JW Library မှာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း (လေ့လာမှုကျမ်းစာ) ကို ကူးယူနိုင်ပါပြီ။ လောလောဆယ် အင်္ဂလိပ်ဘာသာတစ်မျိုးနဲ့ပဲ ရနိုင်ပါတယ်။ မကူးယူခင် စက်ထဲမှာ JW Library ကို အပ်ဒိတ်လုပ်ထားပါ။ ပြီးမှ လေ့လာမှုကျမ်းစာကို ကူးယူဖို့ အောက်ပါတစ်နည်းနည်းအတိုင်း လုပ်ပါ–

နည်း ၁

  • JW Library အက်ပ်ရဲ့ ပင်မစာမျက်နှာ၊ အသစ်တင်ထားရာများ ကဏ္ဍအောက်မှာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း (လေ့လာမှုကျမ်းစာ) ကို နှိပ်ပါ။ ဖော်ပြထားတဲ့ ညွှန်ကြားချက်အတိုင်း ဆက်လုပ်သွားပါ။

နည်း ၂ (အသစ်တင်ထားရာများ ကဏ္ဍအောက်မှာ လေ့လာမှုကျမ်းစာ မပေါ်ရင်)

  • (iOS နဲ့ ဝင်းဒိုးစ် စက်များ) မှာ ကျမ်းစာကို နှိပ်ပါ။ (Android စက်များ) မှာ Navigation drawer မှာ ကျမ်းစာကို ရွေးပါ။

  • ဘာသာစကားများ ခလုတ်ကို နှိပ်ပါ။ စက်သေးတွေမှာ နောက်ထပ်မီနူးမှာ တွေ့နိုင်ပါတယ်။

  • အင်္ဂလိပ်​—⁠ကမ္ဘာသစ်ဘာသာပြန်ကျမ်း (လေ့လာမှုကျမ်းစာ) ကို နှိပ်ပါ။ ဖော်ပြထားတဲ့ လမ်းညွှန်ချက်အတိုင်း ဆက်လုပ်သွားပါ။

  • စက်တချို့မှာ စသုံးဖို့ အင်္ဂလိပ်​—⁠ကမ္ဘာသစ်ဘာသာပြန်ကျမ်း (လေ့လာမှုကျမ်းစာ) ကို ပြန်ရွေးဖို့ လိုအပ်နိုင်တယ်။