မာတိကာဆီ ကျော်သွား

ဇန်နဝါရီ ၂၉၊ ၂၀၁၈
အသစ် တင်ထား​ရာ​များ

ပုန်​ပေ၊ ဒိန်းမတ်၊ နော်​ဝေ၊ ဆွီဒင်​ဘာသာစကား​တို့နဲ့ ကျမ်းစာ ထုတ်ဝေ

ပုန်​ပေ၊ ဒိန်းမတ်၊ နော်​ဝေ၊ ဆွီဒင်​ဘာသာစကား​တို့နဲ့ ကျမ်းစာ ထုတ်ဝေ

မိုက်ခရို​နီး​ရှား၊ ပုန်​ပေ​ကျွန်းမှာ ပုန်​ပေ​ဘာသာစကားနဲ့ ကမ္ဘာသစ်​ဘာသာပြန် ခရစ်ယာန် ဂရိကျမ်း​စာ​ကို ၂၀၁၈၊ ဇန်နဝါရီ ၂၈ ရက်​နေ့မှာ ထုတ်ဝေ​လိုက်ပါ​တယ်။ အဲဒီ​မတိုင်ခင်​နေ့​တုန်း​က ဒိန်းမတ်၊ ဟေ​လု​ဖ်​မာ​ဂလာ​မြို့​မှာလည်း တည်းဖြတ်​ထားတဲ့ ကမ္ဘာသစ်​ဘာသာပြန်ကျမ်း​ကို ဒိန်းမတ်၊ နော်​ဝေ၊ ဆွီဒင်​ဘာသာစကား​တို့နဲ့ ထုတ်ဝေ​ခဲ့​ပါတယ်။ ၂၀၁၃ တည်းဖြတ်​ကျမ်း​ကို အခြေခံပြီး ထုတ်ဝေ​ထားတဲ့ ဘာသာစကား ၁၂ မျိုး အပါအဝင် ကမ္ဘာသစ်​ဘာသာပြန်ကျမ်းကို တစ်အုပ်လုံး​ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်း​ဖြစ်စေ ဘာသာစကား ၁၆၃ မျိုးနဲ့ ဘာသာပြန်​ပြီး ဖြစ်ပါတယ်။