယူ​ချင်တယ်​ဆိုရင် အဲဒီ​စာပေ​ကို နှိပ်ပါ။ သင့်ရဲ့​ဖုန်း၊ တက်ဘလက်​ထဲ ကူးယူပြီး​ပြီဆို​ရင် တိမ်​ပုံ အမှတ်အသား ပျောက်​သွားပါလိမ့်မယ်။ ကူးယူ​ထားတဲ့ စာပေ​ကို ဖတ်ချင်​တယ်​ဆိုရင် အဲဒီ​စာပေ​ကို ထပ်​နှိပ်ပါ။

ကူးယူ​ထားရာ​များ ဆိုတဲ့​အပိုင်းမှာ ဘယ်​ဘာသာစကားနဲ့​မဆို သင်​ကူးယူ​ထားတဲ့ စာပေ​အားလုံးကို ပြပေး​ပါလိမ့်မယ်။ အဲဒီ​စာရင်းကို ခေါင်းစဉ်၊ မကြာခဏ​သုံးတဲ့​အရာ၊ သိပ်​မ​သုံးတဲ့​အရာ၊ အရွယ်အစား​အကြီးဆုံး​အရာ ဆိုတဲ့​ထဲ​က တစ်ခု​ရွေး​ပြီး အစဉ်လိုက်​စီ​နိုင်ပါတယ်။

 စာပေ​တစ်ခုကို ဖျက်​ပစ်​ပါ

သိမ်းဆည်း​ထားတာ​တွေ​များနေ​လို့ နေရာလွတ်​ချင်တဲ့​အခါ၊ အသုံးပြု​စ​ရာ​မလို​တော့​တဲ့အခါ စာပေ​တစ်ခုကို ဖျက်​ပစ်​နိုင်ပါတယ်။

စာပေများ ဆိုတဲ့​နေရာကို နှိပ်ပါ။ စာပေ​အမျိုးအစား​တစ်ခု (ဥပမာ၊ စာအုပ်များ) ကို​နှိပ်​ပြီး စာပေ​စာရင်းကို ကြည့်ပါ။ ရွေးပါ ခလုတ်​ကို နှိပ်​ပြီး သင်​ဖျက်​ပစ်​ချင်တဲ့ စာပေတွေကို နှိပ်ပါ။ စာပေ​တစ်ခု​အပေါ် ခဏ​ကြာကြာ​ဖိ​ထားပြီးတော့​လည်း ရွေး​နိုင်ပါတယ်။ ဖျက်​ပါ ခလုတ်​နှိပ်ပါ၊ ဖျက်​မှာ​သေချာတယ်​ဆိုရင် ဖျက်​နိုင်ပြီ။

သိမ်းဆည်း​ထားတာ​တွေ​များနေ​လို့ နေရာလွတ်​ချင်တဲ့​အခါ သိပ်​မ​သုံးတဲ့​အရာ ဒါမှမဟုတ် အရွယ်အစား​အကြီးဆုံး​အရာ​ထဲ​က စာပေတွေကို ဖျက်​ပစ်​နိုင်ပါတယ်။ စာပေများ ခလုတ်​ကို နှိပ်ပါ။ ကူးယူ​ထားရာ​များ အပိုင်းကို သွားပါ။ သိပ်​မ​သုံးတဲ့​အရာ ဒါမှမဟုတ် အရွယ်အစား​အကြီးဆုံး​အရာ စာရင်းကို သွားပါ။ မလိုအပ်တဲ့ စာပေတွေကို ဖျက်​ပစ်​ပါ။

 Update လုပ်​ထားတဲ့ စာပေ​တစ်ခုကို ရယူပါ

သင်​ကူးယူ​ထားတဲ့ စာပေ​ကို မကြာမကြာ update လုပ်ဖို့ လိုပါလိမ့်မယ်။

Update လုပ်ဖို့​လို​နေတဲ့ စာပေ​ကို refresh icon အမှတ်အသား​နဲ့ ဖော်ပြ​ပေး​ပါတယ်။ အဲဒီ​စာပေ​ကို နှိပ်​လိုက်တဲ့အခါ မက်ဆေ့ခ်ျ တွေ့ရ​ပါလိမ့်မယ်။ Update လုပ်ချင်​တယ်​ဆိုရင် ကူးယူပါ ကို​နှိပ်ပါ၊ မ​ကူးယူ​ချင်​သေး​ဘူးဆိုရင် နောက်​မှ ကို​နှိပ်ပါ။

သင်​ကူးယူ​ထားတဲ့​စာပေတွေ update လုပ်ဖို့ လို​မလို သိချင်ရင် စာပေများ ကို​နှိပ်ပါ။ Update လုပ်ဖို့​လို​နေတယ်​ဆိုရင် update မ​လုပ်​ရ​သေး ကို တွေ့ရ​ပါလိမ့်မယ်။ Update လုပ်ချင်တဲ့ စာပေ​ကို​နှိပ်ပါ ဒါမှမဟုတ် အားလုံး update လုပ်မယ် ကို​နှိပ်ပါ။

အဲဒီ​အသွင်အပြင်​တွေ​ပါတဲ့ JW Library 1.4 ကို ၂၀၁၅၊ ဖေဖော်ဝါရီ​လမှာ တင်ထား​ပြီး​ဖြစ်ပါတယ်။ iOS 6.0 နဲ့ အဲဒီ​နောက်ပိုင်း အသစ်​ထုတ်​တဲ့ ဖုန်း၊ တက်ဘလက်​တွေ​မှာ အသုံးပြု​နိုင်ပါတယ်။ အဲဒီ​အသွင်အပြင်တွေကို မရဘူး​ဆိုရင် “JW Library ကို စတင်​အသုံးပြုခြင်း—iOS” ဆောင်းပါး​ထဲ​က “နောက်ဆုံးထုတ် အသွင်အပြင်​များ ရယူပါ” ခေါင်းစဉ်​ငယ်​အောက်မှာ​ပါတဲ့ ညွှန်ကြားချက်တွေ​အတိုင်း လုပ်ဆောင်ပါ။