မာတိကာဆီ ကျော်သွား

ဇူလိုင် ၂၃၊ ၂၀၁၉
အသစ် တင်ထား​ရာ​များ

မဿဲကျမ်း (လေ့လာမှု ကျမ်းစာ) အွန်လိုင်းမှာ ရနိုင်ပြီ

မဿဲကျမ်း (လေ့လာမှု ကျမ်းစာ) အွန်လိုင်းမှာ ရနိုင်ပြီ

မဿဲကျမ်း​ကို jw.org မှာ​ရှိတဲ့ ကမ္ဘာသစ်​ဘာသာပြန်ကျမ်း လေ့လာမှု ကျမ်းစာမှာ ရနိုင်​ပါပြီ။

မဿဲကျမ်း​ရဲ့ လေ့လာမှု မှတ်စု​တွေကို ဖတ်ပါ။ မီဒီယာ​ပြခန်း​ကနေ ရုပ်ပုံတွေ၊ မြေပုံ​တွေ၊ ဗီဒီယိုတွေကို ကြည့်ပါ။ ဥပမာ၊ ဗီဒီယို​တစ်ခုကတော့ ကပေရနောင်၊ ခေါရာဇိန်၊ ဗက်ဇဲဒမြို့​တွေ တည်ရှိခဲ့တဲ့ နေရာကို အပေါ်​စီး​ကနေ မြင်ကွင်းကျယ် မြင်တွေ့ရ​ပုံ ဗီဒီယို ဖြစ်တယ်။ ဒီ့ပြင် ဘုရား​နာမည် ယေဟောဝါနဲ့ ပတ်သက်တဲ့ အကြောင်းအရာ​သစ်​တွေကို နောက်ဆက်တွဲ ဂ​၂၊ ဂ​၃၊ ဂ​၄ တို့မှာ ထည့်သွင်း​ထားပါ​တယ်။

မဿဲကျမ်းကို ဖတ်ပါ။