မာတိကာဆီ ကျော်သွား

JW LIBRARY SIGN LANGUAGE

JW Library Sign Language အသွင်အပြင်များ

JW Library Sign Language အသွင်အပြင်များ

JW Library Sign Language ဟာ ယေဟောဝါသက်သေများရဲ့ တရားဝင် app ဖြစ်ပါတယ်။ ဒါကို သုံးပြီး jw.org ဝက်ဘ်ဆိုက်က လက်သင်္ကေတပြ ဗီဒီယိုတွေကို ကူးယူ၊ ဖွင့်ကြည့်လို့ရပါတယ်။

သမ္မာကျမ်းစာ၊ တခြားစာစောင်တွေကို လက်သင်္ကေတပြဗီဒီယိုနဲ့ ကြည့်ပါ။ အဲဒါတွေကို ကွန်ပျူတာ၊ ဖုန်း၊ တက်ဘလက်ထဲ ကူးယူထားမယ်ဆိုရင် နောက်ပိုင်း အင်တာနက် မချိတ်ထားလည်း ဖွင့်ကြည့်နိုင်မယ်။ ရောင်စုံရုပ်ပုံတွေကို အလွယ်တကူ ရှာဖွေအသုံးပြုနိုင်ပါတယ်။

 

ရိုးရှင်းလွယ်ကူစွာ အသုံးပြုနိုင်

JW Library Sign Language ရဲ့ ကျမ်းစာ စာမျက်နှာမှာ ထုတ်ဝေထားတဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ရှိမယ်ဆိုရင် ကျမ်းစောင်တစ်ခုစီကို ကြည့်နိုင်တယ်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်း မရှိသေးရင်တောင် တခြားစာပေတွေမှာ လက်သင်္ကေတနဲ့ ဖော်ပြထားတဲ့ ကျမ်းချက်တွေကို ကြည့်နိုင်ပါတယ်။ စာပေများ စာမျက်နှာမှာ jw.org မှာရနိုင်တဲ့ တခြားစာပေတွေနဲ့ ဗီဒီယိုတွေကို ဖော်ပြထားပေးပါတယ်။

 

ညွှန်းထားတဲ့ ကျမ်းချက်တွေကို ကြည့်နည်း

စာပေတစ်ခုရဲ့ ဗီဒီယိုကို ကြည့်နေချိန်မှာ ကျမ်းစာ ခလုတ်ကို နှိပ်ပါ။ ဗီဒီယို ရပ်သွားမှာဖြစ်ပြီး ညွှန်းထားတဲ့ ကျမ်းချက်ကို ရှာကြည့်နိုင်တယ်။ ကြည့်လက်စ ဗီဒီယိုကို ပြန်ကြည့်ဖို့အတွက် စာပေများ ခလုတ်ကို ပြန်နှိပ်ပါ။

 

ဗီဒီယိုတွေကို အလွယ်တကူ ကူးယူနည်း

မကူးယူရသေးတဲ့ ဗီဒီယိုတွေမှာ တိမ်ပုံ အမှတ်အသား ပေါ်နေပါလိမ့်မယ်။ jw.org မှာ ရှိတဲ့ ဗီဒီယိုတစ်ခုကို ကူးယူချင်တယ်ဆိုရင် အဲဒီဗီဒီယိုကို နှိပ်ပါ။ အဲဒီစာမျက်နှာမှာ ရှိတဲ့ ဗီဒီယိုအားလုံးကို ကူးယူချင်ရင် အားလုံးကူးယူ ခလုတ်ကို နှိပ်ပါ။ ဖျက်ချင်တယ်ဆိုရင် ထပ်ဆင့် (More) ခလုတ်ကို နှိပ်ပြီး ဖျက်နိုင်တယ်။

 

ဗီဒီယိုကို အလွယ်တကူ အသုံးပြုနည်း

အောက်ပါ ရိုးရှင်းလွယ်ကူတဲ့နည်းတွေနဲ့ ဗီဒီယိုကို အသုံးပြုနိုင်ပါတယ်–

  • လက်ချောင်းနှစ်ချောင်းထိပ်နဲ့ နှိပ်ပါ– ဗီဒီယိုကို ဖွင့်နိုင်၊ ခေတ္တရပ်နိုင်တယ်။

  • မျက်နှာပြင် ဘယ်ဘက်ကို ပွတ်ဆွဲပါ– နောက်တစ်ခုကို ကူးသွားပါလိမ့်မယ်။

  • မျက်နှာပြင် ညာဘက်ကို ပွတ်ဆွဲပါ– ဖွင့်ပြီးသားကို ပြန်ဖွင့်ပေးပါလိမ့်မယ်။

  • အပေါ်ဘက်ကို ပွတ်ဆွဲပါ– ဗီဒီယိုသွားနှုန်းကို ပိုမြန်စေတယ်။

  • အောက်ဘက်ကို ပွတ်ဆွဲပါ– ဗီဒီယိုသွားနှုန်းကို နှေးစေတယ်။

  • လက်ချောင်းတစ်ချောင်းထိပ်နဲ့ နှိပ်ပါ– ဗီဒီယိုတစ်ခုလုံးရဲ့ အချက်အလက်တွေကို ပြပေး၊ ဝှက်ပေး ပါလိမ့်မယ်။